Home သတင်း ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး တာမလာ‌ဘော အနားယူမည်

‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး တာမလာ‌ဘော အနားယူမည်

1809
နိုဝင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဥက္ကဌ ဗိုလ်ချုပ်ကြီးတာမလာ‌ဘောသည် လာမည့်သက်တမ်း တွင် အနားယူ‌တော့ မည်ဖြစ် ‌ကြောင်း နိုဝင်ဘာလ ၂၆ရက်‌နေ့က က ရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အတွင်း ရှိ ‌လေးဝါးစခန်း၌ စတင် ကျင်းပပြုလုပ်ခဲ့သည့် ၁၅ကြိမ်‌မြောက် KNU ကွန်ဂရက်၏ ပထမရက်တွင် ထုတ်‌ဖော်‌ပြောဆို လိုက်သည်။

ဗိုလ်ချုပ်ကြီးတာမလာ‌ဘောက “ကျ‌နော်က‌တော့ ဒီကွန်ဂရက်မှာ အနားယူ‌တော့မှာ။ အဲဒီ‌တော့ ကျန်တဲ့သူများက မှန်မှန်ကန် ကန်နဲ့ ‌ခေါင်း‌ဆောင် အသစ်‌တွေကို ‌ရွေးပါ။ အခု ကွန်ဂရက်မှာ ‌ခေါင်း‌ဆောင်‌တွေ ပြန်‌ရွေးရင် မှန်ကန် တဲ့ ‌ခေါင်း‌ဆောင်ကို ‌ရွေး ပါ။ နိုင်ငံ‌ရေးကိုလည်း သုံးသပ်တတ်ရမယ်။ ‌ခေါင်း‌ဆောင်ဆိုတာ လူထု‌နောက် မြီးဆွဲ မဟုတ်ပါ ဘူး”ဟု ကွန်ဂရက်အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

အဆိုပါ ကွန်ဂရက်တွင် ဥက္ကဌ ဗိုလ်ချုပ်ကြီးတာမလာ‌ဘောနှင့် ပဒို‌စော‌ဒေးဗစ်သ‌ဘောတို့မှ သဘာပတိ အဖြစ်လည်း‌ကောင်း၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်၊ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေနှင့် တွဲဖက် အတွင်း‌ရေးမှူး(၂) ပဒို‌စော‌ဒေါ့ ‌လေးမူတို့က အခမ်းအနားမှူးများအဖြစ် တာဝန်ယူခဲ့ကြသည်။

‌ကေအဲန်ယူ ၁၅ ကြိမ်‌မြောက် ကွန်ဂရက်

ကွန်ဂရက်သို့ ‌ကေအဲန်ယူ၏ ခရိုင်၊ တပ်မဟာ ၇ခု၊ ဗဟို(လခသ)နှင့် တပ်(သဝခ)မှ ကိုယ်စားလှယ်များ အပါအဝင် ပြည်တွင်း ပြည်ပရှိ လူထုအ‌ခြေပြုအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ‌လေ့လာသူများ စုစု‌ပေါင်း ၁၇၅ဦး တက်‌ရောက်ခဲ့ကြသည်။

၎င်းကွန်ဂရက်တွင် တက်‌ရောက်လာသူ ကိုယ်စားလှယ်များ၊ ‌လေ့လာသူများက မိတ်ဆက်ခဲ့ကြပြီး ကွန်ဂရက်နှင့် ပတ်သက် သည့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အသိ‌ပေးဖတ်ကြားခဲ့သည်။

‌ကေအဲန်ယူကွန်ဂရက်သို့ ကရင်ပြည်နယ်၊ စာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့ကိုယ်စား ‌တောင်က‌လေးဆရာ‌တော်မှ လည်း‌ကောင်း၊ ၈၈ မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင် ကိုမင်းကိုနိုင်မှလည်း‌ကောင်း၊ ဩစ‌တြေးလျား ကရင်အဖွဲ့အစည်း-(AKO)၊ အမျိုးသားဒီမိုက ရက်တစ်တပ်‌ပေါင်းစု(NDF)၊ တိုင်းရင်းသား လူမျိုးများ ဖက်ဒ ရယ်‌ကောင်စီ(UNFC)၊ အမျိုးသားဒိမိုက‌ရေစီအဖွဲ့ချုပ်-(လွတ်‌မြောက် နယ်‌မြေ)နှင့် ရခိုင်အမျိုးသား လွတ်‌မြောက်‌ရေးပါတီ(ALP)နှင့် ကရင့်အာဇာနည် ‌စောဘဦးကြီး၏ သမီး သဲလ်မာကြီးနှင့် ဥ‌ရောပ ကရင်ကွန် ယက်(EKN)မှ ‌ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

KNU သည် အမျိုးသား ‌တော်လှန်‌ရေးအဖွဲ့ဖြစ်သည့်အ‌ပေါ် ပြည်သူများနှင့်အတူ ငြိမ်းချမ်း‌ရေးကို လိုလား‌ကြောင်း၊ ထိုသို့ လုပ် ‌ဆောင်ရာတွင်လည်း ညီညွှတ်စွာနှင့် အသက်‌သွေး‌ချွေး ‌ပေးဆပ်ခဲ့ရသည့် KNU အာဇာ နည်‌ခေါင်း‌ဆောင် များကို မဆန့်ကျင်၊ မပစ်ပယ်ရန်လို‌ကြောင်းလည်း ဥက္ကဌ ‌စောတာမလာ‌ဘောက ၎င်း၏ မိန့်ခွန်းထဲတွင် ထည့်သွင်း‌ပြောဆိုထားသည်။

ယခုကွန်ဂရက်တွင် ပြီးခဲ့သည့် ၂၀၀၈မှ ၂၀၁၂ခုနှစ်အထိ ‌လေးနှစ်တာ ကာလအတွင်း ဌာနဆိုင်ရာအလိုက် လုပ်‌ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များကို တင်ပြဖတ်ကြားခြင်း၊ ပြန်လည်သုံးသပ်ခြင်းများကို အသီးသီး ‌ဆွေး‌နွေး ခဲ့ကြပြီး ကွန်ဂရက်ကို လာမည့် ဒီဇင် ဘာလ ၇ရက်‌နေ့အထိ ကျင်းပသွားမည်ဟု နိုဝင်ဘာလ ၂၂ရက်‌နေ့က ထုတ်ပြန်သည့် သ‌ဘောထား‌ကြေညာချက်တွင် ‌ဖော်ပြ ထားသည်။

ယခုကွန်ဂရက် မတိုင်ခင် ‌အောက်တိုဘာလ ၃၁ရက်‌နေ့မှ နိုဝင်ဘာလ ၂၁ရက်‌နေ့အထိ KNU ၏ ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးကို သုံးပတ်ကြာ ပြုလုပ်ခဲ့ကြသည်။