Home သတင်း တက္ကသိုလ်(ရန်ကုန်) ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီမှ ‌မောင်မယ် သစ်လွင်ကြိုဆိုပွဲ ကျင်းပ

တက္ကသိုလ်(ရန်ကုန်) ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီမှ ‌မောင်မယ် သစ်လွင်ကြိုဆိုပွဲ ကျင်းပ

1800
‌ဖေ‌ဖော်ဝါရီလ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Fresher welcome and fairwel for Karen university studentsကရင်တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှုဆပ်‌ကော်မတီ (တက္ကသိုလ်များ/ရန်ကုန်)မှကြီးမှူး၍ ၂၀၁၁ . ၂၀၁၂ တက္ကသိုလ်ဝင် စာ‌မေးပွဲ‌အောင် ကရင်‌ကျောင်းသူ‌ကျောင်သားများ၏ ‌မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ‌နောက်ဆုံးနှစ် ‌ကျောင်းသား‌ကျောင်းသူ များအား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနား ကို ‌ဖေ‌ဖော်ဝါရီလ ၂၃ရက်‌နေ့က ပြုလုပ်ကျင်းပ ခဲ့ကြသည်။

တက္ကသိုလ်များ(စာ/ယဉ်) ၏ ဥက္ကဌ ရန်ကုန်အ‌ဝေးသင် တက္ကသိုလ်စိတ်ပညာဌာနမှ ပါ‌မောက္ခဌာနမှူး ဆရာမ‌နော်‌စေး‌စေး‌ဖောက အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်ကို ယခုလို ရှင်းပြသည်။

“ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်အသီးသီးက‌နေ ပညာသင်ကြား‌နေတဲ့ ကရင်‌ကျောင်းသူ‌ကျောင်းသား‌တွေအ‌နေနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိဖို့နဲ့ ကိုယ့်စကား၊ စာ‌ပေ၊ ယဉ်‌ကျေးမှုနဲ့ ရိုးရာဓ‌လေ့‌တွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အပြင် မိမိလူမျိုးဂုဏ်ကို မြင့်မားလာ‌အောင် ‌နောက်ပြီး‌တော့ ကိုယ့်ထက် အတန်းကြီးတဲ့သူ‌တွေဆီက‌နေ ပညာ‌ရေးနဲ့ပတ်သက်ပြီး အတုယူနိုင်‌အောင် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့‌သော်လည်း ယခုနှစ်တွင်မူ ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် အပန်း‌ဖြေရိပ်သာ(RC)၌ ပထမဆုံး အကြိမ်အဖြစ် ကျင်းပခွင့်ရသလို ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်၊ ဘားအံတက္က သိုလ် (ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ) အပါအဝင် ရန်ကုန်တိုင်း ‌ဒေသကြီးရှိ တက္ကသိုလ်အသီးသီးမှ ဆရာ၊ဆရာမများ၊ ကရင်‌ကျောင်းသူ‌ကျောင်းသားများ စုစု‌ပေါင်း ၄၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနား တက်‌ရောက်သူ ရန်ကုန်အ‌ရှေ့ပိုင်းတက္ကသိုလ်၊ ဒုတိယနှစ် (အဂင်္လိပ်စာ)မှ ‌ကျောင်းသား စထက်လင်းစိုးက “အခု လို တက်‌ရောက်ရတဲ့အတွက်လည်း ‌ပျော်ရွှင်မိပါတယ်၊ ‌နောက်ပြီး‌တော့ တက္ကသိုလ်အသီးသီးက ကိုယ့်ကရင်‌ကျောင်းသား‌တွေ စုဆုံဖြစ်တဲ့အတွက်လည်း မိတ်‌ဆွေအ‌ပေါင်းအသင်း‌တွေတိုးတယ်။ အဲဒီအတွက်လည်း အားရ‌ကျေနပ်မိပါတယ်”ဟု ‌ပြောဆို သည်။

အခမ်းအနားကို နံနက် ၉နာရီတွင် ပထမပိုင်း အစီအစဉ်အဖြစ် စတင်ခဲ့ပြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင် မြင့်နှင့် တက္ကသိုလ်များ(ရန်ကုန်) စာ/ယဉ် ဥက္ကဌ အပါအဝင် အတွင်း‌ရေးမှူးနှင့် ‌ကျောင်းသား‌ဟောင်းတစ်ဦးမှ အမှာစကားများ ‌ပြောကြားခဲ့ကြသည်။

အခမ်းအနား ဒုတိယပိုင်း အစီအစဉ်တွင် ဆု‌ပေးပွဲများ၊ ‌တေးသီချင်းများ၊ ရိုးရာဝတ်စုံများ ဝတ်ဆင်ပြသခြင်းများအပြင် ကရင်လူ ငယ်‌မောင်မယ်များအတွက် King and Queen ‌ရွေးချယ်ပွဲ၊ ကရင်‌ကျောင်းသူ‌ကျောင်းသားများ(ဘားအံ)နှင့် (တက္ကသိုလ်များ၊ ရန်ကုန်)မှ ဒုံးအကများ ‌တေးသရုပ်‌ဖော်များ၊ ပျားဖွတ်ပြိုင်ပွဲများဖြင့် ‌ဖျော်‌ဖြေခဲ့ကြပြီး ည‌နေ ၃နာရီတွင် ရုပ်သိမ်းလိုက်သည်။

‌တော်လှန်‌ရေး‌ကောင်စီ‌ခေတ် နိုင်ငံ‌ရေးပါတီများနှင့် အဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့သည့်‌နောက်ပိုင်း တိုင်းရင်းသားများ၏ စာ‌ပေ ယဉ်‌ကျေးမှု၊ ရိုးရာဓ‌လေ့ထုံးတမ်းများကို အစိုးရမှ ပြန်လည်‌ဖော်ထုတ်ခွင့်ပြုခဲ့ရာ ကရင်တိုင်းရင်းသားများ စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီကို ၁၉၆၄ခုနှစ်ခန့်က စတင် ဖွဲ့စည်းခဲ့ပြီး ‌မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယ‌နေ့တိုင် နှစ်စဉ် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။