Home ဆောင်းပါး မာယာ‌တွေ‌ပေါ်မှာ ‌သွေးပျက်ပြီး‌တော့ အိပ်မ‌နေနဲ့

မာယာ‌တွေ‌ပေါ်မှာ ‌သွေးပျက်ပြီး‌တော့ အိပ်မ‌နေနဲ့

1891
M. ထက်‌ခေါင်

(၁)
အ‌ပေါ်ယံ‌ကြော ခိုင်မာမှု မရှိ‌သေး‌သော အပစ်အခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးညှိနှိုင်းမှု အချို့အကြား ‌တော်လှန်‌ရေး အဖွဲ့အ စည်းတို့ လက်ထဲမှာကိုင်ထားသည့် ‌သေနတ် အများအပြား တုတ်‌ချောင်းဖြစ်သွားကြသလိုမျိုး၊ မ‌နေ့တ‌နေ့ကအထိ ယုံကြည်ကိုးစား ‌မျှော်လင့်အားထားခဲ့ကြ‌သော လူထု‌ခေါင်း‌ဆောင် ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင်ကို လူထုအ‌နေဖြင့် မည်သို့မျှ အားကိုးအားထားပြု၍ မရနိုင်‌ကြောင်း၊ လူထုကို လွတ်‌မြောက်ရန် ဦး‌ဆောင်‌ခေါ်ယူရမည့်အစား စစ်အုပ်စုတို့ ပြုသမျှ နုရမည့်ဘဝ၊ ကျားသနားမှ နွား ချမ်းသာမည့် ဘဝသို့ တွန်းပို့‌ပေး‌နေ‌ကြောင်းများ ပီပြင်စွာ သိလာရသည့်အဖြစ်မှာ အမျိုးသားလွတ်‌မြောက်‌ရေး၊ ဒီမိုက‌ရေစီ‌ရေး တိုက်ပွဲဝင်ပြည်သူတို့၏ စိတ်ဓာတ်အားမာန်များကို သဲထဲ‌ရေသွန် ယူကြုံးမရ ဖြစ်သွား‌စေ‌လေသည်။ တိုင်းပြည်‌ကောင်းကျိုး လိုလားသူများအ‌နေဖြင့် လူထုဒီမိုက‌ရေစီ‌ခေါင်း‌ဆောင်ကို ထိန်းကွပ် ‌ဖေးမ‌ပေးကြရမည် ဖြစ်၏။
ကချင်ပြည်နယ်တွင်း ကျူး‌ကျော် ထိုးစစ်ဆင်မှုများ၊ လက်ပံ‌တောင်း‌တောင် မီး‌လောင်ဗုံးကိစ္စများ၊ ငြိမ်းချမ်း‌ရေးအတွက် လမ်း‌လျှောက်ဆန္ဒပြသူများကို ‌နှောက်ယှက်ဟန့်တား ဖမ်းချုပ်မှုများ၊ လယ်သိမ်းခံ ‌မြေသိမ်းခံ လယ်သမားတို့၏ မ‌ကျေနပ်မှုများ ဖြင့် ‌နေ့စဉ်နှင့်အမျှ အပူလုံးကြွ‌နေကြချိန်၊ ဟိုနိုလူလူ၌ ဆုတစ်ဆုသွားယူပြီး ကိုရီးယားသို့ ခရီးတ‌ခေါက်ထွက်ခဲ့‌သော ‌ဒေါ်‌အောင် ဆန်းစုကြည်မှာ ရန်ကုန်ကို ဘယ်‌နေ့ဘယ်ရက် ဘယ်အချိန်က ဘယ်လိုပြန်‌ရောက်လာမှန်း ဘာသတင်းမျှ မကြားလိုက်ရပဲ ဗိုလ် ချုပ်‌မွေး‌နေ့ကျခါမှ ဗီဒီယိုဖိုင်က‌လေးတခုတွင် ‌ပေါ်လာခဲ့‌လေသည်။
တိုင်းရင်းသားများနှင့် ဖြစ်ပွား‌နေသည့်ကိစ္စတွင် သက်ဆိုင်ရာ ကာယကံရှင်များက ဖိတ်‌ခေါ်ပါက သူမအ‌နေဖြင့် ကြား ဝင်‌ဆောင်ရွက်‌ပေးမည်ဟု ဆိုသည်။ မကမ်းလှမ်းပဲ သွား‌ဖြေရှင်း‌ပေးနိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးရာကျပါတယ် ဟုလည်း သူမ ဆို၏။ ‌ဒေါ်‌အောင်ဆန်းစုကြည် ‌နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူမ ပြည်ပသို့မထွက်မီကပင် ကချင်ငြိမ်းချမ်း‌ရေး ကွန်ယက်က ‌ဒေါ်‌အောင်ဆန်းစုကြည်အား ကြားဝင် ‌ဆောင်ရွက်‌ပေးရန် တိုင်းသိပြည်သိ ကမ်းလှမ်းခဲ့ပြီး ဖြစ်သည်။ တဘက်က ကမ်းလှမ်းလျှင်ပင် လုံ‌လောက်‌နေပြီ ဖြစ်သည်။ စစ်အုပ်စုက ထပ်မံ ကမ်းလှမ်းစရာ မလို။ ကချင်၏ကမ်းလှမ်းမှုကို ကိုင်စွဲကာ စစ်အုပ်စုနှင့် ကချင်အကြား ကြားဝင်‌စေ့စပ်‌ပေးရုံသာ ဖြစ်သည်။ ကချင်ငြိမ်းချမ်း‌ရေးကွန်ယက်၏ ကမ်းလှမ်းမှုကို လျစ်လျူရှုကာ အ‌မေရိကားနှင့် ကိုရီးယားသို့ ထွက်သွားခဲ့ပြီးမှ ယခုလို ‌ပြောဆိုလာသည့်အ‌ပေါ် ကချင် အပါအဝင် မည်သည့် တိုင်းရင်းသား တစုတဖွဲ့ကမျှ တုံ့ပြန်ခြင်း ဖိတ်‌ခေါ်ကမ်းလှမ်းခြင်းများ မပြု‌တော့‌ချေ။
အ‌ခြေခံဥပ‌ဒေကို ဘာတခုမျှ မပြင်နိုင်ဘဲ လူထု‌ထောက်ခံမှုတခုတည်းအ‌ပေါ် အားပြုရပ်တည်ကာ သမ္မတလုပ်ပြီး အာ ဏာလိုချင်‌နေသည့် ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် မဖြစ်စ‌လောက် ပညာ‌ရေး၊ ကျန်းမာ‌ရေးအတွက် ရန်ပုံ‌ငွေ ရှာ‌ဖွေသည့် ကိစ္စများဖြင့်သာ အချိန်ကုန်ခံမ‌နေပဲ ပြည်သူလူထုတရပ်လုံး ကြုံ‌တွေ့‌နေရသည့် အခက်အခဲ ပြဿနာများ၊ ကျူး‌ကျော်သိမ်းပိုက်ခံ အ‌စော်ကားခံ အလုပ်သမား လယ်သမားတို့၏ ပြဿနာများနှင့်၊ ဗမာ့သဘာဝပတ်ဝန်းကျင် သယံဇာတများ ပျက်စီးဆုံးရှုံး‌နေ သည့် ပြဿနာများ၊ တိုင်းရင်းသားတို့၏ ပြည်‌ထောင်စုစစ်စစ် ‌ပေါ်ထွန်း‌ရေး ပြဿနာများကို ပြည်တွင်းပြည်ပမှ ‌တွေ့သင့်‌တွေ့ ထိုက်‌သော ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းတိုင်ပင်ကာ လုပ်‌ဆောင်သွားရမည် ဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးကို ထိ‌ရောက်စွာ လုပ်‌ဆောင်နိုင်မှုမရှိပဲ အနုပညာရှင်များပင် ရှာ‌ဖွေ ကူညီ လုပ်‌ဆောင်နိုင်ကြမည်ဖြစ်‌သော ပညာ‌ရေးရန်ပုံ‌ငွေလိုကိစ္စ များဖြင့် အချိန်ဖြုန်း၊ ‌ခေါင်း‌ရှောင်‌နေတတ်သူအား လူထုသည် သမ္မတအဖြစ် မဲ‌ပေး တင်‌မြှောက်နိုင်ကြလိမ့်မည် မဟုတ်။ ‌ဒေါ် ‌အောင်ဆန်းစုကြည်အ‌နေဖြင့် နိုင်ငံတကာ အဆင့်မှီ သမ္မတတ‌ယောက် ရှိသင့်ရှိထိုက်သည့် စိတ်ဓာတ်မြင့်မြတ် ရင့်ကျက်မှုမျိုးရှိ ‌အောင် မိမိကိုယ်မိမိ ပြန်လည် တည်‌ဆောက်ရမည် ဖြစ်‌လေသည်။
မြဝတီ စက်မှုဇုံကို လာ‌ရောက်ကြည့်ရှု‌သော ဒုသမ္မတ ‌ဒေါက်တာစိုင်း‌မောက်ခမ်းအား ဗိုလ်ချုပ်ကြီး မူတူး‌စေးဖိုး သွား ‌ရောက်‌တွေ့ဆုံသည့် သတင်းကို ဖတ်လိုက်ရသည်။ စစ်အုပ်စုနှင့် ‌ကေအဲန်ယူတို့၏ အပစ်အခတ်ရပ်စဲ‌ရေး အ‌ခြေအ‌နေမှာ ခိုင်မာ မှု မရှိ‌သေး‌ကြောင်း၊ ခိုင်မာ‌အောင် အရင်လုပ်ပြီးမှ ဖွံ့ဖြိုး‌ရေးကိစ္စ‌တွေကို ဆက်လုပ်သင့်‌ကြောင်း ဒုသမ္မတအား ဗိုလ်ချုပ်ကြီးက ‌ပြောဆိုခဲ့သည်ဟု သိရသည်။ လမ်း‌ကြောင်းမှန်ကို ပီပြင်ရှင်းလင်းစွာ သိမြင်လာသည့် ဗိုလ်ချုပ်ကြီးအား လှိုက်လှဲဝမ်းသာစွာ ကြို ဆိုရမည် ဖြစ်၏။
ရန်သူနှင့် အပစ်အခတ် ရပ်စဲ‌ရေးလုပ်သည်မှာ သူ့အကျိုး ကိုယ့်အကျိုး ချိန်ဆ ညှိနှိုင်း၍ လုပ်ကြခြင်း ဖြစ်သည်။ ရန်သူ က သူ့အကျိုးကွက်ကွက်က‌လေးကို ကြည့်၍လုပ်သည့်တိုင် မိမိတို့အ‌နေဖြင့် အမျိုးသား ပြည်သူတရပ်လုံး၏ အကျိုးကို ‌မျှော်ကိုး လုပ်‌ဆောင်ကြရမည် ဖြစ်သည်။

(၂)
‌ဖေ‌ဖော်ဝါရီ ၁၄ရက်။ ပဒိုမန်းရှာ ကျဆုံးခဲ့သည့် နှစ်ပတ်လည်‌နေ့ အဖြစ် ပဒိုမန်းရှာ အမှတ်တရ ဗီဒီယိုဖိုင်များ၊ ကဗျာ ‌ဆောင်းပါးများကို အွန်လိုင်းမှာ ‌တွေ့မြင်ဖတ်ရှုရသည်။ အာရ်အက်ဖ်‌အေက တည်းဖြတ် တင်ဆက်ထားသည့် ဗီဒီယိုဖိုင်တွင် ရိုး ရှင်း‌သော ဆရာ့ဟန်ပန်နှင့် စကားသံများကို ပြန်၍‌တွေ့ကြ ကြားကြရသည်။
“အဖိနှိပ်ခံ‌နေရတဲ့ အမျိုးသား‌တွေအတွက် ကျ‌နော်တို့ သူပုန်ဖြစ်ခဲ့ရတယ်။ သူပုန်ဖြစ်ရတာလည်း ကျ‌နော် ဂုဏ်ယူခဲ့ တယ်။ ကျ‌နော့်ဘဝရဲ့ ဂုဏ်ယူစရာကိစ္စ၊ ‌တော်လှန်‌ရေးသမားဖြစ်ရတာ။”
“မတရားမှုမှန်သမျှကို ပုန်ကန်တာဟာ တရားတယ်။ ‌ရှေ့ဆက်ပြီး‌တော့လည်း မတရားမှု‌တွေကို ကျ‌နော် ပုန်ကန်မှာပဲ။ တရားမှု‌တွေ ဖြစ်ထွန်းလာ‌အောင် ကျ‌နော် ကြိုးစားမယ်။”
“‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး လုပ်မယ်ဆိုလို့ရှိရင်‌တော့ ကျ‌နော်တို့ ထိုးစစ်‌တွေကို ရပ်ပြီး‌တော့ free and fair ဖြစ်တဲ့ ‌ဆွေး‌နွေး ပွဲကို မှန်မှန်ကန်ကန် လုပ်ရမှာ ဖြစ်တယ်။ အကယ်၍ (ဥပမာ) ‌ဒေါ်စုကို ဖမ်းထားပြီး‌တော့မှ ‌ဒေါ်စုနဲ့ ‌ဆွေး‌နွေးမယ် ဆိုတဲ့စကား ဟာ ယုတ္တိယုတ္တာ မရှိဘူး။ ဒါဟာ တကယ့် meaningful political dialogue လို့ မ‌ပြောနိုင်ဘူး။ ထိုနည်းတူစွာ ‌ကေအဲန်ယူကို ပြင်းပြင်းထန်ထန် စစ်ဆင်ရင်းနဲ့ ‌ကေအဲန်ယူနဲ့ စကား‌ပြောမယ်ဆိုတာလည်း ယုတ္တိယုတ္တာ မရှိဘူး။”
ပဒိုမန်းရှာ ‌ပြောခဲ့သလိုပင် စစ်အုပ်စုသည် ပြီးခဲ့သည့် ကာလတ‌လျှောက်လုံး ဤပုံစံအတိုင်း ‌တောက်‌လျှောက်လုပ်လာ ခဲ့သလို ပစ္စက္ခအ‌ခြေအ‌နေတွင်လည်း ဤပုံစံအတိုင်း ဆက်လက် ကျင့်သုံးလျက်ပင် ရှိ‌လေသည်။ တဘက်က ‌တွေ့ဆုံ‌ဆွေး‌နွေး ‌ရေး ကမ်းလှမ်း လုပ်‌ဆောင်‌နေပြီး တဘက်က ထိုးစစ်ဆင် တိုက်ခိုက်‌နေခြင်း ဖြစ်သည်။ ကချင်မှာ တိုက်ပွဲများဖြစ်‌နေရာမှ အပစ် အခတ်ရပ်ဆိုင်းပြီး နိုင်ငံ‌ရေး ‌ဆွေး‌နွေးရန် ‌တွေ့ဆုံညှိနှိုင်း‌နေခိုက်၊ ယခုလအတွင်း ထပ်မံမ‌တွေ့ဆုံရ‌သေးမီ ကချင်တပ်ဖွဲ့အချို့အား အတင်းဝင်‌ရောက် ကျူး‌ကျော် တိုက်ခိုက်သလိုမျိုး၊ ရှမ်းပြည်‌မြောက်ပိုင်းမှာလည်း တိုက်ပွဲ‌တွေ ပြန်ဖြစ်လာခဲ့သည်။
ယူအဲန်အက်ဖ်စီနှင့် ချင်းမိုင်မှာ ‌တွေ့ဆုံခဲ့ပြီး ရှမ်းအဖွဲ့ ဒုဗို်လ်ချုပ်ကြီးယွက်ဆစ်နှင့်ပါ ‌တွေ့ဆုံ‌နေဆဲအချိန်မှာပင် တိုက်ပွဲ ‌တွေ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့‌သော အဖြစ်မျိုး ပြီးခဲ့သည့်လ ဒီ‌ကေဘီ‌အေနှင့် ‌တွေ့ဆုံရာတွင်လည်း ဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ခြင်းများမှာ တစ်ကြိမ် နှစ်ကြိမ် အမှတ်တမဲ့ မ‌တော်တဆ တိုက်ဆိုင်မှု ဖြစ်သည့်ကိစ္စ မဟုတ်။ တိုင်းရင်းသားအဖွဲ့အ စည်းများနှင့်‌တွေ့တိုင်း ထိုသို့ ပြုလုပ်ရန် အ‌ရေခြုံအစိုးရနှင့် စစ်တပ်သည် ၎င်းတို့ချင်း ‌သေချာစွာ အကွက်ချ စီစဉ်ထားခဲ့ကြပုံရ ‌လေသည်။

(၃)
‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောသည့် “သမ္မတကြီးကိုယုံတယ်” ဆိုသည့်ကိစ္စမှာ ယခုထက်တိုင် ပွင့်လင်းမြင်သာမှုရှိရှိ ပီပြင်ရှင်းလင်းစွာ အကျိုးအ‌ကြောင်း မသိရ‌သေး။ ဘာ‌တွေ ဘယ်လို‌ပြောလို့ ယုံရတာလဲ၊ ဘယ်လိုလုပ်ရပ်‌တွေ လုပ်ပြလို့ ယုံရ တာလဲ ဆိုသည်ကို ယ‌နေ့ထိ ‌ခြေ‌ခြေမြစ်မြစ် မသိရ‌သေး‌ချေ။ ချွတ်ယွင်းချက်များကို မမြင်‌ယောင်‌ဆောင်သူ‌တွေနှင့် မသိ‌ယောင် ‌ဆောင်သူ‌တွေက သူ့အ‌ပေါ် ယုံကြည်သ‌ယောင် ဇွတ်မှိတ် ‌ပြောဆိုတတ်ကြ‌သော်လည်း တိုင်းရင်းသား ပြည်သူလူထု အများစုအ ‌နေဖြင့်မူ အ‌ရေခြုံသမ္မတ ဦးသိန်းစိန်၏ လုပ်ရပ်နှင့်သ‌ဘောထားများကို ဆန်းစစ်သိမြင်ခဲ့ကြပြီး ဖြစ်‌လေသည်။
၂၀၁ဝခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းက ကြံ့ဖွံ့အသင်းဥက္ကဌလည်းလုပ် ဝန်ကြီးချုပ်လည်း လုပ်‌နေ‌သော ဦးသိန်းစိန် က ၎င်းတို့ စစ်အုပ်စု သစ္စာခံ မြစ်ကြီးနား လဝါယန်အ‌ခြေစိုက် ဦးလဆန်‌အောင်ဝါ ပြည်သူ့စစ်အဖွဲ့နှင့် နယ်ခြား‌စောင့် စခုန်တိန့် ယိန်းအဖွဲ့တို့ကို ‌ခေါ်‌တွေ့ကာ ‌ရွေး‌ကောက်ပွဲပြီးပါက ‌ကေအိုင်အိုကို အ‌ရှေ့‌တောင်အာရှ အာစီယံတွင် ပထမဆုံးစံပြအဖြစ် တိုက် ခိုက်‌ချေမှုန်းမည်ဟု ‌ပြောလိုက်‌ကြောင်း ‌ကေအဲန်ဂျီ ကချင်သတင်းဌာန၏ စက်တင်ဘာ ၂ဝရက်‌နေ့သတင်းတွင် ‌တွေ့ရသည်။ စက်တင်ဘာ (၁)ရက်မှစ၍ လက်နက်ချရန် စစ်အုပ်စုက ညွှန်ကြားခဲ့သည့်အ‌ပေါ် ‌ကေအိုင်‌အေက ဩဂုတ် ၃ဝရက်‌နေ့မှာ လက်မ ခံ‌ကြောင်း ပြန်ကြားပြီးသည့်‌နောက် ဦးသိန်းစိန်၏ ခြိမ်း‌ခြောက်‌ပြောဆိုမှုများ ‌ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ‌ကေအိုင်အိုအား ‌လေးကြိမ် အခွင့်အ‌ရေး သီးခြား‌ပေးခဲ့ပြီး ဖြစ်‌ကြောင်း၊ (၁) ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး လမ်း‌ကြောင်းဖွင့်‌ပေးခြင်း၊ (၂) နယ်ခြား‌စောင့် တပ်(BGF)အဖြစ် ‌ပြောင်းလဲဖွဲ့စည်းရန်၊ (၃) ပြည်သူ့စစ်အဖြစ် ‌ပြောင်းလဲဖွဲ့စည်းရန်နှင့် (၄) ‌နောက်ဆုံး လက်နက်စွန့်ရန်ဖြစ် ‌ကြောင်း၊ ပြန်လည် ‌ပြောင်းလဲဖွဲ့စည်း‌ရေးနှင့် လက်နက်ချ‌ရေးကို လက်မခံခဲ့‌သော ‌ကေအိုင်အိုအား ‌နောက်‌နောင် လက်နက်ချ အလင်းဝင်လာ‌သော်လည်း လက်ခံမည်မဟုတ်‌ကြောင်း ဝန်ကြီးချုပ်သိန်းစိန်က ‌ပြောခဲ့သည်။
ပြည်သူလူထုအများစု ဆန္ဒမပါပဲ ဝင်ခဲ့ကြရသည့် ကြံ့ဖွံ့အသင်းကို ပါတီအသွင်‌ပြောင်းကာ ၂၀၁ဝ နိုဝင်ဘာ ‌ရွေး‌ကောက် ပွဲအတွင်း ဝင်‌ရောက်ပြီး ကြိုတင်မဲ အပါအဝင် မဲလိမ်မဲခိုးနည်းမျိုးစုံဖြင့် အနိုင်ရယူကာ သမ္မတအ‌ရေကို ခြုံလာခဲ့‌သော ဦးသိန်းစိန် မှာ ၂၀၁၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလထဲတွင်လည်း ပူတာအိုသို့ သွား‌ရောက်ပြီး ကချင်မျိုးနွယ်စု ရဝမ်နှင့် လီဆူတို့ကို သီးသန့်‌တွေ့ဆုံ ကာ တချိန်တုန်းက ၎င်းတို့နှင့် အပြန်အလှန် သတ်ခဲ့ကြသည့် ဂျိမ်း‌ဖော‌တွေကို ယခုလိုအချိန်တွင် ပြန်လည် သတ်ဖြတ်ရန်နှင့် သတ်မည်ဆိုလျှင် လက်နက်များ ထုတ်‌ပေးမည်ဖြစ်‌ကြောင်း ရန်မီး‌မွှေး ‌သွေးထိုး‌ပေးခဲ့‌ကြောင်း သိရသည်။
ဘာလီအာစီယံ အစည်းအ‌ဝေး ပြင်ပမှာလည်း တိုင်းရင်းသားအဖွဲ့အစည်းများကို နာရီပိုင်း၊ ရက်ပိုင်းအတွင်း ‌ချေမှုန်းလို့ ရနိုင်‌ကြောင်း မျက်နှာ‌နေ မျက်နှာထားဖြင့် ‌ပြောဆိုခဲ့သည်ကို ဗီဒီယိုသတင်းတွင် ‌တွေ့ရသည်။ စိတ်ထား ‌စေတနာ မ‌ကောင်း သည့် သွင်ပြင်လက္ခဏာမှာ မျက်လုံး၌ အထင်းသား ‌ပေါ်‌နေ‌လေသည်။
အရပ်ဝတ်အ‌ရေခြုံသမ္မတ သိန်းစိန်အ‌နေဖြင့် အ‌ပေါ်ယံ‌ကြော အ‌ရေခွံများဖြစ်‌သော ကရင်ဝတ်စုံ ဝတ်ပြ၊ ချင်းဝတ်စုံ ဝတ်ပြပြီး တိုင်းရင်းသားများနှင့် တသားတည်းရှိ‌ကြောင်း ဟန်‌ဆောင်ညာဝါး‌နေသည်ထက် မြန်မာဝတ်စုံကို ပီပီပြင်ပြင်ဝတ်ကာ ရင်တွင်းကလာ‌သော တကယ့်‌စေတနာဖြင့် တိုင်းရင်းသား ပြည်သူလူထုအကျိုး ‌ရှေ့ရှု‌ဆောင်ရွက်သင့်ပြီ ဖြစ်၏။

(၄)
လက်ပံ‌တောင်း‌တောင် ‌ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်း‌ရေးကိစ္စ ဆန္ဒပြ‌တောင်းဆိုမှုများ တ‌ကျော့ ပြန်လည် ‌ပေါ်ထွက် လာခဲ့ပြီ ဖြစ်သည်။ ဤတကြိမ်တွင် ပုလိပ်‌တွေ အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်လာဦးမည်ဆိုပါက လူထုအ‌နေဖြင့် သည်းခံနိုင် ‌တော့မည် မဟုတ်‌ကြောင်းလည်း ဆန္ဒပြ ‌တောင်းဆိုသူ‌တွေက ထုတ်‌ဖော် ဟစ်‌ကြွေးကြသည်။
စစ်တပ်ကသိမ်းသည့် လယ်‌မြေအချို့ ပြန်‌ပေးမည်ဟု ဆို‌နေချိန်၊ ကုမ္ပဏီအချို့ကလည်း ၎င်းတို့သိမ်းထားသည့် လယ် ‌မြေအချို့ကို မူလပိုင်ရှင်များထံ ပြန်လည် ‌ပေးအပ်မည်ဟု ဆိုလာချိန်၊ ယခုလအတွင်းမှာပင် ကချင်ပြည် မြစ်ကြီးနားမြို့ ရပ် ကွက်တွင်းမှ အိမ် ၂၃လုံးနှင့် လယ်ယာ‌မြေ‌တွေကို ‌လျော်‌ကြေးမ‌ပေးပဲ သိမ်းယူခြင်း၊ ပဲခူးတိုင်းအတွင်း ရပ်ကွက်ကြီး အမှတ် ၅၊ ၈၊ ၉နှင့် ‌ကျေးရွာအချို့မှ လယ်‌မြေ ဧက‌ပေါင်း ၂၃၅၀ဝကို စက်မှုဇုံ စီမံကိန်း၊ ‌လေယာဉ်ကွင်းနှင့် တက္ကသိုလ်နယ်‌မြေများအတွက် ဟုဆိုကာ ပိုင်ရှင်‌တွေကို ‌မောင်းထုတ်ခြင်းများ လုပ်လာပြန်သည်။
ထိုလုပ်ရပ်များနှင့် မ‌ရှေးမ‌နှောင်း ရန်ကုန် မရမ်းကုန်းမှ အိမ်ခြံ‌မြေ‌တွေ မတရားသိမ်းဆည်းခံရ‌သော ‌မြေကွက်ပိုင်ရှင် ၂၀၀‌ကျော်၏ ဆန္ဒပြခြင်းများ၊ ဥက္ကံက ‌မြေသိမ်းခံ ‌တောင်သူများ၏ ဆန္ဒ‌ဖော်ထုတ်ခြင်းများ ‌ပေါ်‌ပေါက်လာခဲ့သည်။ မကြာမီလ များအတွင်း ရခိုင်ပြည်နယ် အမ်းမှ ‌မြေသိမ်းခံများ၊ ဘိတ်ထားဝယ်မှ ‌မြေသိမ်းခံများ၊ မဂင်္လာဒုံ ‌ရွှေမြယာ၊ သ‌န္ဓေပင်တို့မှ လယ် သိမ်းခံ ‌မြေသိမ်းခံများ၊ ရပ်ကွက် ဖျက်သိမ်းခံများနှင့် ဘုန်း‌တော်ကြီး‌ကျောင်းများပါမကျန် ဖျက်သိမ်း မီးရှို့ခံရ‌သော ရဟန်းသံဃာ ‌တော်တို့၏ မ‌ကျေနပ်မှု ‌ဒေါသမာန်ဟုန်များမှာ ရန်ကုန်၊ မန္တ‌လေး၊ ပဲခူး၊ ‌တောင်ကြီး၊ မြစ်ကြီးနား၊ ပခုက္ကူ၊ ပုသိမ်၊ တနသင်္ာရီ စသ ဖြင့် ဗမာပြည်အနှံ့ ‌ပေါ်‌ပေါက်လာ‌တော့မည့် အလားအလာကို ‌တွေ့မြင်‌နေရ‌လေသည်။
ဤတကြိမ် ‌ပေါ်ထွက်လာမည့် အုံကြွမှုတွင် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ပါရှိနိုင်‌တော့မည် မဟုတ်‌ချေ။ လက်ပံ‌တောင်း‌တောင်လူထု၊ လယ်သိမ်းခံ ‌တောင်သူလယ်သမားလူထု၊ အဖိနှိပ်ခံ အလုပ်သမားလူထု၊ မြစ်ဆုံစီမံကိန်း ဖျက် သိမ်းမည့်လူထု၊ ဗမာတပြည်လုံး ဒုက္ခ‌ပေး‌နေ‌သော ဦးပိုင်နှင့် ကာလုံကို ဖျက်သိမ်းမည့် လူထုသည် ဗမာပြည်နှင့် မဆီ‌လျော် ‌သော ငြိမ်းချမ်းစွာ ဆန့်ကျင်သည့်မူကို ‌ကောင်းစွာ သ‌ဘော‌ပေါက်သွားခဲ့ပြီ ဖြစ်သည်။ အရှုံး‌ပေး အညံ့ခံ‌ရေး လမ်း‌ကြောင်းသို့ နှစ် ‌ပေါင်းများစွာ တွန်းပို့ခံလာခဲ့ရပြီး‌နောက် လူထုသည် ရန်သူနှင့် ပူး‌ပေါင်းလုလု ‌ခေါင်း‌ဆောင်တုကို လျစ်လျူရှုလိုက်‌ပေ‌တော့မည်။ ‌ပေါ်‌ပေါက်လတ္တံ့‌သော အုံကြွမှုမှာ ‌ကောက်ရိုးမီးလို ဝုန်းကနဲထ‌တောက်ပြီး အရှိန်‌သေပြီးပြတ်သွားမည့် အုံကြွမှုမျိုး မဟုတ်။ ကာလကြာမြင့်စွာ တ‌မြေ့‌မြေ့ ကြိတ်မှိတ် ခံစားလာခဲ့ရပြီးသည့်‌နောက် ဖွဲမီးလို တ‌ငွေ့‌ငွေ့ဖြင့် အဆုံးတိုင် ဖြိုဖျက်‌လောင်မြိုက်မည့် အုံကြွမှုမျိုး ဖြစ်၏။
‌ဒေါ်‌အောင်ဆန်းစုကြည်၏ ယိုင်နဲ့‌နေ‌သော အ‌ခြေအ‌နေကို ကယ်တင်ရန်အတွက် ငြိမ်းချမ်း‌ရေး နိုဗယ်ဆုရှင် ‌တောင်အာ ဖရိက ဘုန်း‌တော်ကြီးဒက်စ်မွန်တူးတူး ယခုရက်များအတွင်း ‌ရောက်ရှိလာခဲ့သည်။ စစ်မှန်‌သော ဒီမိုက‌ရေစီ နိုင်ငံအဖြစ်သို့ ကူး‌ပြောင်း‌ရောက်ရှိသွားနိုင်‌ရေး ရဲစွမ်းသတ္တိရှိဖို့ လိုအပ်‌ကြောင်း ဒက်စ်မွန်တူးတူးက ‌ပြော၏။ ဘုန်း‌တော်ကြီးသည် နိုဗယ်ငြိမ်း ချမ်း‌ရေးဆုရှင် ဖြစ်‌သော်လည်း ကြား‌နေတတ်သည့် ငြိမ်းချမ်း‌ရေးသမားမဟုတ်။ မှန်ကန်သည့်ဘက်မှ‌နေ၍ ပြတ်ပြတ်သားသား ရပ်တည်တတ်သည့် ငြိမ်းချမ်း‌ရေးသမား ဖြစ်‌လေသည်။

(၅)
ရန်သူသည် မည်သည့်အခါကမျှ မည်သည့်တိုင်းရင်းသား ‌တော်လှန်‌ရေးအဖွဲ့အစည်း မည်သည့်လက်နက်ကိုင် နိုင်ငံ ‌ရေး အဖွဲ့အစည်းနှင့်မျှ စစ်မှန်ခိုင်မြဲ‌သော ငြိမ်းချမ်း‌ရေးကို ရယူခဲ့ခြင်း မရှိသလို ယ‌နေ့အချိန်အထိလည်း မည်သည့် လက်နက် ကိုင်တိုင်းရင်းသား အဖွဲ့အစည်းနှင့်မျှ ပြီး‌မြောက်‌အောင်မြင်စွာ ငြိမ်းချမ်း‌ရေး သ‌ဘောတူညီမှုများ ရယူထားခြင်း မရှိ‌ချေ။
တိုင်းရင်းသား အဖွဲ့အစည်းများကို တဖွဲ့ချင်းစီ ခွဲထုတ်လျက် အ‌ယောင်ပြ ‌ဆွေး‌နွေးမှုများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်‌နေခိုက်၊ ဝနှင့် မိုင်းလားတို့၏ မူးယစ်‌ဆေးဝါး ထုတ်လုပ်ကုန်သွယ်မှုများကို အ‌နှောက်အယှက်မ‌ပေးပဲ အပစ်အခတ် ရပ်စဲ‌ရေး လုပ်ထားသည်မှာ တိုင်းရင်းသား အဖွဲ့အစည်းများဘက်မှ ဝင်‌ရောက်ကူညီကြမည်ကို စိုးရွံ့‌သော‌ကြောင့် ဖြစ်သည်။ ဝနှင့် မိုင်း လားတို့ကလည်း ၎င်းတို့ကို လာ‌ရောက်မတိုက်ခိုက်ပါက ၎င်းတို့ကလည်း စတင် တိုက်ခိုက်မည် မဟုတ်ဟု ဆိုခဲ့ကြသည်။ အ‌ခြေ အ‌နေတခု‌ပေါ်တွင် ၎င်းတို့နှင့် ‌လော‌လောဆယ် အပစ်အခတ် ရပ်စဲထားကြခြင်း ဖြစ်၍ ခိုင်မာ‌သော ငြိမ်းချမ်းမှုဟု မဆိုနိုင်‌ချေ။ ကျန်တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ‌ဆွေး‌နွေးညှိနှိုင်းမှုများတွင်လည်း ငြိမ်းချမ်းမှု တည်‌ဆောက်‌ရေးကို ဖယ်ထား၍ အပစ်အခတ်ရပ်စဲ‌ရေးကိစ္စမှာပင် ခိုင်မာစွာ သ‌ဘောတူညီမှု ရရှိသွားပြီဆိုသည့်အဖွဲ့ တဖွဲ့တ‌လေမျှ မရှိ‌သေး‌ချေ။
ယူအဲန်အက်ဖ်စီနှင့် ဦး‌အောင်မင်းတို့အဖွဲ့ ချင်းမိုင်တွင် ‌ဆွေး‌နွေးခဲ့သည့် ကိစ္စသည်လည်း တကယ်တမ်း ‌ကျေနပ်အားရ ဖွယ် တိုးတက်‌ကောင်းမွန်‌သော ရလဒ်ကို ရရှိခဲ့လိမ့်မည်ဟု နိုင်ငံ‌ရေးအကဲခတ်များက ထင်မှတ်မထားကြ။
အမျိုးသားလွတ်‌မြောက်‌ရေး တိုက်ပွဲသည် ‌အောင်ပွဲမခံနိုင်‌သေး။ အဖိနှိပ်ခံ လူထုတရပ်လုံး စစ်အာဏာရှင် လက် ‌အောက်မှ လွတ်‌မြောက်‌ရေးသည်လည်း အဆုံးသတ်တိုက်ပွဲ မဆင်နိုင်‌သေး။ ‌တော်လှန်‌ရေးသည် မပြီး‌သေး။ စစ်မှန်‌သော ငြိမ်း ချမ်း‌ရေးကိုလည်း အရိပ်အ‌ယောင်မျှ မမြင်နိုင်‌သေး။

(၆)
ယခုလက်ရှိလုပ်‌ဆောင်‌နေ‌သော ရန်သူ၏ စစ်ဆင်‌ရေးမှာ စားပွဲဝိုင်းတိုက်ပွဲတဝက် စစ်‌မြေပြင် တိုက်ပွဲတဝက် အ‌နေအ ထား ဖြစ်သည်။ ၎င်းတို့အ‌နေဖြင့် အရာရာကို စစ်‌ရေးအမြင်ဖြင့်သာ ကြည့်တတ်ကြသည်။ ဘယ်အချိန်မှာ ဘယ်သူ့ကို ဘာစကား ‌ပြောပြီး၊ ဘယ်အချိန်မှာ ဘယ်သူ့ကို ဘယ်လိုတွန်းတင်ရမည်၊ ဘယ်ပုံပထုတ်ရမည်၊ ဘယ်‌နေရာကို ဘယ်လိုဝင်သိမ်းရမည် စသ ဖြင့် အစီအစဉ်တကျ ကျင့်သားရစွာ လုပ်တတ်ကြသည်။ နိုင်ငံ‌ရေးကိုလည်း စစ်ပရိယာယ်ဖြင့် သုံးသပ်စဉ်းစား လုပ်ကိုင်တတ်ကြ ၏။
All warfare is based on deception. အလုံးစုံ‌သော ‌သေနဂင်္ဗျူဟာ အတတ်ပညာဟူသမျှသည် လှည့်စားခြင်းအ ‌ပေါ်၌ အ‌ခြေခံ၏ ဟူ‌သော ဆွန်ဇူး၏ အဆိုအမိန့်ကို မ‌မေ့မ‌လျော့ နှလုံးသွင်းထားဖို့ လိုသည်။
ရန်သူ၏ မဟာဗျူဟာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အမြစ်ဖြုတ် ‌ချေမှုန်း‌ရေးနှင့် ဗမာ ပြည် ပြည်သူလူထုတရပ်လုံးကို ဆက်လက် ချုပ်ကိုင် ကျွန်ပြုနိုင်‌ရေး ဖြစ်သည်။ နည်းဗျူဟာအ‌နေဖြင့် ငြိမ်းချမ်း‌ရေးအ‌ယောင်ပြ အပစ်အခတ်ရပ်စဲ‌ရေး၊ တနိုင်တပိုင် စီးပွား‌ရေးလုပ်ငန်းများဖြင့် ‌ဒေသဖွံ့ဖြိုး‌ရေး၊ ချွတ်ခြုံကျ‌နေ‌သော ပြည်နယ်လူထုဘဝ ဦး‌မော့ လာ‌စေ‌ရေးအတွက် စာသင်‌ကျောင်း၊ ‌ဆေး‌ပေးခန်း၊ လမ်းတံတား စသည့် လူမှု‌ရေး ပညာ‌ရေး၊ ကျန်းမာ‌ရေး အကူအညီများ မဖြစ် စ‌လောက်‌ပေးကာ တိုင်းရင်းသားလူထုအ‌ပေါ် ‌မေတ္တာ‌စေတနာထား‌ကြောင်း ပြသ‌ရေး၊ တိုင်းရင်းသား အဖွဲ့အစည်းများအတွင်း အင်အားချိနဲ့‌အောင်၊ စည်းလုံးညီညွတ်မှု မရှိ‌အောင် အထက်‌အောက် အခွင့်အ‌ရေး မညီမမျှ ခွဲခြား ဆက်ဆံမှုများဖြင့် သပ်လျှိုထိုး ခွဲ‌ရေး၊ — စသည့် မည်သည့်အခါကမျှ ‌ပြောင်းလဲခြင်း မရှိခဲ့‌သော လုပ်နည်းလုပ်ဟန်‌တွေ ဖြစ်သည်။ ထိုအရာ‌တွေအ‌ပေါ် အစဉ် အဆက်က ‌ခေါင်း‌ဆောင်များအတွင်း ထိန်းသိမ်းနိုင်ခဲ့သူ‌တွေရှိသလို ရန်သူ့ လှိမ့်လုံးများ‌နောက် အငိုက်မိပြီး နစ်မြုပ် ကျဆုံး သွားကြသူ‌တွေလည်း ရှိသည်။ ယခုရန်သူ၏ လုပ်ရပ်‌တွေမှာ ပို၍ ‌ဗြောင်ကျလာပြီး ‌ဆွေး‌နွေးပွဲပြင်ပတွင် ဖက်လဲတကင်း ခင်မင် ရင်းနှီးသလိုလို၊ ရူးသလိုလို ‌ကြောင်သလိုလို၊ စကား‌ရော‌ဖော‌ရောဖြင့် လုံးတုတ် လိုက်‌လျှောချလိုက် လုပ်တတ်လာကြသည်။
ဒီမိုက‌ရေစီ‌ရေးတိုက်ပွဲဝင် ၈၈မျိုးဆက် ‌ကျောင်းသား‌ခေါင်း‌ဆောင်အချို့ ပြည်ပခရီးစဉ် လှည့်လည်‌နေကြသည်။ ရဲ‌ဘော် ရဲဘက် လုပ်‌ဖော်ကိုင်ဖက် မိတ်‌ဟောင်းမိတ်သစ်များနှင့် ‌တွေ့ကြရသည်။ ဗမာပြည်အတွင်း ပြုပြင်‌ပြောင်းလဲ ‌ဖြေ‌လျှော့မှုအချို့ လုပ်လာခဲ့သည့်တိုင် အ‌ရေခြုံသမ္မတတို့ အုပ်စုအ‌ပေါ် မျက်‌စေ့စုံမှိတ် ယုံကြည်မှု မထားနိုင်‌သေးသူ‌တွေ ရှိ‌နေ‌ကြောင်း သိခဲ့ရ သည်။ ရန်သူ၏ ပရိယာယ်ကို ရိပ်စားမိကြသူ‌တွေ ဖြစ်၏။
တိုက်ပွဲသည် အ‌မြောက်သံ ဗုံးသံ တဝုန်းဝုန်း တဒိုင်းဒိုင်း ဆူညံ‌နေ‌သော စစ်‌မြေပြင်၌သာ ရှိ‌နေသည် မဟုတ်။ ရန်သူနှင့် ဆုံ‌တွေ့ရာ ‌နေရာတိုင်းကို တိုက်ပွဲဖြစ်ရာ ‌နေရာများအဖြစ် နားလည် သိရှိထားရမည် ဖြစ်သည်။ လက်နက်မကိုင်‌သော တိုက်ပွဲ သည် ပိုမို ‌ကြောက်မက်ဖွယ် ‌ကောင်း၏။ ရန်သူသည် တိုင်းရင်းသားများကိုသာမက လူထုတရပ်လုံးကိုလည်း ‌နေ့စဉ်နှင့်အမျှ တိုက်ပွဲဆင်‌နေ‌လေသည်။ အ‌ပေါ်ယံ‌ကြော အနှစ်မပါ စကားများ၊ စီးပွား‌ရေးအကွက်အကွင်း မြူဆွယ်မှုများနှင့် ပြည်နယ်တွင်း ဖွံ့ဖြိုးတိုးတက်‌ရေး အ‌ယောင်ပြ တိုင်းရင်းသား ‌တော်လှန်‌ရေး အဖွဲ့အစည်းများ ‌ခြေကုတ်ယူထားရာ နယ်‌မြေကို ပထဝီအ‌နေအ ထားအရပါ ‌ပြောင်းလဲဖျက်ဆီးခြင်းများ၊ ‌ကောင်း‌စေလိုဟန်ဖြင့် အကျိုးပျက်ပြား‌အောင် ဖျက်ဆီးခြင်း၊ အယုံလွယ်တတ် ‌ကြောက် တတ်သူ‌တွေကို လန့်ဖျပ်‌အောင် ခြိမ်း‌ခြောက်ခြင်း ၊ အထက်ဖား ‌အောက်ဖိ သ‌ဘောထားများဖြင့် အခွင့်အ‌ရေး‌ပေးသူကို ‌ပေးပြီး ‌အောက်လူကို ပိုမို နိမ့်ကျ‌အောင် ဖိနှိပ်ခြင်း၊ အရိုးအရင်း ‌ပေး‌ကျွေးလျက် အလိုလိုက် အကြိုက်‌ဆောင် ‌ချော့မြူခြင်း၊ မီးစတစ်ဖက် ‌ရေမှုတ်တစ်ဖက်၊ မုန့်‌ကျွေး‌ချော့ တုတ်ပြ‌ခြောက် စသည့် ရန်သူ့စစ်ပရိယာယ်‌တွေကို နားမလည်သူများမှာ ရန်သူအကြိုက် အငိုက်မိစွာ လိုက်ပါမိတတ်ကြသည်။ ရန်သူသည် ငါးကြင်းဆီနှင့် ငါးကြင်း‌ကြော်သည့်မူကို တ‌လျှောက်လုံး ကိုင်စွဲ ကျင့်သုံးလာခဲ့ သူ ဖြစ်၏။ ရန်သူ့ လှည့်ဖြားမှုများ၊ ပရိယာယ် မာယာများအ‌ပေါ်တွင် ထိတ်လန့် ‌သွေးပျက်လျက်၊ ဘာမျှ မလုပ်ရဲ မကိုင်ရဲ၊ မလုပ် တတ် မကိုင်တတ်၊ မရုန်းဖယ် မတွန်းလှန်တတ်ပဲ သိသိကြီးနှင့် မှိန်းပြီး လျစ်လျူရှု‌နေရသည့် အဖြစ်မျိုး မဖြစ်‌စေသင့်။

(၇)
‌နေပြည်‌တော်ကို သွား‌ရောက်‌တွေ့ဆုံခဲ့‌သော ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များထဲမှ ပဒိုမန်းငြိမ်း‌မောင်ကို အင်တာဗျူး သည့် ဗီဒီယိုသတင်းတခုတွင် ရန်သူ့ကာချုပ် မင်း‌အောင်လှိုင်နှင့် ‌တွေ့ခဲ့သည့် ပဒိုမန်းငြိမ်း‌မောင်က ကရင်ပြည်နယ် ငြိမ်းချမ်း‌ရေး peace process နှင့်ပတ်သက်သည့် မင်း‌အောင်လှိုင်၏သ‌ဘောထား ပြန်လည် ‌ပြောပြသည်ကို ကြည့်လိုက်ရသည်။ မင်း‌အောင် လှိုင်က ၇ဝရာခိုင်နှုန်း‌လောက် ‌အောင်မြင်ပါတယ်ဟု ဆို‌ကြောင်း၊ ကျန်သည့် ၃ဝရာခိုင်နှုန်းက‌တော့ စစ်‌ရေးကိစ္စ အ‌သေးအဖွား များဖြစ်‌ကြောင်း ‌ပြောသည်ဟု ဆိုသည်။ ငြိမ်းချမ်း‌ရေးကိစ္စနှင့် ပတ်သက်၍ သ‌ဘောထား ‌မေးမြန်းသည်ကို ၇ဝရာခိုင်နှုန်း၊ ၃ဝ ရာ ခိုင်နှုန်းဟု ဆိုသည်မှာ မည်သည့်အ‌ပေါ်တွင် အကဲဖြတ်တွက်ချက်ပါသနည်း။ စစ်အုပ်စုသည် နိုင်ငံ‌ရေးကိစ္စ ငြိမ်းချမ်း‌ရေးကိစ္စ အားလုံးကို စစ်‌ရေးအမြင်ဖြင့်သာ ကြည့်ရှုအကဲဖြတ်သည်ကို မ‌မေ့ဖို့လိုသည်။ မင်း‌အောင်လှိုင်က ၇ဝရာခိုင်နှုန်း‌လောက် ‌ပြေ လည်ပြီး ၃ဝရာခိုင်နှုန်း‌လောက် ကျန်‌နေသည်ဟု ဆိုသည်မှာ စစ်ဆင်ရမည့်‌ဒေသ‌တွေအ‌ပေါ် သုံးသပ်‌ပြောဆိုခြင်း ဖြစ်သည်။
အခြားသတင်းတခုမှာ‌တော့ ၇ဝရာခိုင်နှုန်းဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးနှင့် လုပ် ‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ်တွင် ခြုံငုံ‌ပြောဆိုခြင်းဖြစ်‌ကြောင်း ‌ရေးသားထားသည်။ တိုင်းရင်းသားအားလုံးနှင့် လုပ်‌နေ‌သော ငြိမ်းချမ်း‌ရေးကိစ္စကို ၇ဝရာခိုင်နှုန်း ‌ကျေနပ်မှုရှိ‌ကြောင်း ‌ပြောသည်ဟု ဆိုသည်။ ‌ပြောချင်လည်း ‌ပြောခဲ့‌ပေလိမ့် မည်။ တကယ်‌တော့ မည်သည့်တိုင်းရင်းသား တစုတဖွဲ့နှင့်မျှ ပြီးပြတ် ပီပြင်သည့် အပစ်အခတ်ရပ်စဲ‌ရေးမျိုး၊ ငြိမ်းချမ်းမှု ‌ဖော် ‌ဆောင်ခြင်းမျိုးကို မလုပ်နိုင်‌သေး‌သော‌ကြောင့် ဤစကားမှာ ‌ကေအဲန်ယူနှင့်သာ ချိန်ထိုး နှိုင်းယှဉ်ကာ ‌ပြောခဲ့ခြင်း ဖြစ်နိုင်‌လေ သည်။
‌ကေအဲန်ယူမှာ တပ်မဟာ (၇)ခု ရှိ‌နေသည်။ စစ်အုပ်စုနှင့် ပူး‌ပေါင်းလုပ်ကိုင်မည့် တပ်မဟာ‌တွေရှိသလို စစ်အုပ်စုအ‌ပေါ် ယုံကြည်မှု မရှိ‌သော တပ်မဟာအချို့လည်း ရှိသည်။ တပ်မဟာအားလုံးကို ၁၀ဝရာခိုင်နှုန်းဖြင့်တွက်လျှင် တပ်မဟာတခုလျှင် အကြမ်းဖျင်း ပျမ်းမျှ ၁၄ရာခိုင်နှုန်း‌ကျော် ၁၅ရာခိုင်နှုန်းမျှ ရှိမည် ဖြစ်သည်။ တပ်မဟာ (၅)ခု (၇ဝရာခိုင်နှုန်း)က သူနှင့် အ‌တော် အတန် ‌ပြေလည်ကြပြီး တပ်မဟာ(၂)ခု (၃ဝ ရာခိုင်နှုန်း) က ‌ပြေလည်မှု မရှိ‌ကြောင်း ဆိုလိုက်ခြင်းပင် ဖြစ်‌လေသည်။ ကရင် ပြည်နယ်ကို တစတစ သိမ်းသွင်းချုပ်ကိုင် ကြီးစိုးမည့် ၎င်းတို့အစီအစဉ်ကို ‌အေး‌ဆေး(ငြိမ်းချမ်းစွာ) အ‌ကောင်အထည်‌ဖော်နိုင် ‌ရေး ၇ဝရာခိုင်နှုန်း‌လောက် ‌အောင်မြင်‌နေပြီဟု မင်း‌အောင်လှိုင်က တွက်ထားခြင်း ဖြစ်သည်။
‌ကေအဲန်ယူ၏ ‌ဒေသတွင်း အ‌ခြေအ‌နေကို အတွင်းကျကျ သိ‌နေ‌သော မိတ်‌ဆွေတဦးကမူ စစ်အုပ်စုနှင့် အ‌တော်အ တန် ‌ပြေလည်‌နေသည်ဟု ဆို‌သော တပ်မဟာ(၅)ခုထဲတွင်ပင် မိုးထဲ‌လေထဲ ကြုံဆုံလာရသည့်အခါ ကရင်လူထုဘက်က မဆုတ် မနစ် ရပ်တည်ကာကွယ်မည့် တပ်ရင်း‌တွေ အများအပြား ရှိ‌နေ‌ကြောင်း၊ နယ်ခြား‌စောင့်တပ်နင့် ဒီ‌ကေဘီ‌အေ အချို့သည်လည်း ‌ကေအဲန်ယူ ‌အောက်‌ခြေတပ်အချို့နှင့် နားလည်မှု ရှိကြ‌ကြောင်း၊ ရန်သူသည် တိုင်းရင်းသားအားလုံးကို တိုက်ခိုက်‌ချေမှုန်းမည့် အစီအစဉ်ရှိသည့်အတိုင်း ‌ကေအဲန်ယူအဖွဲ့အစည်းကို ဖြိုဖျက်ပြီးသည့်တိုင် နယ်ခြား‌စောင့်တို့ ဒီ‌ကေဘီ‌အေတို့ကိုပါ အင်အားချိနဲ့ ‌အောင် ကန့်သတ်ထားရှိမည်ဖြစ်ပြီး တပ်မ‌တော်တစ်ခုတည်း ရှိရမည်ဆို‌သောမူအရ မ‌ဝေးလှ‌သောတချိန်တွင် ၎င်းတို့လက် ‌အောက်ခံတပ်များအဖြစ် သွတ်သွင်းလျက် ကျန်အဖွဲ့များ ဖျက်သိမ်းပစ်မည် ဆိုသည်ကိုလည်း နယ်ခြား‌စောင့်များနှင့် ဒီ‌ကေဘီ ‌အေတို့က သိရှိထားကြပြီး ဖြစ်၍ ၎င်းတို့လမ်း‌ကြောင်းကို ၎င်းတို့ ‌ရွေးချယ်နိုင်ကြမည်ဖြစ်‌ကြောင်း၊ အပစ်အခတ် ရပ်စဲ‌ရေး ‌ဆွေး ‌နွေး‌နေမှုအ‌ပေါ် အခွင့်‌ကောင်းယူကာ ကရင်ပြည်နယ်အတွင်း တပ်‌တွေတိုးပို့ ၊ ရိက္ခာ‌တွေ တိုးပို့၊ အုတ်အဂင်္‌တေ အ‌ဆောက်အဦ များ၊ ‌လျှောက်‌မြောင်းများ ဘန်ကာများဖြင့် မည်သို့ပင် စစ်‌ရေး ပြင်ဆင်မှုများ လုပ်ထား‌စေကာမူ ‌ကေအဲန်ယူ၏ နာမည်ကြီး ‌ပျောက်ကြားစစ်ဆင်‌ရေးကို ရန်သူအ‌နေဖြင့် ကာဆီးနိုင်လိမ့်မည် မဟုတ်‌ကြောင်း၊ နယ်‌မြေ‌ဒေသ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ခိုင်မာ မှု၊ ရန်သူ၏ မတရား‌သော လုပ်ရပ်များကို မဆုတ်မနစ် တွန်းလှန်လိုစိတ်ရှိမှုနှင့် အချင်းချင်း ‌သွေးစည်းညီညွတ်မှုတို့မှာ ရန်သူတို့ ၏ အ‌ယောင်ပြ စစ်‌ရေး ခြိမ်း‌ခြောက်မှုများကို ‌ချေမှုန်းဖယ်ရှားနိုင်မည်ဖြစ်‌ကြောင်း ‌ပြော၏။
‌လော‌လောဆယ် အ‌ရေးကြီးသည်မှာ ရန်သူ့‌ခြေလှမ်း‌တွေကို မျက်ခြည်မပြတ် ‌စောင့်ကြည့်ဖို့၊ အစိုးရိမ် မလွန်ဖို့၊ အငိုက် မမိဖို့ပင် ဖြစ်‌ကြောင်း ထိုမိတ်‌ဆွေက ‌ပြော‌လေသည်။