Home သတင်း KWO ညီလာခံ ကျင်းပရန် အစည်းအ‌ဝေး စတင်

KWO ညီလာခံ ကျင်းပရန် အစည်းအ‌ဝေး စတင်

1852
ဇန်နဝါရီလ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ယခုလ ဇန်နဝါရီ ၂၈ ရက်‌နေ့၌ ပြုလုပ်မည့် ကရင်အမျိုးသမီးအစည်းအရုံး-KWO (၆)ကြိမ်‌မြောက် ညီလာခံ အတွက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ရှိ ‌လေးဝါး‌နေရာတွင် ယ‌နေ့ KWO ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးတရပ် စတင်ကျင်းပခဲ့သည်။

၎င်းအစည်းအ‌ဝေးပွဲတွင် KWO ဥက္ကဌ ‌နော်လားဖိုး၊ ဒုဥက္ကဌ ‌နော်‌ဖော‌ဒေးတိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် နန်းဒါးအဲ့ကလယ်၊ တွဲဘက်အတွင်း‌ရေးမှူး(၁) ‌နော်ဘလူးမင်နိုက်ဇံကနှင့် တွဲဘက်အတွင်း‌ရေးမှူး(၂) ‌နော်တာမ လာ‌စော တို့အပါအဝင် ခရိုင်နှင့် တပ်မဟာ ၇ ခုမှ ကိုယ်စားလှယ်စုစု‌ပေါင်း ၂၅ ဦး တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြ KWO ၏ ‌ပြောခွင့်ရသူ ‌နော်‌စေး‌စေးဟဲက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌လော‌လောဆယ်မှာ အစည်းအ‌ဝေးက ဒီ KWO ကွန်ဂရက် (ညီလာခံ)လုပ်မယ့် ကိစ္စတို့‌ပေါ့။ အ‌သေးစိတ်‌တော့ မ‌ပြောပြ‌စေချင်‌သေးဘူး။ ပြီး‌တော့ ကွန်ဂရက် တက်‌ရောက်မယ့် ကိုယ်စားလှယ်‌တွေကလည်း အကုန်မ‌ရောက် လား‌သေးဘူး”ဟု ‌နော်‌စေး‌စေးဟဲက ‌ပြောသည်။

အစည်းအ‌ဝေးကို ဇန်နဝါရီလ ၂၅ရက်အထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ၎င်း‌နောက် ဇန်နဝါရီလ ၂၈ရက်‌နေ့ တွင် KWO ၏ ညီလာခံ စတင်ပြုလုပ်ကျင်းပသွားမည် ဖြစ်သည်။

အမျိုးသမီးများ စွမ်းရည်မြှင့်တင်‌ရေးလုပ်ငန်း၊ အမျိုးသမီးနှင့် က‌လေးသူငယ်များ အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှု များ ပ‌ပျောက်‌ရေးအတွက် ရည်ရွယ်၍ KWO ကို ၁၉၈၅ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဌာနချုပ် ‌ဟောင်း မာနယ်ပ‌လောတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ‌လေးနှစ်တစ်ကြိမ် ညီလာခံ ကျင်းပလျှက်ရှိသည်။