Home သတင်း လူမှုအကျိုးပြုလုပ်ငန်းများ လုပ်‌ဆောင်ရန် ကရင်လူငယ်များ ကွန်ယက်ဖွဲ့စည်း

လူမှုအကျိုးပြုလုပ်ငန်းများ လုပ်‌ဆောင်ရန် ကရင်လူငယ်များ ကွန်ယက်ဖွဲ့စည်း

1707
ဒီဇင်ဘာလ ၃ဝရက်၊ ၂၀၁၂ခုနှစ်၊ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကရင်လူငယ်အစည်းအရုံး-KYO မှ ဦး‌ဆောင်ပြီး ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌နောင်နိုင်းရွာ တွင် ဒီဇင်ဘာလ ၂၇ရက်မှ ၂၉ရက်‌နေ့အထိ နှီး‌နှော ဖလှယ်ပွဲတစ်ရပ် ကျင်းပခဲ့ကာ ကရင်လူငယ်များ‌သွေး စည်းညီညွှတ်‌ရေးနှင့် လူမှုအကျိုးပြုလုပ်ငန်း များကို လုပ်‌ဆောင်ရန် ရည်ရွယ်၍ ကရင်လူငယ် များကွန်ယက်ကို ဖွဲ့စည်းခဲ့သည်။

အဆိုပါနှီး‌နှောဖလှယ်ပွဲတွင် ကရင်လူငယ်များအ‌နေဖြင့် လက်ရှိဖြစ်‌ပေါ်‌နေ‌သော ငြိမ်းချမ်း‌ရေးဖြစ်စဉ်၊ နိုင်ငံ‌ရေး၊ အမျိုးသား‌ရေး ရာများတွင် ပါဝင်လုပ်‌ဆောင်နိုင်မှု၊ ကရင်ပြည်သူတို့၏ အကျိုးကို မည်သို့လုပ်‌ဆောင်သွားမည် စသည်တို့ကို နှီး‌နှောဖလှယ်ခဲ့ကြ အပြီး ယခုလို ကရင်လူငယ်များကွန်ယက်ကို စတင် ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။

“အခု နှီး‌နှောဖလှယ်ပွဲမှာ ကရင်ပြည်နယ်အတွက်‌ရော၊ ကရင်တစ်မျိုးသားလုံးအတွက်‌ရော ရည်ရွယ်ပြီး လုပ်‌ဆောင်တဲ့အခါမှာ ကရင်အမျိုးသားအလံ‌တော်‌အောက်မှာ လူငယ်‌တွေအ‌နေနဲ့ စည်းစည်းလုံးလုံးနဲ့ လုပ်‌ဆောင်နိုင်ဖို့ ကွန်ယက်ကို ဖွဲ့စည်းလိုက်တာ ပါ”ဟု ကရင်‌ရေးရာ‌ကော်မတီ- KAC မှ ကရင်လူငယ် ‌စောရိုမန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှီး‌နှောဖလှယ်ပွဲကို ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုအသင်း(မြဝတီလူငယ်)၊ ကလိုထူး‌ဘောကရင်လူငယ်၊ ‌ရွှေကုက္ကိုကရင်လူ ငယ်၊ KAC ကရင်‌ရေးရာ‌ကော်မတီလူငယ်၊ KYDG ‌ကျောက်ကြီးကရင်လူငယ်၊ KYO ခရိုင် အသီးသီးမှ စုစု‌ပေါင်း ကိုယ်စားလှယ် ‌ပေါင်း ၈၃ဦး တက်‌ရောက်ခဲ့ကြသည်။

ကရင်လူငယ်များနှီး‌နှောဖလှယ်ပွဲတွင် ကရင်လူငယ်များကွန်ယက်ကို ဖွဲ့စည်းခဲ့ပြီး‌နောက် ယမန်‌နေ့ ဒီဇင်ဘာလ၂၉ရက်‌နေ့တွင် ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်‌ကြေငြာချက်တွင် ငြိမ်းချမ်း‌ရေး၊ မှုးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေး၊ လူငယ်များစွမ်းရည်မြှင့်တင်‌ရေးနှင့် ကရင်ပြည်နယ်ရှိ ‌ဒေသခံများ၏ ‌မြေယာပြဿနာများကို လူငယ်များအ‌နေဖြင့် တစ်ဖက်တစ်လမ်းမှ အတူတကွ ပူး‌ပေါင်းလုပ်‌ဆောင်သွား‌ရေး စသည့်အချက်များ ပါဝင်သည်။

ထို့အပြင် ကရင်လူငယ်များကွန်ယက်အ‌နေဖြင့် ‌ရှေ့ဆက်လုပ်‌ဆောင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ‌စောရိုမန်းက “ကွန်ယက် ကို ဖွဲ့စည်းပြီးတဲ့အခါကျ‌တော့ လုပ်‌ဆောင်မယ့် လုပ်ငန်းစဉ်‌တွေနဲ့ ပတ်သက်ပြီး‌တော့ တခြားစိတ်ပါဝင်စားတဲ့ ကရင်ပြည်သူ‌တွေ၊ ကရင်အဖွဲ့အစည်း‌တွေနဲ့လည်း ပူး‌ပေါင်းပါဝင်နိုင်‌အောင် စည်းရုံးမယ်။ သင်တန်း‌တွေ‌ပေးမယ်။ ပြီး‌တော့ ထိ‌တွေ့မှု‌တွေ ယူမယ်” ဟု ဆက်လက် ‌ပြောဆိုသည်။

ကရင်လူငယ်များ၏ နိုင်ငံ‌ရေး၊ လူမှု‌ရေးနှင့် စီးပွား‌ရေးဆိုင်ရာ အသိပညာမြင့်မား‌ရေး ရည်ရွယ်၍ ၁၉၈၉ ခုနှစ် ‌မေလ ၂၃ ရက်‌နေ့ တွင် စတင် ဖွဲ့စည်းခဲ့သည့် KYO မှ ဦး‌ဆောင်၍ ကရင်ပြည်နယ်အတွင်း ယခုလို နှီး‌နှောဖလှယ်ပွဲကို ကျင်းပသည်မှာ ပထမဆုံးအ ကြိမ် ဖြစ်သည်။