Home သတင်း ခိုင်မာသည့် ငြိမ်းချမ်း‌ရေးမရှိသ‌ရွေ့ စီမံကိန်းလုပ်ငန်း မလုပ်ရန် ကရင်လူထုဆုံရပ် ‌တောင်းဆို

ခိုင်မာသည့် ငြိမ်းချမ်း‌ရေးမရှိသ‌ရွေ့ စီမံကိန်းလုပ်ငန်း မလုပ်ရန် ကရင်လူထုဆုံရပ် ‌တောင်းဆို

1892
နိုဝင်ဘာလ ၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့အကြား ခိုင်မာသည့် ငြိမ်းချမ်း‌ရေး စာချုပ်စာတန်းများ မချုပ်ဆိုနိုင်‌သေး သ‌ရွေ့ ကရင်ပြည်နယ်ရှိ စီမံကိန်းလုပ်ငန်းကြီးများ လုပ်‌ဆောင်‌နေခြင်းကို ပြန်လည်သုံးသပ်ကြရန်နှင့် ရပ်တန့်ရန်အတွက် ကရင် လူထုဆုံရပ်က ယ‌နေ့ တိုက်တွန်း‌တောင်းဆိုလိုက်သည်။

အစိုးရသည် ထာဝရငြိမ်းချမ်း‌ရေးကို တည်‌ဆောက်မည်ဟုဆိုကာ စီးပွား‌ရေးနှင့် ဖွံ့ဖြိုး‌ရေးစီမံကိန်းကြီးများကိုသာ အ‌လောတကြီး လုပ်‌ဆောင်‌နေသည့်အပြင် ‌ဒေသခံလူထု သ‌ဘောတူညီမှုကို အ‌လေးမထားဘဲ လုပ်‌ဆောင်‌နေသဖြင့် ထိုသို့ တိုက်တွန်းလိုက် ခြင်းဖြစ်‌ကြောင်း ကရင်လူထုဆုံရပ်၏ ‌ပြောခွင့်ရပုဂ္ဂိုလ် ‌စောဖိုးချိုက ‌ပြောသည်။

‌စောဖိုးချိုက “သူတို့(အစိုးရ)က ငြိမ်းချမ်း‌ရေးကို ခိုင်ခိုင်မာမာမတည်‌ဆောက်ရ‌သေးပဲနဲ့ လက်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ဆိုရင် အကြီးစားမဟုတ်တဲ့ မိုင်းတူး‌ဖော်‌ရေးလုပ်ငန်း‌တွေကို ကုမ္ပဏီ‌တွေက စပြီး လုပ်‌နေကြပြီ။ ‌နောက် ဖာပွန်မြို့နယ်ထဲမှာရှိတဲ့ ဟတ်ကြီး(‌ရေကာတာ)တို့လို ကရင်ပြည်နယ်မှာ တခုပြီးတခု လုပ်လာကြမှာကို စိုးရိမ်တယ်”ဟု ‌ပြောသည်။

‌အောက်တိုဘာလ ၂၆ရက်မှ ၂၈ရက်‌နေ့အထိ ကရင်လူထုဆုံရပ်သည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူထုအ စည်းအ‌ဝေးပွဲတခု ကျင်းပကာ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ‌ရေးမြိုနယ်များမှ ‌ကျေးရွာ‌ပေါင်း ၂၇ရွာမှ ကိုယ်စားလှယ် ၁၀၀‌ကျော် တက်‌ရောက်ပြီး အစိုးရနှင့် ‌ကေအဲန်ယူတို့၏ ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှု အ‌ခြေအ‌နေတို့ကို ‌ဆွေး‌နွေးခဲ့ကြသည်။

ယင်း‌ဆွေး‌နွေးပွဲနှင့် ပတ်သက်၍ ‌စောဖိုးချိုက “အပစ်အခတ်ရပ်စဲ‌ရေးဆိုတာက ခဏ‌လေး‌ပြောပြီး ခဏ‌လေး ပြန်ပျက်တာမျိုးနဲ့ လူထု‌တွေပြန်ပြီး‌တော့ ‌ပြေးရတဲ့ အဖြစ်မျိုးမဖြစ်‌စေချင်ဘူး။ ဒါ‌ကြောင့် တည်တံ့ ခိုင်မြဲတဲ့ အပစ်အခတ်ရပ်စဲ‌ရေးမျိုး ဖြစ်‌စေချင် တယ်”ဟု ‌ပြောသည်။

ထို့အပြင် အစည်းအ‌ဝေးသို့ တက်‌ရောက်ခဲ့သည့် ‌ဒေသခံကိုယ်စားလှယ်များက မြန်မာအစိုးရနှင့် ‌ကေအဲန်ယူတို့ ပြုလုပ်‌နေသည့် အပစ်အခတ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှုတွင် လူမှုအ‌ခြေပြု အဖွဲ့အစည်းများ အပါအဝင် ‌ဒေသခံလူထုများကို ပါဝင် ဆုံးဖြတ်ပိုင်ခွင့်‌ပေးရန်လည်း ‌တောင်းဆိုထားသည်။

အစိုးရနှင့် ‌ကေအဲန်ယူတို့သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရန် ပြည်နယ်အဆင့်ကို ၂၀၁၂ခုနှစ်၊ ဧပြီလ ၄ရက်‌နေ့တွင် ဖားအံမြို့၌ လည်း‌ကောင်း၊ ဧပြီလ ၆ရက်‌နေ့တွင် ပြည်‌ထောင်စုအဆင့်ကို ရန်ကုန်မြို့၌လည်း‌ကောင်း၊ တိုင်းအဆင့် သ‌ဘောတူညီချက်ကို ဧပြီလ ၁ဝရက်‌နေ့တွင် ပဲခူးမြို့နှင့် ထားဝယ်မြို့များ၌လည်း‌ကောင်း နှစ်ဘက် သ‌ဘောတူထားခဲ့ကြပြီးဖြစ်သည်။

ကရင်ရပ်ရွာလူထုဆုံရပ်သည် ‌တောင်‌ပေါ်‌ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လှုပ်ရှား‌နေသည့် ကရင်လူမှုအ‌ခြေပြု အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၁၉၉၇ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ရာ ဖာပွန်မြို့နယ် သံလွင်မြစ်‌ချောင်းတ‌လျှောက်ရှိ ရွာ (၂၃)ရွာမှ ရွာသူရွာသားများ က ၎င်းတို့သက်ဆိုင်ရာ ရွာတစ်ရွာလျှင် ကရင်ရပ်ရွာလူထုဆုံရပ်၏ ‌ကော်မတီဝင်အဖြစ် ‌ခေါင်း‌ဆောင် ၇ဦးနှုန်းဖြင့် ဒီမိုက‌ရေစီ ကျင့်စဉ်အရ ‌ရွေးချယ်တင်‌မြှောက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လကလည်း ကရင်ရပ်ရွာလူထုဆုံရပ်က ငြိမ်းချမ်း‌ရေးကာလတွင် ကရင်ပြည်နယ်အတွင်း အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေသည့် အကြီးစားဖွံ့ဖြိုး‌ရေးစီမံကိန်းများကို ရပ်စဲထားရန် မြန်မာအစိုးရနှင့် KNU တို့အား ထုတ်ပြန်‌တောင်းဆိုခဲ့‌သေး သည်။