Home သတင်း အငြိမ်းစား ကရင်ဆရာ/မကြီးများ အား ဂုဏ်ပြုပွဲနှင့် ‌ကျောင်းသား‌ကျောင်း သူ‌ဟောင်းများ ‌တွေ့ဆုံပွဲကျင်းပ

အငြိမ်းစား ကရင်ဆရာ/မကြီးများ အား ဂုဏ်ပြုပွဲနှင့် ‌ကျောင်းသား‌ကျောင်း သူ‌ဟောင်းများ ‌တွေ့ဆုံပွဲကျင်းပ

1963
ဇန်နဝါရီ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

မြန်မာနိုင်ငံအတွင်း တက္ကသိုလ်၊ ‌ကောလိပ်နှင့် သိပ္ပံအသီးသီးတို့တွင် တာဝန်ထမ်း‌ဆောင်ခဲ့ကြသည့် အငြိမ်းစား ကရင်ဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြုပွဲနှင့် ကရင်‌ကျောင်းသား‌ကျောင်းသူ‌ဟောင်း များ‌တွေ့ဆုံပွဲကို ဇန်နဝါရီ ၂ဝ ရက်‌နေ့တွင် ရန်ကုန်မြို့ရှိ M3 စား‌သောက်ဆိုင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တက်‌ရောက်ကြသည့် နိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ‌ကောလိပ်၊ သိပံ္ပအသီးသီး တို့တွင် တာဝန်ထမ်း‌နေသည့် ကရင်ဆရာ၊ ဆရာမကြီးများနှင့် အငြိမ်းစား ဆရာ၊ ဆရာမကြီး ၆၆ဦးတို့ကို ‌ကျောင်းသား‌ကျောင်းသူ‌ဟောင်းများက ဂုဏ်ပြုလက်‌ဆောင်များ‌ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၎င်းအခမ်းအနားတွင် ကရင်အမျိုးသားအလံ‌တော်အား အ‌လေးပြုခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး အစီအစဉ် ဖြစ်‌မြောက် ‌ရေး‌ကော်မတီ နာယက ‌စောစီသက်‌ဖော (ပါ‌မောက္ခ၊ ဘူမိ‌ဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်)က မြို့ပြ‌ဒေသရှိ လက်ရှိ ကရင်လူငယ်အများစုသည် ကရင်ဘာသာစကားကို ‌ပြောဆိုမှု နည်းပြီး မြန်မာဘာသာ စကားကို သာ ‌ပြောဆို‌နေကြသည့်အတွက် မဖြစ်သင့်‌ကြောင်း ယခုလို ‌ပြောသည်။

ဆရာကြီး ‌စောစီသက်‌ဖောက “ကျ‌နော် ‌ကျောင်းစဝင်တုံးက ကြည့်မြင်တိုင်တို့ အင်းစိန်တို့သွားရင် ကိုယ့်ဘာသာ စကားကိုပဲ ‌ပြောတယ်။ ပိုးကရင်ဆို ပိုးကရင်၊ စ‌ကောကရင်ဆို စ‌ကောကရင်လိုပဲ ‌ပြောတယ်။ အခု ကရင်စကား ‌ပြောတာ သိပ်မ‌တွေ့ရ‌တော့ဘူး။ မြန်မာစကားပဲ ‌ပြောကြတယ်။ ‌ရှေး‌ရှေးက လူကြီး‌တွေ ‌ပြောသွားတဲ့ စကား ဆိုရင် ဘာသာစကား‌ပျောက်ရင် လူမျိုးပါ ‌ပျောက်တယ်။ ဒါကို သတိထားဖို့ လိုပါတယ်”ဟု ‌ပြောဆိုသည်။

မိဘများအ‌နေဖြင့်လည်း ၎င်းတို့ဘာသာစကားကို အ‌လေးထား၍ သားသမီးများကို မိခင်ကရင်စကား‌ပြောတတ် ကြရန် တာဝန်ရှိသည်ဟုလည်း ဆရာကြီး ‌စောစီသက်‌ဖောက ထပ်မံ‌ပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားတွင် ‌ဒေါက်တာ ‌နော်မူမူ‌အေး(ပါ‌မောက္ခ၊ ဌာနမှုး(ငြိမ်း)၊ ချည်မျှင်နှင့် အထည်ဌာန၊ ရန်ကုန်တက္ကသိုလ်)က ‌ရောက်လာသူများကို ဂုဏ်ပြုအမှာ စကား‌ပြောကြားခဲ့သလို အစီအစဉ်ဖြစ်‌မြောက်‌ရေး အလုပ်မှု‌ဆောင် ဥက္ကဌ ‌စော‌ရော့ကီစိန်‌ဒွေးက ‌ကျေးဇူးတင်စကား‌ပြောကြားကာ အတွင်း‌ရေးမှုးမန်း ‌ကျော်‌ဌေးရင် ကလည်း အခမ်းအနားဖြစ်‌ပေါ်လာပုံ အ‌ကြောင်းကို ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့‌နောက် ‌ကျောင်းသားတစ်ဦးကိုယ်စား ‌စောမြင့်‌ဇော်ဦးနှင့် ‌ကျောင်းသူတစ်ဦးကိုယ်စား ‌နော်မြ‌ထွေးဖြူတို့က ‌ကျေးဇူးတင်စကားဆက်လက်‌ပြောကြားပြီး တဆက်တည်းမှာပင် ‌ကျောင်းသား‌ကျောင်းသူများက ဆရာ၊ ဆရာမကြီးများအား မိတ်ဆက် ဂုဏ်ပြုလက်‌ဆောင်များ‌ပေးအပ်ကာ အခမ်းအနားကို ကရင့်အမျိုးသားသီးချင်း သီဆိုခြင်းဖြင့် ရုပ်သိမ်းခဲ့သည်။

လာမည့်နှစ်များတွင်လည်း ယခုလို အခမ်းအနားမျိုး ဆက်လက်ကျင်းပနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်‌ကြောင်း အစီအစဉ်ဖြစ်‌မြောက်‌ရေး ဥက္ကဌ ‌စော‌ရော့ကီစိန်‌ဒွေးက ဆိုသည်။