Home ဆောင်းပါး ‌ကြောက်တတ်ရင် ‌နောက် ထပ် ‌သေကြလိမ့်မယ်

‌ကြောက်တတ်ရင် ‌နောက် ထပ် ‌သေကြလိမ့်မယ်

2097

M. ထက်‌ခေါင်

(၁)
ယခုရက်များအတွင်း စာကို အနည်းငယ်မျှသာ ဖတ်ဖြစ်ပြီး၊ အွန်လိုင်း‌ပေါ်မှာ လာ‌နေ‌သော ဗီဒီယို သတင်း‌တွေကို အများအပြား ကြည့်ဖြစ်သည်။ ရုပ်သံသတင်း  အတိုအရှည်‌တွေကို ကြည့်ရသည်မှာ အ‌တော်ပင် ကြည့်၍ ‌ကောင်းသည်။ ‌ကျေနပ်ဝမ်းသာစရာ၊ ‌ဒေါသဖြစ်စရာ၊ ကရုဏာသက်စရာ၊ တက်ကြွ‌ပျော်ရွှင်စရာ၊ စိတ်ချမ်းသာစရာ သတင်းဖိုင်များ ဖြစ်သည်။  ကိုယ့်ဟာကိုယ် ကြည့်ရုံနှင့် အားမရ၊ နီးစပ်ရာ မိတ်‌ဆွေ‌တွေကိုပါ လှမ်း၍ အ‌ကြောင်းကြားရသည်။ အိမ်ကိုလာလည်‌သော ဧည့်သည်‌တွေကို ‌ဖောက်သည် ချလိုက်သဖြင့် ၎င်းတို့ကပါ ကြည့်ချင်ကြ‌သော‌ကြောင့် အချို့သတင်းဖိုင်များကို နှစ်ကြိမ်သုံးကြိမ် ပြန်ဖွင့် ပြရသည်။

အ‌မေရိကန်သမ္မတအဖြစ် ထပ်မံ‌ရွေး‌ကောက်ခံရ‌သော အိုဘားမား၏ မိန့်ခွန်း၊ ‌မြေသိမ်းခံ ‌တောင်သူ လယ်သမားများ ဘက်မှ ရပ်တည်သူ ဗိုလ်ကြီး‌ဟောင်း‌နေမျိုးဇင် နှင့် ‌မြေသိမ်းသည့် ကုမ္ပဏီ ဘက်သား ပုလိပ်အရာရှိကြီးတို့ ‌ဆွေး‌နွေး‌ပြောဆိုကြသည့် ဗီဒီယို၊ ဆယ်ရက်မက ကြာမြင့်သည့်တိုင် လျစ်လျူရှုခြင်း ခံရ‌သော ‌မြေသိမ်းခံ ‌တောင်သူလယ်သမားများ၏ ထိုင်သပိတ်၊ ရန်ကုန်မြို့လယ်မှ မိုးထိမိုးမိ ‌ရွှေလုပ်သား များ ဆန္ဒပြမှု၊ တရားဥပ‌ဒေရဲ့အထက်မှာ ခရိုနီ‌တွေနှင့် ကုမ္ပဏီများ ရှိ‌နေ‌ကြောင်း သိလာရပြီး‌နောက် ‌နေပြည်‌တော်အထိ လမ်း‌လျှောက်ချီတက်ကာ သတ္တုတွင်းဝန်ကြီးဌာနနှင့် သမ္မတသိန်းစိန်အထိ တက် ‌ရောက် အသနားခံတိုင်ကြားမည့် ‌ရွှေလုပ်သားတို့၏ အစီအစဉ်၊ ‌ရွှေလုပ်သားတို့၏ လမ်း‌လျှောက် ခရီးစဉ် အတွင်း မြို့လှမြို့အ‌ရောက် ခရိုင်ရဲတပ်ဖွဲ့မှူးက အိုဘားမား ဗမာပြည်လာသည့်ကိစ္စ၊ အ‌ရေခြုံ သမ္မတ သိန်းစိန် အာစီယံသွား‌နေ၍ သူ့အိမ်မှာ ရှိမ‌နေသည့်ကိစ္စတို့‌ကြောင့် ၃ ရက် နားပြီးမှ ဆက်ထွက် ပါရန်နှင့် ဆက်ထွက်သည့်အခါ လိုအပ်သမျှ အကူအညီ‌ပေးသွားမည် ဖြစ်‌ကြောင်း ‌မေတ္တာရပ်ခံ ‌ပြောဆိုခဲ့သည်ကို ယုံမှားမိခဲ့ကြ‌သော ‌ရွှေလုပ်သားများမှာ ၃ ရက်ပြည့်သည့်‌နေ့ ခရီးဆက်ရာတွင် မြို့ပြင်အ‌ရောက်မှာပင် ဒိုင်းကိုင် ပုလိပ် ၂၀ဝ ‌ကျော်၊ တုတ်ကိုင်လက်ထိပ်ကိုင် အရပ်ဝတ် ၃ဝ ခန့်ဖြင့် ဝင်‌ရောက် ထိုးကြိတ် ရိုက်နှက်ခံရပြီး ‌ခေါင်း‌ဆောင် ၄‌ယောက်ကို ဖမ်းဆီးသွားခဲ့သည့် ဗီဒီယို ဓာတ်ပုံ သတင်းများ၊ ကျန်သူများက တဗိုလ်ကျတဗိုလ်တက် စနစ်ဖြင့် ဆက်လက်ချီတက်ရင်း ပျဉ်းမနားနှင့် များစွာ မ‌ဝေး‌တော့ပြီဖြစ်‌သော ‌ရေနီသို့ ‌ရောက်သွားသည့် ဓာတ်ပုံသတင်းများ၊ ‌နေပြည်‌တော်က မ‌တွေ့လိုသဖြင့် ၎င်းတို့ ‌ရှေ့ခရီး မဆက်နိုင်‌စေရန်အတွက် တည်းခိုရာ ဘုန်း‌တော်ကြီး ‌ကျောင်းဝန်းကျင်ကို ပုလိပ်လုံခြုံ‌ရေး အင်အား ၁၀၀ဝ ‌လောက်ဖြင့် ဝိုင်းရံထားခဲ့ပြီးမှ ‌နောက်ရက်မှာ သတ္တုတွင်း ဝန်ကြီးဌာနနှင့် တိုင်းအဆင့် ပုဂ္ဂိုလ်အချို့က သွား‌ရောက်ညှိနှိုင်းကြသည့် သတင်းများကို ‌တွေ့မြင်ဖတ်ရှုရသည်။

‌ဒေါ်‌အောင်ဆန်းစုကြည် အိမ်‌ရှေ့နှင့်   ရန်ကုန်တက္ကသိုလ်မှာ အိုဘားမား မိန့်ခွန်း‌ပြောသည့် ဗီဒီယို ကလည်း စိတ်‌ကျေနပ်ဖွယ် ‌ကောင်းသည်။  ယခုလအတွင်း ဗမာပြည်သားများအတွက် စိတ်ဓာတ် တက်ကြွ ဖွယ် အ‌ကောင်းဆုံး ဗီဒီယို သတင်း‌တွေက‌တော့ လက်ပန်‌တောင်း‌တောင် ‌ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်း ‌ရေး တ‌ကျော့ပြန် သပိတ်‌မှောက် ဆန္ဒပြလာသည့် သတင်းဖိုင်များ ဖြစ်သည်။ ညှိနှိုင်း‌ပေးမည်ဟု ဆိုကာ ‌ရောက်လာပြီး မည်သို့မျှ အလုပ်မဖြစ်‌သော မြို့နယ်မှူးကို စည်း‌ဝေး‌ဆွေး‌နွေးပွဲ၌ လယ်သူမကြီး တဦးက ‌မောင်းထုတ်ကာ “ကြီးတဲ့အ‌ကောင်နဲ့ ‌တွေ့ချင်တယ်၊ ကြီးတဲ့အ‌ကောင်နဲ့ ‌ပြောချင်တယ်” ဟု ‌ပြောခဲ့‌သော ဗီဒီယိုသတင်းကို အ‌တော်ပင် သ‌ဘောကျ‌သော‌ကြောင့် ဧည့်သည်လာတိုင်း ဖွင့်ပြရင်း ‌လေးငါး ကြိမ်ခန့် အကြိမ်ကြိမ် အဖန်ဖန် ပြန်ကြည့် ဖြစ်ခဲ့သည်။ ထိုသတင်း၏ ‌နောက်ဆက်တွဲအဖြစ် လက်ပန်‌တောင်း ‌တောင် ဆန္ဒပြသူများကို လာ‌ရောက် ‌တွေ့ဆုံခဲ့‌သော ဝန်ကြီး ဦး‌အောင်မင်းနှင့် အဖွဲ့အား ‌ခေါင်း‌ဆောင် အမျိုးသမီးငယ်က ‌ဆွေး‌နွေး တင်ပြ‌ပြောဆိုခဲ့သည့် အ‌ခွေကိုလည်း ‌လေးငါး‌ခြောက်ခါထက် မနည်း ‌ကျေနပ်စွာ ကြည့်ခဲ့ရ‌လေသည်။

ဘဝဟူသည်မှာ တိုက်ပွဲ ဖြစ်၏။ အသက်ရှင်သန်ရပ်တည်‌ရေးအတွက် ရုန်းကန် လှုပ်ရှားခြင်းမှာ တိုက်ပွဲပင် ဖြစ်သည်။ မတိုက်လျှင်မရ။ နှစ်ရှည်လများ အ‌စော်ကားခံ‌နေရသည့် ဗမာနိုင်ငံ ပြည်သူလူထု၏ တိုက်ပွဲ‌ခေါ်သံများကို ကြားလာရပြီ ဖြစ်သည်။ ဗမာနိုင်ငံ၏ ‌အေးမြ လတ်ဆတ်‌သော ‌လေထုအတွင်း လွင့်ပါး‌မျောပါလာသည့်  လူထု‌အောင်ပွဲရနံ့ ကိုလည်း သင်းသင်းပျံ့ပျံ့က‌လေး ရရှိ‌နေပြီ ဖြစ်၏။

(၂)
ဖနွမ်းပင် အာစီယံ ညီလာခံမသွားခင် ဗမာပြည်ကို ဝင်လာမည် ဖြစ်‌ကြောင်း ‌ပြောဆိုထားခဲ့ သည့်အတိုင်း နိုဝင်ဘာ ၁၉ ရက်‌နေ့ အ‌မေရိကန် သမ္မတ အိုဘားမားနှင့် ‌ဟေလာရီ ကလင်တင်တို့ ဗမာပြည်ကို ‌ရောက်လာခဲ့ကြပုံ၊ ရန်ကုန်မှာ ‌ဒေါ်‌အောင်ဆန်းစုကြည်၊ အရပ်ဝတ် အ‌ရေခြုံ သမ္မတ သိန်းစိန်၊ လွှတ်‌တော်ဥက္ကဌ ‌ရွှေမန်းတို့နှင့်‌တွေ့ပုံ၊ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်း‌ပြောပုံ‌တွေကို အွန်လိုင်းမှာ ‌တွေ့ရ မြင်ရ ကြားရသည်။

ယခုလဆန်းပိုင်း အိုဘားမား သမ္မတအဖြစ်  ပြန်လည် အ‌ရွေး‌ကောက်ခံရစဉ်က  ‌ပြောကြားခဲ့‌သော မိန့်ခွန်းကို နှစ်ခြိုက်သည့် ဗမာနိုင်ငံသားများအ‌နေဖြင့်  ရန်ကုန်တက္ကသိုလ်မှာ ‌ပြောသွားသည့် မိန့်ခွန်းကို ပို၍ သ‌ဘောကျကြလိမ့်မည် ဖြစ်သည်။

စစ်တပ်သည် အရပ်သားအစိုးရ လက်‌အောက်တွင် ရှိရမည် ဖြစ်‌ကြောင်း၊ တိုင်းရင်းသား အ‌ရေး ‌ဖြေရှင်းဖို့ရန် နိုင်ငံ‌ရေးနည်းအရ ‌ဆွေး‌နွေးရမည် ဖြစ်‌ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်‌ရေး လုပ် ‌ဆောင်ရမည် ဖြစ်‌ကြောင်း ‌ပြောသွားသည်ကို စိတ်‌စေတနာမှန်‌သော ဗမာပြည်သားတိုင်းပင် သ‌ဘောကျ ‌ထောက်ခံကြသည်။

ဒီမိုက‌ရေစီ‌ရေး ချီတက်ရာမှာ အမျိုးသား ပြန်လည်သင့်မြတ်‌ရေးက အ‌ရေးကြီး‌ကြောင်း၊  အမျိုးသား ပြန်လည်သင့်မြတ်မှုမရှိလျှင် ပြုပြင်‌ပြောင်းလဲ‌ရေး ‌အောင်မြင်မည် မဟုတ်‌ကြောင်းလည်း  အိုဘားမားက အ‌လေးထား ‌ပြောကြားသွားသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားလာသည့် ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်သည့် အိုဘားမား၏ သ‌ဘော ထားအမြင်များကိုမူ အထူးသဖြင့် ရခိုင်အမျိုးသားများက မ‌ထောက်ခံနိုင်ကြ။ စစ်အစိုးရက တိုင်းရင်း သား‌တွေကို ကျူး‌ကျော်စစ်ပြု‌နေသည့်ကိစ္စနှင့် ယခုကိစ္စမှာ တခြားစီ ဖြစ်‌ကြောင်း၊ ယခုကိစ္စမှာ ခိုးဝင်လာပြီး လူမျိုး‌ရေးအရ ဝါးမြို နယ်ချဲ့လာသည့်ကိစ္စ ဖြစ်‌ကြောင်း ‌ပြောကြသည်။ နယ်‌မြေခံ စစ်အုပ်စု တာဝန်ရှိသူ များက  ရခိုင် ‌ကျေးရွာအချို့မှ အိမ်တွင်းသုံး ဓားမ၊  ဓားရှည်၊  လှံတို၊ ‌လေးခွ စသည့် လက်နက်ပစ္စည်းများ ကို လိုက်လံသိမ်းဆည်းပြီး ဘဂင်္ါလီအိမ်များ၊ ဘဂင်္ါလီရွာများကိုမူ ‌သေချာ‌စေ့ငုစွာ ရှာ‌ဖွေသိမ်းဆည်းမှု မလုပ်သည့်အတွက်လည်း ရခိုင်အမျိုးသားတို့အ‌နေဖြင့် စစ်အုပ်စုအ‌ပေါ်အမြင်မရှင်း။

ဘဂင်္ါလီရိုဟင်ဂျာများကို ဗမာနိုင်ငံဘက်မှလာသူ‌တွေ ဆိုပြီး ဘဂင်္လား‌ဒေ့ရှ်က လက်မခံ။ အချို့ ပုဂ္ဂိုလ်များက ဘဂင်္လားဒက်ရှ်အ‌နေဖြင့် ၎င်းတို့နိုင်ငံသားများကို ဗမာနိုင်ငံ၊ မ‌လေးရှားနိုင်ငံများသို့ သွား ‌ရောက် အ‌ခြေချ‌နေထိုင်‌စေရန် တွန်းအား‌ပေးလုပ်‌ဆောင်ခဲ့သည်မှာ ကာလကြာမြင့်လှပြီ ဖြစ်‌ကြောင်း ‌ပြောကြသည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်ကလည်း ဤကိစ္စမှာ နယ်စပ်‌ရေးရာ ပြဿနာ ဖြစ်‌ကြောင်း ‌ပြော၏။
အိုဘားမားက‌တော့ သူ‌နေထိုင်‌နေ‌သော အ‌မေရိကန်နိုင်ငံ ၏ ‌နောက်ခံသမိုင်းနှင့် နှိုင်းယှဉ်ကာ   လူသားချင်းစာနာမှု၊ လူမျိုးစုံ၊ ယဉ်‌ကျေးမှုမျိုးစုံ ချစ်ကြည်ရင်းနှီးမှုဖြင့် အတူယှဉ်တွဲ‌နေထိုင်‌ရေးကို ဦးတည် ‌ပြောဆိုခြင်း ဖြစ်သည်။

အချို့ပုဂ္ဂိုလ်များက ကမ္ဘာ့ရွာဟူ၍ ‌ခေါ်ဆိုလာရ‌သောယခု‌ခေတ်ထဲမှာ လူသားချင်းစာနာ ‌ထောက် ထားမှုဖြင့် အပြည်ပြည်ဆိုင်ရာ ‌လောကဓာတ်တခွင်လုံး ဖြန့်ကျက်သည့် ကျယ်ပြန့်‌သော အမြင်များ ထားရှိ ရမည် ဖြစ်‌ကြောင်း၊ အမြင်ကျဉ်း‌မြောင်းစွာဖြင့် ဝါးလုံး‌ခေါင်းထဲ လသာ‌နေ၍ မဖြစ်‌ကြောင်း၊  မိမိတို့နိုင်ငံ အတွင်း မှားယွင်းသည့် စနစ်နှင့်  အုပ်ချုပ်သူများ၏ အသုံးမကျမှု‌ကြောင့် ပြည်ပသို့ထွက်ခွာ လုပ်ကိုင်‌နေ ကြရသူ‌တွေ သန်းနှင့်ချီ၍ရှိ‌နေပြီး ၊ အ‌ကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ‌ရောက်ရှိကာ ထိုနိုင်ငံများ ၏ နိုင်ငံသားအဖြစ် ‌နေထိုင်‌နေကြရသူ‌တွေလည်း သိန်းနှင့်ချီ၍ ရှိ‌နေ‌ကြောင်း၊  မိမိတို့ ကိုယ်တိုင်က ဒုက္ခ ‌ရောက်ပြီး သူများနိုင်ငံထဲ သွား‌နေကြရသူများ အ‌နေဖြင့်၊ ကာလကြာမြင့်စွာကပင် မိမိတို့လို ဒုက္ခ‌တွေ့ ကြုံခဲ့ကြရသူများအ‌ပေါ် စာနာ‌ထောက်ထား တတ်ရမည် ဖြစ်‌ကြောင်း ‌ပြောကြသည်။
အ‌ရေခြုံသမ္မတသိန်းစိန်က မိမိတို့ တိုင်းပြည်ထဲ မျိုးဆက် ၂ဆက်၃ဆက်‌နေလာခဲ့သူများကို ‌မွေးဖွား မှုနှုန်း ထိန်းချုပ်ခြင်းမျိုးလို အကန့်အသတ်ဖြင့်ပင် ဖြစ်‌စေ နိုင်ငံသားအခွင့်အ‌ရေးများ ‌ပေးကြရမည် ဖြစ် ‌ကြောင်း အာစီယံမှာ ‌ပြော၏။

အချို့ကလည်း ဘဂင်္လီရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ အ‌သေအချာစစ်‌ဆေးပြီး ၁၉၈၂ ဥပ‌ဒေနှင့် အညီ နိုင်ငံသားဖြစ်သင့်သူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည် ဖြစ်‌ကြောင်း လုပ်နိုင်သ‌လောက် အကျိုးခံစားခွင့်များကိုလည်း ‌ပေးကြရမည် ဖြစ်‌ကြောင်း ‌ပြောကြသည်။

နိုင်ငံသား အခွင့်အ‌ရေးနှင့် တိုင်းရင်းသား အခွင့်အ‌ရေးမှာ တကဏ္ဍစီ ဖြစ်၍ ၎င်းတို့အ‌နေဖြင့် ကိုယ့်လူမျိုးနှင့်ကိုယ် သီးခြားပြည်နယ်၊ သီးခြားအုပ်ချုပ်ခွင့်များ ရရှိမည် မဟုတ်ပဲ ၎င်းတို့‌နေထိုင်ရာ ပြည်နယ်‌ဒေသတွင်းမှ အုပ်ချုပ်‌ရေး တရားစီရင်‌ရေးများ ‌အောက်တွင်သာ နိုင်ငံသားများအဖြစ် လွတ်လပ် စွာ လိုက်နာ ကျင့်သုံး ‌နေထိုင်နိုင်ကြမည် ဟု ဆိုသူများလည်း ရှိ‌လေသည်။

(၃)
ဗမာလား မြန်မာလား အငြင်းပွားမှု‌တွေ ရှိ‌နေဆဲ ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်း‌ပြောကြား‌သော ဗီဒီယိုသတင်းတွင် အိုဘားမားက “ မြန်မာနိုင်ငံ  မဂင်္လာပါ ” ဟု နှုတ်ဆက်သွားသည့်ကိစ္စအ‌ပေါ် မီဒီယာ အချို့အပါအဝင် စစ်အုပ်စုအလိုကျ “မြန်မာနိုင်ငံ” ဟု သတ်မှတ်‌ခေါ်ဆို‌စေချင်ကြသူများ လက်ခ‌မောင်း ထ၍ ခတ်လိုက်ကြသည်ကို ‌တွေ့ရသည်။

တကယ်‌တော့ ဗမာလား မြန်မာလားဆိုသည်ကို အိုဘားမားက အဆုံးအဖြတ် ‌ပေးလိုက်ခြင်း မဟုတ်။ နိုင်ငံတကာမှ နှုတ်ခွန်းဆက်စကားများကို  ကမ္ဘာပတ်‌နေကြသူတိုင်း ‌လေ့လာသင်ယူ ‌ပြောဆို တတ်ကြသည်မှာ ထုံးစံတခုလိုပင် ဖြစ်‌နေသည်။ ဗမာနိုင်ငံတခုလုံးကို ခြုံလျက် “ဘားမား မဂင်္လာပါ” ဟုဆိုလျှင် အဂင်္လိပ်တဝက် ဗမာတဝက် ဖြစ်ပြီး၊ ဘားမားမှာ သူ့အမည်နှင့်လည်း တူ‌နေသည် ဖြစ်၍၊ ‌နောက်က မဂင်္လာပါ ဆို‌သောစကားပါ ထပ်ဆင့်လိုက်ပါက ဆိုလိုရင်းအဓိပ္ပါယ် လုံး‌ထွေးသွားနိုင်မည် ဖြစ်သည်။  ထို့‌ကြောင့် မြန်မာလို နှုတ်ခွန်းဆက် စကား၌ ထည့်သွင်းသုံးစွဲရန်အတွက်၊ အဂင်္လိပ်လို ဘားမား ကို မြန်မာလို ဘယ်လို‌ခေါ်သလဲ ‌မေးမြန်း‌လေ့လာရာတွင် မြန်မာနိုင်ငံဟု ‌ခေါ်‌ကြောင်း သင်‌ပေးလိုက် ကြ‌ပေလိမ့်မည်။ မြန်မာစာဖြင့် ‌ရေးသားရာတွင် မြန်မာနိုင်ငံဆို‌သော စာလုံးကို စစ်အုပ်စုဘက်က‌ကော  အတိုက်အခံ အ‌တော်များများဘက်ကပါ ခပ်လွယ်လွယ် ‌ရေးသား‌ပြောဆို ‌နေကြသည် ဖြစ်၍ ထိုစကားလုံးနှင့်ပတ်သက်ပြီး ပြဿနာ မရှိနိုင်ဟုလည်း  အိုဘားမားက ယူဆခဲ့‌ပေ လိမ့်မည်။ ရန်ကုန် တက္ကသိုလ်၌ နှုတ်ခွန်းဆက်‌ပြောဆိုရာတွင် ဗမာနိုင်ငံကို မြန်မာနိုင်ငံဟု ‌ပြောလိုက် ‌သော်လည်း၊ ရန်ကုန်ကို‌တော့ စစ်အုပ်စုတို့ စာလုံး‌ပေါင်းထားသလို ဝိုင်အသံဖြင့် Yangon ဟု မ‌ပြောပဲ၊ အာရ်အသံဖြင့် Rangoon ဟု နှစ်ကြိမ် သုံးကြိမ်တိုင် ပီပီသသ ရွတ်ဆို‌ပြောကြားသွားသည်ကို ‌တွေ့ကြရ မည် ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်တွင် မြန်မာနိုင်ငံဟု နှုတ်ခွန်းဆက် ‌ပြောဆိုလိုက်‌သော်လည်း ‌ဒေါ်‌အောင် ဆန်းစုကြည် အိမ်‌ရှေ့စကြင်္ံ၌ ထုတ်ပြန်ချက် အကျဉ်းချုပ် ‌ပြောဆိုသည့် ဗီဒီယိုမှာ‌တော့  ‌ဒေါ်‌အောင်ဆန်း စုကြည်‌ကော အိုဘားမားပါ ဗမာနိုင်ငံကို ဘားမားဟု ‌ခေါ်ဆို‌ပြောကြားသွား‌ကြောင်း  ‌တွေ့ကြရမည် ဖြစ် သည်။ ရန်ကုန်ဟူ‌သော အမည်ကို ‌ပြောကြားရာတွင်မူ အိုဘားမားမှာ ‌ဟော‌ပြောစင်က‌လေး‌ပေါ် တင်ထား‌သော စာရွက်ကို ငုံကြည့်ပြီး ဝိုင်အသံဖြင့် yangon ဟု ‌ပြောသွားသည်ကို ‌တွေ့ရမည် ဖြစ်သည်။ အာရ်အသံဖြင့် ‌ခေါ်‌နေကျ Rangoon လို သွက်သွက်လက်လက် မ‌ခေါ်‌ဝေါ်မ‌ပြောဆိုနိုင်ပဲ အနည်းငယ် ဆုတ်ဆိုင်းသွားသည်ကိုလည်း ‌တွေ့ရှိနိုင်မည် ဖြစ်‌လေသည်။

တကယ်‌တော့ အိုဘားမားမှာ ဗမာနိုင်ငံ (ဘားမား) ကို ‌ကောင်းစွာသိပြီး၊ ရန်ကုန်ကိုလည်း ရင်းနှီးစွာ ကြားသိဖတ်ရှုထားခဲ့သူ ဖြစ်သည်။ စစ်အုပ်စုလက်‌အောက်မှ မလွတ်‌မြောက်‌သေး‌သော နိုင်ငံ အတွင်း အ‌ခေါ်အ‌ဝေါ်‌တွေကအစ လိုက်ပြီး ချုပ်ချယ်ကန့်သတ် ခံ‌နေရသည်ကိုလည်း အိုဘားမား စိတ်ကျဉ်းကျပ်စွာ သိမြင်သွားခဲ့မည် ဖြစ်သည်။ ထို့‌ကြောင့် မြန်မာနိုင်ငံဟူ‌သော စကားကို စတင် နှုတ်ခွန်း ဆက် ‌ပြောဆိုရာတွင်သာ အသုံးပြုခဲ့ပြီး၊ မိန့်ခွန်းထဲတွင်မူ ဘားမားဟုလည်းမ‌ခေါ် မြန်မာ ဟုလည်းမ‌ခေါ်ပဲ this country (ဒီနိုင်ငံ) ဟုသာ ‌ခေါ်‌ဝေါ်သွားသည်ကို ‌တွေ့ရမည် ဖြစ်သည်။

ကမ္ဘာက သိ‌နေကြသည့်အတိုင်း အဂင်္လိပ်လို ဘားမားဟု ‌ခေါ်ပြီး၊ မြန်မာလို မြန်မာနိုင်ငံ ဟု‌ခေါ် လျှင် ပြဿနာ သိပ်မရှိနိုင်။ ပြည်တွင်းက ‌လေ့လာအား‌ကောင်း‌သော တိုင်းရင်းသားလူမျိုးစုများ၊ သမိုင်း ပညာရှင်များနှင့်သာ ယခင်စစ်အုပ်စု‌ဟောင်း၏ လက်ဝါးကြီးအုပ်လိုမှုအ‌ပေါ်  ပြဿနာ အနည်းငယ် ရှိနိုင် မည် ဖြစ်သည်။ စစ်အုပ်စု၏ သမိုင်း‌ဖျောက်ဖျက်လက်ဝါး ကြီးအုပ်လိုမှုများမှာ  မြို့ရွာအမည်‌တွေကအစ ကမ္ဘာက ရင်းနှီးထားပြီးဖြစ်သည့် အဂင်္လိပ်လို စာလုံး‌ပေါင်း အ‌ခေါ်အ‌ဝေါ်‌တွေကိုပါ လိုက်၍ ပြင်ခြင်း ဖြစ် ‌သော‌ကြောင့် ၊ဗမာနိုင်ငံအ‌ကြောင်း ဖတ်ရှုကြားသိပြီး လာ‌ရောက် ‌လေ့လာကြ‌သော နိုင်ငံခြားဧည့် သည်များ အ‌နေဖြင့်ပါ ၎င်းတို့ ဖတ်ရှုထားသည့် စာအုပ်များ၊ လမ်းညွှန်‌မြေပုံများနှင့် ကိုက်ညှိကာ ကသိက‌အောက် ဖြစ်ကြရ‌လေသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်က‌တော့ ဘားမားဟုသာ ဆက်၍‌ခေါ်မည် ဖြစ်‌ကြောင်း ‌ကြေညာသည်။ ပြီးခဲ့‌သော နှစ်ဆန်းပိုင်း ပြည်ပခရီး၌ ဘားမားဟု ‌ပြောခဲ့သည်ကို ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က သတိ‌ပေး ခဲ့‌သော်လည်း မနာခံ။ အိန္ဒိယခရီးအတွင်း ‌ပြောဆိုသုံးနှုန်းခဲ့မှုများနှင့် ပတ်သက်၍ ယခုထပ်မံ သတိ‌ပေး ‌တော့လည်း မနာခံ။ အများပြည်သူ၏ ဆန္ဒကိုမယူပဲ စစ်အုပ်စုအကြိုက် ဗိုလ်ခင်ညွန့်တို့ လုပ်ခဲ့သည့် အလုပ်ဖြစ်‌သော‌ကြောင့် မလိုက်နာနိုင်သည့်အပြင် ၂၀၀၈ အ‌ခြေခံဥပ‌ဒေထဲ၌ပါ ထည့်သွင်းပြဌာန်းထား သည်ကိုလည်း လက်မခံနိုင် ဟု ဆိုသည်။  ၂၀၀၈ အ‌ခြေခံဥပ‌ဒေကိုလည်း ပြင်ဆင်ရမည် ဖြစ်‌ကြောင်း ဒီရက်ပိုင်းထဲမှာပင် သူမထံမှ အသံထွက်လာခဲ့သည်။ အိုဘားမား တို့ မစ္စစ်ကလင်တန်တို့နှင့် ထပ်မံ‌တွေ့ဆုံ စကား‌ပြောဆိုလိုက်ရခြင်းမှာ ‌ဒေါ်‌အောင်ဆန်းစုကြည်အဖို့ အမှန်တရားဘက်တွင် ပြတ်ပြတ်သားသား ရပ် တည် ‌ပြောဆိုရဲသည့် သတ္တိ‌တွေ ပိုမိုအင်အား‌ကောင်းစွာ ပြန်လည်ရရှိလာသည်ဟု ဆိုနိုင်မည် ဖြစ်သည်။

အိုဘားမားတို့ ပြန်သွားပြီး‌နောက်၊ ရက်ပိုင်းအတွင်းမှာပင် ဗမာပြည်သို့ ‌ရောက်ရှိလာခဲ့‌သော နယူးဇီလန်ဝန်ကြီးချုပ်နှင့်လည်း ‌နေပြည်‌တော်တွင် ‌တွေ့ဆုံခဲ့သည်။ နယူးဇီလန်က ဗမာနိုင်ငံကို လူသားချင်း စာနာ‌ထောက်ထားမှု အကူအညီ ‌ဒေါ်လာ ၇သန်း‌ပေးမည့် ကိစ္စအ‌ပေါ် နယူးဇီလန် ဝန်ကြီးချုပ် အား  ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောကြားခဲ့‌သော စကားမှာ ဗမာနိုင်ငံပြည်သူလူထုအတွက် အားရ ‌ကျေနပ် ဖွယ်‌ကောင်းသည်။ ‌ပေးလာမည့် အကူအညီသည် ပြည်သူလူထု၏ အင်အားကို  ဖြည့်တင်းသည့် အ‌နေဖြင့် ကူညီရမည် ဖြစ်‌ကြောင်း၊ အင်အား‌ကောင်း‌နေပြီးဖြစ်သည့် အစိုးရကို ထပ်မံ အင်အားဖြည့် ‌ပေးမည်ဆိုလျှင် ‌တော့ ဗမာနိုင်ငံ၏ ဒီမိုက‌ရေစီ ခရီးလမ်း‌ကြောင်းမှာ  အလှမ်း‌ဝေး ‌နှောင့်‌နှေးသွားနိုင်‌ကြောင်း ‌ဒေါ်စု ‌ပြောခဲ့သည်။ လက်ပန်း‌တောင်း‌တောင် ‌ကြေးနီစီမံကိန်း ဖျက်သိမ်းပစ်ရန်အတွက် သပိတ်စခန်းဖွင့် ဆန္ဒပြ ‌တောင်းဆို‌နေ‌သော ‌ဒေသခံပြည်သူများထံသို့ သွား‌ရောက်‌တွေ့ဆုံမည်ဟုလည်း ဆို၏။  အချိန်မ‌ရွေး လုပ်ကြံခံရနိုင်၊ ဖမ်းဆီး‌ထောင်ချခံရနိုင်သည့် စစ်အုပ်စု လက်ခုပ်ထဲက‌ရေလို ဖြစ်‌နေ‌သော အ‌နေအထား၌၊ ပြီးခဲ့‌သော နှစ်လအနည်းငယ်ကလို စစ်အုပ်စု အကြိုက် လိုက်မ‌ပြောပဲ လူထုဘက်က ရပ်တည် ‌ပြောဆိုလာ ခြင်းအတွက် ‌ဒေါ်‌အောင်ဆန်းစုကြည်အား ‌နွေး‌ထွေး လှိုက်လှဲစွာ ကြိုဆိုရမည် ဖြစ်သည်။

အိုဘားမား ဗမာနိုင်ငံသို့ လာ‌ရောက်စဉ်က အရပ်ဝတ်အ‌ရေခြုံအစိုးရအား ‌မြောက်ကိုရီးယားနှင့် ဆက်ဆံပတ်သက်မှု မပြုရန် ‌ပြောဆိုခဲ့‌ကြောင်း သိရှိရပြီး  ရက်အနည်းငယ်အတွင်းမှာပင် ‌မြောက်ကိုရီး ယားမှ ဗမာနိုင်ငံသို့တင်ပို့မည့် အနုမြူလက်နက်သုံး ကုန်ကြမ်းပစ္စည်းများ သယ်‌ဆောင်လာသည့် သ‌ဘေင်္ာ အား ဂျပန်က ဖမ်းမိခဲ့‌ကြောင်း သတင်းကို ကြားခဲ့ကြရသည်။ လျှို့လျှို့ဝှက်ဝှက် ကလိမ်ကကျစ် လုပ်တတ် ‌သော စစ်အုပ်စုတပ်များနှင့်အတူ ပူးတွဲစစ်‌ရေး‌လေ့ကျင့်မည် အစီအစဉ်ကို အ‌မေရိကန်က ယုံကြည်မှု ဆက်လက်ထားနိုင်ပါဦးမည်လား။
(၄)
ဝန်ကြီးဦး‌အောင်မင်းနှင့် လက်ပန်‌တောင်း‌တောင် ‌ကြေးနီစီမံကိန်း ဖျက်သိမ်း‌ရေး ‌တောင်းဆိုသူများ ‌တွေ့ဆုံကြသည့် ရုပ်သံသတင်းမှာ စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါး‌စေများမှလွဲ၍ အများပြည်သူလူထု အတွက် အ‌တော်ပင် ကြည့်‌ကောင်းလှသည့် သတင်းဖြစ်သည်။  ဆရာ‌တော် သံဃာ‌တော်များကို အမှူး ထား၍ နှစ်ဘက် ‌လျှောက်ထား‌ဆွေး‌နွေး‌ပြောဆိုကြခြင်း ဖြစ်၏။   စီမံကိန်းကို လုံးဝဖျက်သိမ်းရမည့် ကိစ္စ နှင့် ပတ်သက်၍ ‌ဒေသခံ ရွာသူက‌လေး၏ ‌ပြောကြားမှုများကို ဝန်ကြီး ဦး‌အောင်မင်း မည်သို့မျှ ‌စောဒက တက် မ‌ချေပနိုင်ပဲ၊ ဤကိစ္စမှာ ဟိုယခင် စစ်အစိုးရလက်ထက်ကတည်းက လုပ်လာခဲ့သည့်ကိစ္စ ဖြစ် ‌ကြောင်း၊ (သူတို့အဖွဲ့နှင့် မဆိုင်ရ‌ကြောင်း ‌ပြောလိုခြင်း ဖြစ်ပုံရသည်။) သူတို့မှာ တရုတ်ကိုလည်း ‌ကြောက်‌နေရ‌ကြောင်း၊ မြစ်ဆုံစီမံကိန်းတခုတည်းကိုပင် ဖျက်သိမ်းလိုက်မည် ဆိုပါက   တရုတ်ကို ‌ဒေါ်လာ သန်း ၃‌ထောင်ခန့် ‌ပေး‌လျော်ရမည် ဖြစ်‌ကြောင်း၊ တပည့်‌တော်တို့ဘက်ကို ‌ထောက်ထား နားလည်‌စေ လို‌ကြောင်း၊ တပည့်‌တော်တို့ကလည်း တရုတ်ရဲ့ ‌ကျေးဇူးကို ‌ထောက်ထားရ‌ကြောင်း၊ ၈၈မှာ တိုင်းပြည် ပျက်‌တော့ ၎င်းတို့စစ်အုပ်စု စားစရာမရှိစဉ်၊ မူဆယ်လမ်း ဘက်က‌နေ ရိက္ခာ‌တွေ သွင်းရ‌ကြောင်း၊ တိန်‌ရှောက်ဖိန်လက်ထက် တရုတ်က ဗကပကို အကူအညီ ဖြတ်‌တောက်လိုက်‌သော‌ကြောင့်  ဗကပ ပြိုကွဲ သွားခဲ့‌ကြောင်း၊ ထို‌ကျေးဇူး‌တွေ ရှိ‌နေ‌ကြောင်း၊ ယခု တရုတ်ကို စိတ်ဆိုး‌အောင်လုပ်မည်ဆိုလျှင် တရုတ်က နယ်စပ်မှအဖွဲ့‌တွေကို အကူအညီ ပြန်‌ပေးနိုင်‌ကြောင်း၊ ထိုအခါတွင် ၎င်းတို့အ‌နေဖြင့် စီးပွား‌ရေး ဖွံ့ဖြိုး‌ရေးကိစ္စများ လုပ်သည့်‌နေရာတွင် (ကာကွယ်‌ရေးအတွက်)  ‌နောက်ပြန်လှည့်ကြည့်‌နေရမည် ဖြစ်‌ကြောင်း ‌ပြောသည်။ ‌ဒေသခံ‌ခေါင်း‌ဆောင် အမျိုးသမီးငယ်ကမူ တရုတ်ကို ‌ကျေးဇူးဆပ်ခဲ့ရ‌ပေါင်း များပြီ  ဖြစ်၍ မဆပ်နိုင်‌တော့‌ကြောင်း ‌ပြောပြီး၊ မိမိတို့ကိုယ်‌တွေ့  ကြုံဆုံ‌နေရသည့် လက်ရှိ အ‌ခြေအ‌နေနှင့် အနာဂတ် အတွက် ဆိုးဝါးသည့် ရလဒ်များ ရရှိလာမည့်အ‌ပေါ် အ‌ခြေခံကာ အမှန်တရားဘက်မှ ရပ်တည် ‌တောင်းဆို သွားသည်။ ဦး‌အောင်မင်း ဘာမျှ မ‌ပြောသာ‌ချေ။ တအင်းအင်း တအဲ့အဲ့ဖြင့် ကြားဖြတ် ‌ပြောဆိုရန် ကြိုးစား‌သေး‌သော်လည်း ရပ်တည်ချက် ခိုင်မာ‌သော အမျိုးသမီးငယ်ကို မယှဉ်နိုင်။ ဦး‌အောင်မင်း လှီးလွှဲ‌ပြောဆိုသည့် စကား‌တွေမှာ ‌ပေါက်ပန်း‌ဈေးစကားများ ဖြစ်‌နေပြီး၊ ‌ခြေကာလက်ကာဖြင့် ဆင်‌ခြေ‌ပေးလိုက်သည့် စကားများ အတွင်း “တချို့ ဥစ္စာ‌တွေကျ‌တော့ ချ‌ပြောလို့ မ‌ကောင်းတဲ့ ကိစ္စ‌တွေ” ဆို‌သော စကား၊ “ စိတ်ထဲ မှာပဲထား ဘာမှ ဟိုဒင်း မဖြစ်နဲ့” စ‌သော စကားများမှာလည်း ပွင့်လင်းမြင်သာမှု မရှိ‌သော၊ မရိုးမသား လုပ်တတ်‌သော အ‌ရေခြုံ အစိုးရတရပ်၏ ရုပ်လုံးကို ပီပြင်စွာ ‌ဖော်ပြ‌နေ‌လေသည်။

တကယ်‌တော့ ဗမာနိုင်ငံ စစ်အုပ်စု အ‌နေဖြင့် တရုတ်ကို သန်းသုံး‌ထောင်‌လျော်ရမည် ဆိုလျှင်ပင် ‌လျော်‌ပေးနိုင်သည့် အ‌ခြေအ‌နေရှိသည်။ ကမ္ဘာ့ဘဏ်၏ အ‌ကြွေး‌တွေ သန်းဘယ်နှစ်ရာ၊ ဂျပန်အ‌ကြွေးက သန်းဘယ်နှစ်ရာ၊ ဘယ်နိုင်ငံ‌တွေရဲ့အ‌ကြွေးက သန်းဘယ်နှစ်‌ထောင် စသဖြင့် ‌ပြောဆို‌နေ‌သော်လည်း ၎င်းတို့စစ်အုပ်စု မတရားသဖြင့် ရယူထားသည့် နိုင်ငံခြား‌ငွေများ၊ ကြံ‌တောသခင်္ျိုင်းလို၊ ပန်းဆိုးတန်း စာကြည့်တိုက်လို၊ ရန်ကုန်မန္တ‌လေးလို မြို့ပြ ‌နေရာအနှံအပြားမှ ‌မြေကွက်အများအပြား‌ရောင်းချ ထားသည့် ‌ငွေများ၊ ဗမာနိုင်ငံ ‌မြေ‌ပေါ်‌မြေ‌အောက် သယံဇာတ အမျိုးမျိုးကို လက်ညှိုးထိုး ‌ရောင်းစားခဲ့ကြသည့် ‌ငွေများ၊ နိုင်ငံခြားမှာ ရင်းနှီးမြုပ်နှံထားသည့် ‌ငွေများ၊ နိုင်ငံခြားက ဘဏ်‌တွေမှာ တိတ်တဆိတ် အပ်နှံသိုဝှက် ထားကြသည့် ‌ငွေများမှာ သန်းသုံး‌ထောင်မက သန်းသုံး‌သောင်းမက ရှိ‌နေလိမ့်မည်ဖြစ် သည်။  လူထုကို တစုံတရာ ‌ကောင်းကျိုးမပြုပဲ ၎င်းတို့အုပ်စုနှင့် လက်ပါး‌စေများသာ အခွင့်ထူးခံ ခဲ့‌သော စစ်အစိုးရအ‌နေဖြင့် မည်သို့ပင် အရပ်ဝတ်အ‌ရေခြုံအသွင်‌ပြောင်းပြ‌စေကာမူ ၎င်းတို့လုပ်‌ဆောင်ခဲ့သည့် ကိစ္စများအတွက် ၎င်းတို့ ကိုယ်တိုင်ပင် တာဝန်ယူ ‌ဖြေရှင်းကြရမည် ဖြစ်‌လေသည်။
စစ်အုပ်စုက ၎င်းတို့လုပ်‌နေကျ အကျင့်များအတိုင်း နံပါတ်တုတ်ကိုင် ဒိုင်းကိုင် လုံခြုံ‌ရေးတပ်ဖွဲ့များ၊ ပုလိပ်များဖြင့် အင်အားသုံး ဖြိုခွဲလာနိုင်သည့်ကိစ္စကို ကြိုတင်တွက်ဆထားပြီး‌သော ဆန္ဒပြ ပြည်သူလူထု အ‌နေဖြင့် မည်သို့မျှ မှု‌နေလိမ့်မည် မဟုတ်‌ချေ။ စစ်အုပ်စု ဒလံများ၏ ‌ကြောက်‌သွေးမွှန်စွာ ‌ရှောင်တိမ်း ဆုတ်ခွာ‌ရေး အစီအစဉ်များ‌နောက်သို့လည်း ‌ရော‌ယောင်လိုက်ပါကြလိမ့်မည် မဟုတ်။  ခိုင်မာ‌သော ရပ်တည်ချက်ဖြင့် မဆုတ်မနစ် ‌တောင်းဆိုမှုများကို စစ်အုပ်စု  လျစ်လျူရှု၍ မရနိုင်။ အင်အားသုံး ပိတ်ဆို့တားဆီး၍လည်း မရနိုင်။ စစ်အုပ်စုက အင်အားသုံး အကြမ်းဖက် ဖြိုခွဲလာမည် ဆိုလျှင်လည်း ‌ဒေါ်‌အောင်ဆန်းစုကြည်၏ မူအတိုင်း ငြိမ်းချမ်းစွာ ရင်ဆိုင်သွားမည်သာ ဖြစ်သည်။

လက်ပန်‌တောင်း‌တောင်ကိစ္စသည် ဗမာတပြည်လုံး၏ အ‌ရေးကိစ္စတိုင်းနှင့် ဆက်နွယ်ပတ်သက် ‌နေ၏။ ‌မြေသိမ်းခံ လယ်သမားများအ‌ရေး၊ တိုင်းတပါးသားတို့၏ ကျွန်ပြု‌စော်ကား မခန့်‌လေးစား ဆက်ဆံ ခံရ‌သော လစာနည်း ဝန်ထမ်းများအ‌ရေး၊  စီမံကိန်းအမျိုးမျိုး နှင့် လက်ညှိုးထိုး ‌ရောင်းစားခံရမှုများ‌ကြောင့် ‌ကျေးရွာ‌တွေ ဖျက်သိမ်း ‌ပြောင်း‌ရွှေ့ရသည့် အနယ်နယ် အရပ်ရပ်မှ ပြည်သူများအ‌ရေး၊ သစ်‌တော‌တွေ ပြုန်းတီး၊ လယ်‌မြေ‌တွေပျက်သုဉ်း၊ လုပ်ငန်းမှစွန့်ပစ်‌သော   ဓာတုပစ္စည်းများ‌ကြောင့် ‌ရေ‌မြေ‌လေ သဘာဝ ပတ်ဝန်းကျင်များ  ပျက်စီးပြီး  ကျန်းမာ‌ရေး ထိခိုက်ရသည့် ‌ဒေသခံများ အ‌ရေး၊ သာသနိက အ‌ဆောက်အဦ များ၊ သာသနာ့ အ‌မွေအနှစ်များ ‌ဖျောက်ဖျက်ခံရမည့် ကိစ္စကို အကာအကွယ်‌ပေးကြသည့် သံဃာ‌တော်တို့ အ‌ရေး စသဖြင့် ဗမာတပြည်လုံး ဖြစ်ပွားခံစား‌နေရသည့် ကိစ္စရပ်တိုင်းနှင့် ဆက်နွယ်လျက် ရှိ‌သော‌ကြောင့် ထိုအ‌ရေးကိစ္စအ‌ပေါ် စာနာစိတ်ဖြင့် ပူး‌ပေါင်းပါဝင်လာကြမည့်သူများ၊ မိမိတို့နယ်‌မြေ‌ဒေသအတွင်း ‌တောင်းဆိုလာကြမည့်သူများ ‌နေရာ အနှံ့အပြားတွင် ရှိ‌နေမည် ဖြစ်သည်။

တတိုင်းတပြည်လုံး အုံကြွ‌တောင်းဆို တိုက်ပွဲဝင်လာကြမည့် အချိန်သည် များစွာ မ‌ဝေး‌တော့‌ချေ။ ညီညွတ်‌ရေးကို နှုတ်ကသာ ‌အော်‌နေပြီး လူမျိုးစုတစုချင်း  ၊ အဖွဲ့အစည်းတခုချင်းစီအတွင်းမှာပင် နည်းမျိုးစုံ ဖြင့် ‌သွေးခွဲထားခြင်းခံ‌နေရ‌သော တိုင်းရင်းသားများကို စစ်အုပ်စုက မစိုးရိမ်။ စစ်အုပ်စု တကယ်တမ်း စိုးရိမ်သည်မှာ ၎င်းတို့၏ ပုလိပ်၊ လုံခြုံ‌ရေး၊ စစ်တပ် နှင့် ဒလံ‌တွေက မည်မျှပင် သပ်လျှို ‌သွေးခွဲ ‌ခြောက်လှန့် ‌သော်လည်း မိမိတို့ ‌တွေ့ကြုံခံစား‌နေရသည့် အ‌ခြေအ‌နေ‌ပေါ်တွင် အချင်းချင်းနားလည်မှုရှိစွာ စည်းလုံးလာ ကြမည်ဖြစ်‌သော လူထုကြီးကိုသာ ဖြစ်‌လေသည်။

‌မြေသိမ်းခံ လယ်သမားများအ‌ရေး၊ အိုးအိမ်ဖျက်ဆီးခံကြရသူများအ‌ရေး၊ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအ‌ရေး၊ ဖျက်ဆီးခံ ဘုန်း‌တော်ကြီး‌ကျောင်းတိုက်များ အ‌ရေး၊ ‌ရွှေလုပ်သားများ အ‌ရေး၊ ပညာသင်ကြားသည့် ‌နေရာအခက်အခဲ ‌တွေ့‌နေ‌သော ‌ကျောင်းသားများအ‌ရေး၊ လက်ပန်‌တောင်း‌တောင် ‌ကြေးနီစီမံကိန်း ဖျက်သိမ်း‌ရေး စသည့် အ‌ရေးအရာ ‌ပေါင်းစုံဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြ‌နေ‌သော လူထုအ‌ပေါ် အကြမ်းဖက် ဖြိုခွဲ ဖိနှိပ် ဖမ်းဆီးမှုများ၊ များသည်ထက်များလာပြီ ဆိုလျှင်‌တော့၊ အသားလွတ် ‌ခေါင်းငုံ့ မခံနိုင်‌တော့သည့် လက်တုန့်ပြန် တွန်းလှန်‌ရေးသည် မလွဲမ‌သွေ ‌ပေါ်‌ပေါက်လာရမည် ဖြစ်၏။

ဖိနှိပ်မှုကို မတွန်းလှန်လျှင် ‌ရှေ့‌လျှောက် မ‌ကျေနပ်၍ ဆန္ဒပြလိုက်၊ အကြမ်းဖက် ဖြိုခွဲ အဖမ်းအဆီး ခံရလိုက်၊ နာမည်‌ကောင်းယူကာ ပြန်လွှတ်‌ပေးခံရလိုက်၊ ဆန္ဒပြန်ပြလိုက်၊ ပြန်၍ အဖမ်းအဆီး အနှိပ်အစက် ခံရလိုက်ဖြင့် မုန့်လုံးစက္ကူကပ်  သံသရာမှ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်‌ချေ။ ဗမာပြည်လူထုအ‌နေဖြင့် စစ်မှန်‌သော ပြည်‌ထောင်စု နှင့် တကယ်တမ်း  ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်‌သော နိုင်ငံကို တည် ‌ထောင်လိုလျှင် လူထုအတွင်း ‌သွေးခွဲ ဖိနှိပ်အုပ်စိုးကာ  တတိုင်းတပြည်လုံးကို ‌ရောင်းစားပြီး ပြည်သူကို ကျွန်ဇာတ်သွင်းခဲ့ကြ‌သော စစ်အုပ်စုနှင့် လက်ပါး‌စေများအား မဖြိုဖျက် မရှင်းလင်းပဲ ‌နေ၍မရ။ လူထုအ‌ပေါ် လိမ်ဉာဏ်ဆင်၍ အကြမ်းဖက် ဖိနှိပ်တတ်‌သော စစ်အုပ်စု တစုလုံး ပြိုကွဲ ချုပ်ငြိမ်းသွား‌စေရန်အတွက် အားထုတ်လုပ်‌ဆောင်ကြရမည် ဖြစ်၏။

စစ်အုပ်စု ဒလံများက လူထုအတွင်း ဝင်‌ရောက်ကာ သာရာစီးဘက်‌ပြောင်းကြမည်ကိုလည်း စိုးရိမ် စရာ မရှိ။ ယခင် အ‌ရေးအခင်းများက ရရှိခဲ့ပြီးဖြစ်သည့် အ‌တွေ့အကြုံများမှာ လူထုအတွက် အ‌တော်ပင် လုံ ‌လောက်‌နေပြီ ဖြစ်သည်။ ဘယ်သူက လူထုဘက်သား၊ ဘယ်သူ‌တွေက စစ်အုပ်စု သူလျှိုဒလံ‌တွေ ဆိုသည် ကို တပြည်လုံးရှိ မြို့နယ် ရပ်ကွက် ‌ကျေးရွာတိုင်း၊ အိမ်နီးနားချင်းတိုင်းက သိရှိထားကြပြီးဖြစ်၍ စစ်အုပ်စု ဘက်သား လူထုသစ္စာ‌ဖောက်များကို ‌ဖော်ထုတ်‌ရေးမှာ များစွာ မခက်ခဲ။ စစ်အုပ်စုလက်‌အောက် ကြိတ်မှိတ် ‌ခေါင်းငုံ့ခံကာ လူထုအုံကြွလာမည့် အ‌ခြေအ‌နေကို ‌စောင့်ကြည့်‌နေခဲ့သည့် တပ်မ‌တော်သား‌ကောင်းများ အ‌နေဖြင့်လည်း လူထုနှင့် အလျင်အမြန် ‌ပေါင်းစည်း ကူညီနိုင်‌ရေး ဖင့်‌နှေး ‌နေကြလိမ့်မည် မဟုတ်‌ချေ။

(၅)
အပစ်အခတ်ရပ်စဲ‌ရေး လုပ်ခဲ့‌သော ရှမ်းပြည်တိုးတက်‌ရေးပါတီ အက်စ်အက်စ်ပီပီ/အက်စ်အက်စ် ‌အေ နယ်‌မြေများတွင် ရက်များမကြာမီက စစ်အုပ်စုတပ်အချို့ ထိုးစစ်ဆင်တိုက်ခိုက်သည့် သတင်းကို ကြားရသည်။ နှစ်ဦးပိုင်း အပစ်အခတ်ရပ်စဲ‌ရေး လုပ်ခဲ့သည်မှ စ၍ ယခုအချိန်ထိ တိုက်ပွဲ‌ပေါင်း ၅ဝ ‌ကျော် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ သ‌ဘောတူညီချက်များကို မလိုက်နာလျှင် အပစ်အခတ်ရပ်စဲ‌ရေး ပျက်နိုင်သည်ဟု  ရှမ်း‌ခေါင်း‌ဆောင်က ‌ပြောလိုက်‌ကြောင်းလည်း ကြားရသည်။ တည်ကြည်မှုမရှိ‌သော ရန်သူ၏ ကတိသစ္စာကို ယုံစား၍မရ။

‌ကေအိုင်အိုသည် ‌ကေအဲန်ယူ‌နောက် နှစ်‌ပေါင်း အတန်ကြာမှ ‌တော်လှန်‌ရေး လုပ်လာခဲ့ပြီး၊ ရန်သူနှင့်လည်း ၁၇ နှစ်တိုင်တိုင် အပစ်အခတ် ရပ်စဲကာ စီးပွား‌ရေးလုပ်ငန်းများ၊ ‌ဒေသဖွံ့ဖြိုး‌ရေးများ လုပ်ခဲ့ သည့် အဖွဲ့အစည်း ဖြစ်သည်။ သို့ရာတွင် ရန်သူ၏ မူမှန်‌သော လုပ်ရပ်များ‌ကြောင့် အပစ်အခတ် ရပ်စဲ‌ရေး ပျက်ပြားပြီး ပြန်လည် ခုခံတိုက်ပွဲဝင်ခဲ့ရာတွင် ခိုင်ကျည်‌သော သန္နိဌာန်ဖြင့် မဆုတ်မနစ် ကြံ့ကြံ့ခံ ရပ်တည် ခဲ့ကြသည်မှာ ‌လေးစားအားကျဖွယ်ရာ ဖြစ်၏ ။

‌ကေအဲန်ယူ အ‌နေဖြင့်မူ ၁၉၄၉ ခုနှစ်ကစ၍ ‌တော်လှန်တိုက်ပွဲဝင်ခဲ့ကြ‌သော်လည်း ‌တော်လှန်‌ရေး အစ  အင်းစိန်တိုက်ပွဲမှာကတည်းက ရန်သူ၏ အ‌ယောင်ပြ ‌စေ့စပ်‌ဆွေး‌နွေးမှုတွင် အလိမ်ခံထိခဲ့ပြီး၊ အလဲ လဲ အကွဲကွဲ ဆုတ်ခွာရကာ၊ တဗိုလ်တမင်းများ  ဖြစ်ခဲ့ရာမှ ‌ခေါင်း‌ဆောင်‌ကောင်းတို့၏ တည့်မတ် လမ်းညွှန် မှု‌ကြောင့် ပြန်လည်ဦး‌မော့လာခဲ့ရသည်။ ထိုမှတဖန် အဖွဲ့အစည်းအတွင်း သ‌ဘောထားအယူအဆ မကိုက် ညီမှုများ ဖြစ်လာချိန်၊ ရန်သူ၏ ဖဲ့ထုတ်စည်းရုံးမှု‌အောက် ၁၉၆၃ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးကို ‌ကေအာရ်စီ နှင့် ‌ကေအဲန်ယူတို့ အကွဲကွဲအပြားပြား သွား‌ရောက် ‌တွေ့ဆုံခဲ့ကြပြီး၊ တဖွဲ့တည်း သီးခြားသွား‌တွေ့‌သော ‌ကေအာရ်စီ‌ကော၊ မဟာမိတ်အချို့နှင့်အတူ မဒညတ တပ်‌ပေါင်းစုအ‌နေဖြင့် သွား‌ရောက် ‌တွေ့ဆုံခဲ့‌သော ‌ကေအဲန်ယူ အဖွဲ့အစည်းပါ တမျိုးတဖုံစီ အလိမ်ခံထိခဲ့ကြပြန်သည်။

ထို့‌နောက်ပိုင်းမှ ယ‌နေ့အထိ အကြိမ်ကြိမ်အဖန်ဖန် ‌တွေ့ဆုံခဲ့သမျှ ညှိနှိုင်း‌ဆွေး‌နွေးမှုများတွင်လည်း ‌ကေအဲန်ယူသည် အလိမ်ခံထိသည့် သခင်္န်းစာကို ထပ်ခါထပ်ခါ ရရှိခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် ဒီ‌ကေဘီ‌အေ တို့၊ ‌ဟောင်သ‌ရော ငြိမ်းချမ်း‌ရေးအဖွဲ့တို့လို စီးပွား‌ရေးမက်လုံး‌ပေးသိမ်းသွင်းမှုမျိုးကို ကြုံလာရ‌သောအခါမှာ ‌တော့ ‌ကေအဲန်ယူထဲမှ တာဝန်ရှိပုဂ္ဂိုလ်အ‌တော်များများပင် ရန်သူ့ဘက်သို့ ယိမ်းသွားကြသည်။ ရန်သူကို တိုက်ခိုက်‌ရေး ‌နှောင့်‌နှေး‌တွေ‌ဝေလာကြသည်။ ကချင်လို ပြတ်ပြတ်သားသား ရပ်တည်မှု မပြုနိုင်‌တော့‌ချေ။
ပုဂ္ဂလိကအကျိုးစီးပွားများ ရယူကာ ဘိတ်ထားဝယ် ‌ရေနက်ဆိပ်ကမ်းစီမံကိန်းကို အ‌နှောက်အယှက်မပြုပဲ ဖွင့်‌ပေးလိုက်‌သော‌ကြောင့် ‌ဒေသခံပြည်သူလူထုများ ဆုံးရှုံးနစ်နာကြရသည့်  ကိစ္စ၊  မိမိနယ်‌မြေထဲ ရန်သူ့ တပ်‌တွေ တိုး၍ ‌နေရာယူလာသည့်ကိစ္စ၊ နယ်‌မြေအတွင်းမှ မဆုတ်ခွာသည့်အပြင် တပ်‌တွေတိုးပို့‌နေသည့် ကိစ္စ၊ ရိက္ခာ‌တွေ လက်နက်ခဲယမ်း‌တွေ တိုးပို့လာသည့်ကိစ္စ၊ ထိုသို့တိုးပို့မှုများ ပြုလုပ်ရန် လမ်းများ ‌ဖောက်‌နေပြင်‌နေသည့်ကိစ္စ၊ ကရင်နီနယ်ထဲ သံချပ်ကား‌တွေ နှင့် စစ်‌ရေးသင်တန်း‌ကျောင်း ဖွင့်သလိုမျိုး မိမိနယ်‌မြေထဲ ‌လေ‌ကြောင်းစစ်ဆင်‌ရေး ‌လေ့ကျင့်ခြိမ်း‌ခြောက်ပြသည့်ကိစ္စ တို့ကို ဘာတခုမျှ ‌စောဒက မတက်နိုင်ပဲ ကြိတ်မှိတ်လျစ်လျူရှု‌နေရသည့် အဖြစ်က‌တော့ ‌ကေအဲန်ယူအတွက် သမိုင်းလှနိုင်လိမ့်မည် မဟုတ်။

ပြည်တွင်းမှ ကရင်လူမှုအဖွဲ့အစည်းများကလည်း စစ်အုပ်စုနှင့် ငြိမ်းချမ်း‌ရေးလုပ်မည့်ကိစ္စအ‌ပေါ် သတိရှိရန်အတွက် ‌ကေအဲန်ယူကို တိုက်တွန်းကြသည်။ အပစ်အခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေး‌နေဆဲမှာပင် စစ်အုပ်စုက ပိုင်ကျုံ၊ လှိုင်းဘွဲ၊ ရှမ်းရွာသစ် တို့၌ လူထုပိုင် လယ်ဧက နှစ်‌သောင်း‌ကျော် သုံး‌သောင်းနီးပါးစီ သိမ်းဆည်းလိုက်သည့် ဖြစ်ရပ်များနှင့် ဆက်လက်သိမ်းယူလာဦးမည့် လုပ်ရပ်များအ‌ပေါ် ‌ကေအဲန်ယူ အ‌နေဖြင့် ကရင်လူထု၏ အကျိုးယုတ်‌လျော့မှုကို အကာအကွယ်‌ပေးရန် တာဝန်ရှိ‌ကြောင်း ‌ပြောဆိုလာကြ သည်။

ယခု ကျင်းပ‌နေသည့် ၁၅ ကြိမ်‌မြောက် ညီလာခံတွင် ‌ကေအဲန်ယူ ဥက္ကဌကြီးက တာဝန်မှ အနားယူ ‌တော့မည်ဟု ‌ကြေညာလိုက်‌ကြောင်းနှင့် သင့်‌တော်‌သော ဗဟို‌ခေါင်း‌ဆောင်များကို အများဆန္ဒအတိုင်း ‌ရွေး‌ကောက် တင်‌မြှောက်သွားမည် ဖြစ်‌ကြောင်း ကြားသိရသည်။ ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များအ‌နေဖြင့် မိမိတို့အတွင်း သ‌ဘောထား မတူကွဲပြားမှုများကို ‌ဘေးချိတ်ကာ၊ ရန်သူနှင့် လုပ်‌နေသည့် အပစ်အခတ် ရပ်စဲ‌ရေးကိစ္စ၊ မိမိနယ်‌မြေတွင်း ဥဒဟိုဝင်‌ရောက် ‌နေရာယူ‌နေသည့်ကိစ္စများ စည်းကမ်းနည်းလမ်းတကျ ဖြစ်‌စေရန်အတွက် ပြည်တွင်း ပြည်ပ ကရင်အမျိုးသားထု၏ ဆန္ဒနှင့်အညီ ခိုင်မာ‌သောမူတရပ်ကို ညီညွတ် စွာ ချမှတ် အ‌ကောင်အထည် ‌ဖော်ကြရမည် ဖြစ်သည်။

တိုင်းရင်းသား လူမျိုးစုံ ပြည်သူများ လွတ်‌မြောက်‌ရေးအတွက် ယူအဲန်အက်ဖ်စီလို  ညီညွတ်‌သော တပ်‌ပေါင်းစု ဖြင့် ကြိုးပမ်းတိုက်ပွဲဝင်‌နေသည့် ‌ကေအဲန်ယူအ‌နေဖြင့် ‌လော‌လောဆယ် ဖြစ်ရှိလာ‌နေ‌သော ဗမာနိုင်ငံတွင်း အဖိနှိပ်ခံ ရဟန်းရှင်လူ  ပြည်သူလူထု၏ ဆန္ဒပြ ‌တောင်းဆို လှုပ်ရှားများကို မျက်ခြည် မပြတ် ‌စောင့်ကြည့်လျက်၊ စစ်အုပ်စု၏ လွန်ကျူး‌သော   ဖိနှိပ်မှုများ‌ကြောင့် အနယ်နယ်အရပ်ရပ်မှ တန်ပြန် အုံကြွလာခဲ့ပြီဆိုလျှင်၊ မိမိတို့၏ မဟာမိတ်များနှင့်အတူ လူထုဘက်မှ ဝင်‌ရောက် ရပ်တည် တုန့်ပြန်နိုင်‌ရေး ‌နှောင့်‌နှေး‌တွေ‌ဝေမှုမရှိရန် နှင့် ဘုံရန်သူကို ဆန့်ကျင်‌နေသည့် အတိုက်အခံ အင်အားစုများအားလုံး စုစည်း ညီညွတ်ကြရန်  အ‌ရေးတကြီး လိုအပ်မည် ဖြစ်‌လေသည်။