Home သတင်း ထားဝယ်‌ဒေသတွင် ထိုင်းနိုင်ငံမှ တရားမဝင် ဆိုင်ကယ်များကို အစိုးရတပ် ဖမ်းဆီး‌နေ

ထားဝယ်‌ဒေသတွင် ထိုင်းနိုင်ငံမှ တရားမဝင် ဆိုင်ကယ်များကို အစိုးရတပ် ဖမ်းဆီး‌နေ

1849
‌အောက်တိုဘာလ ၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


တနသင်္ာရီတိုင်း၊ ထားဝယ်ခရိုင်၊ ‌မေတ္တာမြို့နယ်ခွဲ သပြု‌ချောင်းရွာမှစ၍ အာရှလမ်းမကြီးတစ်‌လျှောက်တွင် ‌အောက်တိုဘာလ ၅ ရက်‌နေ့မှစ၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ တရားမဝင် ခိုးဝင်လာ‌သော ဆိုင်ကယ်များကို နယ်‌မြေခံ အစိုးရစစ်တပ်များက ဖမ်းဆီးအ ‌ရေးယူလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံအတွင်းရှိ ကန်ချနပူရီခရိုင်တွင် ဆိုင်ကယ်‌ပျောက်ဆုံးမှု များပြားလာသဖြင့် ထိုင်းအာဏာပိုင်များ ၏ အကူအညီ‌တောင်းခံမှု‌ကြောင့် ထိုသို့ ဖမ်းဆီးစစ်‌ဆေးမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ထိုင်းစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ‌ကေ အိုင်စီသို့ ‌ပြောသည်။

၎င်းက “အရင်က တရားဝင်‌ရော၊ တရားမဝင်‌ရော အကုန်ရတယ်။ အခု‌နောက်ပိုင်း မရ‌တော့ဘူး။ လမ်း‌တွေပိတ်ပြီး‌တော့ ဖမ်း တာ။ ပိုက်ဆံ‌ပေးလည်း မရ‌တော့ဘူး။ ဆိုင်ကယ်လည်း အဝင်မခံ‌တော့ဘူး”ဟု ‌ပြောဆိုသည်။

လက်ရှိ ဆိုင်ကယ်ဖမ်းဆီးသည့် ထို‌ဒေသမှာ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) လှုပ်ရှားရာ နယ်‌မြေဖြစ်ပြီး လွန် ခဲ့သည့် သီတင်းတစ်ပတ်ခန့်က ထိုင်းမှ မြန်မာဘက်သို့ ဝင်‌ရောက်လာ‌သော ဆိုင်ကယ်ခိုးဂိုဏ်းသား ၃ဦးကို ဆိုင်ကယ် ၅စီးနှင့် အတူ KNU တပ်ဖွဲ့ဝင်များက ဖမ်းဆီးရရှိပြီး ထိုင်းအာဏာပိုင်များထံသို့ လွှဲ‌ပြောင်း‌ပေးခဲ့သည်။

ယခင်က တရားမဝင် ဆိုင်ကယ်များနှင့် ခိုးရာပါ ဆိုင်ကယ်များကို လမ်းတစ်‌လျှောက် အစိုးရစစ်တပ်များ ဖြစ်ကြ‌သော ‌ရှေ့တန်း အမှတ်-၂ နည်းဗျုဟာမှူး ဗိုလ်မှူးကြီး‌ဇော်လွင်‌ဌေးမှ ဆင်ဖြူတိုင်ရွာတွင်လည်း‌ကောင်း၊ ‌ရှေ့တန်း ခမရ(၅၉၅) တပ်ရင်းမှူး ဗိုလ်မှူး ‌အောင်‌ကျော်နှင့် ဗိုလ်ကြီးသန့်ဇင်ဦးတို့မှ အိုင်ဝိုင်းစခန်းတွင် ဂိတ်များဖွင့်၍ ‌ကောက်ခံခဲ့သည်။

အဆိုပါဂိတ်များမှာ တရားဝင်ဂိတ်များ ထားရှိခြင်းမျိုး မဟုတ်ဘဲ အလျဉ်းသင့်သလို ဆိုင်ကယ်တစ်စီးကို အမျိုးအစားအလိုက် ဘတ်‌ငွေ ၅၀ဝမှ ၁၀၀ဝအထိ ‌တောင်းခံပြီး ပြန်လွှတ်‌ပေး‌လေ့ရှိရာမှ တရားမဝင်ဆိုင်ကယ် များပြားလာခြင်းဖြစ်သည်ဟု ‌ဒေသခံ များက ‌ပြောသည်။

‌ဒေသခံတစ်ဦးက “အခု ဒီနယ်မှာရှိတဲ့ ဆိုင်ကယ်အားလုံးလိုလိုက တရားမဝင်တဲ့နည်းနဲ့ ဝင်‌ရောက်လာချည်းပါပဲ။ အရင်က ပိုက် ဆံ‌ပေးပြီး‌တော့ သယ်လို့ရတယ်။ အဲဒီလို လွှတ်‌ပေးတာများ‌တော့ ပြဿနာက တဖြည်းဖြည်း ကြီးလာတဲ့အခါကျ‌တော့ ပြန်ပြီး တင်းကြပ်တဲ့သ‌ဘော ဖြစ်မယ်”ဟု ‌ပြောသည်။

ယခုမတိုင်မီကာလ၌ ထိုင်းဘက်ခြမ်းမှ ဆိုင်ကယ်များကို ဝယ်ယူရန် ပြည်တွင်းရှိ ဝယ်ယူသူများက လူကယ်ရီများကို ဘတ်‌ငွေ ၄၀၀ဝမှ ၅၀၀ဝခန့် ငှားရမ်း၍ တရားမဝင် သယ်‌ဆောင်‌စေခဲ့သည်ဟု သိရသည်။

တရားမဝင် ဆိုင်ကယ် အ‌ရေအတွက် များပြားလာသည့် ယင်း‌ဒေသတွင် ယခင်က အ‌ရေးယူ‌ဆောင်ရွက်ခြင်း မရှိသည့်အပြင် နယ်‌မြေတည်ငြိမ်မှု မရှိခဲ့ခြင်းတို့‌ကြောင့် ယခုအချိန်ထိ တရားဝင်ဆိုင်ကယ်များကို လိုင်စင်များ ထုတ်‌ပေးနိုင်ခြင်း မရှိ‌သေး ‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။