Home သတင်း မြန်မာပြည်တွင်း လတ်တ‌လော အကြမ်းဖက်မှု များအ‌ပေါ် စိုး ရိမ်‌ကြောင်း KNU သ‌ဘောထား ထုတ်ပြန်

မြန်မာပြည်တွင်း လတ်တ‌လော အကြမ်းဖက်မှု များအ‌ပေါ် စိုး ရိမ်‌ကြောင်း KNU သ‌ဘောထား ထုတ်ပြန်

2302
ဒီဇင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ် (‌ကေအိုင်စီ)

မြန်မာပြည်အတွင်း လတ်တ‌လော ဖြစ်‌ပေါ်‌နေ‌သော ပြည်သူလူထုအ‌ပေါ် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု များကို စိုးရိမ်‌ကြောင်း ကရင်အမျိုးသားအစည်း အရုံး (KNU) က ယ‌နေ့ ဒီဇင်ဘာလ ၄ရက်‌နေ့တွင် သ‌ဘော ထား ‌ကြေညာ ချက်တစ်‌စောင် ထုတ်ပြန်လိုက် သည်။

အဆိုပါ ‌ကြေညာချက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ လက်ပံ‌တောင်း‌တောင် ‌ကြေးနီစီမံကိန်း လူထုလှုပ် ရှားမှုကို အစိုးရအာဏာပိုင်များက အကြမ်းဖက် နှိမ်နှင်း ဖြိုခွဲသည့် ဖြစ်ရပ်သည် လုံးဝမဖြစ် သင့်‌ကြောင်းနှင့် ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်များ ထိုးစစ်ဆင် မြှင့်တက်လာမှု‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင် ခိုလှုံသည့် လူထု‌နေရာများကို‌တောင် မီးရှို့ဖျက်ဆီးခြင်း စသည့်အ‌ခြေအ‌နေ များကို ‌ကြေညာချက်၌ ထည့်သွင်းထားသည်။

KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး (၁) ဗိုလ်မှူး ‌စောလှ‌ငွေက ငြိမ်းချမ်း‌ရေး တည်‌ဆောက်‌နေစဉ်အတွင်း အကြမ်းဖက် ဖြစ်ပွားမှုကို မလိုလား‌ကြောင်းနှင့် ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားလိုသည့်အတွက် သ‌ဘောထား ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ‌ကေအိုင်စီသတင်းဌာနကို ‌ပြောသည်။

“တကယ့်လူမြင်ကွင်းမှာ သံဃာ‌တော်‌တွေ‌တောင် ပါဝင်တဲ့ အ‌နေအထားမှာ‌တောင်မှ အ‌ပြောင်းအလဲ‌တွေ လုပ်လိုတယ်လို့၊ ဦးတည် လှုပ်ရှား‌နေပါတယ်လို့ ကတိ‌ပေးတဲ့ကြားက ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာတာဟာ ပြည်သူ အတွက်‌ရော၊ အစိုးရအတွက်‌ရော ကျ‌နော်တို့နဲ့အတူ ငြိမ်းချမ်း‌ရေးတည်‌ဆောင်‌နေသူ‌တွေ အတွက် ပါ ‌မေးခွန်းထုတ်စရာ‌တွေ ဖြစ်လာတဲ့ အတွက်‌ကြောင့် ဒီကိစ္စဟာ အထူးသတိပြုဖို့ လိုတယ်။ ဒါမျိုး ထပ်မဖြစ် ဖို့ ‌အောက်‌ခြေအထိ ထိန်းဖို့ လိုတယ်ဆိုတာ မီး‌မောင်းထိုးပြချင်တာပါ”ဟု ၎င်းက ‌ပြော သည်။

KNU ၏ ‌ကြေညာချက်ထဲတွင် မြန်မာအစိုးရ၏ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲ‌ရေး၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များအ‌ပေါ် ကြိုးပမ်း‌ဆောင်ရွက်‌နေသည်ကို KNU မှ ထပ်‌လောင်း ကြိုဆို‌ကြောင်း ‌ဖော်ပြထားသည်။

ဗိုလ်မှူး ‌စောလှ‌ငွေက “ထပ်‌လောင်း ကြိုဆိုတယ်ဆိုတာက မှန်ကန်တဲ့လုပ်ရပ်၊ တိုးတက်တဲ့လုပ်ရပ်၊ မွန်မြတ်တဲ့ လုပ်ရပ်‌တွေဟာ ပိုလုပ်သင့်တဲ့အလုပ် အစက‌နေအဆုံး အဆက်မပြတ် ‌ရှေ့‌နောက်ညီညီ ဖြစ်‌စေချင်တာ ကို နိုး‌ဆော်တဲ့ သ‌ဘောဖြစ်ပါတယ်”ဟု ဆက်လက် ‌ပြောဆိုသည်။

ထိုကိစ္စများ ဖြစ်ပွား‌နေစဉ် နိုဝင်ဘာလ လကုန်ပိုင်းတွင် စတင်ကျင်းပသည့် ၁၅ကြိမ်‌မြောက် KNU ညီလာခံနှင့် တိုက်ဆိုင်လျက်ရှိရာ ယ‌နေ့အ‌ခြေအ‌နေမှာ အမျိုးသား ပြန်လည် သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ကြိုးပမ်း‌နေ စဉ်ကာလအတွင်း ဤကဲ့သို့‌သော ဖြစ်ရပ်ဆိုးများ‌ကြောင့် ငြိမ်းချမ်း‌ရေး ‌ရှေ့အလားအလာအတွက် စိုးရိမ်စ ရာဖြစ်‌ကြောင်း KNU ညီလာခံ ကိုယ်စားလှယ်များက ‌ဆွေး‌နွေး သ‌ဘောတူကာ ဆုံးဖြတ်ခဲ့ကြသည်။