Home သတင်း ပဒို‌စော‌ဒေးဗစ်‌ထော ‌အောက်‌မေ့ဖွယ် မိသားစုများ ကျင်းပ

ပဒို‌စော‌ဒေးဗစ်‌ထော ‌အောက်‌မေ့ဖွယ် မိသားစုများ ကျင်းပ

1487
ဇန်နဝါရီလ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခါွး‌လေး (‌ကေအိုင်စီ)

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး – KNU ဗဟိုုတရား‌ရေးတာဝန်ခံ‌ဟောင်း ပဒို‌စော‌ဒေးဗစ်‌ထော၏ ၃လပြည့် သတိရ ‌အောက်‌မေ့ဖွယ် ဆု‌တောင်းပွဲကို ယ‌နေ့မနက် ၁ဝနာရီတွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ၊ ဆာသူး‌လေ‌ကျောင်း၌ ပြုလုပ်ကျင်းပခဲ့ကြ သည်။

ပဒို‌စော‌ဒေးဗစ်‌ထော၏ ကွယ်လွန်ခြင်း ရက်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ခရစ်ယာန်ဘာသာအလိုက် ‌အောက်‌မေ့ဂုဏ်ပြု ဆု‌တောင်းပွဲကို ပြုလုပ်‌ပေးရခြင်းဖြစ်သည်ဟု ကျန်ရစ်သူ ပဒို‌စော‌ဒေးဗစ်‌ထော၏ဇနီး ‌နော်ဂျင်းဂျာက ‌ကေအိုင်စီသိုု့ ‌ပြောသည်။

“ကျမတို့က ‌မျှော်လင့်ချက်ကြီးကြီးနဲ့ ခရစ်‌တော်မှာ အနားယူသွားတဲ့သူ့ကို ဆု‌တောင်း‌ပေးခဲ့တယ်၊ ‌နောက် သူက ငြိမ်းချမ်း‌ရေးကို တကယ့် လိုလားတဲ့သူတ‌ယောက်လည်း ဖြစ်တယ်။ ပြီး‌တော့ အချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းစည်းလုံးလုံး‌နေ‌စေချင်တယ်။ ဒါ‌ကြောင့် ယခု ကျမတို့ ‌ခေါင်း‌ဆောင်‌တွေအားလုံး ကိုယ့်လူမျိုးအတွက် တ‌ယောက်အ‌ပေါ်တ‌ယောက် အမြင်မမှားကြဘဲ ဆက် ပြီး အလုပ်လုပ်‌စေချင်တယ်”ဟု ‌နော်ဂျင်းဂျာက ‌ပြောသည်။

KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောကွယ်ထူးဝင်းက “ကျ‌နော်သူ့နဲ့ သိလာခဲ့တာ အခုမှမဟုတ်ဘူး။ ကျ‌နော်တို့ ‌တော်လှန် ‌ရေးထဲ မဝင်ခင်ကတည်းကပါ။ သူက တကယ့်စိတ်အားထက်သန်တဲ့ လူတ‌ယောက်ဖြစ်တယ်။ ငြိမ်းချမ်း‌ရေးပဲဖြစ်ဖြစ်၊ နိုင်ငံ‌ရေးပဲ ဖြစ်ဖြစ်‌ပေါ့။ ‌နောက် သူရှိခဲ့တုန်းက ‌ပြောခဲ့တဲ့စကားတခွန်း မှတ်မိပါ‌သေးတယ်။ အဲဒါက KNU အဖွဲ့အစည်းကို သူ့ဇာတိနယ်‌မြေ ပြန်‌ခေါ်သွားချင်တယ်ဆိုတာပဲ”ဟု ‌ပြောသည်။

၎င်းအခမ်းအနားပွဲတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောကွယ်ထူးဝင်း၊ ကာကွယ်‌ရေး ဌာနတာဝန်ခံ ပဒို‌စော‌ရောဂျာခင်၊ ပဒိုမန်းငြိမ်း‌မောင်၊ ပဒို‌စောအားတိုးနှင့် ပဒို‌စောလား‌စေးတို့ အပါအဝင် အခြား‌သော ကရင်အဖွဲ့ အစည်းများ၊ ထိုင်းနိုင်ငံအ‌ခြေစိုက် ဒီမိုက‌ရေစီအင်အားစုများနှင့် မိသားစုဝင်များအားလုံး လူထုပရိဿတ်‌ပေါင်း ၃၀၀‌ကျော် တက် ‌ရောက်ခဲ့ကြသည်။

၎င်း‌အောက်‌မေ့ဖွယ် အခမ်းအနား တက်‌ရောက်ခဲ့သူ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB အကြံ‌ပေးနှင့် ရှမ်းအမျိုးသမီး များ ဆက်သွယ်လှုပ်ရှားမှုအဖွဲ့-SWAN မှ နန်းဆိုင်‌နောင့်က ယခုလို အ‌ရေးကြီးသည့်အချိန်တွင် ပဒို‌စော‌ဒေးဗစ်‌ထောတစ် ‌ယောက် တိုင်းပြည်နှင့် လူမျိုးကို ခွဲခွာသွားခဲ့သည့်အ‌ပေါ် အလွန်ဝမ်းနည်းမိ‌ကြောင်းနှင့် ‌ခေါင်း‌ဆောင်‌ကောင်းတစ်‌ယောက် ဆုံးရှုံး ခဲ့ရသလို ဖြစ်‌ကြောင်း ‌ပြောဆိုသည်။

ပဒို‌စော‌ဒေးဗစ်‌ထောသည် ၁၉၄၈ခုနှစ်၊ မတ်လ ၁ဝရက်တွင် ‌မွေးဖွားခဲ့ပြီး ၂၀၁၂ခုနှစ်၊ ‌အောက်တိုဘာလ ၁၄ရက်‌နေ့တွင် ရန်ကုန်မြို့၊ မဂင်္လာဒုံ စစ်‌ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။