Home သတင်း ကရင်နီပြည်နယ် ‌ဒေါ‌ဆော်ဖျ‌ကျေးရွာ မီး‌လောင်၍ လူ ၃၀၀‌ကျော် အိုးမဲ့အိမ်မဲ့ဖြစ်‌နေ

ကရင်နီပြည်နယ် ‌ဒေါ‌ဆော်ဖျ‌ကျေးရွာ မီး‌လောင်၍ လူ ၃၀၀‌ကျော် အိုးမဲ့အိမ်မဲ့ဖြစ်‌နေ

1945
ဇန်နဝါရီလ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ကရင်နီ(ကယား)ပြည်နယ် ဒီ‌မော့ဆိုမြို့နယ် ‌ဒေါတ မကြီး‌ကျေးရွာအုပ်စု ‌ဒေါ‌ဆော်ဖျရွာတွင် စိတ်ကျန်းမာ‌ရေးချို့တဲ့သူတစ်ဦးမှ မီးရှို့သဖြင့် မီး‌လောင်မှုဖြစ်ပွားရာ လူနှစ်ဦး‌သေဆုံးပြီး လူ ၃၇၄ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မီး‌လောင်မှုကို ယခုလ ဇန်နဝါရီ ၁၆ ရက်‌နေ့၊ မနက် ၁ဝနာရီခွဲ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိ ၎င်းအခင်းဖြစ်ပွားရာသို့ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ အစိုးရမဟုတ်‌သောအဖွဲ့အစည်း-NGOs များ၊ လက်နက်ကိုင် ငြိမ်းချမ်း‌ရေးအဖွဲ့ဝင်များ၊ နိုင်ငံ‌ရေးပါတီများ၊ ဘာသာ‌ရေးအဖွဲ့များနှင့် ကြက်‌ခြေနီအဖွဲ့များက သွား‌ရောက်၍ ကယ်ဆယ်‌ရေး လုပ်ငန်းများကို ‌ဆောင်ရွက်လျှက်ရှိသည်။

အခင်းဖြစ်ရာသို့ ကယ်ဆယ်‌ရေးပစ္စည်းများ သွား‌ရောက်ပို့‌ဆောင်‌သော အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD မှ ‌စောဒယ်နရယ်က “ကျ‌နော်တို့အဖွဲ့ဝင်‌တွေ ‌လော‌လောဆယ် သိန်း ၅ဝဖိုး‌လောက် ပို့‌ပေးခဲ့ပြီးပါပြီ။ စား‌သောက်ကုန်၊ အဝတ်အထည်နဲ့ အိုးခွက်ပန်း ကန်အပြင်၊ လယ်ယာသုံးပစ္စည်းအချို့ပါ ပါတယ်။ အလှူခံလို့ ရရချင်း ပို့‌ပေးခဲ့တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ယခု မီး‌လောင်မှုဖြစ်ပွားသည့် ‌နေရာတွင် ‌နေထိုင်သူများသည် ‌တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်ပြီး အသက် ‌မွေးဝမ်း‌ကျောင်းပြုကြသကဲ့သို့ လွိုင်‌ကော်မြို့နှင့် လမ်းပမ်းဆက်သွယ်‌ရေးခက်ခဲပြီး အလွန်‌ခေါင်သည့် ‌ဒေသဖြစ်‌သော‌ကြောင့် ‌နေ့တဝက်ခန့် သွားကြရသည်ဟုလည်း ‌စောဒယ်နရယ်က ‌ပြောဆိုသည်။

‌ဒေါ‌ဆော်ဖျရွာမှ မူလတန်းပြ ဆရာမတစ်ဦးဖြစ်သူ ‌ဒေါ်သင်းသင်းခိုင်က “မီးစ‌လောင်‌တော့ က‌လေး‌တွေကို မီးလွတ်ရာကို ‌ခေါ် သွားရပါတယ်။ ‌တောင်ယာထဲသွား‌နေလို့ ဘယ်သူမှ ပစ္စည်း‌တွေကို မရကြပါဘူး။ အားလုံး မီးထဲ ပါသွားပါတယ်။ အခုလို ဖြစ်ဖြစ် ချင်း လာလှူတာ‌တွေ့ရ‌တော့ ရွာကလူ‌တွေအတွက် ဝမ်းသာပါတယ်”ဟု ဆိုသည်။

ယခု ဖြစ်ပွားခဲ့သည့် မီး‌လောင်မှု‌ကြောင့် အိမ် ၇၁လုံး ဆုံးရှုံးပြီး ကာလတန်ဖိုးအားဖြင့် မြန်မာ‌ငွေကျပ်သိန်း ၂၀၀‌ကျော်ရှိသလို မီး‌ဘေးသင့် ရွာသူရွာသားများအား နီးစပ်ရာအိမ်များတွင် ‌ခေတ္တ‌နေရာချထား‌ကြောင်းနှင့် အချို့ကို ယာယီ တည်‌ဆောက်ထား သည့် တန်းလျားအ‌ဆောင်တစ်ခုတွင် ‌နေရာချထား‌ပေး‌ကြောင်း သိရသည်။

‌ဒေါ‌ဆောဖျရွာသည် မြန်မာနိုင်ငံလွတ်လပ်‌ရေးမရမီ ဂျပန်‌ခေတ်ကတည်းက တည်ရှိခဲ့‌သော ‌လေယာဉ်ကွင်း‌ဟောင်းအနီးတွင် ရှိပြီး ကရင်နီ(ကယား)လူမျိုးများ ‌နေထိုင်ကြကာ တံခွန်တိုင်ဘာသာကို ကိုးကွယ်ကြသည်။