Home သတင်း ဒုက္ခသည်များကို ပြန်ပို့ပါကညှိနှိုင်း မှုပြုလုပ်သင့်ဟု UNCHR ကို BP တိုက်တွန်း

ဒုက္ခသည်များကို ပြန်ပို့ပါကညှိနှိုင်း မှုပြုလုပ်သင့်ဟု UNCHR ကို BP တိုက်တွန်း

2778

ဒီဇင်ဘာလ ၁၃ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ပြည်တွင်းစစ်‌ကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ‌ရောက် ရှိရသည့် ဒုက္ခသည်များကို ပြန်လည်ပို ့‌ဆောင်မည်ဆိုပါ က ကုလသမဂ္ဂဒုက္ခသည်များဆိုင် ရာ မဟာမင်းကြီးရုံး- UNHCR အ‌နေဖြင့် သက်ဆိုင်ရာလူမှုအ ဖွဲ့အစည်းများနှင့် ဒုက္ခသည်များကို ညှိနှိုင်းတိုင်ပင် သင့်‌ကြောင်း မြန်မာ့ အ‌ရေး ပူး‌ပေါင်း‌ဆောင်ရွက်သူများ (Burma Partnership-BP)မှ ယမန်‌နေ့က တိုက်တွန်းခဲ့သည်။

လက်ရှိအ‌နေအထားတွင် ဒုက္ခသည်များပြန်ပို့ခံရမည် ဟု ‌ကောလဟာလ သတင်းများထွက်‌ပေါ်‌နေ ပြီး UNHCR က ၎င်းတို့အ‌နေဖြင့် ပြန်ပို့မည် မဟုတ်‌သေး‌ကြောင်း ‌ပြော ဆို‌နေ‌သော်လည်း ပြန်ပို့မည့် လုပ်‌ဆောင်ချက်များ ကို ‌တွေ့‌နေ ရသဖြင့် ယခုလို တိုက်တွန်း‌ပြော ကြား ရခြင်းဖြစ်‌ကြောင်း BP မှ တာဝန်ရှိသူတစ် ဦးက ‌ပြောသည်။

၎င်းက “ပြန်ပို့မယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင်ထဲမှာလည်း အ‌ဆောက်အဦး‌တွေက ‌ဆောက်‌နေပြီ ဆိုတာကို ‌တွေ့‌နေရတယ်။ ဒုက္ခသည်‌တွေကလည်း အဆင်သင့်မဖြစ်‌သေးတဲ့ အ‌ခြေအ‌နေမှာ မသင့်‌တော်‌သေး ဘူး။ သူတို့(UNHCR)အ‌နေနဲ့ CBOs ‌တွေ၊ ဒုက္ခသည်‌တွေကို နီးနီးကပ်ကပ်‌နေပြီး ညှိနှိုင်းလုပ်‌ဆောင်သင့်တယ်” ဟု ‌ပြောသည်။

ဒီဇင်ဘာလ ၁၂ရက်‌နေ့က ထိုင်းနိုင်ငံ -ဘန်‌ကောက်မြို့ Foreign Correspondents’ Club၌ BP မှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် UNHCR အ‌နေဖြင့် ပြည်ပ‌ရောက်ဒုက္ခသည်များကို ပြန်ပို့မည့် Timothy Syrota ၏ ၁၈ မိနစ်ကြာ မှတ်တမ်းတင်ရိုက်ကူးထားသည့် ရုပ်ရှင်ကို ပြသခဲ့ခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုမှ ဦးစိုး‌အောင်၊ ကရင်ဒုက္ခသည်များ အ‌ရေးကို Burma Issue မှ ‌စောကွယ်‌စေး၊ မွန်ဒုက္ခသည်များအ‌ရေးကို နိုင်‌အောမွန်၊ ကရင်နီဒုက္ခသည်များကို နဲဒူ စသည့် တာဝန်ရှိသူများက အခမ်းအနားကို ည‌နေ ၇ မှ ၁ဝနာရီအထိ ရှင်းလင်းတင်ပြခဲ့သည်။

၎င်းသတင်းစာရှင်းလင်းပွဲသို့ ဒုက္ခသည်များအ‌ရေးကို ကူညီလုပ်‌ဆောင်‌ပေး‌နေသည့် အစိုးရမဟုတ်‌သောအဖွဲ့-NGOs နှင့် လူထုအ‌ခြေပြုအဖွဲ့အစည်း-CBOs၊ UNHCR အဖွဲ့ဝင်များနှင့် သတင်း‌ထောက်များအပါအဝင် စုစု ‌ပေါင်း လူဦး‌ရေ ၅ဝ ခန့် တက်‌ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုမှ ဦးစိုး‌အောင်က “အစိုးရက တိုင်းရင်းသားအဖွဲ့‌တွေနဲ့ ငြိမ်းချမ်း‌ရေးလုပ် ထား‌ပေမယ့် ပဋိပက္ခ‌တွေက ဆက်ပြီး‌တော့ ရှိ‌သေးတယ်။ အခုဆိုရင် ဖွံ့ဖြိုး‌ရေးနဲ့ယှဉ်တွဲပြီး ဝင်လာတဲ့ ရင်းနှီး မြှုပ်နှံမှု‌တွေ‌ကြောင့် ‌ဒေသခံပြည်သူ‌တွေ ဒုက္ခ‌ရောက်‌နေရတယ်။ ‌နောက် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်ဖို့ အာမခံထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပါလီမန်ထဲမှာ ဆက်လက်ပြဌာန်း‌နေဆဲပဲ”ဟု ‌ပြောသည်။

ထို့အပြင် Burma Issue မှ ‌စောကွယ်‌စေးကလည်း ဒုက္ခသည်များ၏ အခွင့်အ‌ရေး၊ လက်ရှိ နိုင်ငံ‌ရေးအ‌ခြေ အ‌နေ၊ ‌နေရပ်ပြန်ပို့မည့်ကိစ္စနှင့်ပတ်သက်၍ ဒုက္ခသည်များဘဝကို စာနာနားလည်ကြရန် လိုအပ်‌ကြောင်း ‌ပြောကြားခဲ့သည်။

BP သည် “Nothing About Us Without Us” ဆိုသည့် ‌ခေါင်းစဉ်ဖြင့် ဒုက္ခသည်များ၏ ‌နေရပ်ပြန်မည့်အသံများ အ‌ကြောင်း (Refugee’s Voices About Their Return To Burma)ကို ဒီဇင်ဘာလ ၁၁ ရက်‌နေ့တွင် ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီဖြစ်သည်။