Home သတင်း ကချင်‌ဒေသတိုက်ပွဲ ရပ်တန့်ရန် သမ္မတကို KNU ‌ခေါင်း‌ဆောင်များ တိုက်တွန်း

ကချင်‌ဒေသတိုက်ပွဲ ရပ်တန့်ရန် သမ္မတကို KNU ‌ခေါင်း‌ဆောင်များ တိုက်တွန်း

1603
ဇန်နဝါရီလ ၅ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခါွး‌လေး (‌ကေအိုင်စီ)

လက်ရှိ တိုက်ပွဲပြင်းထန်‌နေ‌သော ကချင်‌ဒေသတွင် ပစ်ခတ်မှုများ ရပ်တန့်‌ရေး လုပ်‌ဆောင်သွားနိုင်ရန်အ တွက် ‌နေပြည်‌တော်သို့ ‌ရောက်ရှိ‌နေသည့် KNU ‌ခေါင်း‌ဆောင် များက သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ကို ယ‌နေ့‌တွေ့ဆုံရာတွင် တိုက်တွန်း‌ပြောဆိုခဲ့ သည်။

“ကချင်တိုက်ပွဲကို ရပ်နိုင်ဖို့က ဘယ်လိုကြိုးစား‌ဆောင်ရွက်သွားမလဲဆိုတာကို ကျ‌နော်တို့ သမ္မတကို တိုက်တွန်း‌ပြောဆိုခဲ့တယ်။ ဒါကလည်း အားလုံးမှာတာဝန်ရှိတဲ့အတွက် ကျ‌နော်တို့ ဘယ်လိုအ‌ဖြေရှာကြမလဲ။ ‌နောက်ပြီး‌တော့ တချိန်ထဲမှာပဲ သမ္မတဘက် ကလည်း KNU အ‌နေနဲ့ ဒီအ‌ပေါ်မှာ ဘယ်လိုဝိုင်းဝန်းပြီး‌တော့ ပါဝင်နိုင်မယ်ဆိုတာမျိုး ပြန်လည် တိုက်တွန်း‌ပြောဆိုကြတယ်”ဟု ပဒိုမန်းမန်းမန်းက ဆက်လက်‌ပြောဆိုသည်။

သမ္မတ၏ ဖိတ်ကြားချက်အရ ယ‌နေ့ ည‌နေ ၄နာရီမှ ၅နာရီ‌ကျော်အထိ ‌နေပြည်‌တော် သမ္မတအိမ်‌တော် လယ်‌တောရှင်းလင်း ‌ဆောင်၌ သမ္မတ ဦးသိန်းစိန်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဦး‌အောင်မင်း၊ လူဝင်မှုကြီးကြပ်‌ရေးဝန်ကြီး ဦးခင်ရီတို့နှင့် KNU ဘက် မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်း မန်း၊ ပဒိုမန်းငြိမ်း‌မောင်နှင့် ပဒို‌စောလှထွန်းတို့ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။

ယင်းသို့ ‌တွေ့ဆုံရာတွင် စစ်မှန်‌သော အပစ်အခတ်ရပ်စဲ‌ရေးကို လုပ်‌ဆောင်ရာ၌ တိုင်းရင်းသားများအားလုံးကိုလည်း အတူတ ကွ ပူး‌ပေါင်းပါဝင် ‌ဆောင်ရွက်‌စေ ချင်‌ကြောင်း နိုင်ငံ‌တော်သမ္မတက တိုက်တွန်းခဲ့သကဲ့သို့ KNU ဘက်မှလည်း တိုင်းရင်းသား‌ဒေ သများမှ ထွက်ရှိလာသည့် လုပ်ငန်းအမြတ်အစွန်းများကို ပြည်သူများပါ ခံစားသင့်‌ကြောင်း ‌ဆွေး‌နွေးခဲ့သည်ဟု ပဒိုမန်းမန်းမန်း က ထပ်မံ ‌ပြောဆိုသည်။

“ကျ‌နော်တို့ စဉ်းစားထားတဲ့ အချက်‌တွေအတိုင်းပဲ ‌ကေအဲန်ယူနဲ့ အပစ်အခတ် ရပ်စဲ‌ရေးကိစ္စမှာ ခိုင်မာတဲ့ အပစ်ခတ်ရပ်စဲ‌ရေးကို တဆင့်ပြီးတဆင့် ဆက်သွားနိုင်ဖို့နဲ့ တိုင်းရင်းသား‌ဒေသမှာ ရှိ‌နေတဲ့ သယံဇာတ‌တွေကို အစွန်းအမြတ် ရလာတဲ့အ‌ပေါ်မှာ ပြည် သူ‌တွေ အပါအဝင် ပြည်‌ထောင်စုအဆင့်‌ရော၊ ပြည်နယ်အဆင့်‌တွေပါ မျှတစွာ ဘယ်လိုခွဲ‌ဝေသင့်သလဲ ဆိုတာ‌လေးကိုလည်း ‌ဆွေး‌နွေးခဲ့ကြတယ်”ဟု သူက ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် ၎င်း‌ဆွေး‌နွေးပွဲတွင် နှစ်ဦးနှစ်ဘက်မှ သ‌ဘောတူညီ‌သော ဆုံးဖြတ်ချက်များ ချမှတ်သည့် အ‌ခြေအ‌နေမျိုး မဟုတ်ဘဲ သ‌ဘောထားထင်မြင်ချက် အ‌နေဖြင့်သာ ‌ဆွေး‌နွေးခဲ့ကြပြီး ထို‌ဆွေး‌နွေးမှုနှင့် ပတ်သက်၍လည်း ‌နေပြည်‌တော် တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ KNU ‌ခေါင်း‌ဆောင်များသည် ယခုလ ၃ရက်‌နေ့က ထိုင်း-မြန်မာနယ်စပ်မှတဆင့် ‌နေပြည်‌တော် သို့ ‌ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နယ်စပ်ပြန်လည်‌ရောက်ရှိပါက သတင်းစာရှင်းလင်းပွဲ ထပ်မံ ပြုလုပ်သွားဦး မည်ဟု သိရသည်။