Home သတင်း ပဒိုမန်းရှာအတွက် ၅နှစ်ပြည့် နှစ် ပတ်လည် ဝတ်ပြုဆု‌တောင်း

ပဒိုမန်းရှာအတွက် ၅နှစ်ပြည့် နှစ် ပတ်လည် ဝတ်ပြုဆု‌တောင်း

1673
‌ဖေ‌ဖော်ဝါရီလ ၁၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

လုပ်ကြံခံရသည့် ကရင်အမျိုးသားအစည်းအရုံး-KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်း အတွက် ၅နှစ်ပြည့် နှစ်ပတ်လည် ဝတ်ပြုဆု‌တောင်းပွဲ တစ်ခုကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် KNU တပ်မဟာ (၇)ရှိ ‌သေ့‌ဘေ့ထာ့‌နေရာတွင် ယမန်‌နေ့က ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ဝတ်ပြုဆု‌တောင်းပွဲကို ပဒိုမန်းရှာ၏ သားကြီး ‌စော‌စေး‌စေးမှ ဦး‌ဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဝတ်ပြုဆု ‌တောင်းပွဲတွင် KNU စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ‌စော‌ဂျော်နီ၊ ဒုစစ်‌ရေးချုပ် ဗိုလ်မှူးချုပ် စဆာတူ‌ဝေါ်နှင့် တပ်မဟာ (၅)မှူး ဗိုလ်မှူးကြီး ‌စော‌ကျောမူဟဲတို့ တက်‌ရောက်ကာ စုစု‌ပေါင်း ဧည့်ပရိဿတ် ၁၀ဝ ‌ကျော် တက်‌ရောက်ခဲ့ သည်။

ဝတ်ပြုဆု‌တောင်းပွဲနှင့် ပတ်သက်၍ ‌စော‌စေး‌စေးဖန်းက “ကျ‌နော့်ရဲ့ဖခင်ကို ‌အောက်‌မေ့တဲ့အ‌နေနဲ့ ဒီဝတ်ပြု ဆု‌တောင်းပွဲကို လုပ်တာပါ။ ခရစ်ယာန် ဘာသာအ‌နေနဲ့ပဲ ဘုရားရှိခိုး‌ပေးတာ‌ပေါ့‌နော်။ အခမ်းအနားပုံစံ‌တော့ မဟုတ်ဘူး။ ဝတ်ပြုဆု‌တောင်းပွဲသ‌ဘော မျိုးပါပဲ။ ကြီးကြီးမားမား မဟုတ်တဲ့အတွက် နီးစပ်ရာ လူ‌တွေ‌လောက်ပဲ တက်တာ‌ပေါ့‌နော်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖခင် ပဒိုမန်းရှာ လုပ်ကြံမခံရမီ ကရင်တမျိုးသားလုံး လွတ်‌မြောက်‌ရေးအတွက် အနစ်နာခံလုပ်‌ဆောင်‌နေ‌သော ကရင်‌တော်လှန်‌ရေးကိုလည်း ၎င်းတို့ ‌မောင်နှမများအ‌နေဖြင့် တတ်စွမ်းသမျှ ဆက်လက်လုပ်‌ဆောင်သွားကြ မည်ဟုလည်း ‌စော‌စေး‌စေးဖန်းက ဆက်‌ပြောသည်။

ထို့အပြင် အဂင်္လန်နိုင်ငံ‌ရောက် ပဒိုမန်းရှာ၏ သမီး နန့်ဘွားဘွားဖန်းနှင့် နန့်ဇိုယာဖန်းတို့ကလည်း ၎င်းတို့ ဖခင်၏ ၅နှစ်ပြည့် နှစ်ပတ်လည် ဝတ်ပြုဆု‌တောင်းပွဲတစ်ခုကို ပြုလုပ်ကျင်းပခဲ့သလို ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခ သည်စခန်း၌လည်း အလားတူ ဆု‌တောင်းပွဲပြုလုပ်ခဲ့သည်ဟု သိရသည်။

ပဒိုမန်းရှာသည် ၁၉၆၃ခုနှစ်‌နောက်ပိုင်း ‌တော်လှန်‌ရေးနယ်‌မြေသို့ ‌ရောက်ရှိကာ KNU တွင် တာဝန်ထမ်း‌ဆောင် ရင်း အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်အထိ ‌ရွေးချယ်တာဝန်‌ပေးအပ်ခြင်း ခံခဲ့ရသည်။ ၎င်းကို မြန်မာစစ်အာဏာရှင် အစိုးရအား ဆန့်ကျင်‌တော်လှန်ရာတွင် သ‌ဘောထားပြတ်သားသူ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အပါအဝင် မြန်မာ့ဒီမိုက‌ရေစီအင်အားစုများနှင့် မဟာမိတ်အဖြစ် ဆက်ဆံရာတွင် ‌ပြေပြစ်‌ချော‌မွေ့သူဟု အသိအမှတ်ပြုခံရသူလည်းဖြစ်သည်။

ထို့အပြင် ပဒိုမန်းရှာသည် သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရရှိသူ ‌ခေတ်ပညာတတ်တဦးဖြစ်ပြီး ၁၉၆၂ခုနှစ် ဆဲဗင်းဇူလိုင် ‌ကျောင်းသားအ‌ရေးအခင်းတွင် ပါဝင်ခဲ့သူဖြစ်ပြီး စာ‌ပေကို ချစ်ခင်မြတ်နိုးသူဖြစ်သလို ကဗျာနှင့် ‌ဆောင်းပါးများကိုလည်း ‌ရေးသားခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့၌ ပဒိုမန်းရှာကို အမည်မသိ ‌သေနတ်သမား ၂ဦးက ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့တွင် သွား‌ရောက်လုပ်ကြံ ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

၎င်းလုပ်ကြံခံရပြီး ‌သေဆုံးပြီး‌နောက် ကျန်ရစ်သူ သားသမီးများဖြစ်သည့် ‌စော‌စေး‌စေးဖန်း၊ နန့်ဘွားဘွားဖန်း၊ နန့်ဇိုယာဖန်းနှင့် စလုံ့ဖန်းတို့က ဖခင်နှင့် မိခင်(ကွယ်လွန်)ကို ရည်စူး၍ ဖန်း‌ဖောင်‌ဒေရှင်းဟု အမည်ရသည့် ‌ဖောင်‌ဒေးရှင်းတစ်ခုကိုလည်း ဖွဲ့စည်းခဲ့သည်။