Home သတင်း ‌ဘေးကင်းစွာ အလုပ်လုပ်နိုင်‌ရေး ချန်ပီယံစက်ရုံအလုပ်သမားများ အလုပ်ရှင်နှင့် ညှိနှိုင်း‌ဆွေး‌နွေး

‌ဘေးကင်းစွာ အလုပ်လုပ်နိုင်‌ရေး ချန်ပီယံစက်ရုံအလုပ်သမားများ အလုပ်ရှင်နှင့် ညှိနှိုင်း‌ဆွေး‌နွေး

2001
‌ဖေ‌ဖော်ဝါရီလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)
အကျိုး‌ဆောင်နှင့် အလုပ် သမားကိုယ်စား လှယ်များ
အကျိုး‌ဆောင်နှင့် အလုပ် သမားကိုယ်စား လှယ်များ 

ထိုင်းနိုင်ငံ-မဲ‌ဆောက်မြို့ SD fashion Co-ltd (ချန်ပီယံသိုး‌မွှေးစက်ရုံ)တွင် အလုပ်လုပ် ကိုင်‌နေကြသည့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများမှာ ၎င်းတို့ ‌ဘေးရန်ကင်းစွာ‌နေထိုင်နိုင်‌ရေးအတွက် မဲ‌ဆောက်မြို့ှရှိ တာ့ခ်ခရိုင်၊ ထိုင်းအလုပ်သမား ဝန်ကြီးဌာန၊ အလုပ်သမားကြီးကြပ်ကာကွယ်‌ရေးရုံး တွင် အလုပ်ရှင်နှင့် ယ‌နေ့ ညှိနှိုင်း‌ဆွေး‌နွေးခဲ့ကြသည်။

လက်ရှိ တရက်တာ လုပ်အားခ ၁၈၅ဘတ်သာ ရရှိသည့် SD fashion Co-ltd မှ မြန်မာအလုပ်သမားများမှာ အလုပ်ရှင်သူ‌ဌေးထံ ထိုင်းနိုင်ငံ၏ ‌ရွှေ့‌ပြောင်းအလုပ်သမားများ ဥပ‌ဒေမှ သတ်မှတ်ထားသည့် တရက်လုပ်အားခ ဘတ်‌ငွေ ၃၀ဝအစား ၂၂၆ဘတ်နှင့် အလုပ်သမားတန်းလျားတွင် ဆက်လက်‌နေထိုင်နိုင်‌ရေးအတွက် ‌တောင်းဆိုရာ အလုပ်ရှင်မှ သီးသန့် ငှားရမ်း‌နေထိုင်ခိုင်းသည့် အ‌ပေါ် အခက်အခဲရှိ၍ ညှိနှိုင်းမှုပြုလုပ်ခြင်းဖြစ်သည်ဟု ထိုစက်ရုံမှ အလုပ်သမား‌ခေါင်း‌ဆောင် ကို‌ဇော်‌လေးက ‌ပြောသည်။

“သူ‌ဌေးက ကျ‌နော်တို့ကို တ‌နေ့လုပ်အားခ ၃၀၀‌ပေးမယ်ဆိုရင် အခုစက်ရုံက ‌ပေး‌နေတဲ့အ‌ဆောင်မှာ ‌နေလို့မရ‌တော့ဘူး။ သီး သန့်အခန်း ငှား‌နေဖို့ကျ‌တော့လည်း ကျ‌နော်တို့အလုပ်သမားတိုင်းမှာ တရားဝင် ပတ်စပို့စ်မရှိ‌တော့ အပြင်ထွက်မ‌နေရဲကြဘူး။ ‌နောက်ပြီး ကျ‌နော်တို့အခု‌နေတဲ့ရပ်ကွက်ကလည်း လူသတ်မှု‌တွေ ခဏခဏဖြစ်‌တော့ အပြင်ထွက်‌နေဖို့ အခက်အခဲဖြစ်‌နေတာ” ဟု ကို‌ဇော်‌လေးက ‌ပြောသည်။

ထို့အပြင် မဲ‌ဆောက်မြို့တွင်းနှင့် ချန်ပီယံစက်ရုံအနီးတွင် ငှားရမ်း‌နေထိုင်ရန်အတွက် အိမ်ခန်းများ ရှားပါး‌နေသကဲ့သို့ မြို့ပြင်၌ သွား‌ရောက်‌နေထိုင်နိုင်ရန်မှာလည်း လက်ရှိ ချန်ပီယံစက်ရုံအလုပ်သမား ၆၀၀‌ကျော်အနက် လူဦး‌ရေ ၃ဝခန့်သာ ယာယီ နိုင်ငံ ကူးလက်မှတ်နှင့် အလုပ်သမားလက်မှတ်ရှိသဖြင့် အလုပ်သမားအများစုအတွက် သွားလာ‌ရေး မလွယ်ကူ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

အလုပ်ရှင်နှင့် ညှိနှိုင်းရာတွင် အလုပ်သမားများမှာ ‌နေရာငှားရမ်းမှု အခက်အခဲများ‌ကြောင့် တ‌နေ့ လုပ်အားခ ၂၂၆ဘတ်နှင့် တရားဝင် အချိန်ပို(အိုတီ)‌ကြေး ၅၆ဘတ်အစား ဘတ် ၄ဝသာယူပြီး အလုပ်ရှင်‌ပေးသည့် အ‌ဆောင်များတွင်သာ ‌နေထိုင်လို ‌ကြောင်း ချန်ပီယံစက်ရုံသူ‌ဌေးနှင့် ယင်းစက်ရုံအလုပ်သမားကိုယ်စားလှယ် ၂ဦးတို့က ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြခြင်း ဖြစ်သည်။

ထိုကိစ္စကို အကျိုး‌ဆောင်အဖြစ် လိုက်လံကူညီ‌ပေး‌နေသည့် မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ(JACBA) မှ ဦးမိုးကြိုးက “အလုပ်ရှင်က လုပ်အားခပြည့်ပြည့်ဝ၀‌ပေးပြီး စည်းကမ်း‌တွေ တင်းကြပ်လာ‌တော့မှာ‌ပေါ့‌နော်။ ဒီအနီးအနားမှာက လည်း ငှား‌နေဖို့ ‌နေရာမရှိ‌တော့ ‌ဝေးတဲ့‌နေရာမှာ သူတို့သွား‌နေရမယ်။ အဲဒီအခါမှာ အသွားအပြန်‌တွေလုပ်ရ‌တော့မယ်။ အလုပ် က အချိန်မမီရင်လည်း လုပ်ငန်းခွင်စည်းကမ်းပျက်မှုနဲ့ အ‌ရေးယူခံရမယ်။ ဒါ‌ကြောင့် သူ‌ဌေး‌ပေး‌နေတဲ့ ဒီစက်ရုံဝင်းနားမှာပဲ‌နေပြီး ပိုက်ဆံလည်း ‌လျှော့ယူမယ်ဆိုပြီး ညှိနှိုင်း‌နေတာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် အလုပ်သမားများအတွက် အိမ်သာများ လုံ‌လောက်စွာ တည်‌ဆောက်‌ပေးရန်၊ ‌ရေမသန့်ရှင်းသည့်အတွက် ‌ရေသန့်ဗူး များ ထားရှိ‌ပေးရန်နှင့် လုပ်ငန်းခွင်အတွင်း ထိုင်းအလုပ်သမား‌ခေါင်း‌ဆောင်များ၏ အပြစ်ရှာ ဆဲဆိုကြိမ်း‌မောင်း‌နေမှုများကိုလည်း အ‌ရေးတယူလုပ်‌ဆောင်‌ပေးရန် ‌ဆွေး‌နွေးခဲ့ကြသည်။

ယင်းညှိနှိုင်း‌ဆွေး‌နွေးမှုအပြီး အလုပ်သမားများဘက်မှ ဘတ် ၃၀ဝယူ၍ အလုပ်ရှင်ထံမှ လက်ရှိ ‌နေထိုင်‌နေသည့်အ‌ဆောင်ကို အလုပ်သမားများမှ ပြန်လည်ငှားရမ်း‌နေထိုင်‌ရေးအတွက် ‌ဈေးနှုန်းသတ်မှတ်သွားရန် ‌ဖေ‌ဖော်ဝါရီလ ၂၇ရက်‌နေ့တွင် အလုပ်ရှင် နှင့် အလုပ်သမားကိုယ်စားလှယ်များက စာချုပ်ချုပ်ဆိုသွားမည့်အပြင် အ‌ဆောင်မငှားလိုသူ အလုပ်သမားများကိုလည်း စဉ်းစား ချိန်တစ်လ ‌ပေးထား‌ကြောင်း သိရသည်။