Home သတင်း မြဝတီမြို့တွင် ဒီ‌ကေဘီ‌အေ ဆန္ဒပြ

မြဝတီမြို့တွင် ဒီ‌ကေဘီ‌အေ ဆန္ဒပြ

2090
ဒီဇင်ဘာလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

လက်ပံ‌တောင်း‌တောင် ‌ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှု၌ ဒဏ်ရာရသံဃာများကို ‌တောင်းပန်ရန်နှင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများကို ရပ်တန့်ရန် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-ဒီ‌ကေဘီ‌အေ ဦး‌ဆောင်၍ ယ‌နေ့မနက် ၇နာရီ‌ကျော်တွင် ဆန္ဒပြခဲ့ကြ သည်။

အဆိုပါ ဆန္ဒပြမှုတွင် ဒီ‌ကေဘီ‌အေအပြင် ဗိုလ်မှူးချုပ် ‌စောထိန်‌မောင်၏ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ တပ်ဖွဲ့များလည်း ပါဝင်ပြီး စစ်ယူနီ‌ဖောင်းများနှင့်အတူ ကားအစီး ၁ဝစီး၊ လူအင်အား ၈ဝ ဖြင့် လက်ပံ‌တောင်း ‌တောင် စီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှု၌ ဒဏ်ရာရသံဃာ ‌တော်ပုံများ၊ စာတမ်းများကိုင်‌ဆောင်ကာ မြဝတီမြို့ တွင် လှည့်လည်ဆန္ဒပြ ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြမှုကို ဒီ‌ကေဘီ‌အေ အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူး ‌စောဆန်း‌အောင်က “မြန်မာနိုင်ငံမှာ အထူးသဖြင့် လက်ပံ‌တောင်း‌တောင် စီမံကိန်းမှာ ဒဏ်ရာရ သံဃာ‌တော်‌တွေကို အစိုးရအ‌နေနဲ့ ပြန်‌တောင်းပန်ဖို့ပါ။ ‌နောက် ကချင်‌ဒေသဘက်မှာ ဖြစ်ပွား‌နေတဲ့ စစ်ပွဲ‌တွေကို ရပ်တန့်‌ပေးဖို့‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းတို့၏ ‌တောင်းဆိုမှုများကို မြဝတီမြို့နယ်ထဲတွင် လက်ရှိ တာဝန်ထမ်း‌ဆောင် မြန်မာအစိုးရတပ် တပ်မ(၇၇) တပ်မမှူးက လက်ပံ‌တောင်း ‌တောင် စီမံကိန်း၌ ဆန္ဒပြသူများကို အကြမ်းနှိမ်နင်းခဲ့သည့် ရဲများကို အ‌ရေးယူ ‌ဆောင် ရွက်‌ပေးမည်ဟု တုံ့ပြန်သွား‌သော်လည်း တစုံတရာ မလုပ်‌ဆောင်‌ပေးပါက ဒီ‌ကေဘီ‌အေ အ‌နေဖြင့် ဆက်လက် ဆန္ဒထုတ်‌ဖော် သွားမည်ဖြစ်‌ကြောင်း ဗိုလ်မှူး‌စော ဆန်း‌အောင်က ဖြည့်စွက်‌ပြောဆိုသည်။
ဒီ‌ကေဘီ‌အေ ဆန္ဒပြပွဲနှင့် ပတ်သက်၍ မျက်မြင်သက်‌သေ မြဝတီမြို့ခံတစ်ဦးက “ဒီမနက် သူတို့ ဆန္ဒပြတာ မြဝ တီမြို့ ဘုရင့်‌နောင်‌ဈေးက‌နေ ကြခတ်‌တောရ‌ကျောင်းလမ်းဘက်ကို သွားတယ်။ အစိုးရအ‌နေနဲ့ သံဃာ‌တော် များကို ပြည်လည်‌တောင်းပန်ဖို့ သူတို့‌တွေ ‌ကြွေး‌ကြော်ခဲ့ကြတယ်။ မြို့ကို လှည့်ပြီး ဆန္ဒပြတာ‌ပေါ့။ ‌နောက် ဆုံဆည်းမြိုင်ဘက်ကို သူတို့ ပြန်တက် သွား တယ်”ဟု ‌ပြောသည်။

မြဝတီမြို့တွင် ဒီ‌ကေဘီ‌အေနှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ တပ်ဖွဲ့တို့ပူး‌ပေါင်း၍ ယခု ဆန္ဒပြမှုသည် ပထမဦးအကြိမ်ဖြစ်ပြီး ဆန္ဒပြပွဲကို နံနက် ၈ နာရီ‌ကျော်တွင် ‌အောင်မြင်စွာ ပြီးဆုံးခဲ့‌ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်‌နေ့က လက်ပံ‌တောင်း‌တောင် ‌ကြေးနီစီမံကိန်း ဆန္ဒပြသပိတ်စခန်း ၆ ခုကို မြန်မာအစိုးရအာဏာပိုင်များက အကြမ်းဖက်ဖြိုခွဲခဲ့ရာ သံဃာ‌တော် အပါး ၇ဝ ‌ကျော်နှင့် လူထု ၅ဝ ‌ကျော် ဒဏ်ရာရရှိခဲ့သည်။