Home သတင်း KIO ၏ ကန့်ကွက်အ‌ကြောင်းကြား စာကို အစိုးရဘက်မှ အ‌ကြောင်း မပြန်‌သေး

KIO ၏ ကန့်ကွက်အ‌ကြောင်းကြား စာကို အစိုးရဘက်မှ အ‌ကြောင်း မပြန်‌သေး

3462
ဒီဇင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ကြိုးပမ်း‌ဆောင်ရွက်‌နေ ချိန်တွင် အစိုးရ၏ ‌မြောက်ပိုင်းတိုင်းမှူးက စစ်‌ရေးနည်းဖြင့် ခြိမ်း‌ခြောက် သတိ‌ပေးသည်ကို ကန့်ကွက်‌ကြောင်း ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIO မှ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး‌ကော်မတီ ဒုဥက္ကဌ ဦး‌အောင်မင်းထံသို့ ယမန်‌နေ့က ကန့်ကွက်စာတစ်‌စောင် ‌ပေးပို့ထားပြီးဖြစ်‌သော်လည်း အ‌ကြောင်းပြန်ကြားခြင်း မရှိ‌သေး‌ပေ။

‌မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်း‌နောင်မှ လဂျားယန်တစ်‌လျှောက်ရှိ KIA တပ်ဖွဲ့များကို ဒီဇင်ဘာလ ၂၅ရက်‌နေ့ ‌နောက်ဆုံးထားပြီး ဖယ်ရှားရန် ငြိမ်းချမ်း‌ရေးအကျိုး‌တော်‌ဆောင် ဦးယွပ်‌ဇော်‌ခေါင်မှတစ်ဆင့် သတိ‌ပေး အ‌ကြောင်း ကြားမှုအပြီး ယခုလို KIO မှ ကန့်ကွက်စာ ‌ပေးပို့ခဲ့ခြင်းဖြစ်သည်။

KIO ၏ ‌ပြောခွင့်ရ ဦးလနန်က “ဦး‌အောင်မင်းက KIOနဲ့ ‌ဆွေး‌နွေးပွဲမှာ အစိုးရကို ကိုယ်စားပြုတယ်ဆို‌တော့ သူ့ကိုပဲ ‌ပေးလိုက် တယ်။ အစိုးရကို ကန့်ကွက်တဲ့အ‌နေနဲ့ပါ ဒီစာကို ‌ပေးတာပါ။ ဒါဟာ ကျ‌နော်တို့ရဲ့ အမျိုးသား‌ရေးသမိုင်းအဆင့်မှာ မှတ်တမ်းဝင် သွားမယ့် ကိစ္စတစ်ခုလို့ မှတ်ယူပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရအ‌နေဖြင့် နိုင်ငံ‌ရေးအရ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးကို ပျက်ပြား‌စေတဲ့ တပ်ရင်းအလုံးအရင်းချီတက် ထိုးစစ်ဆင်‌နေမှုများသည် တိုင်းရင်းသားများအ‌ရေး၊ အမျိုးသားရင်ကြား‌စေ့‌ရေးနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေးအတွက် အလှမ်း‌ဝေးသွား‌စေနိုင်သည်ဟုလည်း ဦးလနန်က ဆက်‌ပြောသည်။

ထို့အပြင် KIO တို့၏ ဗဟိုဌာနချုပ်လိုင်ဇာမြို့အနီးရှိ လဂျာယန်းတွင်ရှိ‌သော KIA တပ်စခန်းများသို့ ‌ဒေါ့ဖုန်းယန်တွင် တပ်စွဲထား ‌သော ‌မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်-မစခ(မိုးညင်း) အ‌မြောက်စစ်ဆင်‌ရေးဌာနချုပ် လက်‌အောက်ခံတပ်ရင်းများက ဒီဇင်ဘာလ ၂၅ရက်‌နေ့နံနက်ပိုင်းမှစပြီး ၁၀၅-မမ အ‌မြောက်ကြီးများဖြင့် ပစ်ခတ်ကာ ထိုးစစ်ဆင်‌နေလျှက်ရှိ‌ကြောင်း သိရသည်။

“အခုလက်ရှိအ‌ခြေအ‌နေက‌တော့ ‌ဒေါ့ဖုန်းယန်မှာရှိတဲ့ ခန်းကျိုင်‌တောင်ကုန်း‌ပေါက‌နေ ၁၅မိနစ်ခြားတစ်ကြိမ် ၁၀၅-မမနဲ့ လှမ်းပြီး ပစ်‌နေတယ်။ သူတို့ဘက်‌နေ အ‌မြောက်ကြီး‌တွေနဲ့ အခု‌ပြော‌နေတဲ့အချိန်မှာ‌တောင် ပစ်‌နေတုန်းပဲ”ဟု KIA နှင့် ပူးတွဲ ခုခံစစ် ပြု လုပ်‌နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF မှ ‌မြောက်ပိုင်းစစ်ဆင်‌ရေးတာဝန်ခံ ဗိုလ်မှူး‌အောင်‌ဆွေဦးက ‌ပြောသည်။

အစိုးရတပ်များဘက်မှ ၎င်းတို့၏ တပ်များ ‌ရှေ့ဆက်ချီတက်ပြီး ထိုးစစ်ဆင်နိုင်‌ရေးအတွက် အ‌နောက်မှ လမ်း‌ကြောင်းရှင်း‌ပေး သည့်အ‌နေဖြင့် လက်နက်ကြီးများကို ပစ်ကူရှင်း‌ပေးလျှက်ရှိသည်ဟု ဗိုလ်မှူး‌အောင်‌ဆွေဦးက ဆိုသည်။

ဗိုလ်မှူး‌အောင်‌ဆွေဦးက “အခုပို့လိုက်တဲ့ အ‌ကြောင်းကြားစာအရက‌တော့ ငါတို့ဘက်က‌တော့ အ‌ကြောင်းကြားထားပြီးပြီဆိုတဲ့ နိုင်ငံ‌ရေးအရ‌ရော စစ်‌ရေးအရပါ အမြတ်ထုတ်ပြီး တကယ်တက်လာလို့ရှိရင်လည်း အပြစ်မရှိဘူးဆိုတဲ့သ‌ဘောမျိုးပါ”ဟု သုံးသပ် ‌ပြောဆိုသည်။

လက်ရှိအချိန်အထိ အစိုးရတပ်များမှ စစ်‌ရေးပြင်ဆင်သည့်အ‌နေဖြင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်လျှက်ရှိရာ ယမန်‌နေ့နံနက် ၃နာရီအချိန်ခန့်တွင် မိုး‌မောက်မြို့နယ်အတွင်း မိုးလဲ‌ချောင်းအ‌နောက်ဘက်ကမ်းရှိ တပ်စခန်းများသို့ သိမ်လုံရွာမှ ကားအစီး (၂၀)ခန့် အင်အားဖြည့်တင်းထားသည်ဟု KIO ဘက်က ‌ပြောသည်။