Home သတင်း အပစ်ရပ်ပြီး‌နောက် ကရင်ပြည်နယ် တွင်း လမ်းတံတားတည်‌ဆောက်မှု များပြားလာ

အပစ်ရပ်ပြီး‌နောက် ကရင်ပြည်နယ် တွင်း လမ်းတံတားတည်‌ဆောက်မှု များပြားလာ

1799
‌ဖေ‌ဖော်ဝါရီလ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

‌ဆောက်လုပ်‌နေဆဲဖြစ်သည့် လှိုင်းဘွဲမြို့နယ်မှ လမ်းလွဲတ‌နေရာ
ကရင်ပြည်နယ်တွင် နိုင်ငံ‌တော်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ကြား အပစ်ခပ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုး ကြပြီး‌နောက် ပိုင်း ပြည်နယ်အတွင်း၌ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာနမှ လမ်း၊ တံတား တည်‌ဆောက်မှုကို ပိုမိုလုပ်‌ဆောင် လာ ‌ကြောင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ‌စောခင်‌မောင်မြင့်ကို ‌ကေအိုင်စီမှ ယမန်‌နေ့က ဆက် သွယ်‌မေးမြန်းရာ ဝန်ကြီး၏ ကိုယ်‌ရေးအရာရှိ(PSO) ‌စော‌ခေါင်ဖါ‌ထော့က “ဘားအံ – လှိုင်းဘွဲလမ်းမှာ တံတား (၄)စင်း၊ လှိုင်းဘွဲ – ပိုင်ကျုံမြို့နယ်ခွဲသွားတဲ့လမ်းမှာ တံတား (၄)စင်း၊ သံလွင်မြစ် အ‌နောက်ဘက်ကမ်းမှာရှိ‌နေတဲ့ ဝဘိုး‌တော – ကမ‌မောင်းသွားတဲ့ လမ်းမှာ တံတား(၇)စင်းကို လက်ရှိ ‌ဆောက်လုပ်‌နေပါတယ်။”ဟု ‌ပြောသည်။

လှိုင်းဘွဲ – ပိုင်ကျုံ တံတားများကို ဂျပန်နိုင်ငံက ကူညီလှူဒါန်းပြီး ဘားအံ – လှိုင်းဘွဲ တံတားများကို ပြည်နယ်ဘက်ဂျက်‌ငွေဖြင့် လည်း‌ကောင်း၊ ဝါးဘိုး‌တော – ကမာ့‌မောင်း တံတားများကိုမူ ‌နေပြည်‌တော်ဘက်ဂျက်ဖြင့် သုံးစွဲကာ တံတားများကို ‌နွေမကုန်ခင် အပြီးတည်‌ဆောက်သွားမည်ဖြစ်သည်ဟု ၎င်းက ‌ပြောဆိုသည်။

ထိုသို့ ‌ဆောက်လုပ်ရာတွင် ပြည်နယ်‌ဆောက်လုပ်‌ရေးအဖွဲ့၏ လက်‌အောက်ခံဖြစ်‌သော တံတားအထူးအဖွဲ့(၁၆)မှ ‌ဆောက်လုပ် ခြင်းဖြစ်ပြီး တံတားများမှာ ကွန်ကရစ်တံတားငယ်များသာ ဖြစ်‌သော်လည်း တန်ချိန် (၈၀)ခန့် တင်‌ဆောင်သွားလာနိုင်‌ကြောင်း သိရသည်။

အဆိုပါ တံတားများကို ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလကတည်းက လှိုင်းဘွဲ – ပိုင်ကျုံ၌ စတင် ‌ဆောက်လုပ်ခဲ့ပြီး ဘားအံ-လှိုင်းဘွဲ တံတားများကိုမူ ၂၀၁၃ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလဆန်းပိုင်းတွင် စတင် ‌ဆောက်လုပ်‌နေခြင်းဖြစ်ရာ သွားလာ‌ရေး လွယ်ကူမှုများ ရှိလာ နိုင်သည်ဟု ‌ဒေသခံလူထုက ‌ပြောဆို‌နေကြသည်။

လှိုင်းဘွဲမြို့နယ်၊ ‌နောင်ဘိုရွာသားတစ်ဦးက “အခုတ‌လော ကျ‌နော်တို့ လှိုင်းဘွဲမြို့နယ်မှာ လမ်းတံတားများ ‌ဆောက်လုပ်‌နေပါ တယ်။ ကျ‌နော်တို့ ခရီးသွားလာတဲ့အခါ တံတား‌ဆောက်တဲ့‌နေရာမှာ လမ်းလွဲလမ်းရှိပါတယ်။ အဲဒီလမ်းလွဲလမ်းတို့ လမ်းသစ် ‌ဖေါက်လုပ်ထားတဲ့ ‌နေရာတို့မှာ‌တော့ ဖုံ‌တွေထတာ‌တော့ ရှိတာ‌ပေါ့။ ဒါ‌ပေမယ့် တစ်ခဏ‌ပေါ့‌နော်။ ဒီဟာ‌တွေပြီးရင် သွား‌ရေးလာ ‌ရေး အများကြီး အဆင်‌ပြေလာမယ်‌လေ။”ဟု ဆိုသည်။

ယခု‌ဆောက်လုပ်သည့် လမ်းတံတားများ၏ ကုန်ကျစရိတ် ဘတ်ဂျက်‌ငွေများကိုမူ လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးဌာနမှ အတိအ ကျ ‌ပြောဆိုခြင်း မရှိ‌သော်လည်း ၎င်းလမ်း၊ တံတားများ‌ကြောင့် သွားလာ‌ရေး ပိုမို လွယ်ကူအဆင်‌ပြေလာမည်ဟု ‌ဒေသခံပြည်သူ များက ‌ပြောဆို‌နေကြသည်။