Home သတင်း ထိုင်းပြည်ထဲ‌ရေးဝန်ကြီးနှင့်အဖွဲ့ မယ်လဒုက္ခသည်စခန်း သွား‌ရောက်‌လေ့လာ

ထိုင်းပြည်ထဲ‌ရေးဝန်ကြီးနှင့်အဖွဲ့ မယ်လဒုက္ခသည်စခန်း သွား‌ရောက်‌လေ့လာ

1476
ဇန်နဝါရီလ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ထိုင်းပြည်ထဲ‌ရေးဝန်ကြီး နိုင်ကျာရုဖုန် ‌ရေယန်ဆုဝမ် အပါအဝင် ထိုင်းတာ့ခ်ခရိုင်မှူးနှင့် ထာ့‌ဆောင်ယန်း မြို့နယ်မှူးတို့သည် ထိုင်း နိုင်ငံ၊ တာ့ခ်ခရိ်ုင်၊ ထာ့‌ဆောင်ယန်းမြိ့နယ်အတွင်းရှိ မယ်လကရင်ဒုက္ခသည်စခန်းသို့ ယမန်‌နေ့က သွား‌ရောက်‌လေ့လာခဲ့သည်။

၎င်းခရီးစဉ်၌ ထိုင်းပြည်ထဲ‌ရေးဝန်ကြီးနှင့် အဖွဲ့က မယ်လစခန်း‌ကော်မတီ၊ ထိုင်း-မြန်မာနယ်စပ်တ‌လျှောက် ကူညီ‌စောင့်‌ရှောက် ‌ရေးညွှန့်‌ပေါင်းအသင်း(TBBC)နှင့် အစိုးရမဟုတ်‌သောအဖွဲ့အစည်း-NGOs များကို မယ်လစခန်း(AMI)‌ဆေးရုံတွင် ‌တွေ့ဆုံခဲ့ပြီး ‌နောက် ‌ဆေးရုံရှိ လူနာများအား ကြည့်ရှုအား‌ပေးခဲ့သည်။

ယင်းသို့ ‌တွေ့ဆုံခဲ့စဉ်အချိန်အတွင်း ထိုင်းပြည်ထဲ‌ရေးဝန်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးအ‌ခြေအ‌နေများ မတည်ငြိမ်‌သေးသမျှ ဒုက္ခသည်များကို ပြန်လည်‌နေရာချထားရန် မဖြစ်နိုင်‌သေးသကဲ့သို့ ၎င်းတို့၏ စားဝတ်‌နေ‌ရေးအတွက် နိုင်ငံတကာ NGOs အဖွဲ့အ စည်းများမှ ဆက်လက်ကူညီ‌စေလို‌ကြောင်း ‌ပြောကြားခဲ့သည်ဟု မယ်လဒုက္ခသည်စခန်း တွဲဘက်အတွင်း‌ရေးမှူး(၂) ‌စော‌အော နက်စ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒုက္ခသည်‌တွေကို ပြန်ပို့ဖို့ အများကြီးလို‌သေးတယ်ဆိုတာ သူတို့အ‌နေနဲ့လည်း သိတယ်။ ဒါ‌ကြောင့် ဒုက္ခသည်‌တွေကို ကူညီ‌နေ တဲ့ UNHCR တို့ TBBC တို့ကို သ‌ဘောထား လာ‌မေးကြည့်တယ်။ ‌နောက် သူတို့ လာတာကလည်း ဒုက္ခသည်‌တွေကို ပြန်ပို့ဖို့ စာရင်းလာ‌ကောက်ယူတာလည်း မဟုတ်ဘူး။ အဓိက‌တော့ ဒုက္ခသည်‌တွေကို အသက်‌မွေးဝမ်း‌ကြောင်း ပညာရပ်တို့‌ပေါ့ တတ် ထား‌စေချင်တယ်”ဟု သူက ‌ပြောဆိုသည်။

ထို့အပြင် ဒုက္ခသည်များကို ပြန်လည်‌နေရာချထားမည့် ကိစ္စများနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး-KNU ‌ခေါင်း ‌ဆောင်များ အပါအဝင် မြန်မာအစိုးရ‌ခေါင်း‌ဆောင်များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပြီဖြစ်‌သော်လည်း ပထမ ‌ခြေလှမ်းအ‌နေဖြင့်သာ ရှိ‌နေ‌သေး‌ကြောင်းလည်း ထိုင်းပြည်ထဲ‌ရေး ဝန်ကြီးက ‌ပြောကြားခဲ့သည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်တ‌လျှောက် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များကို ပြန်လည်‌နေရာချထားမည်ဆိုပါက မြန်မာအစိုးရအ‌နေ ဖြင့် အစီအစဉ် စနစ်တကျရှိရန် လိုပြီး မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချရသည့် နိုင်ငံ‌ရေးအ‌ခြေအ‌နေများ ‌ကောင်းမွန်လာသည့် အချိန်ကျမှသာ ဒုက္ခသည်များအား ပြန်လည်‌နေရာ ချထား‌ပေး‌စေချင်‌ကြောင်း ထိုင်းပြည်ထဲ‌ရေးဝန်ကြီး၏ ‌ပြောဆိုမှုကို ‌စော‌အော နက်စ်က ပြန်လည်ရှင်းပြသည်။

‌စော‌အောနက်စ်က “တကယ်လို့ မြန်မာနိုင်ငံက စစ်လည်းမရှိ‌တော့ဘူး။ ငြိမ်းချမ်းမှုလည်းရပြီးဆိုရင် ဒုက္ခသည်‌တွေကို ပြန်ပို့စရာ ‌တောင် မလိုဘူး။ သူတို့ အလိုလို ပြန်သွားမှာ ယုံကြည်တယ်လို့လည်း ထိုင်းပြည်ထဲ‌ရေးဝန်ကြီးက ‌ပြောသွားတယ်”ဟု ဖြည့်စွက် ‌ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ် တစ်‌လျှောက်တွင် ကရင်ဒုက္ခသည်စခန်း ၇ ခုရှိသည့်အနက် မယ်လဒုက္ခသည်စခန်းသည် အကြီးဆုံး‌သော စခန်းတစ်ခုဖြစ်ပြီး ၁၉၈၄ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ခြင်း ဖြစ်သည်။ မယ်လဒုက္ခသည်စခန်းသည် လူဦး‌ရေ ၅၃,၀၀ဝ (ငါး ‌သောင်းသုံး‌ထောင်)‌ကျော်ရှိသည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ-KRC ၏ ၂၀၁၂ခုနှစ်၊ ‌အောက်တိုဘာလ လူဦး‌ရေ မှတ်တမ်း အရ သိရသည်။