Home သတင်း ‌တောင်ငူ‌ဒေသတွင် ရိက္ခာသယ်ရန် အစိုးရတပ် ကားလမ်းပြုပြင်‌နေ

‌တောင်ငူ‌ဒေသတွင် ရိက္ခာသယ်ရန် အစိုးရတပ် ကားလမ်းပြုပြင်‌နေ

1577
နိုဝင်ဘာလ ၉ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ သံ‌တောင်မြို့နယ် ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ထိန်းချုပ်ရာနယ်‌မြေအတွင်း လှုပ်ရှား‌နေသည့် မြန်မာအစိုးရတပ်များသည် ၎င်းတို့၏ ‌ရှေ့တန်းစခန်းများသို့ ရိက္ခာပို့‌ဆောင်ရန် ယခု နိုဝင်ဘာလဆန်းပိုင်းမှစ၍ ကားလမ်းများ စတင် ပြင်ဆင်‌နေပြီဟု သိရသည်။

အဆိုပါ‌ဒေသ၌ အစိုးရတပ်များဖြစ်‌သော တပ်မ(၆၆)လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း-ခလရ (၁)၊ (၅)၊ (၃၅)နှင့် ‌ခြေမြန်တပ်ရင်း – ခမရ(၁၀၈)တို့က ကားလမ်းပြုပြင်မှုကို တာဝန်ယူ ‌ဆောင်ရွက်‌နေခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ ‌တောင်ငူခရိုင်၊ တပ်မဟာ(၂)မှ တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ခမရ(၁၀၈)က လမ်းလုံခြုံ‌ရေးအတွက် တာဝန်ယူတယ်။ ကျန်တဲ့သုံးရင်းက‌တော့ လမ်းပြင်ဖို့အတွက် တာဝန်ယူတယ်လို့ သိရ တယ်။ အစိုးရတပ်က တပ်အင်အား ‌လျှော့ချဖို့ လက္ခဏာလည်း မမြင်ရဘူး။ အရင်နှစ်များလိုပဲ တပ်ရိက္ခာအတွက် သယ်သွားဖို့ ရှိတာကို ‌တွေ့ရတယ်။ လမ်းက ဘယ်‌တော့ပြီးမလဲ ဆိုတာ‌တော့ မသိဘူး”ဟု ‌ပြောသည်။

မြန်မာအစိုးရသည် ‌ကေအဲန်ယူနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ရရှိထား‌သော်လည်း တပ်အင်အား ‌လျှော့ချသွားခြင်း မရှိသည့်အပြင် ယခင်ကဲ့သို့ တပ်ရိက္ခာပို့‌ဆောင်‌ရေး လုပ်‌ဆောင်‌နေခြင်းမှာ ၎င်းတို့၏ မဟာဗျူဟာအတိုင်း လုပ်‌ဆောင်‌နေခြင်း ဖြစ်သည်ဟု သုံးသပ်‌ကြောင်း သူက ဆက်‌ပြောသည်။

ကားလမ်းပြုပြင်မှုတွင် ‌တောင်ငူမြို့မှ ‌ဘောဂလိ၊ ‌မောင်းတိုင်ကြီး‌ဒေသအထိ ပြီးစီး‌နေပြီး ယခု ဘူးဆာခီး‌ဒေသသို့ ဆက်လက် လုပ်‌ဆောင်လျှက်ရှိသလို ၎င်းကားလမ်းတစ်‌လျှောက် အကွာအ‌ဝေးမှာ မိုင် ၆ဝခန့်ရှိ‌ကြောင်း ‌တောင်ငူခရိုင် ‌ကေအဲန်ယူက ဆို သည်။

အလားတူ ‌ကေအဲန်ယူ ‌ညောင်‌လေးပင်ခရိုင်၊ တပ်မဟာ(၃)နှင့် ဖာပွန်(မူ‌တြော်)ခရိုင်၊ တပ်မဟာ(၅)တို့၌လည်း မြန်မာအစိုးရတပ် များမှ တပ်ရိက္ခာသယ်‌ဆောင်နိုင်‌ရေးအတွက် ကားလမ်းများလည်း ပြုပြင်ရန်ရှိ‌ကြောင်း နယ်စပ်သတင်းများအရ သိရသည်။