Home သတင်း KNU တပ်မဟာ(၂)နယ်‌မြေရှိ အစိုးရတပ်စခန်း ၃ခုတွင် အစိုးရ စစ်ရဟတ်ယာဉ် သွား‌ရောက်

KNU တပ်မဟာ(၂)နယ်‌မြေရှိ အစိုးရတပ်စခန်း ၃ခုတွင် အစိုးရ စစ်ရဟတ်ယာဉ် သွား‌ရောက်

1799
ဇန်နဝါရီလ ၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် သံ‌တောင်မြို့နယ် ကရင်အမျိုးသား အစည်းအရုံး-KNU ‌တောင်ငူခရိုင်၊ တပ်မဟာ (၂)အတွင်းရှိ မြန်မာအစိုးရတပ် စခန်း ၃ခုတွင် ယခုရက်ပိုင်း ၌ အစိုးရစစ်ရဟတ်ယာဉ် တစ်စီး သွား‌ရောက်ခဲ့သည်ဟု အဆိုပါ‌ဒေသမှ လာသည့် သတင်းအရ သိရသည်။

အစိုးရ၏ ယင်းစစ်ရဟတ်ယာဉ်သည် ယခု ဇန်နဝါရီလ ၁ရက်‌နေ့၌ တိပ်ပုစခန်း၊ ဇန်နဝါရီလ ၂ရက်‌နေ့တွင် ဘူဆာခီးတပ်စခန်း နှင့် ‌ဘောဂလိကြီးတပ်စခန်းများသို့ သွား‌ရောက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်‌ရေးဌာနမှ ဗိုလ်ချုပ်လှမင်း အပါအဝင် ‌တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ်‌အောင်‌ကျော်‌ဇောနှင့် တပ်မ (၆၆)မှူး ဗိုလ်မှူးချုပ်ဝင်းဘိုရှိန်တို့ ပါဝင်‌ကြောင်း သိရသည်။

စစ်ရဟတ်ယာဉ် မည်သည့်အ‌ကြောင်း လာ‌ရောက်သည်ကို မသိရှိရ‌သော်လည်း မြန်မာအစိုးရတပ်သည် KNU တပ်မဟာ(၂) ‌ဒေသတွင် လက်ရှိ ၎င်းတို့‌ခြေကုပ်ယူထား‌သော တပ်စခန်းများကို သစ်၊ သွပ်နှင့် ဘိလပ်‌မြေ စသည်တို့ဖြင့် အခိုင်အမာ တည် ‌ဆောက်‌နေသည်ဟု KNU ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အစိုးရတပ်ဟာ အပစ်ရပ်‌ရေးကာလမှာ အင်အားမ‌လျှော့ချတဲ့အပြင် ဒီဂွင်ထဲမှာရှိတဲ့ ရာချီတဲ့ သူတို့တပ်စခန်း‌တွေ အခိုင်အမာ ‌ဆောက်‌တော့တာပဲ။ ‌နောက် ရိက္ခာ‌တွေလည်း မနားတမ်း အခုထိ သယ်‌နေတုန်းပဲ။ ဒါ‌တွေကို ကြည့်ရင် သတိထားစရာပဲ။ အခု ကချင်ကိုလည်း တိုက်‌နေတယ်။ ကချင်ပြီးရင် သျှမ်း ဒါမှမဟုတ် ကရင်ဘက်ကို ဦးလှည့်မလားဆိုတာ စဉ်းစားစရာ ဖြစ်‌နေတယ်” ဟု ‌ပြောဆိုသည်။

ထို့အပြင် ၎င်း‌ဒေသတွင် လက်ရှိ မြန်မာအစိုးရတပ်များဖြစ်သည့် ‌ခြေလျင်တပ်ရင်း (ခလရ-၁၊ ၄၊ ၃၅) အပါအဝင် တပ်ရင်း ၇ရင်း ခန့်ရှိ‌ကြောင်း၊ အပစ်ရပ်‌ရေးကာ လဖြစ်‌သော်လည်း ‌ဒေသခံလူထုများသည် အစိုးရတပ်အ‌ခြေစိုက်ရာ ‌နေရာများတွင် လွတ်လပ် စွာ သွားလာ၍ မရ‌သေး‌ကြောင်းနှင့် လုပ်ကိုင်စား‌သောက်ရာတွင် လုံခြုံ‌ရေး စိုးရိမ်‌နေရ‌သေး‌ကြောင်း KNU တပ်မဟာ (၂)က ‌ပြောသည်။

သို့‌သော် ယခုလို ပွင့်လင်းရာသီလများအတွင်း အစိုးရစစ်တပ်များသည် တပ်မဟာ(၂)ရှိ ၎င်းတို့၏ ‌ရှေ့တန်းတပ်စခန်းများသို့ ရိက္ခာများပို့‌ဆောင်ရာတွင် ‌ဒေသခံလူထုများကို အထမ်းသမား‌ပေါ်တာအဖြစ်‌သော်လည်း‌ကောင်း၊ ဆိုင်ကယ်ဖြင့်‌သော်လည်း ‌ကောင်း ယခင်နှစ်များကဲ့သို့ ခိုင်း‌စေမှုများ မရှိ‌ကြောင်း ပဒို‌စောအယ်ဝါးက ‌ပြောသည်။

‌ဒေသခံတစ်ဦးက “ကျ‌နော်တို့က‌တော့ အစိုးရနဲ့ KNU အပစ်ရပ်ထားတယ်ဆို‌ပေမယ့် ထူးခြားတဲ့ ငြိမ်းချမ်း‌ရေး ခံစားမှု‌တွေ မခံစား ရ‌သေးပါဘူး။ ဘာဖြစ်လဲဆိုရင် အစိုးရတပ်စခန်း‌တွေ တခုမှ ရုပ်သိမ်းတာ‌တွေ မ‌တွေ့ရ‌သေးဘူး။ ဒါ‌တွေကြည့်ရင် အချိန်မ‌ရွေး စစ် ပြန်ဖြစ်နိုင်တယ်”ဟု ‌ပြောသည်။

တဆက်တည်းပင် ယခုလ ဇန်နဝါရီ ၁ရက်‌နေ့က KNU တပ်မဟာ(၃)နယ်‌မြေ ‌ကျောက်ကြီးမြို့နယ်ရှိ ခို‌သေစိုး၌လည်း‌ကောင်း၊ ဇန်နဝါရီလ ၂ရက်‌နေ့၌ KNU တပ်မဟာ(၂)နယ်‌မြေနှင့် ထိစပ်သည့် KNU ဖာပွန်(မူ‌တြော်)ခရိုင် တပ်မဟာ(၅)ရှိ ‌ခေါ‌တောခိုတပ် စခန်းများသို့ အစိုးရစစ်ရဟတ်ယာဉ်တစ်စီး သွား‌ရောက်ခဲ့သည့်အပြင် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဇွန်လအတွင်းကလည်း အဆိုပါ KNU တပ်မဟာ(၂)စခန်းများသို့ အစိုးရတပ် စစ်‌ခေါင်း‌ဆောင်အချို့သည် စစ်ရဟတ်ယာဉ်ဖြင့် အလားတူ သွား‌ရောက်ခဲ့သည်ဟု သိရသည်။