Home သတင်း မြန်မာနိုင်ငံ လူမှုအဖွဲ့များ သီရိလကင်္ာသို့ ‌လေ့လာ‌ရေး ခရီးစဉ်ထွက်

မြန်မာနိုင်ငံ လူမှုအဖွဲ့များ သီရိလကင်္ာသို့ ‌လေ့လာ‌ရေး ခရီးစဉ်ထွက်

1174
ဇန်နဝါရီလ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာနိုင်ငံရှိ လူမှု‌ရေးအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်‌နေသူ အများစုပါဝင်သည့် လူပုဂ္ဂိုလ် ၁ဝဦးသည် သီရိလကင်္ာနိုင်ငံ၊ ကိုလံဘိုမြို့သို့ ‌လေ့လာ‌ရေးခရီးစဉ်သွားရန် ယ‌နေ့ ‌နေ့လည် ၁၂နာရီ၌ ရန်ကုန်‌လေဆိပ်မှ စတင် ခရီးထွက်ခွာပြီးဖြစ်သည်။

၎င်းခရီးစဉ်၌ ပါဝင်သူများမှာ မြန်မာနိုင်ငံ‌ရှေ့‌နေများကွန်ယက်၊ ကချင်ငြိမ်းချမ်း‌ရေးကွန်ယက်၊ မြန်မာဂျာနယ်လစ်ကွန်ယက်-MJN နှင့် ကရင်အမျိုးသမီးလှုပ်ရှားမှုအဖွဲ့-KWAG စသည့်အဖွဲ့များမှ အဖွဲ့ဝင်များဖြစ်ကြပြီး ယခုလ ၂၈ရက်‌နေ့တွင် ရန်ကုန်မြို့သို့ ပြန် လည် ‌ရောက်ရှိလာမည်ဖြစ်သည်ဟု ခရီးစဉ်တွင် လိုက်ပါသွားသူ Intensive Asia Program မှ လုပ်ငန်းစီစဉ်ခန့်ခွဲသူ(Program Manager) မသီရိမြတ်ထင်က ယ‌နေ့ ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့သို့ ‌ရောက်ရှိချိန်တွင် ‌ပြောသည်။

“အခု ကျမတို့က သီရိလကင်္ာမှာရှိတဲ့ လူ့အခွင့်အ‌ရေးနဲ့ ငြိမ်းချမ်း‌ရေးအဖွဲ့‌တွေကို ‌တွေ့ဖို့ သွားတာပါ။ ပြီး‌တော့ အစိုးရဌာနက လူ ‌တွေနဲ့ အစိုးရအကြီးအကဲ‌တွေကိုလည်း ‌တွေ့ဖို့ ရှိပါတယ်။ ‌နောက် မြန်မာနိုင်ငံမှာရှိတဲ့ လူ‌တွေ လက်ရှိအ‌ခြေအ‌နေအရ လိုအပ် ချက်လည်း ဖြစ်‌နေတယ်။ ကျမတို့နိုင်ငံရဲ့ အ‌ခြေအ‌နေနဲ့လည်း ကိုက်ညီတဲ့ ဒီနိုင်ငံကို ကျမတို့ သွားတာဖြစ်ပါတယ်။”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

ခရီးစဉ်အပြီး မြန်မာနိုင်ငံသို့ ပြန်လည်‌ရောက်ရှိသည့်အခါ သီရိလကင်္ာနိုင်ငံတွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည့် ပုဂ္ဂိုလ်များနှင့် ‌လေ့လာ ‌ရေးခရီးစဉ်မှ ရရှိသည့် အ‌တွေ့အကြုံ၊ ဗဟုသုတ အချက်အလက်များကို မြန်မာနိုင်ငံရှိ အခြားအဖွဲ့အစည်းများကိုလည်း ပြန်လည် ‌ဝေငှသွားရန်ရှိပြီး ဖြစ်နိုင်ပါက သတင်းစာရှင်းလင်းပွဲ လုပ်သွားရန်ရှိသည်ဟု ၎င်းတို့အဖွဲ့က ဆိုသည်။

အဆိုပါ ခရီးစဉ်တွင် လိုက်ပါသွားသူ ကရင်အမျိုးသမီးလှုပ်ရှားမှုအဖွဲ့မှ ဒါရိုက်တာ ‌နော်စူစဲန်နာလှလှစိုးကလည်း “ကျမတို့က သီရိလကင်္ာနိုင်ငံက ကျမတို့လို လူမှု‌ရေးအဖွဲ့အစည်း‌တွေအပြင် အစိုးရ‌တွေနဲ့ပါ ‌တွေ့ဆုံရမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် ပြန်ပြီး‌တော့ တခုခု အကျိုးပြုနိုင်မယ်လို့ ‌မျှော်လင့်တယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံအတွင်း အ‌ခြေအ‌နေအရ ဖြစ်‌ပေါ်‌နေသည် အ‌ကြောင်းအရာများကို ၎င်းတို့အဖွဲ့များအ‌နေဖြင့် လူ့အ ခွင့်အ‌ရေးနှင့် ငြိမ်းချမ်း‌ရေးကိစ္စရပ်များနှင့် ပတ်သက်၍ တဖက်တလမ်းမှ ပါဝင်ခွင့်ရသည့်အ‌ပေါ် ‌ကျေနပ်မိ‌ကြောင်းလည်း သူမ က ဖြည့်စွက်‌ပြောဆိုသည်။

မြန်မာနိုင်ငံရှိ လူမှု‌ရေးအဖွဲ့အစည်းများပူး‌ပေါင်း၍ သီရိလကင်္ာနိုင်ငံသို့ ‌လေ့လာ‌ရေးခရီးစဉ်အဖြစ် ယခုသွား‌ရောက်သည်မှာ ပထမ ဆုံးအကြိမ်ဖြစ်ပြီး ခရီးစဉ်ဖြစ်‌မြောက်ရန် Intersive Asia Program မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။