Home သတင်း ကချင်‌ဒေသကို အစိုးရတပ် ထိုးစစ်ဆင်မှုအ‌ပေါ် DAB ရှုတ်ချ

ကချင်‌ဒေသကို အစိုးရတပ် ထိုးစစ်ဆင်မှုအ‌ပေါ် DAB ရှုတ်ချ

2255
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ကချင်ပြည်နယ်တွင် ဦးသိန်းစိန်အစိုးရမှ ကြည်းတပ်၊ ‌လေတပ် စစ်အင်အား အလုံးအရင်းဖြင့် အသုံးပြုပြီး ပြင်းထန်စွာ ထိုးစစ်ဆင်‌နေမှုများ အ‌ပေါ် မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ချုပ်(Democratic Alliance of Burma-DAB)က ကန့်ကွက် ရှုတ်ချ‌ကြောင်း ယမန်‌နေ့က သ‌ဘောထား ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်ထဲတွင် ကချင်ပြည်နယ်အတွင်း ထိုးစစ်များ‌ကြောင့် နှစ်ဘက်‌တွေ့ ဆုံ‌ဆွေး‌နွေးမှုများနှင့် အပစ်အခတ် ရပ်စဲ ‌ရေး ဖြစ်စဉ်များအ‌ပေါ် ‌မေးခွန်း ထုတ်စရာဖြစ်လာသည့်အပြင် မယုံကြည်မှုများ ပိုမိုတိုးပွားလာ‌စေသည်ဟု ‌ကြေညာချက်၌ ထည့်သွင်း‌ဖော်ပြထားသည်။

DAB အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦးမျိုးဝင်းက လက်ရှိကချင်ပြည်နယ်၌ ဖြစ်‌ပေါ်‌နေသည့် နိုင်ငံ‌ရေးပြဿနာများကို အစိုးရက စစ်‌ရေးနည်းဖြင့် ထိုးစစ်ဆင်‌ဆောင် ရွက်‌နေ‌သော်လည်း ‌ပြေလည်မှုရမည် မဟုတ်‌ကြောင်း၊ နိုင်ငံ‌ရေး ပြဿနာကို နည်းမှန် လမ်းမှန်ဖြင့် ‌တွေ့ဆုံ‌ဆွေး‌နွေး အ‌ဖြေရှာ ရန်လိုသည် ‌ထောက်ပြ လို၍ ယခုလို သ‌ဘောထား ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဦးသိန်းစိန်အစိုးရက ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ‌ဆောင်ရွက်လိုတယ်လို့ ‌ပြော‌ပေမယ့် လတ်တ‌လောမှာ ‌ဆောင်ရွက်ထားတဲ့ အပစ်အခတ်ရပ်စဲ‌ရေး ဖြစ်စဉ်များကို ကျ‌နော်တို့ သံသယဖြစ်မိတယ်။ ‌မေးခွန်းထုတ်စရာ‌တွေလည်း ဖြစ်‌နေတယ်။ ဒီအ‌ပေါ် မှာ ပြန်ကြည့်ရင် တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ထိုးစစ်‌တွေ ရပ်ဆိုင်းပြီး‌တော့မှ အပစ်ခတ်ရပ်စဲ‌ရေးကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ချက်ချင်း အ‌ကောင်အထည်‌ဖော်ဖို့ လိုတယ်”ဟု ဦးမျိုးဝင်းက ဆိုသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌ဘောင်အတွင်း၌ လက်ရှိ နိုင်ငံ‌ရေးပြဿနာများနှင့် စစ်မှန်‌သော ပြည်တွင်းငြိမ်းချမ်း ‌ရေးကို ‌ဖော်‌ဆောင်နိုင်မည် မဟုတ်သည့်အပြင် အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များလည်း အာမခံနိုင်မည် မဟုတ်သည့်အတွက် အင်အားစုအားလုံးပါဝင်‌သော ပြည်‌ထောင် စု‌ဆွေး‌နွေးပွဲကို ‌ခေါ်ပြီး နိုင်ငံ‌ရေးပြဿနာကို စု‌ပေါင်းအ ‌ဖြေရှာရန် လိုအပ်သည်ဟု ဦးမျိုးဝင်းက ဆက်‌ပြောသည်။

DAB အဖွဲ့ဝင်တခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး-KNU တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းကလည်း “အခုလို ငြိမ်းချမ်း‌ရေး အစပျိုးတဲ့အချိန်မှာ ဒီလို ထိုးစစ်ဆင်တာ မဖြစ်သင့်တဲ့ ကိစ္စပဲ။ တကယ်လို့ ထိုးစစ်ဆင်မှု ဆက်ဖြစ်‌နေဦးမယ် ဆိုရင် ကျ‌နော်တို့အ‌နေနဲ့ ဆက်သွားမယ့် ငြိမ်းချမ်း‌ရေးခရီးစဉ်ဟာ ယုံကြည်မှုတည်‌ဆောက်မှုအတွက်‌တော့ အကန့်အ သတ် အများကြီး ဖြစ်လာမယ်”ဟု ‌ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း နှစ်‌ပေါင်းများစွာ ဖြစ်ပွား‌နေ‌သော ပြည်တွင်းစစ်ကို ‌ဖြေရှင်းရန် အစိုးရသည် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး အကြိမ်ကြိမ် ပြုလုပ်ခဲ့‌သော်လည်း ‌ဖြေရှင်းနိုင်သည်အထိ သ‌ဘောတူညီမှုများ မရရှိ ခဲ့ကြသဖြင့် စစ်‌ရေးပဋိပက္ခများ ယ‌နေ့ထိ ဆက်လက် ဖြစ်‌ပေါ်‌နေ ရခြင်းဖြစ်သည်ဟု DAB ထုတ်ပြန်ချက်တွင် ‌ထောက်ပြ ထားသည်။

“ကျ‌နော်တိုင်းပြည်မှာ ပြည်တွင်းပဋိပက္ခဖြစ်တာ နှစ် ၆၀‌တောင် ‌ကျော်ခဲ့ပြီ။ ဒါ‌ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမှန်တကယ် အကျိုးရှိတဲ့ ‌ခြေလှမ်း‌တွေ လှမ်းချင်တယ်ဆိုရင်‌တော့ အစိုးရအ‌နေနဲ့ လက်ရှိပဋိပက္ခ‌တွေကို အမြန်ဆုံး ရပ် ဆိုင်း‌ပေး‌စေချင်တယ်။ ဒါမှသာ တိုင်းရင်းသား‌တွေ လိုလားတဲ့ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးကို ‌ခြေလှမ်းလှမ်း နိုင်မှာဖြစ်တယ်”ဟု ဦးမျိုးဝင်းက ဖြည့်စွက်‌ပြောဆိုသည်။

DAB ကို မြန်မာနိုင်ငံအတွင်းရှိ ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်းလာ‌ရေး အပါအဝင် ငြိမ်းချမ်း‌ရေး၊ လူ့အခွင့်အ‌ရေးနှင့် ဒီမို က‌ရေစီ တည်‌ဆောက်‌ရေး စသည့်ရည်ရွယ်ချက်ဖြင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒီမိုက‌ရေစီအင်အားစု များ စုစု‌ပေါင်း ၂၁ဖွဲ့တို့က ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်‌နေ့တွင် စတင် တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။