Home ဆောင်းပါး လက်ပစ်ကူးမလား အနစ်ခံမလား

လက်ပစ်ကူးမလား အနစ်ခံမလား

2705
M. ထက်‌ခေါင်

(၁)
ကရင်သတင်းစဉ်အယ်ဒီတာနှင့် အွန်လိုင်း ဂျီ‌မေးလ်ချတ်မှာ စာအပြန်အလှန်ရိုက်ရင်း အသံတိတ် စကား‌ပြောဆိုခဲ့ရာတွင် ယခု လ ‌ဆောင်းပါး ၌ ‌ဒေါ်‌အောင် ဆန်းစုကြည်ကို ‌ဝေဖန်‌ထောက်ပြသည့် အ‌ကြောင်း အချက် များနှင့် တိုင်းရင်းသား ပြည်သူလူ ထုများ လက်ငင်းကြုံ‌တွေ့‌နေ ရသည့် အ‌ခြေအ‌နေ အ‌ပေါ် ‌ကေ အဲန်ယူမှ တာဝန်ရှိ ပုဂ္ဂိုလ်များကို အကြံပြု တိုက်တွန်းမှု များ ပါရှိမည့်အ ‌ကြောင်း ကျ‌နော်‌ရေးခဲ့သည်။

‌ဒေါ်‌အောင်ဆန်းစုကြည်ကို သ‌ဘောမကျသည်မှာ သူမ အကျယ်ချုပ်မှ လွတ်‌မြောက်လာပြီး‌နောက် လူထု‌ဟော‌ပြောပွဲ လုပ်ရာ တွင် သူ့အိမ်‌ပေါက်ဝကို ‌စောင့်ကြပ်‌ပေးသည့် လုံခြုံ‌ရေးတာဝန်ခံ စစ်သားများကိုပါ ‌ကျေးဇူးတင်‌ကြောင်း ‌ပြောရာမှ စသည်။ ဂျွန်ယက်‌တော အင်းယားကန်ကို ကူးဖြတ်ပြီး ‌ဒေါ်‌အောင်ဆန်းစုကြည်အိမ်ထဲ ဝင်သည့်ကိစ္စတွင် အိမ်ဝန်းကျင်ကို လုံခြုံ‌ရေး ယူ‌ပေး‌နေ‌သော စစ်တပ်၏ အခန်းကဏ္ဍလည်း မလွဲမ‌ရှောင်သာ ပါရှိ‌နေမည်ဖြစ်‌ကြောင်း ထိုနှစ် ထိုလထုတ် ကရင်သတင်းစဉ်၌ ကျ‌နော် ‌ရေးခဲ့သည်။ ‌နောက်ပိုင်းတွင်လည်း ‌ဒေါ်‌အောင်ဆန်းစုကြည်၏ အားနည်းလစ်ဟာချက်များ၊ နည်းလမ်းမကျ‌သော ‌ပြော ဆိုပြုမူမှုများကို ကြုံလျှင်ကြုံသလို ကျ‌နော်‌ထောက်ပြခဲ့သည်။ ‌ရှေးယခင် က ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောဆိုခဲ့ဖူး‌သော စကား များကို သူမကိုယ်တိုင် ပြန်၍ မှတ်မိလာ‌စေရန်နှင့် လူထုဘက်က ခိုင်မာပြတ်သားစွာ ရပ်တည်နိုင်ရန်အတွက်လည်း အခွင့်သင့် သလို ကျ‌နော် ‌ဖော်ပြခဲ့သည်။

‌ဒေါ်‌အောင်ဆန်းစုကြည်၏ အရည်အချင်း အတိမ်အနက်ကို ‌ကောင်းစွာ ‌လေ့လာသိမြင်မှုမရှိဘဲ သူမ လုပ်သမျှ မျက်‌စေ့မှိတ် ‌ထောက်ခံတတ်သူအချို့နှင့် ရန်သူ့ဒလံများထံမှ ပုတ်ခတ်‌ဝေဖန်မှု အချို့တက်လာကြသည်ကို ကျ‌နော်အ‌ရေးမထား။

ပြီးခဲ့သည့်လ ‌ဆောင်းပါးမှာ‌တော့ ဗမာ မြန်မာကိစ္စ အငြင်းပွား‌နေမှုများနှင့်ပတ်သက်၍ ဗမာနိုင်ငံကို အဂင်္လိပ်လို ဘားမားဟုသာ ဆက်၍ ‌ခေါ်မည်။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေကို ပြင်ဖို့ ကြိုးစားမည်။ လက်ပံ‌တောင်း‌တောင်‌ဒေသခံလူထုကို သွား‌ရောက်‌တွေ့ဆုံမည် စသဖြင့် ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောခဲ့သည့်အ‌ပေါ် စစ်အုပ်စုအကြိုက် မဟုတ်ပဲ လူထုဘက်က ရပ်တည်‌ပြောဆိုလာသည့်အ တွက် ‌နွေး‌ထွေးစွာ ကြိုဆိုရမည်ဖြစ်‌ကြောင်း ကျ‌နော် ‌ရေးခဲ့သည်။ ထို‌ဆောင်းပါးကို ဝက်ဘ်ဆိုက်၌ မ‌ဖော်ပြရ‌သေးမီမှာပင် လက်ပံ‌တောင်း‌တောင် သပိတ်စခန်းများမှ ဆန္ဒပြသံဃာ‌တော်များနှင့် ‌ကျေးရွာလူထုကို စစ်အုပ်စု လက်ပါး‌စေများက မီး‌လောင်ဗုံးများသုံး၍ အကြမ်းဘက် ဖြိုခွဲလိုက်သည့်ကိစ္စနှင့် ‌နောက်တ‌နေ့ ‌ဒေါ်‌အောင်ဆန်းစုကြည် ထို‌ဒေသသို့ ‌ရောက်ရှိပြီး လူထုကို ‌ဟော‌ပြောရာတွင် လူထုဘက်က ရပ်တည်နိုင်မှု မရှိသည့် အ‌ပြောအဆို အမူအယာများကို ‌တွေ့လာရသည့်အခါမှာ ‌တော့ ပြီးခဲ့သည့်လက သူမအား ‌နွေး‌ထွေးစွာ ကြိုဆိုခဲ့သည့်ကိစ္စကို ‌ဘေးချိတ်ကာ လက်ရှိအ‌ခြေအ‌နေများနှင့်ပတ်သက်၍ ‌နွေး‌ထွေးစွာပင် ‌ဝေဖန်‌ထောက်ပြသည့် ‌ဆောင်းပါးကို ‌ရေးရ‌တော့မည်ဖြစ်သဖြင့် အယ်ဒီတာအား ကြိုတင် စကားဦး သန်းခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ယခုလအ‌စောပိုင်းမှာပင် လက်ပံ‌တောင်း‌တောင်ကိစ္စနှင့်ပတ်သက်၍ ‌ဒေါ်‌အောင်ဆန်းစုကြည်အား လူထုဘက်က ရပ်တည်နိုင်‌ရေး တိုက်တွန်းသည့် ‌ဆောင်းပါးအချို့နှင့် သူမ ဦး‌ဆောင်‌သော စုံစမ်း‌ရေး‌ကော်မရှင်အ‌ပေါ် ‌ဝေဖန်‌ထောက်ပြကြ ‌သော ‌ဆောင်းပါးအချို့ ‌ပေါ်ထွက်လာခဲ့သလို၊ မကြာ‌သေးမီ ရက်များအတွင်းကလည်း ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ဦး‌ဆောင်မှု အား ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် ဥပ‌ဒေစိုးမိုး‌ရေး အ‌ခြေခံများမှ ‌ဝေဖန်သုံးသပ်ခြင်းဆိုသည့် ‌ဆောင်းပါးတွဲတခု ထွက်‌ပေါ်လာခဲ့ပြန် ရာ ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ချွတ်ယွင်းချက် များကို ‌ထောက်ပြ‌ဝေဖန်အကြံပြုကြသည့် ‌ဆောင်းပါး‌တွေများလွန်းပြီး ဟုန်သွားနိုင် သည့်အတွက် ‌ရေး ထားပြီးဖြစ်‌သော ‌ဒေါ်‌အောင် ဆန်းစုကြည်အ‌ပေါ် ‌ဝေဖန်ချက် စာမူကြမ်းကို ကျ‌နော်ပြန်၍ ဖြုတ်ပစ်ခဲ့သည်။ ‌ဆောင်းပါးအများစုမှာ ကျ‌နော်တင်ပြလို‌သော အ‌ကြောင်းအရာအချို့ ပါရှိ‌နေပြီးဖြစ်သည့်အပြင် အချို့‌ဆောင်းပါးများမှာ အချက် အလက် ပိုမိုပြည့်စုံ‌သော‌ကြောင့်လည်း ကျ‌နော့်စာ‌တွေကို ပြန်ဖြုတ်ခဲ့ခြင်း ဖြစ်သည်။

အများပြည်သူလူထု၏အကျိုးနှင့် တတိုင်းတပြည်လုံး ကျွန်အဖြစ် နွံနစ်ကြရမည့် အဖြစ်ဆိုးများမှ ကယ်တင်နိုင်‌ရေး ‌ဒေါ်‌အောင် ဆန်းစုကြည်အ‌ပေါ် ‌စေတနာ‌ရှေ့ထား၍ လမ်း‌ကြောင်းမှန်သို့ ‌ရောက်‌အောင် တည့်မတ်‌ပေး‌သော ပုဂ္ဂိုလ်များ ယခင်ထက်ပိုမို ‌ပေါ်ထွက် လာကြပြီ ဖြစ်‌သော‌ကြောင့် မလွဲမ‌ရှောင်သာလွန်း၊ မ‌ပြောမဖြစ်လွန်းသည့် အခါကျမှသာ ပြည်သူ့အကျိုးကို ‌မျှော်ကိုး လျက် ဝင်‌ရောက် နှိုး‌ဆော်ရမည် ဖြစ်သည်။ ၁၅ ကြိမ်‌မြောက်ကွန်ကရက်မှ ‌ခေါင်း‌ဆောင်သစ်များ ‌ရွေး‌ကောက်ပြီးစီးခဲ့သည့် ‌ကေအဲန်ယူနှင့် ပတ်သက်၍လည်း သီးခြားအကြံပြု‌တော့မည် မဟုတ်ပဲ ‌တော်လှန်‌သော အဖွဲ့အစည်းများအားလုံးအ‌ပေါ် ခြုံငုံ တိုက်တွန်းမှုများကိုသာ တင်ပြသွားမည် ဖြစ်သည်။

(၂)
‌ကေအဲန်ယူ ဒူးပလာယာခရိုင် ၁၉၉၇ခုနှစ်တုန်းက အဘယ့်‌ကြောင့် လက်လွတ်ကျရှုံးခဲ့ရသနည်း။ ကိုယ့်အချင်းချင်းထဲ စည်းလုံးမှု မရှိခဲ့၍ ဖြစ်၏။ ရန်သူကို ‌သွေးပူ‌အောင်ပင် မတိုက်ခိုက်ပဲ ‌ရှောင်ခဲ့ကြ၍ ဖြစ်၏။ တကယ်တမ်းသာ တိုက်ခိုက်ပစ်ခတ်မည်ဆိုလျှင် ရန်သူ မခံနိုင်။ ရန်သူကို မတိုက်ပဲ ရန်သူ့ထံသွား၍ ဒူး‌ထောက် အညံ့ခံသူ‌တွေ၊ ‌သွေဖည်လမ်းလွဲသူ‌တွေ ‌ပေါ်‌ပေါက်လာခဲ့သည့် ‌နောက်တွင် (မိမိ၏ ညီ‌နောင်ရင်းချာ ဒီ‌ကေဘီ‌အေ‌ကြောင့် မာနယ်ပ‌လောကို လက်လွှတ်ခဲ့ရသည့် ပုံစံအတိုင်း) စိတ်ဓာတ်ပျက် ပြားကာ မိမိတို့နယ်‌မြေကို ရက်အနည်းငယ်အတွင်းမှာပင် လက်လွှတ်ခဲ့ခြင်းသာ ဖြစ်‌လေသည်။

မိမိတို့ အချင်းချင်း စည်းလုံးညီညွှတ်‌နေကြသည့် အချိန်များ၌ ရန်သူသည် ဘယ်‌သောအခါကမျှ စစ်‌ရေးအရ အသာစီး မရနိုင်ခဲ့။ ရပ်ရွာလူထု‌တွေကိုပါ ‌ပေါ်တာများအဖြစ် ခိုင်း‌စေကာ ဟိတ်နှင့်ဟန်နှင့် အလုံးအရင်းနှင့် တက်လာကြ‌သော်လည်း ‌ပြောက်ကျား တို့၏ အမှည့်‌ချွေ ‌ချွေခြင်း ခံရကာ ၎င်းတို့ ရည်မှန်းချက်သို့ ‌ရောက်ရှိပြီး‌နောက်ပိုင်းတွင်လည်း အမြဲတမ်းလိုလိုပင် ‌သေ‌ကြေဒဏ် ရာများစွာဖြင့် အလဲလဲအကွဲကွဲ ဆုတ်‌ပြေးခဲ့ကြရသည်ချည်း ဖြစ်သည်။

တကယ်တမ်းသာ ‌သွေးစည်းညီညွှတ်မှု ရှိထားမည်ဆိုလျှင် ရန်သူသည် နယ်ခံ‌တော်လှန်‌ရေး အဖွဲ့အစည်းများကို မည်သည့်အခါ မျှ ‌မောင်းထုတ်နိုင်မည် မဟုတ်။ လူထုအ‌ပေါ်တွင်လည်း အနိုင်ကျင့် ‌စော်ကားရဲမည် မဟုတ်။

တတိုင်းပြည်လုံး၏ ရန်သူကို လူထုက ခုချိန်ထိ ဘာ့‌ကြောင့် ‌အောင်ပွဲမခံနိုင်ရသလဲဆိုသည့် အ‌မေးပုစာ္ဆနှင့် ပတ်သက်၍ ပုဂ္ဂိုလ် တ‌ယောက် သုံးသပ်သွားပုံမှာ ‌တွေးဆဆင်ခြင်ဖွယ် ‌ကောင်းသည်။

လူထုအတွင်း နိုးကြားတက်ကြွသူများ ရှိလာ‌သော်လည်း ရန်သူ၏ သပ်လျှို‌သွေးခွဲထားမှုအ‌ပေါ် တဦးနှင့် တဦး သံသယများ ရှိ‌နေ ‌သေး၍လည်း‌ကောင်း၊ မိမိတို့အချင်းချင်း ညီညွှတ်မှု မရှိကြ‌သော‌ကြောင့်လည်း‌ကောင်း၊ ကိုယ်ကျိုးငဲ့ တဒဂင်္‌ပြေလည်‌ရေး ထွက် ‌ပေါက်ရှာကြသူ‌တွေများ‌သော‌ကြောင့်လည်း‌ကောင်း၊ ရရှိလာ‌သော စီးပွားဥစ္စာ‌နေရာဌာနအ‌ပေါ် ခင်တွယ်သာယာ‌နေ‌သော ‌ကြောင့်လည်း‌ကောင်း၊ ဖိနှိပ်ခံရသည့် အ‌ခြေအ‌နေမှ ရုန်းထွက်သည့်အခါ မ‌အောင်မြင်ပါက သည့်ထက်ပိုဆိုးမည့်ဘဝ ‌ရောက် သွားမည်ကို စိုးရိမ်၍လည်း‌ကောင်း၊ ‌တော်လှန်ပြီးသည့်‌နောက် ‌ခေါင်း‌ဆောင် ဘယ်သူ ဆက်တက်မလဲဆိုသည်ကို မဆုံးဖြတ် နိုင်၍လည်း‌ကောင်း၊ တဗိုလ်ကျတဗိုလ်တက် မလုပ်နိုင်၍လည်း‌ကောင်း၊ ‌ဒေါ်‌အောင်ဆန်းစုကြည်၏ မပြတ်သား‌သော ‌ရှေ့‌ဆောင် မှုကို ယုံကြည်ခြင်း မရှိ‌သော်လည်း ဟုတ်နိုးနိုးဖြင့် ‌စောင့်ကြည့်‌နေရ‌သော‌ကြောင့်လည်း‌ကောင်း၊ လက်နက်ကိုင် တိုက်မည်ဆိုပါ က ရန်သူ့တပ် အ‌တော်များများပါ လူထုဘက်ကို ပါလာကြမည်ဖြစ်သည့်တိုင် လက်နက်ကိုင်များ ကြီးစိုးပြီး တဗိုလ်တမင်းများ ‌ပေါ်လာကာ တိုင်းပြည် ပို၍နာသွားမည်ကို စိုးရိမ်‌သော‌ကြောင့်လည်း‌ကောင်း စစ်အုပ်စုအား အပြုတ်နှံ‌ရေး ‌နှောင့်‌နှေး‌နေကြခြင်း ဖြစ်သည်ဟု ဆို၏။

တကယ်‌တော့ တဦး‌ပေါ်တဦး သံသယရှိခြင်း၊ မညီညွတ်ခြင်း၊ ‌နေရာဌာန ဥစ္စာပစ္စည်းအ‌ပေါ် မက်‌မောတွယ်တာ ကိုယ်ကျိုးရှာ ခြင်းများမှာ အဖိနှိပ်ခံဘဝမှ ရုန်းထွက်နိုင်‌ရေး ရန်သူနှင့် နဖူး‌တွေ့ဒူး‌တွေ့ ရင်ဆိုင်လာရသည့်အခါ၌ လွင့်စင်ကွယ်‌ပျောက် သွားကြ မည်ဖြစ်ပြီး အဖိနှိပ်ခံ အချင်းချင်း စည်းလုံးညီညွှတ်မှုဖြင့် ဘုံရန်သူကို ဦးတည် တိုက်ခိုက်နိုင်ကြမည် ဖြစ်သည်။ ‌တော်လှန်ပြီး သည့်‌နောက် ‌ခေါင်း‌ဆောင် မည်သူဖြစ်လာမည်နည်း ဆိုသည်‌တော့ လူထု‌တော်လှန်‌ရေးကြီးကပင် ဆုံးဖြတ်သွားလိမ့်မည်ဖြစ်သ လို လက်နက်ကိုင်များကြီးစိုးပြီး တဗိုလ်တမင်းများ ‌ပေါ်လာမည့်ကိစ္စကိုလည်း စဉ်းစားဆင်ခြင်တတ်‌သော လူထု‌ခေါင်း‌ဆောင် များက ကိုင်တွယ် ထိန်းကွပ်သွားနိုင်မည် ဖြစ်သည်။

ရန်ကုန်၊ မန္တ‌လေး၊ ပုသိမ်၊ မုံရွာ၊ ပခုက္ကူ၊ ပြည်၊ က‌လေး၊ စစ်‌တွေ၊ စသည့်မြို့များ၌ လက်ပံ‌တောင်း‌တောင်အ‌ရေး ဆန္ဒပြ သံဃာ ‌တော်များအား အကြမ်းဖက် ဖြိုခွဲသည့်ကိစ္စနှင့် ပတ်သက်၍ ဗမာပြည်တဝှမ်းမှ သံဃာ‌တော်များ၏ ငြိမ်းချမ်းစွာ ဆန္ဒပြ‌တောင်းဆို သည့်အသံများ၊ ‌ရွှေလုပ်သား၊ စက်ရုံလုပ်သား၊ ‌မြေယာ အိုးအိမ် ကျူး‌ကျော် သိမ်းယူခံရသူတို့၏ အသံများမှာ အ‌ကြောင်း‌ကြောင်း ‌သော အ‌ကြောင်း‌ကြောင်းတို့ဖြင့် ယခုအချိန်၌ အနည်းငယ် ငြိမ်သက်သွားခဲ့‌သော်လည်း လုံးဝ အရှိန်‌သေ ပြီးပြတ်‌ပြေငြိမ်းသွား ခြင်း မရှိ‌သော တအုံ‌နွေး‌နွေး မီးခဲသည် လများမကြာမီပင် ထ‌တောက်‌ပေလိမ့်ဦးမည်။

လူထုအ‌ရေး ကြိုးပမ်း‌ဆောင်ရွက်‌နေသည့် အဖွဲ့အစည်းများမှာ လူထုနှင့်အတူ ရုန်းကြရမည် ဖြစ်၏။ လူထု အုံကြွမှုကြီးအတွင်း အဖွဲ့အစည်းများအ‌နေဖြင့် ပီပြင်စွာ ပါဝင်နိုင်ဖို့ လိုအပ်သည်။ စစ်အုပ်စု၏ ဘက်‌တော်သား မဖြစ်‌စေပဲ လူထုဘက်သား ‌တော်လှန် ‌ရေးသမား ပီသစွာ ‌ဆောင်ရွက်ကြရမည် ဖြစ်သည်။

လူထုဘက်က မရပ်တည်နိုင်သူ၊ စစ်အုပ်စုနှင့် ပူး‌ပေါင်း၍ လူထုကို သိက္ခာမဲ့‌သော အရှုံး‌ပေး အညံ့ခံ‌ရေး လမ်း‌ကြောင်းတွင်းသို့ တွန်းပို့သူ၊ ‌ခေါင်း‌ဆောင်မပီသသူတို့၏ လမ်းညွှန်မှုကိုမူ လူထုအ‌နေဖြင့် ယုံကြည်နိုင်လိမ့်မည် မဟုတ်‌ချေ။

(၃)
ပြီးခဲ့‌သော နှစ်အတန်ကြာမှစ၍ ကျ‌နော်‌ရေးခဲ့‌သော ‌ဆောင်းပါးများတွင် စစ်မက်ဖြစ်ပွားမှုကို လိုလား‌သော စစ်‌သွေးကြွ အ‌ရေးအ သားများသာ ဖုံးလွှမ်း‌နေသည်ဟု မိတ်‌ဆွေအချို့က ဆိုသည်။

စစ်‌သွေးကြွဆိုသည်မှာ တိုက်လိုခိုက်လိုစိတ် ပြင်းထန်သူများ၊ သူတပါးအ‌ပေါ် ကျူး‌ကျော်‌စော်ကားလိုသူများ၊ အင်အားသုံး အကြမ်းဖက်လိုသူများကို ‌ခေါ်ဆိုခြင်း ဖြစ်သည်။ ကျ‌နော့်မှာ ထိုကဲ့သို့‌သော သ‌ဘောထား မရှိ။ ကျူး‌ကျော်‌စော်ကားသူများကို ပြန်လည်တွန်းလှန်လိုသည့် သ‌ဘောထားသာ ရှိသည်။ ‌ပြေလည် ‌အေးချမ်း‌စေ‌ရေး ညှိနှိုင်း‌ဆောင်ရွက်မှု၊ ‌မေတ္တာရပ်ခံ ‌တောင်း ပန်မှုများကို လျစ်လျူရှု ငြင်းပယ်ကာ အတင်းအဓမ္မ နိုင်ထက်စီးနင်း နှိပ်စက်သတ်ဖြတ်လိုကြသူများကို ဘာတခုမျှ ပြန်မလုပ်ပဲ သူတို့ပြုသမျှ နုကြရမည်လား၊ ပြန်လည်တွန်းလှန်တိုက်ခိုက်ရမည်လား ဆိုသည်ကို အသိဉာဏ်ရှိသူတိုင်း စဉ်းစားတတ်ကြမည် ဖြစ်၏။

ကချင်ပြည်နယ် ‌ကေအိုင်အို ဌာနချုပ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်လာ‌သော စစ်အုပ်စုတပ်များအား လဂျားယန်တွင် ဦးချိုးနှိပ် ကွပ်ပစ်လိုက်သည့် သတင်းကို ကြားရသည်မှာ ကျက်သ‌ရေမဂင်္လာအ‌ပေါင်း ခ‌ညောင်း‌နေ‌လေသည်။ စစ်အုပ်စု၏ အမိန့်‌ပေးရာ ‌နောက် အစဉ်းစားအဆင်ခြင်မဲ့စွာ လိုက်ပါလုပ်‌ဆောင်ကြ‌သော လက်ကိုင်တုတ်တပ်များ၏ ‌သေ‌ကြေဒဏ်ရာရခြင်းများကို လူလူ ချင်း စာနာ‌ထောက်ထားတတ်သူများ၊ တိုင်းပြည်‌ကောင်းကျိုး ‌စေတနာထား ‌ဆောင်ရွက်တတ်သူများအ‌နေဖြင့် ဝမ်းပမ်းတသာ ဖြစ်ကြလိမ့်မည် မဟုတ်‌သော်လည်း တိုင်းရင်းသားပြည်သူလူထုအ‌ပေါ် ညှာတာ‌ထောက်ထားမှုမရှိသည့် စစ်အုပ်စု၏ လုပ်ရပ်များ ကို ကြုံ‌တွေ့ကြားသိကြရသူတို့ အ‌နေဖြင့်မူ ၎င်းတို့၏ ကျရှုံးဆုတ်ခွာ‌ပြေး‌ရှောင်ရမှုများအ‌ပေါ် မည်သည့်နည်းနှင့်မျှ ဝမ်းနည်းပက် လက် ဖြစ်ကြလိမ့်မည် မဟုတ်‌ချေ။ လက်နက်ကိုင် ‌တော်လှန်တိုက်ခိုက်သူများကို မယှဉ်သာတိုင်း လက်နက်မဲ့ လူထုအ‌ပေါ်မဲ ကာ နှိပ်စက်ကလူ ပြုကြမည့် ၎င်းတို့စစ်အုပ်စု လက်ကိုင်တုတ်များအား ထိုအပြုအမူမျိုး ‌နောက်‌နောင် မလုပ်နိုင်‌တော့‌အောင် လက်‌တွေ့ကျကျ ဆုံးမ‌ပေးမည့်သူများသာ ‌နေရာအနှံ့ ‌ပေါ်ထွက်လာ‌ပေလိမ့်မည်။

လာမည့် ဇန္နဝါရီလအတွင်း‌ဆွေး‌နွေးကြရန် စစ်အုပ်စု၏ အ‌ယောင်ပြကမ်းလှမ်းထားမှုကို ‌ကေအိုင်အိုအ‌နေဖြင့် မည်သို့မျှ ဂရုပြု စရာအ‌ကြောင်းမရှိ။ ကချင်ကို လူမျိုးတုန်း အမှုန့်‌ချေပစ်ရန် ‌နေ့စဉ်နှင့်အမျှ ကြိုးပမ်း‌နေသည့် သူ‌တွေထံမှ ကမ်းလှမ်းမှုကို ယုံကြည်၍ မရ။ ငြိမ်းချမ်း‌ရေးကိစ္စ ဦးစီး‌ဆောင်ရွက်‌နေသူ ဦး‌အောင်မင်းမှာ အ‌ရေခြုံသမ္မတ သိန်းစိန်ရုံးမှ ဝန်ကြီး ဖြစ်၏။ ဦးသိန်းစိန်မှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကပင် သူ့တပ်‌တွေကို မိမိကိုယ်မိမိ ကာကွယ်ရုံမှအပ ထိုးစစ်မဆင်ရန် ‌ကြေညာခဲ့သူဖြစ်၏။ တပ်‌တွေက ကချင်ပြည်နယ်ထဲ အများအပြား ‌ရောက်ရှိကာ ထိုးစစ်များ ဆက်တိုက် ဆင်‌နေသည်။ သမ္မတစကားကို စစ်တပ်က မလိုက်နာသလို ဖြစ်‌နေသည်။ တကယ်‌တော့မဟုတ်။ ၎င်းတို့အားလုံးပင် တကျိတ်တည်း တဉာဏ်တည်း ဖြစ်‌လေသည်။ ဝန်ကြီး ချုပ်ဘဝကပင် ကချင်နှင့် ရဝမ်ကို ‌သွေးခွဲခဲ့သူမှာ ဦးသိန်းစိန် ဖြစ်သည်။ နိုင်ငံ‌ရေး မ‌ဆွေး‌နွေး၊ အပစ်အခတ်ရပ်စဲ‌ရေးလည်း မလို အပ်၊ လက်နက်ချဖို့သာ လိုသည်ဟု ‌ကေအိုင်‌အေကို အမိန့်‌ပေးခဲ့သူမှာ ဦးသိန်းစိန် ဖြစ်သည်။ ‌ကေအိုင်အိုအ‌နေဖြင့် ဘာမျှ‌တွေ ‌ဝေ‌နေစရာမရှိ။ ခရစ်စမတ် အခါသမယကိုပင် မ‌ရှောင် ကျူး‌ကျော်ထိုးစစ်များ ဆင်နွဲ‌နေ‌သော စစ်အုပ်စုတပ်များကို ခုခံတွန်းလှန် ‌ရေးထက် ပိုမိုသည့် စစ်ဆင်‌ရေးဖြင့် တိုက်ခိုက်ရ‌တော့မည် ဖြစ်သည်။ ကချင်သည် မိမိနယ်‌မြေတွင်း ခုခံတွန်းလှန်စစ်၌ ‌အောင်ပွဲ ‌တွေ တသီကြီး ရရှိ‌နေ၏။

ကချင်၏ ‌အောင်ပွဲရ သတင်းများကို အားကျဖွယ်ရာ ဖတ်ရင်းမှာပင် ကချင်ကို မဟာမိတ်တပ်များက ဝိုင်းဝန်းကူညီကြမည့်အ ‌ကြောင်း ဝမ်း‌မြောက်ဖွယ်သတင်းကို ကြားကြရသည်။ လူထုကလည်း အုံကြွလို‌နေကြပြီ ဖြစ်၏။ တိုင်းရင်းသား ပြည်သူလူထုအ ‌ပေါ် မည်သည့်အခါကမျှ ညှာတာ‌ထောက်ထားမှု မရှိ‌သော စစ်အုပ်စု လက်ကိုင်တုတ်တပ်များအား ယခုလို အ‌ခြေအ‌နေ အခွင့်အ ခါ‌ကောင်းခိုက်တွင် ဝိုင်းဝန်းတိုက်ဖျက်ကြရ‌ပေလိမ့်မည်။ ဤအချိန်အခါမျိုး၌ စစ်အုပ်စုကို တိုက်ခိုက်ဖို့ရန် ‌တွေ‌ဝေ‌နှောင့်‌နှေး‌နေ မည်ဆိုလျှင် ‌နောက်‌နောင် ဘယ်‌သောအခါမျှ နာလံထူနိုင်လိမ့်မည်မဟုတ်ပဲ သားစဉ်‌မြေးဆက် စစ်ကျွန်အဖြစ် ဘဝဆုံးကြဖို့သာ ရှိ‌လေသည်။

သူတို့က အင်အားများတယ်၊ လက်နက်‌ကောင်း‌တွေလည်း ရှိတယ်၊ ကျ‌နော်တို့ တိုက်လို့နိုင်ပါ့မလားဟု ဆိုလာကြမည့် စစ်အုပ်စု ဒလံများ၊ လူ‌ကြောက်များနှင့်ပတ်သက်၍မူ ရာဇဓိရာဇ်နှင့် မင်းရဲ‌ကျော်စွာတို့၏ ထုံးကို နှလုံးမူရမည် ဖြစ်၏။ လူ‌ကြောက်တို့၏ လမ်းစဉ်ကို မလိုက်ပဲ တတိုင်းတပြည်လုံး လွတ်‌မြောက် ငြိမ်းချမ်း ရှင်သန်‌ရေးအတွက် တိုက်ကြရမည် ဖြစ်‌လေသည်။

တပ်မ‌တော်ကို တိုက်လို့ တပ်မ‌တော် အင်အားချိနဲ့သွားရင် ပြည်ပရန်‌တွေကို မကာကွယ်နိုင်‌တော့ပဲ တပါးကျွန်ဖြစ်ကြရမည်ဟု အချို့က ဆိုကြသည်။ ဗိုလ်ချုပ်‌ကျော်‌ဇောလက်ထက် ‌နောက်ပိုင်း မဆလ ‌ခေတ်မှစ၍ ဤတပ်မ‌တော်မှာ မည်သည့်အခါကမျှ ပြည်ပရန်ကို ကာကွယ်ခဲ့သည့် တပ်မ‌တော်မဟုတ်။ ပြည်တွင်းစစ်ကို အ‌တောမသတ် ‌တောက်‌လောင်‌စေပြီး တိုင်းရင်းသားနယ် ‌မြေများသို့ ကျူး‌ကျော်စစ်များပြုကာ တနိုင်ငံလုံးကို ဖိနှိပ်အုပ်စိုးခဲ့သည့် အာဏာရှင်၏ လက်ကိုင်တုတ်တပ်‌တွေသာ ဖြစ်သည်။

၎င်းတို့၌ ပြည်ပရန်ကို ကာကွယ်နိုင်သည့် အရည်အချင်းလည်း မရှိ။ ပြည်ပရန် မ‌ပြောနှင့် အင်အား အနည်းငယ်ကြီး‌သော ပြည် တွင်းမှ ဝတပ်ဖွဲ့များကိုပင် တိုင်းရင်းသားများအား အမှည့်‌ချွေ တိုက်ခိုက်ရာ၌ ဝင်‌ရောက်ကူညီမှု မပြု‌စေရန်အတွက် အခွင့်အ‌ရေး များ‌ပေးကာ အပစ်အခတ်ရပ်‌ရေး လုပ်ထားရသူ‌တွေ ဖြစ်သည်။ တိုင်းရင်းသားများ ‌ပေါင်းစည်းမည့်အ‌ရေးကိုလည်း မလိုလားပဲ တဖွဲ့ချင်းစီ သပ်လျှို‌သွေးခွဲကာ ညီညွှတ်မှုမရှိ‌အောင် လုပ်‌ဆောင်ခဲ့သူ ဖြစ်သည်။ ပြည်မမှ ဝန်ထမ်းများနှင့် ပြည်သူလူထုအ‌ပေါ် တွင်လည်း မ‌လောက်မင မဝ‌ရေစာတို့ဖြင့် မွဲ‌တေမှု ဆင်းရဲနွမ်းပါးမှုများမှတဆင့် အကျင့်ပျက်ချစားမှုများဖြစ်‌စေပြီး အချို့ကို အခွင့်အ‌ရေးများ‌ပေးလျက် လက်ကိုင်တုတ်များလုပ်ကာ လူထုအတွင်း ‌သွေးကွဲ‌အောင် ဖန်တီးခဲ့သူ‌တွေ ဖြစ်သည်။

တိုင်းရင်းသား ပြည်သူလူထု၏ ခုခံတွန်းလှန်စစ်မှာ တရားဥပ‌ဒေ‌ရေးရှု‌ဒေါင့်မှ ကြည့်လျှင်ပင် တရားမျှတမှုရှိ ‌နေပြီး ဖြစ်သည်။ တရားဥပ‌ဒေအထက်က စစ်အုပ်စု ရှိ‌နေ‌သော ဗမာနိုင်ငံအတွက်မူ တရားဥပ‌ဒေ‌ရေး၊ နိုင်ငံ‌ရေး ၊ လူ့အခွင့်အ‌ရေးတို့ဖြင့်သာမက တွန်းလှန်တိုက်ခိုက်‌ရေးဖြင့်ပါ ‌ဆောင်ရွက်ကြရမည် ဖြစ်သည်။ စစ်အုပ်စုအ‌နေဖြင့် မည်သည့်တိုင်းရင်းသား ပြည်သူလူထုကိုမျှ အမြစ်ပြုတ် မျိုးတုန်း‌အောင် တိုက်ခိုက်နိုင်မည်မဟုတ်ပဲ တိုင်းရင်းသားပြည်သူလူထုကသာ စစ်အုပ်စုကို အမြစ်ဖြုတ် တွန်းလှန် နိုင်ကြမည် ဖြစ်၏။

မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်‌ပေး‌သော တပ်များမဟုတ်ပဲ မိမိတို့အား ပို၍ ဝန်‌လေး ပင်ပန်း‌စေသည့် ထိုကဲ့သို့‌သော သူခိုးဓားပြစစ်တပ်မျိုးကို အင်အားနည်းပါးရုံမက ပြုတ်ပြုတ်ပြုန်း သွား‌စေရန်အတွက် တိုင်းရင်းသား‌တော်လှန် ‌ရေးအဖွဲ့အစည်းများ၏ အင်အား၊ ပြည်သူလူထု၏ အင်အားတို့ဖြင့် တိုက်ခိုက်ရှင်းလင်းပြီးမှသာ တကယ်တမ်း တိုင်းပြည်‌ကောင်း ကျိုး‌ဆောင်လိုသည့် စိတ်ဓာတ်ခံယူချက် ပြည့်ဝပြီး လူထုအ‌ရေးကို ဦးထိပ်ထားလျက်၊ လူထုအ‌ပေါ် ကျ‌ရောက်လာမည့် ပြည် တွင်းပြည်ပ ရန်စွယ် အန္တရာယ်များအား ရွပ်ရွပ်ချွံချွံ တွန်းလှန်ကာကွယ်မည်ဖြစ်‌သော ဖက်ဒရယ်ပြည်‌ထောင်စုစစ်တပ် စစ်စစ်၊ ကမ္ဘာက ‌လေးစားအားကျရမည့် တကယ့် တပ်မ‌တော်စစ်စစ်တို့ကို ပြန်လည် ဖွဲ့စည်းထူ‌ထောင်ကြရမည် ဖြစ်သည်။

(၄)
တနှစ်တာ ‌လျှောက်လှမ်းခဲ့သည့် ခရီးလမ်းကို ပြန်လည်‌စောင်းငဲ့ကြည့်ရာတွင် ပြီးခဲ့သည့်လ အ‌မေရိကန် သမ္မတ အိုဘားမား ဗမာပြည်ကို နာရီအနည်းငယ်အကြာ လာ‌ရောက်လည်ပတ်ပြီး ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်း‌ပြောသွားသည့် ကိစ္စတခုကလွဲ၍ တနှစ်ပတ်လုံးပင် အ‌ကောင်းနည်းနည်း အဆိုးများများ ‌ရောပြွမ်း‌နေသည့် ဖြစ်ရပ်များနှင့် အ‌ကောင်းမြင်စရာ တကွက်တ‌လေမျှ မရှိသည့်အဖြစ်တို့ကို အံ့ဩမှုကင်းစွာ ‌တွေ့မြင်ရ‌လေသည်။

အ‌ရေခြုံ သမ္မတသိန်းစိန်၏ တွန့်ဆုတ်တွန့်ဆုတ် ပြစ်ဒဏ်‌လျှော့‌ပေါ့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ်အုပ်စု၏ အချိတ်အဆက် အလိမ်အညာ အဖုံးအဖိ မသမာမှုများ၊ ငြိမ်းချမ်း‌ရေး တည်‌ဆောက်နိုင်ရန် အ‌ကြောင်းပြလျက် နယ်စပ်‌ဒေသဖွံ့ဖြိုး‌ရေး စီးပွား‌ရေး ဦးတည်ချက်များဖြင့် ‌ကေအဲန်ယူနှင့် စစ်အုပ်စု အပစ်ရပ်‌ရေး ပဏာမသ‌ဘောတူညီမှုများ၊ မင်းကိုနိုင် အပါအဝင် ၈၈ ‌ကျောင်း သား‌ခေါင်း‌ဆောင်အချို့နှင့် နိုင်ငံ‌ရေး အကျဉ်းသားအချို့ကို ပုဒ်မ၄၀၁/၁ အ‌နှောင်အတည်းဖြင့် လွှတ်‌ပေးခြင်းများ၊ ပါတီမှတ်ပုံ တင်ကာ ကြားဖြတ် ‌ရွေး‌ကောက်ပွဲဝင်ခဲ့သည့် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ပီပြင်ပြတ်သားမှုမရှိ‌သော ‌ခေါင်း‌ရှောင်မှုများ၊ ‌ကေအဲန် ယူတွင်း လမ်းလွဲ‌သွေဖည်မှုများ အာဏာလွန်ဆွဲမှုများနှင့် မညီမညွတ်ဖြစ်လာမှုများ၊ စစ်အုပ်စုနှင့် အပစ်အခတ် ရပ်စဲထား‌သော ကလိုထူး‌ဘောဗျူဟာက ဥက္ကဌနှင့် အတွင်း‌ရေးမှူးတို့ကို တာဝန်မှ ရပ်ဆိုင်းလိုက်သည့်ဖြစ်ရပ်၊ ကချင်နယ်‌မြေကို လဖြင့်၊ နှစ်ဖြင့် ချီ၍ ကျူး‌ကျော်‌စော်ကား‌နေမှုများ၊ ကရင်ပြည်နယ်ထဲ လူထုပိုင် လယ်‌မြေဧက‌ပေါင်း ‌သောင်းသိန်းချီ၍ အသိမ်းခံရခြင်းများ၊ ‌တောင်ငူနယ်အတွင်း ‌လေ‌ကြောင်း စစ်‌ရေး ‌လေ့ကျင့်မှုများလုပ်ကာ ကရင်လူထုကို ခြိမ်း‌ခြောက်မှုများ၊ အပစ်အခတ်ရပ်‌ရေး လက်မှတ်ထိုးထားပြီးဖြစ်သည့် ရှမ်းပြည်နယ်အတွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေသည့် ကိစ္စများ၊ ကရင်နီပြည်နယ်တွင်းမှ စစ်အုပ်စု၏ သံချပ်ကာကားများ၊ အလိမ်ခံရ‌သော မိုးထိမိုးမိ ‌ရွှေလုပ်သားများကိစ္စ၊ စက်ရုံအလုပ်သမားဆန္ဒပြပွဲများနှင့် အကြမ်း ဖက် ရိုက်နှက်ဖြိုခွဲခံရမှုများ၊ လယ်ယာ‌မြေအသိမ်းခံရ‌သော ‌ရွှေမြယာမှ လယ်သမားကြီးများနှင့် စစ်အုပ်စု အချစ်‌တော် ဝါဝါဝင်း ကုမ္ပဏီ၏ ‌စော်ကား‌ပြောဆိုမှုများ၊ ဝါတွင်းကာလမ‌ရှောင် အိမ်ကြီးရခိုင်များရှိသည့် ရပ်ကွက်‌တွေ ‌ရွှေ့‌ပြောင်းခိုင်း၊ ဘုန်း‌တော်ကြီး ‌ကျောင်း‌တွေ ဖျက်ဆီးမီးရှို့သည့်လုပ်ရပ်များ၊ စစ်အုပ်စုလုပ်သမျှ ‌မြှောက်ပင့်‌ထောက်ခံကာ ကိုယ်ကျိုးရှာကြ‌သော နိုင်ငံများ၊ ရခိုင် နှင့် ဘဂင်္လာလီရိုဟင်ဂျာ အဓိကရုဏ်း ဖန်တီး မီး‌မွှေးခြင်းနှင့် နှစ်ဘက် ‌သေ‌ပျောက်ခြင်းများ၊ စစ်အုပ်စု လက်ပါး‌စေများ၏ ဝင် ‌ရောက်ပစ်ခတ် သတ်ဖြတ်ခြင်းများ၊ ‌ကြေးနီစီမံကိန်း‌ကြောင့် လက်ပံ‌တောင်း‌တောင်ဝန်းကျင် ‌ကျေးရွာလူထု ‌တွေ့ကြုံကြရသည့် အန္တရာယ်များ၊ စွန့်ပစ်‌မြေစာများ‌ကြောင့် ပတ်ဝန်းကျင်လယ်‌မြေများ မည်သည့်သီးနှံမျှ စိုက်ပျိုးရန် မဖြစ်ထွန်း၊ အ‌ငွေ့အသက်များ နှင့် ‌ရေတွင်းများပါ ထိခိုက်၊ လူ‌တွေ ‌ရောဂါဆိုးများရပြီး ‌သေကြရ၊ တရုတ်ကို ‌ကြောက်တတ်သူများ၏ မီး‌လောင်ဗုံးဒဏ် သင့်ခဲ့ရသည့် လက်ပံ‌တောင်း‌တောင်သပိတ်စခန်းမှ ဆန္ဒပြ သံဃာ‌တော်များ၊ ‌ကျေးရွာလူထုများ၊ လွတ်လပ်‌သော ‌ဈေးကွက်စီး ပွား‌ရေးကို ‌ဖော်‌ဆောင်‌နေသည့် နိုင်ငံတွင် ကျပ်‌ငွေ သိန်း‌ထောင်ချီ တန်ဘိုးရှိ‌သော အိမ်များကို ‌ဈေးကစားရန် ရည်ရွယ်လျက် ဝယ်ယူသည်ဟုဆိုကာ မိမိတို့စီးပွား‌ရေးကို မိမိတို့ ရိုးသားစွာ လုပ်‌နေ‌သော တိုင်းရင်းသူက‌လေးနှင့် ခင်ပွန်းသည် ဂျပန်အမျိုး သားကြီးကို ဖမ်းဆီးနှိပ်စက် စစ်‌ဆေးလျက် တိုင်းရင်းသူက‌လေးကို သတ်ဖြတ်ကာ တိုက်‌ပေါ်မှ ပစ်ချခဲ့ပြီး၊ ‌ထောင်တွင်းမှ‌နေ၍ ‌ရောဂါရလာ‌သော ခင်ပွန်းသည် ဂျပန်ကြီး၏ အာမခံ ‌လျှောက်ထားမှုကို ငြင်းပယ်‌သော စစ်အုပ်စု လက်ပါး‌စေများ၏ လူမဆန် သည့် သူခိုးဓားပြလုပ်ရပ်များ၊ တိုင်းပြည်ထဲ ကျူး‌ကျော်လာ‌သော တရုတ်ဖြူတို့ကို တွန်းလှန်တိုက်ထုတ်ခဲ့ပြီး‌နောက်၊ အသက်အ ရွယ် အိုမင်းသည့်တိုင် ပြည်သူလူထု အကျိုးအတွက် စွမ်းစွမ်းတမံ ‌တော်လှန်တိုက်ပွဲဝင် ‌ရေးသား‌ဟော‌ပြောခဲ့‌သော ဗိုလ်ချုပ် ‌ကျော်‌ဇော ပြည်ပမှာပင် ကွယ်လွန်ခဲ့သည့်သတင်း၊ လူထုအကျိုးပြုစာများ ‌ရေးသားခဲ့‌ရေးသားဆဲ ဆရာ‌မောင်ဝံသ ကင်ဆာ ‌ရောဂါ ရရှိသည့်သတင်းနှင့် ‌တော်လှန်‌သောလူငယ်ထုအတွက် စိတ်ဓာတ်မြှင့်တင်‌ရေး ‌တေးသီချင်းများ သီကျူးခဲ့သည့် အဆို ‌တော် ခင်‌မောင်တိုး ကွယ်လွန်‌သောသတင်း၊ စစ်အုပ်စု၏ ‌ကျေးဇူးရှင်တဦးဖြစ်‌သော မူးယစ်ရာဇာ‌နော်ခမ်းကို တရုတ်တရားရုံးက ‌သေဒဏ်‌ပေးသည့်သတင်း၊ ခရီးသည်တင် ‌လေယာဉ်လမ်း‌ကြောင်းမှားဆင်းပြီး ထိခိုက်ပျက်စီး ‌သေ‌ကြေဒဏ်ရာရသည့်သတင်း၊ လူ‌သေ အပါအဝင် အပုပ်‌ကောင်များကို ထိုးဆွ စား‌သောက်တတ်သည့် ကျက်သ‌ရေယုတ်‌သော အမဂင်္လာ သတ္တဝါ ဠင်းတငှက် အချို့ ‌ရွှေတိဂုံ ‌စေတီ‌တော် ငှက်‌ပျောဖူးအရင်းတွင် နား‌နေခဲ့ကြသည့် သတင်းများ … စသည် စသည်ဖြင့် ‌ပျော်စရာ ရွှင်စရာ စိတ် ချမ်းသာစရာဟူ၍ တစက်မျှ မရှိ၊ မ‌ကျေနပ်စရာ၊ ‌ဒေါသဖြစ်စရာ၊ မချိတင်ကဲ ‌ကြေကွဲဝမ်းနည်းစရာ အနိဌာရုံဖြစ်ရပ် သတင်းများ သာ လွှမ်းခြုံ‌နေခဲ့သည့်နှစ် ဖြစ်‌လေသည်။

‌ရှေ့လာမည့်နှစ်က‌တော့ ယခုထက် အ‌ခြေအ‌နေ ပိုမိုဆိုးဝါးလိမ့်မည်ဟု နက္ခတ်‌ဗေဒင်ဆရာအချို့က ‌ဟောကိန်းထုတ်ထားကြ သည်။ ဗမာနိုင်ငံ၏ စစ်‌ရေး၊ နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ အ‌ခြေအ‌နေ အရပ်ရပ်ကလည်း အဆိုးဘက်ကို တွန်းပို့‌နေကြသည်။ ကမ္ဘာ့နိုင်ငံများက ‌ငွေ‌ရေး‌ကြေး‌ရေးအရလည်း‌ကောင်း၊ နည်းပညာအရလည်း‌ကောင်း၊ လူသုံးကုန်ပစ္စည်းများ အ‌ခြေခံ စားနပ် ရိက္ခာများဖြင့်လည်း‌ကောင်း မည်မျှပင် ‌ထောက်ကူမှုများ ပြု‌စေကာမူ၊ ပြည်သူလူထုအ‌နေဖြင့် မိမိတို့၏ မ‌ကျေနပ်မှုနှင့် တွန်းလှန် လိုစိတ်များကို ချုပ်တည်းသည်းခံကာ တိုင်းပြည်ငြိမ်းချမ်းဖွံ့ဖြိုး‌ရေးအတွက် မည်မျှပင် ကြိုးစား‌ဆောင်ရွက်‌စေကာမူ စစ်အုပ်စု လက်‌အောက် ဗမာနိုင်ငံမှာ ကမ္ဘာ့အလယ် ‌အောက်တန်း‌နောက်တန်း။ ‌အောက်ကျ ‌နောက်ကျဘဝမှ လွတ်‌မြောက်နိုင်လိမ့်မည် မဟုတ်‌ချေ။