Home သတင်း ဘုရားသုံးဆူမြို့တွင်စုစု‌ပေါင်းကျပ်သိန်း ၉၀‌ကျော်အထိ ‌ဖောက်ထွင်းခိုးယူမှု ဆိုးရွား‌နေ

ဘုရားသုံးဆူမြို့တွင်စုစု‌ပေါင်းကျပ်သိန်း ၉၀‌ကျော်အထိ ‌ဖောက်ထွင်းခိုးယူမှု ဆိုးရွား‌နေ

1882
နိုဝင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင်ယခုရက်ပိုင်း အတွင်း ‌ဖောက်ထွင်းခိုးယူခံရ‌သော ‌ရွှေနှင့် ‌ငွေစက္ကူ စုစု‌ပေါင်းမှာ တန်ဖိုး အားဖြင့် ကျပ်‌ငွေသိန်း ၉၀‌ကျော်ဖိုး ရှိသည်အထိ ဆိုးရွားလျှက်ရှိ‌ကြောင်း ဘုရားသုံးဆူမြို့ခံများက ‌ပြောဆို‌နေသည်။

ဘုရားသုံးဆူမြို့တွင် ‌အောက်တိုဘာလ ၂၆ရက်မှ နိုဝင်ဘာလ ၁၂ရက်‌နေ့အထိ ဖြစ်ပွားခဲ့သည့် ‌ဖောက်ထွင်းခိုးယူမှု ၁ဝမှုရှိ သည့်အနက် အ‌ခြေအ‌နေဆိုးဝါးသည့် ခိုးမှု ၅မှုတွင် ယင်းပမာဏအထိ ရှိ‌နေ‌ကြောင်း ဘုရားသုံးဆူရှိ အစိုးရအာဏာပိုင်များ ၏ ‌ကောက်ခံရရှိထားသည့် စာရင်းအရ သိရသည်။

အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက “ခိုးမှု ငါးခုကိုပဲ ‌ကောက်ထားတာ‌တောင်မှ ပါသွားတဲ့ ပစ္စည်းတန်ဖိုးက သိန်းကိုးဆယ် နဲ့ ‌ခြောက်‌သောင်း ရှစ်‌ထောင်ငါးရာကျပ်ပါ။ ခိုးမှုက ဘယ်‌လောက်ဆိုးလဲဆိုရင် အိပ်‌နေတဲ့ အိမ်ရှင်ရဲ့လည်ပင်းမှာ ဆွဲထား တဲ့ ‌ရွှေဆွဲကြိုး‌တောင် ဖြတ်ယူတာ။ ‌နောက် လုံခြုံ‌ရေး‌တွေ ချထားတဲ့ကြားက ခိုးမှု‌တွေဖြစ်တာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘုရားသုံးဆူမြို့ရှိ ‌ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားမှု အများဆုံး‌နေရာမှာ အမှတ်(၃)ရပ်ကွက်တွင်ဖြစ်ပြီး ခိုးမှုနှင့်ပတ်သက်၍ မသကင်္ာသူအချို့ကို ရဲအာဏာပိုင်များက ဖမ်းဆီးစစ်‌ဆေးမှုများရှိခဲ့‌သော်လည်း ဘုရားသုံးဆူမြို့တွင် တရားစီရင်‌ရေးမရှိဟု အ‌ကြောင်းပြကာ နှစ်ရက်၊ သုံးရက်အကြာတွင် ပြန်လည်လွှတ်‌ပေးခဲ့‌ကြောင်း မြို့ခံများက ဆိုသည်။

ပစ္စည်းခိုးယူ‌ဖောက်ထွင်းခံရသည့် ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃)မှ မြို့ခံတစ်ဦးက “ခိုးမှု‌တွေဖြစ်တာ ‌မှောင်တဲ့အချိန်ဆို‌တော့ ဘယ်သူ့လက်ချက်လို့ ‌ပြောရတာခက်တယ်။ ကျ‌နော်တို့က‌တော့ ဒီလိုခိုးမှု‌တွေကို အမြန်ဆုံး ပ‌ပျောက်သွား‌စေချင်တယ်။ အခု တချို့အသက်ကြီးဝါကြီး အမျိုးသမီး‌တွေလည်း မအိပ်ရဲကြဘူး”ဟု ‌ပြောသည်။

ဘုရားသုံးဆူမြို့တွင် ‌ဖောက်ထွင်းခိုးယူမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိရာ မြို့ခံများမှ သက်ဆိုင်ရာ အာဏာပိုင်များထံသို့ သွား‌ရောက်တိုင်ကြား‌သော်လည်း အ‌ခြေအ‌နေ ထူးခြားမလာသည့်အ‌ပေါ် သွား‌ရောက်တိုင်ကြားခြင်းများကို ဆက်လက် မပြုလုပ်‌တော့‌ကြောင်း ၎င်းက ဖြည့်စွက်‌ပြောဆိုသည်။

ဘုရားသုံးဆူမြို့တွင် ‌ဖောက်ထွင်းခိုးယူမှု အပါအဝင် လူသတ်မှု၊ ပစ်ခတ်မှု၊ ဗုံး‌ပေါက်ကွဲမှု၊ ပြန်‌ပေးဆွဲမှုနှင့် ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွား‌လေ့ရှိသည်။