Home သတင်း ၈၈မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင် ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံသို့ သွားမည်

၈၈မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင် ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံသို့ သွားမည်

1620
ဇန်နဝါရီလ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း

၈၈မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင် ကိုမင်းကိုနိုင်၏ ပထမဦးဆုံး ပြည်ပခရီးအဖြစ် ဖိလစ်ပိုင်နိုင်ငံသို့ သွား‌ရောက်မည်ဖြစ်‌ကြောင်း ၈၈မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင်များက ယမန်‌နေ့က ကျင်းပသည့် ၎င်းတို့၏ သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ‌ပြောကြားခဲ့သည်။

ငြိမ်းချမ်း‌ရေးဆိုင်ရာ ပဋိပက္ခ‌ဖြေရှင်း‌ရေးနှင့် ပတ်သက်၍ သွား‌ရောက်‌လေ့လာမည့် အဆိုပါ ခရီးစဉ်တွင် ကိုမင်းကိုနိုင် အပါအဝင် ၈၈မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင် ၁၈ဦး လိုက်ပါသွားမည်ဖြစ်ပြီး လာမည့် ဇန်နဝါရီလ ၁၄ရက်၌ ရန်ကုန်မှ မနီလာမြို့သို့ ခရီး စတင် ထွက်ခွာမည်ဖြစ်သည်။

ကိုမင်းကိုနိုင်က “ဖိလစ်ပိုင်နိုင်ငံက ကျ‌နော်တို့နိုင်ငံနဲ့ တူတာ‌လေး‌တွေ ရှိတယ်။ ပြည်တွင်းစစ်ဒဏ်နဲ့ စစ်အာဏာရှင်‌တွေ လက် ‌အောက်မှာ အကြာကြီး‌နေခဲ့ရတယ်။ ခု‌တော့ ဒီမိုက‌ရေစီအရ နိုင်ငံတကာမှာ ကျ‌နော်တို့‌ရှေ့ကို ‌ရောက်သွားပြီ။ အဲ‌တော့ သူတို့ဆီ မှာ ပဋိပက္ခ‌ဖြေရှင်း‌ရေး‌တွေ ဘယ်လိုကြုံ‌တွေ့‌ဖြေရှင်းခဲ့လဲဆိုတာ ကျ‌နော်တို့ ‌လေ့လာမယ်”ဟု ‌ပြောသည်။

ဆက်လက်၍ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ အခြားတူညီ‌နေသည့် အချက်တစ်ခုမှာ ဖိလစ်ပိုင်နိုင်ငံသားများသည် အခြားနိုင် ငံများတွင် အိမ်အကူအဖြစ် အလုပ်သွားလုပ်‌နေရသကဲ့သို့ မြန်မာနိုင်ငံသားများလည်း အလားတူဖြစ်‌သော‌ကြောင့် ယင်းအ‌ခြေအ ‌နေမှ ဘဝအာမခံချက်ရရှိရန် မည်ကဲ့သို့ ရုန်းထွက်‌ကြောင်းနှင့် အကာအကွယ်‌ပေးခဲ့‌ကြောင်း စသည်တို့ကို ‌လေ့လာသွားမည်ဟု လည်း ကိုမင်းကိုနိုင်က ဆိုသည်။

ယခုခရီးစဉ်သည် ၈၈မျိုးဆက်‌ကျောင်းသားများ ပြန်လည်လွတ်‌မြောက်လာသည့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက် ‌နောက်ပိုင်း တနှစ်ခန့်အကြာတွင် အဖွဲ့ဝင်အများဆုံး သွား‌ရောက်မည့် ပထမဦးဆုံး ပြည်ပခရီးစဉ်တစ်ခုဖြစ်‌ကြောင်း ၈၈‌ကျောင်းသား‌ခေါင်း ‌ဆောင်များက ‌ပြောဆို‌နေကြသည်။