Home သတင်း KSNG ဦးစီး၍ အုန်းဖျန်စခန်းတွင် က‌လေးအခွင့်အ‌ရေး အ‌ကြောင်း အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

KSNG ဦးစီး၍ အုန်းဖျန်စခန်းတွင် က‌လေးအခွင့်အ‌ရေး အ‌ကြောင်း အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

2294
‌အောက်တိုဘာလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်‌ကျောင်းသားများကွန်ယက်အဖွဲ့-KSNG ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ အုန်းဖျန်ဒုက္ခသည် စခန်းတွင် က‌လေးများ၏ လက်ရှိ ပညာ‌ရေးနှင့် အနာဂါတ်နှင့် ပတ်သက်၍ ၃ရက်တာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတရပ်ကို ပြုလုပ်လျှက်ရှိသည်။

ယ‌နေ့မှ စတင်၍ ပြုလုပ်သည့် ယင်းအလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် အုန်းဖျန်းစခန်းရှိ အသက် ၁၂နှစ်မှ ၁၈အရွယ် လူငယ်‌မောင်မယ် ၂ဝဦး တက်‌ရောက်ပြီး ဦး‌ဆောင်‌ဆွေး‌နွေးတင်ပြသူများအဖြစ် KSNG မှ ဒု-ဥက္ကဌ ‌နော်ဗစ်တိုးရီးယား‌ဘောနှင့် မဲ‌ဆောက် အ‌ခြေစိုက် Children Development Centre-CDC ‌ကျောင်းမှ နန်း‌ဒေဝီတို့က ‌ဆောင်ရွက်ခဲ့သည်။

အလုပ်‌ဆွေး‌နွေးပွဲကို ဦး‌ဆောင်‌ဆွေး‌နွေးခဲ့သူ KSNG ဒု-ဥက္ကဌ ‌နော်ဗစ်တိုးရီးယား‌ဘော ဒုက္ခသည်စခန်းရှိ က‌လေးများသည် ၎င်းတို့၏ အခွင့်အ‌ရေးများကို ပိုမိုနားလည် သတိရှိလာ‌စေရန် ရည်ရွယ်၍ ယခုလို လာ‌ရောက် ‌ဆွေး‌နွေးပို့ချမှုပြုလုပ်ခြင်းဖြစ်ပြီး ယ‌နေ့ ပထမရက်တွင် မြန်မာနိုင်ငံ က‌လေးအခွင့်အ‌ရေးနှင့် ပညာ‌ရေး အ‌ကြောင်းကို ဦးစွာ ‌ဆွေး‌နွေးခဲ့သည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သူမက “ဒီ‌နေ့‌တော့ အဓိက က‌လေး‌တွေရဲ့ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အသက်ရှင်ခွင့်၊ ပါဝင်ခွင့်နဲ့ ကာကွယ်ခွင့်‌တွေ အ‌ကြောင်း ပို့ချ‌ဆွေး‌နွေးခဲ့ပါတယ်။ ‌နောက် Committee on the Rights of the Child (CRC)) ‌နောက်ခံသမိုင်း အ‌ကြောင်းကို ရှင်းပြ‌ပေးခဲ့တယ်”ဟု ‌ပြောဆိုသည်။

CRC သည် ၁၉၈၉ခုနှစ်၊ နိုဝင်ဘာလ၌ ဥ‌ရောပတိုက်နိုင်ငံများ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ ကမ္ဘာ‌ပေါ်တွင် ၁၉၃နိုင်ငံရှိသည့်အနက် အ‌မေရိနိုင်ငံပြည်‌ထောင်စုနိုင်ငံ နှင့် ဆိုမားလီးယားနိုင်ငံမှလွဲ၍ က‌လေးအခွင့်အ‌ရေး စာချုပ်ကို လက်မှတ်ထိုးထားလျှက်ရှိ‌ကြောင်းကို က‌လေးများသိ‌စေရန် ‌ဆွေး‌နွေးပို့ချခြင်းဖြစ်သည်ဟုလည်း သူမက ဖြည့်စွက်‌ပြောသည်။

၎င်းအပြင် ယ‌နေ့ပြုလုပ်သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ဦး‌ဆောင်ပို့ချသူနှစ်ဦးအပြင် ဝိုင်းဝန်းပံ့ပိုးသူများအဖြစ် လူ့အခွင့်အ‌ရေး ပညာ‌ရေးဌာန မြန်မာနိုင်ငံ(HREIB)အမျိုးသမီးလူငယ်နှစ်ဦး၊ ရခိုင်လူငယ် အမျိုးသမီးတစ်ဦးနှင့် CDC ‌ကျောင်းသားလူငယ်တစ်ဦး ပါဝင်သည်ဟု သိရသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့သည့် အသက် ၁၈နှစ်အရွယ် အုန်းဖျန်ဒုက္ခသည်စခန်းရှိ လူငယ်‌ကျောင်း သား‌လေးတစ်ဦးဖြစ်သူ ‌စော‌ဇော်မင်းထိုက်က “ဒီ‌နေ့ ‌ဆွေး‌နွေးပို့ချတဲ့ က‌လေးအခွင့်အ‌ရေး‌တွေထဲမှာ က‌လေး စစ်သား‌တွေကို စစ်တပ်ထဲ အတင်းအကြပ်ဆွဲသွင်းတာနဲ့ ပတ်သက်ပြီး ကျ‌နော်အမှတ်ရအဆုံးပဲ။ ကျ‌နော်နဲ့အတူ ပါဝင်တဲ့သူချင်း‌တွေကလဲ စိတ်ဝင်စားတာကို ‌တွေ့ရတယ်”ဟု ဆိုသည်။

က‌လေးအခွင့်အ‌ရေးများကို ကွင်းဆင်း‌ဆွေး‌နွေးပို့ချသည့်အထိ ဖြစ်လာ‌အောင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အ‌ခြေစိုက် လူ့အခွင့်အ‌ရေး ပညာ‌ရေးဌာန မြန်မာနိုင်ငံ (HREIB) ၏ ဒါရိုက်တာ ဦး‌အောင်မျိုးမင်းက စက်တင်ဘာလက မဲ‌ဆောက်မြို့အ‌ခြေစိုက် လူငယ်အဖွဲ့အချို့ကို ရက်တိုသင်တန်းအဖြစ် သွား‌ရောက်သင်ကြားပို့ချခဲ့သည်။

အလားတူ အလုပ်ရုံ‌ဆွေး‌နွေးပွဲမျိုးကို မဲ‌ဆောက်ဂွင်တွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများနှင့် က‌လေးလူငယ် များကို လုပ်‌ဆောင်‌ပေးပြီးစီးသွားပြီး ‌နောက်ထပ် ကရင်ပြည်နယ်အတွင်း စစ်ဖြစ်ပွားသည့်‌ဒေသအချို့နှင့် မြန်မာ ပြည်တွင်းရှိ ရန်ကုန်တိုင်း အချို့‌နေရာတွင် လုပ်‌ဆောင်ရှိသည်ဟု သိရသည်။