Home သတင်း ကမ္ဘာ့ဆရာများ‌နေ့မဲ‌ဆောက်မြို့တွင် ကျင်းပ

ကမ္ဘာ့ဆရာများ‌နေ့မဲ‌ဆောက်မြို့တွင် ကျင်းပ

2273
‌အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ရှိ Child Development Center- CDC‌ကျောင်းတွင် ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းများ စု‌ပေါင်း ၍ ၈ကြိမ်‌မြောက် ကမ္ဘာ့ဆရာများ‌နေ့ကို ယ‌နေ့ နံနက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

‌စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုသည့် နာသုံးနာနှင့် အနာဂတ်မျိုးဆက်သစ်‌လေးများအတွက် ပညာသင်ကြား‌ပေး‌နေ‌သော ဆရာ၊ ဆရာမများကို ဂုဏ်ပြုသည့်အ‌နေဖြင့် အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့ရခြင်းဖြစ်‌ကြောင်း မဲ‌ဆောက်အ‌ခြေစိုက် မြန်မာ‌ရွှေ့ ‌ပြောင်း‌ဒေသ ဆရာ၊ဆရာမများအစည်းအရုံး-BMTA ဥက္ကဌလည်းဖြစ်၊ CDC ‌ကျောင်းအုပ်လည်းဖြစ်သည့် ဆရာမန်း‌ရွှေနှင်းက ‌ပြောသည်။

ဆရာမန်း‌ရွှေနှင်းက “‌ရွှေ့‌ပြောင်းဆရာ၊ ဆရာမ‌တွေရဲ့ တန်ဖိုး၊ ‌ပေးဆပ်မှု‌တွေက သမိုင်းတွင်‌လောက်တယ်။ ဒါ‌ကြောင့် ဒီလိုမျိုးပွဲ ကို ကျ‌နော်တို့က ဆရာ၊ ဆရာမ‌တွေ စုစုစည်းစည်းနဲ့ သူတို့ရဲ့ခံစားချက်‌တွေ၊ သူတို့ရဲ့ ရင်ထဲက အပူအပင်‌တွေ နည်းနည်း‌လေး ဖြစ်ဖြစ် သက်သာသွားနိုင်ဖို့လည်းပဲ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့တာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မနက် ၉နာရီခွဲတွင် စတင်သည့် ၎င်းအခမ်းအနားကို ဆရာ၊ ဆရာမများ ‌ရှေ့ဆက် ရပ်တည်သွားနိုင်ကြရန် Take a Stand For Teachers! ဆိုသည့် ‌ဆောင်ပုဒ်ဖြင့် ယ‌နေ့ ပြုလုပ်သည့် ဆရာ၊ ဆရာမများ‌နေ့တွင် ပြသခဲ့ကြသည်။

‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းဆရာတဦးဖြစ်သူ ဆရာ‌ဇော်ထက်က “‌ရွှေ့‌ပြောင်း‌ကျောင်းက ဆရာ၊ ဆရာမ‌တွေကို ဂုဏ်ပြုပြီး‌တော့ ‌ဆောင်ပုဒ်‌လေးတစ်ခုလုပ်တာ သိပ်‌ကောင်းပါတယ်။ ဒီမှာရှိတဲ့ ဆရာ၊ ဆရာမ‌တွေကလည်း ‌ကျောင်းသူ၊ ‌ကျောင်းသား‌တွေအ တွက် စံပြဖြစ်ဖို့ လိုအပ်တယ်”ဟု ‌ပြောသွားခဲ့သည်။

ကမ္ဘာ့ဆရာများ‌နေ့ အခမ်းအနား တက်‌ရောက်သည့် CDC မှ ဆယ်တန်း‌ကျောင်းသူ ‌နော်ရိုမီထူးကလည်း ကိုယ်ကျိုးစွန့် အနစ်နာ ခံပြီး လူမှု‌ရေးစိတ်ဓါတ် အပြည့်အဝဖြင့် ‌ကျောင်းသူ၊ ‌ကျောင်းသားများကို ပညာသင်ကြား‌ပေး‌နေသည့် ဆရာ၊ဆရာမများအ‌ပေါ် ‌ကျေးဇူးတင်မိ‌ကြောင်း ယခုလို ‌ပြောသည်။

‌နော်‌မေထူးက “အခုအချိန်မှာဆိုရင် ‌ကျောင်းတိုင်းမှာလိုလို ‌ထောက်ပံ့မှု‌တွေ ‌လျော့သွားတယ်။ ‌လျော့သွား‌ပေမယ့်လို့လည်း သူတို့ရဲ့ အခက်အခဲ‌တွေကြားက‌နေပဲ ‌ကျောင်းသူ‌ကျောင်းသား‌တွေကို ပစ်မသွားဘူး။ အနစ်နာခံပြီး ပညာသင်ကြား‌ပေး‌နေကြ တာပါ”ဟု ‌ပြောသည်။

BMTA မှ ဦးစီးကျင်းပခဲ့သည့် ယ‌နေ့အခမ်းအနားသို့ မြန်မာ‌ရွှေ့‌ပြောင်းဆရာ၊ဆရာမများ၊ ‌ကျောင်းသူ‌ကျောင်းသားများ၊ ရပ်မိရပ်ဖ များ၊ နိုင်ငံခြားသားများနှင့် သတင်း‌ထောက်များ အပါအဝင် လူဦး‌ရေ ၄၀ဝနီးပါး တက်‌ရောက်ခဲ့ကြပြီး အခမ်းအနား အစီအစဉ်အ ရ ပရိဿတ်များကို BMAT ၏ လုပ်ငန်းအစီရင်ခံစာများ၊ ဘဏ္ဍာ‌ရေးအစီရင်ခံစာများကို တင်ပြခြင်းများအပြင် စာစီစာကုံးပြိုင်ပွဲ၊ ‌ဘောလုံးပြိုင်ပွဲများအတွက် ဆု‌ပေးပွဲများ၊ ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များဖြင့် ည‌နေ ၄နာရီတွင် ရုတ်သိမ်းခဲ့သည်။

မဲ‌ဆောက်မြို့တွင် ထိုင်းပညာ‌ရေးဌာနတွင် မှတ်ပုံတင်ထားသည့် တရားဝင်‌ကျောင်း‌ပေါင်း ၇၄‌ကျောင်းနှင့် မှတ်ပုံမတင်ရ‌သေး သည့်‌ကျောင်း ၈‌ကျောင်းရှိရာ စုစု‌ပေါင်း ဆရာ၊ဆရာမဦး‌ရေ ၈၃ဝရှိသည်။

Burma Migrant Teacher Association-BMTA ကို ၂၀၀၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၇ရက်‌နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး မဖွဲ့စည်း မီကတည်းက ကမ္ဘာ့ဆရာများ‌နေ့ကို ထိုင်းနိုင်ငံ‌ရောက် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းဆရာ၊ဆရာမများက စု‌ပေါင်းကျင်းပခဲ့ကြသည်။