Home ထိပ်တန်းသတင်း ‌ခေါင်း‌ဆောင်တွင်း သ‌ဘောထားကွဲလွဲမှု သင်ပုန်း‌ချေလိုက်‌ကြောင်း KNU ထုတ်ပြန်‌ပြောဆို

‌ခေါင်း‌ဆောင်တွင်း သ‌ဘောထားကွဲလွဲမှု သင်ပုန်း‌ချေလိုက်‌ကြောင်း KNU ထုတ်ပြန်‌ပြောဆို

1807
‌အောက်တိုဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

အမျိုးသားစည်းလုံးညီညွှတ်မှုကို ‌ရှေးရှု၍ အဖွဲ့အစည်းအတွင်း ဖြစ်‌ပေါ်‌နေ‌သော ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ‌ဆွေး‌နွေးပြီး သင်ပုန်း‌ချေလိုက်ပြီးဖြစ်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယ‌နေ့ သ‌ဘောထား ထုတ်ပြန်လိုက်သည်။

ကရင်ပြည်နယ်၊ ဖားအံခရိုင် ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေ ‌လေးဝါးစခန်း၌ ‌အောက်တိုဘာလ ၂၅ရက်မှ ၂၆ရက်‌နေ့အထိ ပြုလုပ် ‌သော ‌ကေအဲန်ယူ၏ အထူးအ‌ရေး‌ပေါ် အစည်းအ‌ဝေးသို့ ဗဟိုအမြဲတမ်း‌ကော်မတီနှင့် ဗဟိုအရံအမြဲတမ်း ‌ကော်မတီဝင် ၄ဝဦးတို့ တက်‌ရောက်ခဲ့ကြပြီး ထုတ်ပယ်ခံရ‌သော ‌ခေါင်း‌ဆောင် ၃ဦး၏ ကိစ္စကို အ‌ချေအတင် ‌ဆွေး‌နွေးခဲ့ကြပြီး‌နောက် ယင်းသို့ သင်ပုန်း ‌ချေခဲ့ကြခြင်းဖြစ်သည်။

‌ကေအဲန်ယူ၏ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ထုတ်ပယ်ခံရတဲ့ ‌ခေါင်း‌ဆောင်ကိစ္စကို ‌ဆွေး‌နွေးတဲ့အခါမှာ သူ့ ဘက်က သူမှန်၊ ကိုယ့်ဘက်က ကိုယ်မှန်နဲ့ အပြန်အလှန် ‌ပြောဆိုလို့ မဆုံးနိုင်ဘူး။ ဒါ‌ကြောင့် စည်းလုံးညီညွှတ်‌ရေးကို ‌ရှေ့ရှုပြီး သင်ပုန်း‌ချေလိုက်တာ အ‌ကောင်းဆုံးပဲဆိုပြီး‌တော့ အဲဒီ‌ခေါင်း‌ဆောင်‌တွေကို မူလ တာဝန်ပြန်‌ပေးပြီး ၁၅ကြိမ်‌မြောက် ကွန်ဂရက် အထိ ဆက်လက် တာဝန်ယူသွားဖို့ သ‌ဘောတူခဲ့ကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အထူးအ‌ရေး‌ပေါ် အစည်းအ‌ဝေးတွင် အဖွဲ့အစည်းအတွင်း ဖြစ်ပွားသည့် သ‌ဘောထားကွဲလွဲမှုများမှာ ‌ကေအဲန်ယူ ဖွဲ့စည်း ပုံအ‌ခြေခံဥပ‌ဒေ၏ အားနည်းချက်သာဖြစ်‌သော‌ကြောင့် ၎င်းကို ‌ခေါင်း‌ဆောင်များအားလုံး တာဝန်ခံကာ ‌ကျေ‌အေးခဲ့ကြ‌ကြောင်း နှင့် ပြည်တွင်းပြည်ပမှ ကရင်ပြည်သူလူထုများလည်း ‌ကေအဲန်ယူအတွင်း အုပ်စုကွဲမှုကို မဖြစ်ပွားလို‌ကြောင်း ဗိုလ်မှူး‌စောလှ‌ငွေ က ဖြည့်စွက်‌ပြောဆိုသည်။

ယ‌နေ့ထုတ်ပြန်သည့် ‌ကေအဲန်ယူ၏ သ‌ဘောထား‌ကြေညာချက်အရ လက်ရှိဖြစ်‌ပေါ်‌နေ‌သော အဖွဲ့အစည်းအတွင်း အားနည်း ချက်များကို ‌ခေါင်း‌ဆောင်များမှ ဦးစီး‌ရှေ့‌ဆောင်၍ ညှိနှိုင်းအ‌ဖြေရှာကာ အ‌ခြေခံလမ်းစဉ်နှင့်အညီ အတူတကွ ဆက်လက် ချီတက်သွားကြမည်ဟူ၍ ‌ဖော်ပြထားသည်။

‌ကေအဲန်ယူ၏ ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သူ မန်းငြိမ်း‌မောင်က “‌ကေအဲန်ယူအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ‌ပေါ်မှာ တမျိုးသား လုံးက စိုးရိမ်မှု‌တွေ ကြီးမားစွာ ဖြစ်‌ပေါ်ခဲ့တယ်။ ဒီကိစ္စ‌တွေကို ကျ‌နော်တို့ ပြန်ကြည့်တဲ့အခါမှာ အ‌လေးအနက်ထားပြီး ‌ရေရှည် လုပ်‌ဆောင်ရမယ့်အရာ‌တွေကို ‌ရှေ့ရှုလုပ်‌ဆောင်သွားတာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

တစ်ဆက်တည်းမှာပင် အဖွဲ့အစည်းအတွင်း ဖြစ်ပွားခဲ့သည့် ‌ခေါင်း‌ဆောင်များ၏ သ‌ဘောထားကွဲလွဲမှုများကို သင်ပုန်း‌ချေခဲ့ပြီးဖြစ် ၍ လာမည့် ဗဟို‌ကော်မတီအစည်းအ‌ဝေးကို ယခုလ ၃၁ရက်‌နေ့တွင် စတင် လုပ်‌ဆောင်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ၁၅ကြိမ် ‌မြောက် ညီလာခံကို နိုဝင်ဘာလ စတုတ္ထပတ်တွင် ကျင်းပသွားမည်ဟု ခန့်မှန်းထား‌ကြောင်း သိရသည်။