Home သတင်း ခွဲထွက်အဖွဲ့များနှင့် နားလည်မှု ရ‌ရေး ‌ကော်မတီတရပ် ဖွဲ့စည်းသွားရန် KNU ချမှတ်

ခွဲထွက်အဖွဲ့များနှင့် နားလည်မှု ရ‌ရေး ‌ကော်မတီတရပ် ဖွဲ့စည်းသွားရန် KNU ချမှတ်

1355
‌ဖေ‌ဖော်ဝါရီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ခွဲထွက်သွားသည့် ကရင်လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နားလည်မှုရယူသွားရန် လုပ်ငန်း‌ကော်မတီတရပ် ဖွဲ့စည်းသွားမည် ဟု ဖားအံခရိုင်၊ ‌လေးဝါး‌နေရာ၌ ‌ဖေ‌ဖော်ဝါရီလ ၁၈ရက်‌နေ့မှ ၂၆ရက်‌နေ့အထိ ကျင်းပသည့် ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ ‌ဝေးတွင် ကရင်အမျိုးသားအစည်းအရုံး-KNU က ချမှတ်ခဲ့သည်။

KNU ၏ ၁၅ ကြိမ်‌မြောက်ညီလာခံအပြီး ပြုလုပ်‌သော ၎င်းပထမအကြိမ် ဗဟိုအမြဲတမ်း ‌ကော်မတီအစည်းအ‌ဝေး၌ ‌ရှေ့ဆက်လုပ် ‌ဆောင်မည့် လုပ်ငန်းစဉ်များထဲတွင် ကရင်တမျိုးသားလုံးစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာ‌စေ‌ရေးအတွက် ရည်ရွယ်၍ ထိုသို့ ‌ကော်မ တီတရပ် ဖွဲ့သွားရန် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု KNU တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ပထမအချက်က‌တော့ ခွဲထွက်သွားတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်‌တွေနဲ့ ့ နားလည်မှုရယူနိုင်ဖို့ လုပ်ငန်း‌ကော်မတီဖွဲ့ဖို့ ရှိ တယ်။ ဘယ်‌တော့ဖွဲ့မလဲဆို‌တော့ ‌ပြောဖို့ ‌စော‌သေးတာ‌ပေါ့‌နော်။ ‌နောက်တခုက ပြည်တွင်း၊ ပြည်ပမှာ ပြန့်ကျဲ‌နေထိုင်တဲ့ ကရင် လူမျိုး‌တွေကို စည်းလုံးညီညွတ်မှုပိုမိုခိုင်မာ‌အောင် လုပ်‌ဆောင်သွားဖို့ ရှိတယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် မြန်မာပြည်တွင်းရှိ နိုင်ငံ‌ရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများနှင့် ကရင်မိဘပြည်သူများကို ‌တွေ့ဆုံပြီး အကြံဉာဏ် များ ရယူကာ ပူး‌ပေါင်းပါဝင်နိုင်ဖို့အတွက် လုပ်ငန်းစဉ်‌တွေကိုလည်း ယင်းအစည်းအ‌ဝေးတွင် ချမှတ်နိုင်ခဲ့သည်ဟု ထပ်မံ ‌ပြော ကြားသည်။

KNU ၏ ပုံမှန် ှဗဟို‌ကော်မတီအစည်းအ‌ဝေးကို ဗဟို‌ကော်မတီဝင် ၄၅ဦး တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြပြီး အစည်းအ‌ဝေးအပြီး အချက် ၅ချက်ပါ‌သော ‌ကြေညာချက်တစ်‌စောင်ကိုလည်း ထုတ်ပြန်ခဲ့ရာ KNU ၏ လုပ်ငန်းဌာန ၁၄ခုအနက် ဌာနအသီးသီးရှိ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် တာဝန်လွှဲ‌ပြောင်း ခန့်အပ်မှုများကို ပြန်လည် အတည်ပြုခြင်းများ လုပ်‌ဆောင်နိုင်ခဲ့သည်ဟု ပါရှိသည်။

ဆက်လက်၍ ကရင်အမျိုးသားအတွင်း စည်းလုံးညီညွှတ်မှု ပိုမိုခိုင်မာ‌ရေး လုပ်ငန်းများ၊ ခိုင်မာ‌သောအပစ်အခတ်ရပ်စဲ‌ရေးနှင့် စစ်မှန်‌သော ငြိမ်းချမ်း‌ရေးလုပ်ငန်းများအပြင် စစ်မှန်‌သော ငြိမ်းချမ်း‌ရေး တည်‌ဆောက်နိုင်‌ရေးအတွက် အစိုးရနှင့်အတူ နိုင်ငံ‌ရေး အဆင့် ‌တွေ့ဆုံမှုလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလူမျိုးများ စုဖွဲ့မှုဖြင့် အတူတကွ ကြိုးပမ်းသွားမည်ဖြစ်‌ကြောင်းလည်း ‌ကြေ ညာချက်တွင် ‌ဖော်ပြထားသည်။

လတ်တ‌လောတွင် အစိုးရနှင့် KNU တရားဝင် ထပ်မံ ‌တွေ့ဆုံသွားရန် ရှိ‌သော်လည်း ရက်အတိအကျသတ်မှတ်ခြင်း မရှိ‌သေး ‌ကြောင်းနှင့် ယုံကြည်မှု ခိုင်ခိုင်မာမာ တည်‌ဆောက်နိုင်ရန် အလွတ်သ‌ဘောမျိုးအကြိမ်ကြိမ် ‌တွေ့ဆုံပြီးမှသာ ဆက်လက် အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း ပဒိုမန်းမန်းက ‌ပြောသည်။

KNU သည် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၂၆မှ ဒီဇင်ဘာလ ၂၆ရက်‌နေ့အထိ ပြုလုပ်ကျင်းပသည့် (၁၅)ကြိမ်‌မြောက် ညီလာခံပြီး ‌နောက် ပထမအကြိမ် ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးကို ယခု ကျင်းပခဲ့ခြင်း ဖြစ်သည်။