Home သတင်း ခ‌နောက်စိမ်းသတ္တုစမ်းသပ်တူး‌ဖော် ရန် မြကန်သာကုမ္ပဏီနှင့် ပြည်နယ် အစိုးရ သ‌ဘောတူ

ခ‌နောက်စိမ်းသတ္တုစမ်းသပ်တူး‌ဖော် ရန် မြကန်သာကုမ္ပဏီနှင့် ပြည်နယ် အစိုးရ သ‌ဘောတူ

3640
ဇန်နဝါရီလ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲ၊ ‌တောင်က‌လေး‌ကျေးရွာ အုပ်စု၊ ‌လေသာပ‌လော‌ဒေသတွင် ခ‌နောက်စိမ်းသတ္တု စမ်းသပ်တူး‌ဖော်ရန် ပြည်နယ်အစိုးရနှင့် မြကန်သာသတ္တု တူး‌ဖော်‌ရေး ကုမ္ပဏီလီမိတက်တို့ သ‌ဘောတူ ညီလိုက်ပြီဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ပြည်‌ထောင်စုဝန်ကြီး သတ္တုတွင်းဝန်ကြီးဌာန ‌နေပြည်‌တော်သို့ ‌ပေးပို့သည့် ကရင်ပြည်နယ်အစိုးရ၏ စာထဲတွင် ထို‌ဒေသရှိ ‌မြေ ဧရိယာ(၄၈)ဧကတွင် ခ‌နောက်စိမ်းသတ္တု တူး‌ဖော်စမ်းသပ် တိုင်းတာလိုပါသဖြင့် ခွင့်ပြု‌ပေးရန် မြကန်သာကုမ္ပဏီ၏ ‌လျှောက် ထားချက်ကို ကန့်ကွက်ရန် မရှိ‌ကြောင်း ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်‌နေ့စွဲဖြင့် ‌ဖော်ပြထားသည့်စာအရ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ကရင်ပြည်နယ် အုပ်ချုပ်‌ရေးရုံးမှ အတွင်း‌ရေးမှူး ဦးမျိုး‌အောင်‌ဌေးက ကိုယ်စား လက်မှတ်ထိုးခဲ့ခြင်း ဖြစ်သည်။

ယင်းစာ‌ပေးပို့မှုနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေးမှူးရုံးမှ အတွင်း‌ရေးမှူး ဦးမျိုး‌အောင်‌ဌေးထံသို့ ‌ကေအိုင် စီမှ ဆက်သွယ်‌မေးမြန်းရာ “ဒီကိစ္စက သတ္တုဝန်ကြီးကို ‌မေးလိုက်ပါ”ဟု ‌ဖြေကြားသွားခဲ့သည်။

သို့‌သော် ကရင်ပြည်နယ်သစ်‌တောနှင့်သတ္တုဝန်ကြီးဌာန ဝန်ကြီးဦး‌စောဆာ‌လောလထံ ဆက်သွယ်ရာ ၎င်း၏ ကိုယ်‌ရေးအရာရှိ ဖြစ်သူက ခ‌နောက်စိမ်းသတ္တု စမ်းသပ်တူး‌ဖော်ခွင့်ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရမှ ‌ပေးပို့လာ‌သောစာကို ၎င်းတို့အ‌နေဖြင့် လက်ခံရရှိပြီးဖြစ်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

“အဲဒီစာကို ကျ‌နော်တို့ လက်ခံရရှိထားပါတယ်။ ဒီ‌လေသာပ‌လော‌ဒေသမှာ ခ‌နောက်စိမ်းတူး‌ဖော်မယ့်ကိစ္စဟာ ကရင်ပြည်နယ် အစိုးရတဖွဲ့လုံးရဲ့ သ‌ဘောထားဖြစ်တယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ဝန်ကြီးက သူ့တဦးချင်းရဲ့ သ‌ဘောထားကို မ‌ပြောနိုင်ဘူး”ဟု ဦး‌စောဆာ‌လောလ၏ ကိုယ်‌ရေးအရာရှိက ‌ပြောဆိုသည်။

ထို့အပြင် မြကန်သာကုမ္ပဏီ၏ ‌လျှောက်ထားချက်ကို ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်‌နေ့တွင် ပြုလုပ်‌သော ကရင်ပြည်နယ် အစိုးရအဖွဲ့ အစည်းအ‌ဝေးမှတ်တမ်း အမှတ်စဉ်(၂၉/၂၀၁၂ ) ဆုံးဖြတ်ချက် အပိုဒ်(၁၆) အရ ကန့်ကွက်ရန်မရှိ‌ကြောင်း ‌နေပြည်‌တော်သို့ ‌ပေးပို့သည့် ထိုစာတွင် ‌ဖော်ပြပါရှိသည်။

မြကန်သာကုမ္ပဏီမှ စမ်းသပ်တူး‌ဖော်မည့် ခ‌နောက်စိမ်းစမ်းသပ်တူး‌ဖော်ခွင့်စာကို ကရင်ပြည်နယ်အစိုးရမှ ပြည်နယ်ဝန်ကြီး၊ သစ် ‌တောနှင့် သတ္တုဝန်ကြီးဌာန(ဘားအံမြို့)ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်‌မြေစာရင်း ဦးစီးဌာန၊ အားခံမြို့ (‌မြေစာရင်းပုံစံ (၁၀၅) ‌ရေး ကူးခွင့်ပြုသွားရန်၊ ညွှန်ကြား‌ရေးမှူး၊ ပြည်နယ်သစ်‌တောဦးစီးဌာန(ဘားအံမြို့)၊ ခရိုင်အုပ်ချုပ်‌ရေးမှူး၊ ခရိုင်အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေး ဦးစီးဌာန (‌ကော့ကရိတ်မြို့)နှင့် မြကန်သာသတ္တုတူး‌ဖော်‌ရေး ကုမ္ပဏီလီမိတက်တို့ဟူ၍ မိတ္တုတွဲ ‌ပေးပို့ထားခဲ့သည်။

ထိုလုပ်ပိုင်ခွင့်အ‌ပေါ် ဘားအံမြို့ခံတစ်ဦးက “ဒီကိစ္စမျိုး‌တွေက စမ်းသပ်လုပ်တာပါပဲ။ ဆိုးကျိုး‌ကောင်းကျိုး ဘယ်လိုဖြစ်မလဲ ‌ဒေသခံကို သွား‌မေးရင် သူတို့လည်း ဘာမှ‌ပြောတတ်မှာ မဟုတ်ပါဘူး။ သူတို့မှ နားမလည်တာ။”ဟု သူ၏အမြင်ကို ‌ပြောသည်။

အလားတူ Brilliant Myanmar Co., Ltd မှ ၎င်းတို့၏ မိတ်ဖက်နိုင်ငံခြားကုမ္ပဏီဖြစ်‌သော Maxlux Holding Limited မှ နိုင်ငံ ခြားသားပညာရှင် ၁ဝဦး ပါဝင်သည့် ၁၇ဦးပါအဖွဲ့သည် ကရင်ပြည်နယ်၊ ကမ‌မောင်းနှင့် ထို‌ဒေသတဝိုက်သို့ သံသတ္တုရိုင်းတူး‌ဖော် ထုတ်လုပ်ရန်အတွက် ‌မြေပြင်ကွင်းဆင်း စမ်းသပ်‌လေ့လာခွင့်အား ဇန်နဝါရီလ ၁၉ရက်မှ ‌ဖေ‌ဖော်ဝါရီလ ၉ရက်‌နေ့အထိ လုပ် ‌ဆောင်ရန် ပြည်‌ထောင်စု အစိုးရအဖွဲ့ရုံးမှ ခွင့်ပြုထားသည့်အ‌ပေါ် ဇန်နဝါရီလ ၁၆ရက်‌နေ့စွဲဖြင့် ပြည်နယ်ဝန်ကြီးချုပ်ထံ ခွင့်ပြု ချက် ‌တောင်းခံထားသည်။