Home သတင်း ‌တောင်က‌လေးဆရာ‌တော်၏ မျက်လုံးဒဏ်ရာ ပြန်‌ကောင်းလာပြီ

‌တောင်က‌လေးဆရာ‌တော်၏ မျက်လုံးဒဏ်ရာ ပြန်‌ကောင်းလာပြီ

1703
‌ဖေ‌ဖော်ဝါရီလ ၄ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

‌တောင်က‌လေးဆရာ‌တော် ဦးပညာသာမိသည် ကရင်ပြည်နယ်၊ ဘားအံမြို့မှ ရန်ကုန်မြို့ရှိ နိုင်ငံ‌တော် သံဃာ့မဟာနယကရုံးသို့ သာသနာ့တာဝန် ထမ်း‌ဆောင်ရန် သွား‌ရောက်စဉ် ကားအက်စီးဒင့်ဖြစ်ပွားပြီး မျက်လုံးတစ်ဖက် ထိခိုက်သွားခဲ့ရာ ယခုအချိန်တွင် နဂိုမူလအတိုင်း ပြန်လည်‌ကောင်းမွန် လာပြီ ဖြစ် ‌ကြောင်းသိရသည်။

‌တောင်က‌လေးဆရာ‌တော်၏ လက်‌ထောက်ဖြစ်သူ ဆရာ‌တော် ဦးအဂ္ဂဝံသက “အခု ဆရာ‌တော်က အခု သာ သနာ‌ရေးရုံးမှာ အလုပ်ပြန်လုပ်‌နေပါပြီ။ ကျန်းမာ‌ရေးက‌တော့ ဘာမှ မဖြစ်‌တော့ဘူး။ မူလ အတိုင်းပဲ ပြန်‌ကောင်းလာပြီ။ မျက်လုံးရဲ့ ‌အောက်ဘက်မှာ အဖု‌လေး‌တွေ ရှိတာ‌လောက်ပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ဇန်နဝါရီလ ၂၉ရက်‌နေ့က ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွား‌ရောက်ရန် ဆရာ‌တော်ဦး ပညာသာမိ စီးနင်းလိုက်ပါသွားသည့် ကားသည် ဘီးလင်းတံတား မ‌ရောက်မီ ရဲစခန်းအနီးရှိ သီဟိုဠ်ကုန်းမြင့် အတက်တွင် တဖက်မှလာသည့် ဘိလပ်‌မြေတင်‌ဆောင်လာသည့်ကားဖြင့် ‌ခေါင်းချင်းဆိုင် တိုက်မိပြီး ဆရာ‌တော်၏ မျက်စိထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ‌တောင်က‌လေးဆရာ‌တော် ဦးပညာသာမိသည် ၎င်းတာဝန်ထမ်း‌ဆောင်‌နေသည့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကမ္ဘာ‌အေးဘုရားလမ်းရှိ နိုင်ငံ‌တော် သံဃာ့မဟာနယကရုံးသို့ ‌ဖေ‌ဖော်ဝါရီ ၂ရက်‌နေ့ကတည်းက ပြန်ကြွသွားပြီဖြစ်‌ကြောင်း သိရသည်။

ဆရာ‌တော်ဦးအဂ္ဂဝံသက “ဆရာ‌တော် အခုရန်ကုန်ကို ပြန်ကြွသွားတာ ၂ရက်‌လောက်ရှိပါပြီ။ သူတို့ ရုံးပိတ်မယ်ဆိုရင်‌တော့ ‌နောက်တစ်ပတ်‌လောက်‌နေရင် ‌တောင်က‌လေး ပရိယတ္တိစာသင်တိုက်ကို ပြန်လည်ကြွလာမယ်လို့ ဆရာ‌တော်က မိန့်ထားတယ်”ဟု ‌ပြောသည်။

တဆက်တည်းမှာပင် ကားအက်စီးဒင့် ဖြစ်ပွားခဲ့စဉ်တုန်းက ‌တောင်က‌လေးဆရာ‌တော်နှင့်အတူ ဒဏ် ရာရရှိခဲ့သည့် ရန်ကုန်မှ ဒကာနှစ်ဦးလည်း ကျန်းမာ‌ရေး‌ကောင်းမွန်ကြပြီး ‌ခေါင်းကွဲပြီး နရိုးတစ်‌ချောင်း အက်သွားခဲ့သည့် ယာဉ်‌မောင်းသူ ‌စော‌အေးမြိုင်ကို လက်ရှိ ဘားအံမြို့၊ ‌တောင်က‌လေးစစ်‌ဆေးရုံတွင် ‌ဆေးကုသခံယူခဲ့ရခြင်းဖြစ်သည်ဟုလည်း ဆရာ‌တော် ဦးအဂ္ဂဝံသက ဆက်‌ပြောသည်။

နိုင်ငံ‌တော်၏ အဂ္ဂမဟာသဒ္ဓမ္မ‌ဇောတိကဘွဲ့ရ ‌တောင်က‌လေးဆရာ‌တော်သည် နိုင်ငံ‌တော်သံဃာ့မဟာ နယကအဖွဲ့တွင် နိုင်ငံ‌တော်ဗဟိုသံဃာ့ဝန်‌ဆောင်အဖြစ် လက်ရှိအချိန်တွင် တာဝန်ယူထားရပြီး ကရင် ပြည်နယ်ရှိ ကရင်ငြိမ်းချမ်း‌ရေး‌ကော်မတီ-KPC ၏ နာယက ဆရာ‌တော်တစ်ပါးလည်း ဖြစ်သည်။