Home ကဗျာ ‌ကျောင်း‌နေတုန်းက သူငယ်ချင်းမ‌လေး

‌ကျောင်း‌နေတုန်းက သူငယ်ချင်းမ‌လေး

1663
(လကင်္ာဒီပ)

1-1
မလိမ်မိုး မလိမ်မာ
ဘူဇွာ ထူထူအအ‌တွေက
“ကိုယ်ထူကိုယ်ထ ကိုယ်ယူကိုယ်ရ”စနစ်
တရစ်ရစ်အသက်သွင်း‌နေတဲ့အချိန်
အလင်းရှိန် မမှိန်‌စေ‌ရေး
‌တောနဲ့ ‌ကျေးနယ်‌တွေမှာ
ပညာ‌ရေး အခမဲ့‌ပေးဆပ်‌နေလိုက်တာ
ငါ….ကမ္ဘာချီပြီး ‌လေးစား‌နေပါတယ်။

ဝါသနာနဲ့ဗီဇ အရင်းခံမို့လား
မတရားတဲ့ပတ်ဝန်းကျင်
ဆန့်ကျင်ဝံ့တဲ့သတ္တိ‌လေး
သူများ‌တွေးသလိုမ‌တွေး
‌ဒေါင့်ကပ် ‌မေး‌မေးတတ်တဲ့မူအကျင့်
‌ပြေး‌ပြေးလို့သတိရမိတယ် သူငယ်ချင်း‌ရေ…။

အချိုးမတူတဲ့ကိန်းဂဏန်း‌တွေ
မ‌ပြေလည်တဲ့ ပုစ္ဆာများ
အငှားမလိုက်တတ်တဲ့စိတ်ဓါတ်
‌လောက ဇာတ်ခုံ‌ပေါ်မှာ‌လေ
အ‌ခြေခံလူတန်းစားအတွက်များ
နင်…လူသားတ‌ယောက် ဖြစ်ခဲ့ရတယ်ထင်ပါ့…။

ကြည့်စမ်းပါအုံး အ‌မေရိကားမှာလား
မ‌လေးရှား ဩစ‌တြေးလျား ‌နော်‌ဝေးနဲ့ ယူရို
ဟို ဒိန်းမတ် နယူးဇီလန်မှာလား
ပြန့်ကျဲသွား တို့မျိုးရင်း ‌ယောင်းရင်းတ‌တွေ
အင်အား‌တွေကြီးလာရမဲ့အစား‌လေ
“‌ရေဆန်ကြီး”‌ပြောခဲ့တာ‌တောင် ကြား‌ယောင်
‌ဪ ‌နေ့ခင်း‌ကြောင်‌တောင် လမ်း‌တွေ‌ပျောက်‌နေကြပါပ‌ကော…။

ဆင်းရဲသား နင်းပြား အ‌ခြေခံလူတန်းစား
တသားထဲ အတူ‌နေတဲ့ သူငယ်ချင်း‌ရေ
သ‌ဗ္ဗေသတ္တာကံမသကာ ဆို‌ပေမဲ့
‌ရှေ့ဆက်မဲ့ အနာဂတ် ‌ကောင်းကင်ညိုညို
မပြိုလဲရ‌အောင် ထိန်း‌ကျောင်းပြုပြင်‌ရေး
တပည့်‌လေး သား‌လေး‌တွေကိုကွယ်
အရည်‌ပျော်လွယ် သကြား ဆားလိုမကျင့်ဖို့
မျက်ရည်စို့စို့နဲ့ မှာလိုက်ချင်တယ် သူငယ်ချင်း…။

ထင်‌တောင် မထင်ခဲ့မိဘူး
ထူးခြားကိုယ်ကျိုးတွက် လုံးဝမပါ
ဒဏ်ရာဒဏ်ချက် ‌လောကအထုအနှက်‌အောက်
ရင်‌တွေ‌ဟောက်ပက်‌အောင် နွမ်းနယ်‌နေလည်း
အမြဲပွား မိခင်စိတ်က‌လေးနဲ့
အ‌ရေးဆို ‌ဗွေမယူ
ကြည်ဖြူစွာ အလှည့်‌ပေးတတ်တဲ့ နင့်စိတ်ထား
“ဓါး‌တောင်ကို‌ကျော် မီးပင်လယ်ကိုဖြတ်”
မြင့်မြတ်တဲ့ အမျိုးသား သူရဲ‌ကောင်းဟာ
နင်သာ ဖြစ်သင့်တယ် ‌ကျောင်း‌နေတုန်းက သူငယ်ချင်းမ‌လေး‌ရေ…။ ။

‌ဖေ‌ဖေါ်ဝါရီလ ၂၇၊ ၂၀၁၃