Home သတင်း နှစ်သစ်ကူးပွဲ‌တော်အကြို‌နေ့အဖြစ် မဟာ‌ဆေးဝဂင်္ဘာ အာလိန်ငါးဆင့်တွင် စတင်ကျင်းပ

နှစ်သစ်ကူးပွဲ‌တော်အကြို‌နေ့အဖြစ် မဟာ‌ဆေးဝဂင်္ဘာ အာလိန်ငါးဆင့်တွင် စတင်ကျင်းပ

2563
ဇန်နဝါရီလ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း သတင်း‌ပေးပို့ချက် (‌ကေအိုင်စီ)

ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ်။ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်၊ ပြာသိုလဆန်း ၁ရက်‌နေ့တွင် ကျ‌ရောက်‌သော ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်(၇၅ နှစ်‌မြောက် စိန်ရတု) အခမ်းအနားကို ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်းရှိ မဟာ‌ဆေး ဝဂင်္ဘာ အာလိန်ငါးဆင့်‌ကျောင်းဝင်းအတွင်း၌ ပွဲ‌တော်အကြို‌နေ့အဖြစ် ယ‌နေ့ စတင် ဖွင့်လှစ်ကျင်းပလိုက်သည်။

အဆိုပါအခမ်းအနားကို ည‌နေ ၆နာရီအချိန်တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဗဟို‌ကော်မတီ( မဟာရန်ကုန်) ဥက္ကဌ မန်း‌ရွှေပြည်‌အေးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးပြီး‌နောက် ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များအဖြစ် ကရင်ရိုးရာဒုံးအကများ၊ ‌တေးသီ ချင်းများဖြင့် တင်ဆက်‌ဖျော်‌ဖြေခဲ့ရာ ပရိဿတ် ‌ထောင်နှင့်ချီ၍ လာ‌ရောက်ကြည့်ရှုအား‌ပေးခဲ့ကြသည်။

ဖွင့်ပွဲမကျင်းပမှီ မနက် ၉ နာရီတွင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ လာ‌ရောက်ကြည့်ရှုခဲ့ကြပြီး ပြခန်းစိစစ်‌ရေး‌ကော်မတီ က စိစစ်ခွင့်ပြုထား‌သော သတင်းနှင့် ပြန်ကြား‌ရေးပြခန်း၊ ယဉ်‌ကျေးမှုပြခန်းများကို ဖွင့်လှစ်ခဲ့ကြသည်။

အာလိန်ငါးဆင့်၌ ပြုလုပ်သည့် ၇၅ကြိမ်‌မြောက် ကရင်နှစ်သစ်ကူးပွဲ‌တော်အကြို‌နေ့ အခမ်းအနား(Photo-KIC)

ထို့အပြင် ‌နေ့လည်ပိုင်းတွင် နှစ်သစ်ကူးကျင်းပ‌ရေး ဗဟို‌ကော်မတီမှ ကြီးမှူးကျင်းပ‌သော ကရင်ရိုးရာ လက်‌ဝှေ့စိန်‌ခေါ်ပွဲများ၊ အား ကစားနှင့် ‌ပျော်ပွဲရွှင်ပွဲများကို အင်းစိန်မြန်မာ့မီးရထားဝင်းတွင် ကျင်းပပြုလုပ်ရာ ပါဝင်ဆင်နွှဲသူများ၊ လာ‌ရောက်ကြည့်ရှုအား‌ပေး သူများဖြင့် စည်ကားလျက်ရှိသည်။

ကရင်နှစ်သစ်ကူး ကျင်းပ‌ရေးဗဟို‌ကော်မတီ(မဟာရန်ကုန်)မှ ကြီးမှူးကျင်းပ‌သော ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကို ဇန်နဝါ ရီလ ၁၁ရက်‌နေ့မှ ၁၃ရက်‌နေ့အထိ ကျင်းပမည်ဖြစ်ပြီး ၁၂ရက်‌နေ့(မနက်ဖြန်)မနက် ၆နာရီတိတိတွင် ပြည်‌ထောင်စု မြန်မာနိုင်ငံ ‌တော် အလံနှင့်တကွ ကရင်အမျိုးသားအလံ‌တော်ကို ဖားစည်၊ ပဒိုး တီးမှုတ်၍ ကရင်အမျိုးသား အလံ‌တော်တင်ခြင်းနှင့် အလံ ‌တော် အ‌လေးပြုခြင်း အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဆက်လက်၍ အဆိုပါ‌နေ့တွင် နှစ်သစ်ကူး‌နေ့ ‌ဟော‌ပြောပွဲအစီအစဉ်များကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၂၀၁၁.၂၀၁၂ ပညာသင် နှစ်အတွင်း တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် ထူးချွန်စွာ ‌အောင်မြင်ခဲ့ကြ‌သော ‌ကျောင်းသူ၊‌ကျောင်းသားများကို ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အစီအစဉ်ကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။