Home သတင်း ကွယ်လွန်သူ ပဒို‌စော‌ဒေးဗစ်‌ထောကို ကရင့်နိုင်ငံ‌ရေး ‌ခေါင်း‌ဆောင်အချို့ လာ‌ရောက်ပို့‌ဆောင်

ကွယ်လွန်သူ ပဒို‌စော‌ဒေးဗစ်‌ထောကို ကရင့်နိုင်ငံ‌ရေး ‌ခေါင်း‌ဆောင်အချို့ လာ‌ရောက်ပို့‌ဆောင်

1856
‌အောက်တိုဘာလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ပဒို‌ဒေးဗစ်‌ထော၏ ရုပ်အ‌လောင်းကို ရန်ကုန်တိုင်း ကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီး ‌စောထွန်း‌အောင်မြင့်၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါ တီ မှ လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေးအွာ၊ ‌စောဘိုးနီ၊ ‌ဒေါက်တာစိုင်မွန်သာနှင့် ဇနီးဖြစ်သူ ‌ဒေါက်တာရီဘက်ခါတို့အပြင် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေသို့ သယ်‌ဆောင်သွားမည့် ‌ခေါင်း‌ဆောင်များထံ ယ‌နေ့ည‌နေ မြန်မာစံ‌တော်ချိန် ၃နာရီခွဲခန့်တွင် လာ‌ရောက်လွဲ‌ပြောင်း‌ပေး ခဲ့ကြသည်။

ထိုသို့ ပို့‌ဆောင်ရာတွင် ကရင်ပြည် နယ်အတွင်းရှိ လုံခြုံ‌ရေးနှင့် ကျန်းမာ‌ရေးဆိုင်ရာ အစိုးရဝန်ထမ်းအချို့တို့အပြင် KNLA တပ်မဟာများ ဆက်ဆံ‌ရေးရုံးမှ တာဝန်ခံနှင့် မြဝတီ ဆက်ဆံ‌ရေးရုံးမှ တာဝန်ခံများကလည်း လာ‌ရောက်ပို့‌ဆောင်ခဲ့ကြပြီး ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ဗိုလ်မှူးကြီးထူးထူး‌လေး၊ ပဒို‌စော‌ရောဂျာခင်၊ ပဒို‌စော‌ရွှေ‌မောင်း၊ ဗိုလ်မှူးကြီး‌နေစိုးတို့က ‌စောင့်ကြိုလွဲ‌ပြောင်း လက်ခံခဲ့သည်။

၎င်း‌နောက် ပဒို‌ဒေးဗစ်‌ထော၏ ရုပ်အ‌လောင်းကို တပ်မဟာ(၇)နယ်‌မြေအတွင်းရှိ ‌သေ‌ဘေထာ့‌နေရာတွင် KNLA စစ်ဖက်အရာရှိအချို့နှင့် ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးတို့မှ စီစဉ်ကာ ယ‌နေ့ည‌နေတွင် သယ်‌ဆောင်သွားခဲ့ခြင်းဖြစ်သည်။