Home သတင်း ပြည်နယ် နယ်/လုံဝန်ကြီး မြဝတီမြို့တွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လာ‌ရောက်‌တွေ့ဆုံ

ပြည်နယ် နယ်/လုံဝန်ကြီး မြဝတီမြို့တွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လာ‌ရောက်‌တွေ့ဆုံ

1830
‌ဖေ‌ဖော်ဝါရီလ ၂ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ကရင်ပြည်နယ် နယ်စပ်‌ရေးရာ လုံခြုံ‌ရေး ဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်သည် မြဝတီမြို့နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အ စည်းများနှင့် အစိုးရဌာန ဆိုင်ရာများကို ယမန်‌နေ့ မနက် ၁၁နာရီမှ ၁၂နာရီခွဲအထိ မြဝတီမြို့ ခလရ(၂၇၅)တပ်ဝင်း အတွင်းရှိ ‌အေးချမ်းဖြိုး ဧည့်ရိပ်သာတွင် လာ‌ရောက်‌တွေ့ ဆုံ ‌ဆွေး‌နွေး ခဲ့သည်။

DKBA မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆန်း‌အောင်က “နယ်စပ်မှာ ထာဝရငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ဖို့၊ ဆက်ပြီး‌တော့ တဖွဲ့နဲ့တဖွဲ့ စုစုစည်းစည်း ‌နေကြဖို့ဆိုပြီး ဗိုလ်မှူးကြီး‌အောင်လွင်က လာ‌ပြောသွားတယ်။ ‌နောက် သူက ဂျပန်မှာ ‌လေ့လာ‌ရေးသွားတုန်းက ဘယ်‌လောက်ထိ စည်းကမ်းရှိတယ် ဆိုတဲ့အ‌ကြောင်း‌တွေ လာ‌ပြောသွားတာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ မြဝတီမြို့နယ် ‌ဒေသတဝိုက်တွင် ကုန်ကြမ်းထွက်ပစ္စည်းများမှ ကုန်‌ချော ပြန်လည်ထုတ်လုပ်နိုင်ရန်အတွက် မြဝ တီမြို့တွင် စက်မှုဇုန် လာ‌ရောက်တည်‌ဆောက် မည့် ကိစ္စများကိုလည်း ‌ပြောဆိုရှင်းပြသွားခဲ့သည်ဟု သူက ဆက်‌ပြောသည်။

DKBA အ‌နေဖြင့် မြန်မာနိုင်ငံတွင် တရားဥပ‌ဒေ စိုးမိုး‌ရေးနှင့် ပတ်သက်ပြီး တဦးတဘက်အ‌နေဖြင့် စိုးမိုးမှုမျိုးမဟုတ်ဘဲ တနိုင်ငံ လုံး အတိုင်းအတာဖြင့့် ဥပ‌ဒေစိုးမိုးမှု ဖြစ်‌စေချင်‌ကြောင်း ဗိုလ်မှူး‌စောဆန်း‌အောင်က “ဆိုလိုတာက ပြည်သူလူထုက ဥပ‌ဒေကို ချိုး ‌ဖောက်တယ်ဆိုပြီး ဖမ်းမယ်ဆိုတာပဲ လုပ်တယ်။ သို့‌သော် အစိုးရနဲ့ ဆိုင်တဲ့ ပုဂိ္ဂုလ်‌တွေကျ‌တော့ အမှားကြီးလုပ်တယ်ဆိုတာ သိရဲ့သားနဲ့ ဘာလို့ တရားစွဲပြီး အ‌ရေးယူလို့မရတာလဲ ဆိုတာကို ကျ‌နော် ‌ဆွေး‌နွေးခဲ့တယ်”ဟု ဆိုသည်။

ယင်း‌ဆွေး‌နွေးမှုတွင် KNU အဖွဲ့အစည်းအ‌နေဖြင့်လည်း ဒုက္ခသည် ပြန်လည်‌နေရာချထား‌ရေးကိစ္စများနှင့် မည်သည့် အစီအစဉ် များ ရှိ‌နေသည်ကို တိတိကျကျ ရှင်းပြ‌ပေးရန် တင်ပြ‌ဆွေး‌နွေးခဲ့ရာတွင် ဗိုလ်မှူးကြီး‌အောင်လွင်က တိတိကျကျ မသိရှိရ‌သေး ‌ကြောင်းနှင့် စဉ်းစားထားသည့် အ‌နေအထားပင်ရှိ‌သေး‌ကြောင်း ပြန်လည်‌ဖြေဆိုသွားခဲ့သည်ဟု သိရသည်။

ကရင်ဒုက္ခသည်‌ကော်မတီ – KRC ဥက္ကဌ ဆရာ‌စော‌ရောဘတ်‌ထွေးက “ဒုက္ခသည် ပြန်လည်‌နေရာချထား‌ရေးကိစ္စနဲ့ ပတ်သက် လို့ ပြန်ပို့ဖို့ အစီအစဉ်မရှိပါဘူး။ ဒါ‌ပေမဲ့ ဒုက္ခသည်ဆန္ဒအ‌နေနဲ့ ပြန်ချင်ရင်‌တော့ ပြန်နိုင်ပါတယ်။ KRC အ‌နေနဲ့ ပို့မှာမဟုတ်ပါဘူး” ဟု ‌ပြောသည်။

၎င်း‌တွေ့ဆုံပွဲတွင် ဒီမိုက‌ရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မ‌တော်-DKBA၊ နယ်ခြား‌စောင့်တပ်-BGF၊ KNU/KNLA ငြိမ်းချမ်း ‌ရေး‌ကောင်စီ၊ ကရင်အမျိုးသားအစည်းအရုံး-KNU မြဝတီမြို့ရှိ လူဝင်မှုကြီးကြပ်‌ရေး၊ ရဲ၊ အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေး စသည့် ဌာန ဆိုင်ရာ အရာရှိများ၊ တပ်မ(၇၇) ဗျူဟာမှူးတို့အပြင် အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကိုယ်စား ဗိုလ်မှူးကြီး‌ဇေယျာလင်းတို့ အပါအဝင် စုစု‌ပေါင်း ၃ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ရက်‌နေ့က ဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်‌သော ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့များ သည် နယ်ခြား‌စောင့်တပ်နှင့် ဒီမိုက‌ရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မ‌တော်-DKBA အကြားရှိသည့် အ‌ထွေ‌ထွေ ပြဿနာ များကို ‌ဖြေရှင်းသည့် အလွတ်သ‌ဘော ‌ဆွေး‌နွေးပွဲတခုကို မြဝတီမြို့ ‌အေးချမ်းဖြိုးဧည့်ရိပ်သာတွင် ပြုလုပ်ခဲ့‌သေးသည်။