Home သတင်း ကရင်ပြည်အတွင်း လူထုများ ခံစား‌နေရသည်များကို ပုံ‌ဖော်ထားသည့် ပန်းချီပြပွဲ KSNG ပြုလုပ်

ကရင်ပြည်အတွင်း လူထုများ ခံစား‌နေရသည်များကို ပုံ‌ဖော်ထားသည့် ပန်းချီပြပွဲ KSNG ပြုလုပ်

3082
နိုဝင်ဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကရင်ပြည်နယ်အတွင်း လက်ရှိ လူထု၏ ခံစား‌နေရမှုများကို သရုပ်‌ဖော်သည့်အ‌နေဖြင့် ကရင်‌ကျောင်းသားများကွန်ယက်အဖွဲ့-KSNG မှ ယမန်‌နေ့ည ၇နာရီမှ ၁ဝနာရီအထိ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် ပန်းချီပြပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

KSNG ဥက္ကဌ ‌စော‌မော့က “မြန်မာနိုင်ငံမှာရှိတဲ့ ကရင်‌ဒေသ‌တွေမှာ ဖွံ့ဖြိုး‌ရေး‌ကြောင့် ဒုက္ခ‌ရောက်တဲ့ ပြည်သူ‌တွေဖြစ်‌စေ၊ လူ့အ ခွင့်အ‌ရေးချိုး‌ဖောက်ခံရတဲ့ ပြည်သူ‌တွေဖြစ်‌စေ၊ သူတို့မှာ ကြုံ‌တွေ့ခံစားရတဲ့အရာ‌တွေကို ထုတ်‌ဖော်တဲ့အ‌နေနဲ့ ဒီလို ပန်းချီပြပွဲ ‌လေး လုပ်တာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းပန်းချီပြပွဲတွင် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ပုံတူပန်းချီ၊ က‌လေးများ၏ ဘဝနှင့် ပညာ‌ရေး၊ မြန်မာတိုင်းရင်းသားများ၏ လူ‌နေမှု ဘဝ စသည့် ပန်းချီကားချပ် ၃ဝ ‌ကျော်ကို ပြသထားပြီး မဲ‌ဆောက်အ‌ခြေစိုက် ကရင်အသိုင်းအဝိုင်းများနှင့် နိုင်ငံခြားသား အပါအ ဝင် စုစု‌ပေါင်း ပရိဿတ် ၅၀‌ကျော် အား‌ပေးကြည့်ရှုခဲ့သည်။

ဆက်လက်၍ ပန်းချီပြပွဲတွင် ရန်ပုံ‌ငွေရရှိရန် ရည်ရွယ်၍ လက်မှတ်‌ရောင်းချကာ ‌ရေခဲမှုန့်၊ ဖရဲသီး၊ နာနတ်သီး၊ ဒန်‌ပေါက် မှာယူ စား‌သောက်နိုင်ပြီး ရရှိလာ‌သော အမြတ်‌ငွေများကို KSNG ၏ ပညာ‌ရေးဆိုင်ရာ လှုပ်ရှားမှုများတွင် အသုံးပြုသွားမည်ဖြစ်သည်။

ထို့အပြင် KSNG ၏ ပန်းချီပြပွဲကို မြန်မာ့‌ရေးရာ(Burma Issue)နှင့် ကွယ်ကလုသတင်းဌာနမှလည်း ပါဝင် အားဖြည့် ကူညီကာ KSNG ၏ လှုပ်ရှားမှုစီဒီ‌ခွေ၊ စာ‌စောင်အချို့ကို အခမဲ့ ဖြန့်‌ဝေခြင်း၊ မှတ်တမ်းဗွီဒီယိုများ ပြသခြင်း၊ ကရင်အဆို‌တော်သီချင်း‌ခွေများ ‌ရောင်းချခြင်းများအပြင် တက်‌ရောက်လာသည့် ပရိဿတ်များအား ဝါသနာရှင် ကရင်အဆို‌တော်အချို့က ‌ဖျော်‌ဖြေခဲ့သည်။

တဆက်တည်းပင် ၎င်းတို့အား လာ‌ရောက်အား‌ပေး‌သော ပရိဿတ်များအတွက် အထူးကံစမ်းမဲများ‌ဖောက်ကာ ‌ပေါက်မဲအဖြစ် ပန်းချီကားနှစ်ချပ်နှင့် ရှပ်အကင်္ျီအနက်‌ရောင်နှစ်ထည် ထည့်သွင်းထားသည်။ အလားတူ ပန်းချီပြပွဲမျိုးကို ပြီးခဲ့သည့် ၂၀၁၁ခုနှစ် က KSNG မှ ဦး‌ဆောင်၍ မဲ‌ဆောက်မြို့တွင် ပြုလုပ်ခဲ့‌သေးသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ အပါအဝင် ပြည်တွင်းနှင့် ပြည်ပတွင် ‌နေထိုင်ကြ‌သော ကရင်‌ကျောင်းသူ‌ကျောင်းသား များ တဖွဲ့နှင့်တဖွဲ့ဆက်သွယ်ကာ ၎င်းတို့၏ အ‌တွေ့အကြုံ ဗဟုသုတများကို ‌ဝေငှကြရန် ရည်ရွယ်၍ KSNG ကို ၁၉၉၆ခုနှစ်၊ ဇူလိုင်လ ၆ရက်‌နေ့၌ မယ်လဒုက္ခသည်စခန်းတွင် စတင် ဖွဲ့စည်းခဲ့သည်။