Home သတင်း သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် တွင် ‌ရှေ့‌နေ ‌စော‌ကျော်‌ကျော်မင်း ပါဝင်

သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် တွင် ‌ရှေ့‌နေ ‌စော‌ကျော်‌ကျော်မင်း ပါဝင်

1498
နိုဝင်ဘာလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ရန်ကုန်တိုင်း‌ဒေသကြီး အင်းစိန်အကျဉ်း‌ထောင် တရားရုံး‌တော်တွင် မထီမဲ့မြင်ပြုမှုဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရ‌သော ‌ရှေ့‌နေ‌စော‌ကျော်‌ကျော်မင်းသည် ယ‌နေ့နံနက် ၇နာရီတွင် လွတ်‌မြောက်လာပြီဖြစ်သည်။

ယ‌နေ့ လွတ်မြာက်လာသည့် အကျဉ်းကျခံ‌နေရသူ စုစု‌ပေါင်း ၆ဝ ‌ကျော်အနက် ‌ထောင်ဝင်အမှတ် အစ/၁၂/၀၉၆၅၁/က ‌စော‌ကျော်‌ကျော်မင်း (ဘ) ဦးမြင့်ကြွယ် အမည်ဖြင့် လွတ်‌မြောက်လာခဲ့ခြင်းဖြစ်သည်။

‌ရှေ့‌နေ‌စော‌ကျော်‌ကျော်မင်း မိတ်‌ဆွေ ဦး‌အောင်သူရိန်ထွန်းက “သူကျ‌နော်ကို ဒီ‌နေ့မနက်ပဲ ဖုန်းဆက်လာပါ တယ်။ သူလွတ်လာပြီဆိုတဲ့အ‌ကြောင်းပါ။ ဒါ‌ကြောင့် သူနဲ့ကျ‌နော်တို့ ‌တွေ့ဆုံဖို့ စီစဉ်ထားပါတယ်” ဟု ‌ပြောသည်။

‌ရှေ့‌နေ‌စော‌ကျော်‌ကျော်မင်းသည် မြန်မာနိုင်ငံ ‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေးအတွင်းက နိုင်ငံ‌ရေးလှုပ်ရှားသူများ အတွက် အမှုလိုက်‌ပေးရင်း တရားရုံး‌တော်ကို မထီမဲ့မြင်ပြုမှုဖြင့် ပုဒ်မ ၂၂၈ နှင့် ‌ထောင်ဒဏ် ၆ လ အင်းစိန် အကျဉ်း‌ထောင်တွင် ဖမ်းဆီးခံ‌နေရသဖြင့် အယူခံဝင်ရန် ‌စောင့်ဆိုင်း‌နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၂ရက်‌နေ့က ‌စော‌ကျော်‌ကျော်မင်းအတွက် အယူခံဝင်ရန် တရားလွှတ်‌တော်‌ရှေ့ ‌နေ ဦးသန်းထွန်း‌အောင်(မြို့မ)က ရန်ကုန်တိုင်း‌ဒေသကြီး တရားရုံးသို့ စာတင်ခဲ့ပြီး ယခုလ နိုဝင်ဘာလ ၆ရက် ‌နေ့တွင် အယူခံဝင် ပြီးဆုံးခဲ့သည်။

ဦးသန်းထွန်း‌အောင်(မြို့မ)က “အယူခံ‌တော့ ဝင်ပြီးသွားပါပြီ။ ဒါ‌ပေမယ့် တရားရုံးက အမိန့်‌တော့ မချရ‌သေးပါ ဘူး။ အခုလိုမျိုး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတယ်ဆို‌တော့ ဘာပဲ‌ပြော‌ပြော ကျ‌နော်တို့အ‌နေနဲ့ ဝမ်းသာပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တဆက်တည်းမှာပင် ယ‌နေ့လွတ်လာသည့် အကျဉ်းသား ၆ဝ ‌ကျော်တွင် နိုင်ငံ‌ရေးအကျဉ်းသားများဖြစ်သည့် ‌ထောင်ဒဏ်တသက် အကျခံရ‌သော လူ့အခွင့်အ‌ရေး‌ခေါင်း‌ဆောင် ဦး‌အေးမြင့်၊ ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ဆက်သွယ် မှုဖြင့် ‌ထောင်ကျခံရ သည့် ‌စောဖိုးချို၊ ‌စောတင်ဦး(၁)၊ ‌စောတင်ဦး(၂)၊ ‌စောဖားခူ၊ ‌စောကြည် ‌အေးတို့ ပါဝင်‌ကြောင်း ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း(မြန်မာနိုင်ငံ)-AAPP အတွင်း‌ရေးမှူး ကိုတိတ်နိုင်က ‌ပြောသည်။

ထို့အပြင် ဒီ‌ကေဘီ‌အေ အဖွဲ့ဝင် တစ်ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသား များဒီမိုကရက်တစ်တပ်ဦး- ABSDF မှ အဖွဲ့ဝင် ၁ဝ ဦးနှင့် သျှမ်းပြည်တပ်မ‌တော်-SSA မှ ၁ဝ ဦးပါဝင်သည်ဟု ကိုတိတ်နိုင်က ‌ပြောသည်။

“၆၆ ‌ယောက်လွတ်လာတယ်ဆို‌ပေမယ့် ၁ဦးက‌တော့ ‌နောက်ထပ်အမှုထပ်ရှိ‌နေ‌သေးတဲ့အတွက် မလွတ်လာ ‌သေးဘူး။ ဒါ‌ကြောင့် ကျ‌နော်တို့ သိရသ‌လောက် အခုလွတ်လာတာ ၆၅ ဦးဖြစ်ပါတယ်”ဟု ကိုတိတ်နိုင်က ဖြည့်စွက်‌ပြောသည်။

မြန်မာအစိုးရ၏ အ‌ခြေခံ ဥပ‌ဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် နိုဝင်ဘာလ ၁၅ ရက်‌နေ့က မြန်မာနိုင်ငံအသီးသီးရှိ အကျဉ်းသား ၄၅၂ဦး လွှတ်‌ပေးလိုက်‌ကြောင်း အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ‌ဖော်ပြထားချက်အရ ယခုထိ အကျဉ်းသားများအား ဆက်တိုက်လွတ်‌ပေးခြင်းဖြစ်သည်။

ယ‌နေ့ နိုင်ငံ‌ရေးအကျဉ်းသားများပါဝင်သည့် မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်သည် အ‌မေရိကန်ပြည် ‌ထောင်စု သမ္မတ ဘရက် အိုဘားမား မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ‌ရောက်ရှိသည့်‌နေ့လည်း ဖြစ်သည်။

‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေး‌နောက်ပိုင်း ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ ၇ရက်‌နေ့တွင် ‌ရှေ့‌နေ‌စော ‌ကျော်‌ကျော်မင်း သည် တရားရုံးကို မထီမဲ့မြင်မှုဖြင့် အမိန့်ချမှတ်ခဲ့ပြီး ၂၀၁၂ခုနှစ်၊ ဩဂုတ် လ ၂၉ရက်‌နေ့တွင် တရားရုံးမှ အ‌ရေးယူ‌ထောင်ချလိုက်ခြင်းဖြစ်သည်ဟု AAPP ၏ မှတ်တမ်းအရ သိရသည်။