Home အယ်ဒီတာ့အာဘော် ခိုင်မာပြတ်သားစွာ မဆုတ်မနစ် ရပ်တည်နိုင်‌ရေး

ခိုင်မာပြတ်သားစွာ မဆုတ်မနစ် ရပ်တည်နိုင်‌ရေး

1552

အယ်ဒီတာ့အာ‌ဘော်
ပွင့်လင်းရာသီချိန်ကို ‌ရောက်ရှိလာခဲ့ပြန်‌ချေပြီ။ ပြီးခဲ့‌သော ကာလများအတွင်း ဤအချိန်မှာ စစ်အစိုးရအတွက် ‌တော် လှန်‌ရေး အဖွဲ့အစည်းများအား ထိုးစစ်ဆင်သည့် အချိန်‌ကောင်းဖြစ်သလို ‌တော်လှန်‌သော အဖွဲ့အစည်းများဘက်ကလည်း သတိ ကြီးစွာ ထားရှိ‌စောင့်ဆိုင်း‌နေရသည့်အချိန်ပင် ဖြစ်‌လေသည်။ လက်ရှိအ‌ခြေအ‌နေ၌မူ အရပ်သားတပိုင်း စစ်အစိုးရသည် ‌တော် လှန်‌ရေး အဖွဲ့အစည်း အများအပြားနှင့် ငြိမ်းချမ်း‌ရေးတည်‌ဆောက်ရန် အပစ်အခတ်ရပ်စဲ‌ရေးကိစ္စများ ‌ဆွေး‌နွေးလျက်ရှိပြီး တိုင်း ရင်းသားအဖွဲ့အစည်းများ လိုလား‌သော ပြည်‌ထောင်စုစစ်စစ် တည်‌ဆောက်‌ရေးကိုလည်း လိုက်ပါ‌ပြောဆိုလာ‌နေကြပြီဖြစ်၍ ယခု လို အချိန်အခါအတွင်း ထိုးစစ်ဆင်မည့်ကိစ္စမှာ ဖြစ်နိုင်‌ချေမရှိ‌ကြောင်း အချို့ပုဂ္ဂိုလ်များက ဆိုကြသည်။

သို့ရာတွင် ကချင်နှင့် ညှိနှိုင်း ‌ဆွေး‌နွေး‌နေစဉ်မှာပင် တိုက်ပွဲများက ဆက်လက် ရှိ‌နေဆဲ ဖြစ်သည်။ အပစ်ရပ်သ‌ဘောတူ ထားခဲ့သည့်တိုင် ရှမ်းပြည်နယ်ထဲမှ မြို့နယ်အချို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ကရင်နီနယ်ထဲ၌လည်း စစ်‌ရေးသင် တန်း‌ကျောင်းဖွင့်ကာ တပ်‌တွေပို့ထားပြီး အချိန်မ‌ရွေး တိုက်ခိုက်နိုင်သည့် အ‌နေအထား ရှိ‌နေသည်။ ပြည်တွင်းငြိမ်းချမ်း‌ရေး တည် ‌ဆောက်မှု၏ အစကနဦး‌ခြေလှမ်း အပစ်အခတ် ရပ်စဲ‌ရေးမှာ ‌တွေ့ဆုံ‌ဆွေး‌နွေးသည့်အဆင့်သာ ရှိ‌သေးပြီး နှစ်ဘက်တပ်တည်‌နေ ရာများကိုပင် ညှိနှိုင်း‌ပြောဆို၍ မရနိုင်‌သေးသည့်အ‌နေအထား၌ အစိုးရတပ်များက ‌ကေအဲန်ယူနယ်‌မြေအတွင်း ‌တောင်ပတ်လမ်း များ‌ဖောက်၊ စီးပွား‌ရေးဇုံများလုပ်၊ မှတ်ပုံတင်‌တွေလုပ်‌နေသည့်ကိစ္စ၊ ၎င်းတို့တပ်များ ယခင်‌နေရာများမှ မဆုတ်ခွာသည့်အပြင် ‌နေရာတိုးလာခြင်း၊ တပ်အင်အားများ ဖြည့်တင်းလာခြင်း၊ လက်နက်ခဲယမ်း ရိက္ခာများ တိုး၍ပို့လာ‌နေခြင်းများအပြင် ‌ကေအဲန်ယူ ၏ ‌တောင်ငူနယ်အတွင်း ရဟတ်ယာဉ်များဖြင့် စစ်‌ရေး‌လေ့ကျင့်‌နေသည်မှာလည်း ‌ကေအဲန်ယူကို ထိုးစစ်ဆင်ရန် ပြင်ဆင်‌နေ ‌ကြောင်း သတိ‌ပေး‌နေ‌လေသည်။

အရပ်ဝတ်တပိုင်းစစ်အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများအကြား ငြိမ်းချမ်း‌ရေး ‌ဆောင်ရွက်ရာတွင် ယုံကြည်မှုတည် ‌ဆောက်ရန် လိုအပ်‌ကြောင်းနှင့် တိုင်းရင်းသားပြဿနာများ ‌ပြေလည်‌ရေး ဖက်ဒရယ်စနစ် ကျင့်သုံးရန် လိုအပ်‌ကြောင်း ရှမ်း‌ခေါင်း ‌ဆောင်များက ‌ပြောသည်။ တိုင်းရင်းသားပြည်သူများအ‌နေဖြင့် စစ်မှန်‌သော ဒီမိုက‌ရေစီ အခွင့်အ‌ရေးများ ရရှိရန်အတွက် လွှတ် ‌တော်တွင်း လွှတ်‌တော်ပနည်းများဖြင့် တိုက်ပွဲဝင်‌နေသည်မှာလည်း ကာလကြာလာခဲ့ပြီ ဖြစ်သည်။ တကယ်တမ်း ဒီမိုက‌ရေစီ‌ရေး ကို ဦးတည်‌ဆောင်ရွက်မည်ဆိုလျှင် ပြည်သူလူထုကို ဖိနှိပ်ကာ ၎င်းတို့စစ်အစိုးရ၏ အကျိုးစီးပွားအတွက် ဖွဲ့စည်းထားသည့် ကာလုံ(အကလက)နှင့် စီးပွား‌ရေး ဦးပိုင်လီမိတက်တို့ကို လုံးဝ ဖျက်သိမ်းပြီး ၂၀၀၈ အ‌ခြေခံဥပ‌ဒေကိုလည်း ထိ‌ရောက်စွာ ပြင် ဆင်ရမည် ဖြစ်သည်။ ထိုအရာများ မဖျက်သိမ်း၊ မပြင်ဆင်နိုင်သမျှ တိုင်းရင်းသားများနှင့် ငြိမ်းချမ်း‌ရေးကိစ္စ၊ လူထု ဒီမိုက‌ရေစီ‌ရေး ကိစ္စများ အမှန်တကယ် ‌ပြေလည်လိမ့်မည် မဟုတ်‌ချေ။

နိုဝင်ဘာ ၁၉ရက်‌နေ့ အ‌မေရိကန် သမတ၏ ရန်ကုန်တက္ကသိုလ် မိန့်ခွန်း၌ ဒီမိုက‌ရေစီ‌ရေး ချီတက်ရာမှာ အမျိုးသား ပြန်လည်သင့်မြတ်‌ရေးက အ‌ရေးကြီး‌ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်မှုမရှိလျှင် ပြုပြင်‌ပြောင်းလဲ‌ရေး ‌အောင်မြင်မည် မဟုတ်‌ကြောင်း၊ စစ်တပ်သည် အရပ်သားအစိုးရ လက်‌အောက်တွင် ရှိရမည်ဖြစ်‌ကြောင်း၊ တိုင်းရင်းသားအ‌ရေး ‌ဖြေရှင်းရန် နိုင်ငံ ‌ရေးနည်းအရ ‌ဆွေး‌နွေးရမည်ဖြစ်‌ကြောင်းများ ‌ပြောသွားသည်ကို အရပ်ဝတ်စစ်အစိုးရအ‌နေဖြင့် ပြည့်ပြည့်ဝဝ လက်ခံနိုင်ပါ မည်လား။ ၎င်းတို့မှာ မိမိတို့၏ လုပ်ရပ်များ‌ကြောင့် ‌ပေါ်‌ပေါက်လာသည့် ပြဿနာများကို လှီးလွှဲ ‌ရှောင်ဖယ်တတ်‌သော အ‌လေ့အ ထရှိ၏။ တဦး‌ပေါ်တဦး အပြစ်ပုံချတတ်၏။ လက်ပန်း‌တောင်း‌တောင် ‌ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရန် ဆန္ဒပြ‌တောင်းဆိုသူများ ကို သမ္မတရုံးဝန်ကြီးက သွား‌ရောက်‌တွေ့ဆုံကာ ထိုကိစ္စမှာ ယခင်စစ်အစိုးရလက်ထက်က လုပ်ခဲ့‌သောကိစ္စဖြစ်၍ ၎င်းတို့နှင့် သက်ဆိုင်မှု မရှိသလို‌ပြောပြီး ထိုစီမံကိန်းကို ရပ်မည်မဟုတ်‌ကြောင်း အကာအကွယ်‌ပေး‌သော စကား‌တွေကို ‌ပြော၏။

လက်ပန်း‌တောင်း‌တောင်အ‌ရေး ဆန္ဒပြ သပိတ်စခန်းမှ ပြန်သွားပြီး‌နောက် ရက်ပိုင်းအတွင်းမှာပင် သံဃာ‌တော်များနှင့် လူထုကို အကြမ်းဖက် အင်အားသုံး ဖြိုခွင်းလိုက်ခြင်းမှာ အစိုးရအ‌နေဖြင့် ၎င်းတို့ အ‌ယောင်ပြလုပ်‌ဆောင်‌နေသည့် ဒီမိုက‌ရေစီ ‌ရေးလုပ်ငန်းများကို ‌နောက်‌ကြောင်းပြန်လှည့်မည့် ‌ခြေလှမ်းများကို စတင်လိုက်ခြင်းဖြစ်ရာ ‌နောက်ကွယ်က ကြိုးကိုင်‌နေ‌သော စစ် အုပ်စုကသပ်သပ်၊ အရပ်သားအ‌ရေခြုံအစိုးရက သပ်သပ်ဟူ၍ ခွဲခြားရှုမြင်ရန် မလိုအပ်‌တော့‌ချေ။ ၎င်းတို့အားလုံး မတရားရယူ ထားသည့် ကိုယ်ကျိုးစီးပွားများ ပျက်ယွင်းမှုမရှိ‌အောင် ကာကွယ်ရန်နှင့် တိုင်းရင်းသား ပြည်သူလူထု၏ ‌မြေယာ၊ ပစ္စည်း၊ အိုးအိမ် နှင့် နိုင်ငံတွင်းရှိ ‌မြေ‌ပေါ်‌မြေ‌အောက် သယံဇာတများကို လုယက်သိမ်းယူ၊ လက်ညှိုးထိုး‌ရောင်းစားကာ ၎င်းတို့၏ အကျိုးစီးပွား များ ဆက်လက် ရရှိ‌ရေး ‌ဆောင်ရွက်ရာတွင် တကျိတ်တည်း တဉာဏ်တည်းဖြစ်‌ကြောင်း ‌ပေါ်လွင်‌နေပြီ ဖြစ်၏။

တကယ်တမ်း ငြိမ်းချမ်း‌ရေးမှာ နှစ်လိုဖွယ်‌ကောင်း၏။ သို့ရာတွင် အပစ်အခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေး‌နေသည့် ကာလအ တွင်းမှာပင် ကရင်ပြည်နယ်တွင်းမှ လယ်‌မြေများကို စစ်အုပ်စုက သိမ်းဆည်းခဲ့လိုက်သည့်ကိစ္စနှင့် မိမိနယ်‌မြေအတွင်း ကျီးလန့် စာစား ‌နေထိုင်‌နေရသည့် ကိစ္စတို့မှာမူ ကရင်လူထု၏ အကျိုးစီးပွား အသက်အိုးအိမ်ကို အကာအကွယ်‌ပေးရန်အတွက် ‌ကေအဲန် ယူတွင် တာဝန်ရှိ‌နေမည် ဖြစ်သည်။ ယခု ကျင်းပ‌နေသည့် ‌ကေအဲန်ယူညီလာခံတွင် မိမိတို့အတွင်း သ‌ဘောထား မတူကွဲပြားမှု များကို ‌ပြေလည်‌အောင် ညှိနှိုင်းကာ စစ်‌ရေး၊ နိုင်ငံ‌ရေး ကိစ္စရပ်များအတွက် စု‌ပေါင်းဦး‌ဆောင်မှု ရှိကြရမည် ဖြစ်သည်။ မိမိတို့၏ အမျိုးသား အကျိုးစီးပွားဆုတ်ယုတ်မှုကို ကာကွယ်နိုင်ရန်နှင့် အမျိုးသား အကျိုးစီးပွား ဖြစ်ထွန်း‌ရေးအတွက် ‌စေ့စပ်‌ပြေငြိမ်းမည့် ငြိမ်းချမ်း‌ရေးကိစ္စကို စည်းကမ်းနည်းလမ်းတကျ ဖြစ်‌စေ‌ရေး ပြည်တွင်းပြည်ပ ကရင်အမျိုးသားထု၏ ဆန္ဒနှင့်အညီ ခိုင်မာ‌သော မူ တရပ်ကို ညီညွှတ်စွာ ချမှတ် အ‌ကောင်အထည်‌ဖော်နိုင်ဖို့ရန် အ‌ရေးကြီးသည်။

တိုင်းပြည်ဘဏ္ဍာနှင့် သယံဇာတများကို လိမ်ညာခိုးဝှက် အနိုင့်အထက် ကျူး‌ကျော်ကာ ကတိမတည်စွာ ပြုမူတတ် ‌သော အရပ်ဝတ် စစ်အစိုးရနှင့် ‌စေ့စပ်‌ပြေငြိမ်း‌ရေး လုပ်‌နေခြင်းကို တိုင်းရင်းသားအဖွဲ့အစည်းတိုင်း ပြန်လည် သုံးသပ်သင့်သည်။ ‌တော်လှန်‌ရေးတ‌လျှောက် ကြီးမား‌သော သမိုင်းသခင်္န်းစာများကို ရရှိခဲ့သည့် ‌ကေအဲန်ယူအ‌နေဖြင့် အချိန်ဆွဲ လိမ်ညာ ‌ချော့မြူ ‌သွေး‌ဆောင်မှုများ‌နောက်သို့ လိုက်ပါမိမည်ဆိုလျှင် မိမိတို့ ကရင်တမျိုးသားလုံးအတွက်သာမက လူမျိုးစုံ ‌တော်လှန်‌ရေးအဖွဲ့အ စည်းများကိုပါ များစွာ ထိခိုက်နစ်နာ‌စေမည် ဖြစ်‌လေသည်။