Home သတင်း ပဒို‌စော‌ဒေးဗစ်‌ထော၏ ရုပ်အ‌လောင်းကို ယ‌နေ့ နယ်စပ်သို့ပြန်သယ်‌ဆောင်လာ

ပဒို‌စော‌ဒေးဗစ်‌ထော၏ ရုပ်အ‌လောင်းကို ယ‌နေ့ နယ်စပ်သို့ပြန်သယ်‌ဆောင်လာ

1468
‌အောက်တိုဘာလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ရန်ကုန်တိုင်း၊ မဂင်္လာဒုံ စစ်‌ဆေးရုံတွင် ယမန်‌နေ့ည ၁ဝနာရီခွဲ‌ကျော်၌ အဆုတ်‌ရောဂါဖြင့် ကွယ်လွန်သွားခဲ့သူ ပဒို‌စော‌ဒေးဗစ်‌ထော၏ ရုပ်အ‌လောင်းကို မနက် ၁နာရီခွဲအချိန်တွင် ကရင်ပြည်နယ်ဘက်သို့ ပြန်လည် သယ်‌ဆောင်လာခဲ့သည်။

ယမန်‌နေ့ညက ဟယ်လီ‌ကော်ပတာဖြင့် သယ်‌ဆောင်ရန် စီစဉ်ခဲ့‌သော်လည်း ၎င်း၏ရုပ်အ‌လောင်းနှင့်အတူ နီးစပ်ရာ ‌ဆွေမျိုး မိတ်‌ဆွေများပါ လိုက်ပါလိုသည့်အ‌ပေါ် ရန်ကုန်မြို့မှ ကား ခုနှစ်စီးဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ယ‌နေ့မနက်တွင် ဖားအံမြို့သို့ ‌ရောက်ရှိလာခဲ့သည်။

ထို့‌နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ စီစဉ်‌ပေးမှုဖြင့် မနက် ၈နာရီခွဲခန့်အချိန်တွင် ဖားအံမြို့မှတဆင့် ‌ကော့ကရိတ်၊ ထိုမှတဆင့် ဆက်လက် ထွက်ခွာလာရာ အလယ်ဘိုတဲ‌နေရာသို့ ‌နေ့လည် ၁၂နာရီ‌ကျော်တွင် ‌ရောက်ရှိလာပြီးဖြစ်‌ကြောင်း ခရီးစဉ်ကို ဆက်သွယ် စီစဉ်သူများ၏ ‌ပြောကြားချက်အရ သိရသည်။

ခန့်မှန်း‌ခြေအားဖြင့် ယ‌နေ့မွန်းလွဲပိုင်းတွင် မြဝတီမြို့သို့‌ရောက်ရှိပြီး မြဝတီ ဆက်ဆံ‌ရေးရုံးမှ တာဝန်ရှိသူအချို့နှင့် ‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်တွင် ပါဝင်သူ ဗိုလ်မှူးကြီးထူးထူး‌လေးတို့က ‌စောင့်ကြို၍ ထိုမှတဆင့် ထိုင်း-မြန်မာနယ်စပ်သို့ သယ်‌ဆောင်သွားရန် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များနှင့် နီးစပ်ရာ အသိုင်းအဝိုင်းက အဆင်သင့် စီစဉ်ထားကြသည်။