Home သတင်း KNU နှင့်အစိုးရအပစ်ရပ်‌ရေးဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ်များ နှစ်ဖက် သ‌ဘောတူညီခဲ့

KNU နှင့်အစိုးရအပစ်ရပ်‌ရေးဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ်များ နှစ်ဖက် သ‌ဘောတူညီခဲ့

1834
စက်တင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ်။ နန်း‌ဖော့‌ဂေ၏ သတင်း‌ပေးပို့ချက်

ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ဟိုတယ်တွင် ယ‌နေ့ပြီးစီးသွားခဲ့သည့် တတိယအကြိမ်‌မြောက် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ၌ မြန်မာ အစိုးရနှင့် ‌ကေအဲန်ယူအကြား အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်များအရ နှစ်ဦးနှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများဆိုင်ရာ သ‌ဘောတူညီချက်(မူကြမ်း)ကို လက်မှတ်‌ရေးထိုးခဲ့ကြသည်။

အဆိုပါ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း(Code of Conduct-CoC) ထဲတွင် နှစ်ဖက်စလုံးမှ လူထုနှင့်ပတ်သက်၍ ‌စောင့်ထိန်းလိုက်နာရ မည့်ကျင့်ဝတ်များ၊ စစ်သည်‌တော်ကျင့်ဝတ်၊ နှစ်ဖက်တပ်များ ခရီးသွားလာခြင်း၊ အရပ်သားပြည်သူကို ဆက်ဆံခြင်းနှင့် ငြိမ်းချမ်း‌ရေးလုပ် ငန်းစဉ်များကို ပူးတွဲ‌လေ့လာ‌စောင့်ကြည့်‌ရေး‌ကော်မတီ ဖွဲ့စည်းသွား‌ရေးနှင့် အငြင်းပွားမှု‌ဖြေရှင်းခြင်း စသည့်အပိုဒ်‌ပေါင်း ၁ဝပိုဒ်ပါဝင်သည်။

စက်တင်ဘာလ ၃ရက်နှင့် ၄ရက် နှစ်ရက်တာ ပြုလုပ်သည့် ၎င်း‌ဆွေး‌နွေးပွဲတွင် CoC ပါ အပိုဒ်(၅) သတ်မှတ်ထား‌သော စစ်နယ်‌မြေများနှင့် စစ်ဆက်သွယ်‌ရေးလမ်း‌ကြောင်းများကို အ‌သေးစိတ် ‌ဆွေး‌နွေးခဲ့ကြပြီး သက်ဆိုင်ရာ၊ တပ်ဖက် အရပ်ဖက် အကြီးအကဲများကို ပြန်လည် တင်ပြသွားကာ တဆင့်ချင်း ဆက်လက် ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း လက်ခံခဲ့ကြသည်။

‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်က “ပြည်သူလူထုအတွက် အဓိကထား စဉ်းစားသွားမဲ့ Code of Conduct ကို အ‌သေးစိတ် ‌ဆွေး‌နွေးသွားတာဖြစ်သလို ဒါကို တဖြည်းဖြည်း လုပ်‌ဆောင်သွားကြဖို့ကို သ‌ဘောတူခဲ့ကြပါတယ်”ဟု ဆိုသည်။

ယခုသ‌ဘောတူညီချက်(မူကြမ်း)ကို “မူ”အားဖြင့် သ‌ဘောတူခဲ့ကြသလို အထက်ဌာနများသို့ ပြန်လည်တင်ပြပြီး လာမည့် အစည်းအ‌ဝေး များ၌ ဆက်လက် ‌ဆွေး‌နွေးခြင်း၊ အတည်ပြုခြင်းများ ပြုလုပ်ရန်သ‌ဘောတူ‌ကြောင်း ယ‌နေ့ မွန်းလွဲ ၂နာရီနီးပါးအချိန်တွင် နှစ်ဦးနှစ်ဖက်မှ အပြန်အလှန် လက်မှတ်‌ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

‌ကေအဲန်ယူနှင့် အစိုးရတို့ တတိယအကြိမ်‌မြောက် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို အဆုံးသတ်ခဲ့ပြီး ‌ကေအဲန်ယူနှင့် အစိုးရတို့ နှစ်ဖက် ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ် ၅ဦးစီမှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နာရီဝက်‌ကျော်ကြာ ပြုလုပ်ခဲ့ရာ သမ္မတရုံးဝန်ကြီး ဦး‌အောင်မင်းက ယခုလို ‌ပြော သည်။

“ကျ‌နော်တို့ ဒီစည်း‌ဝေးပွဲကို အငြင်းအခုံမရှိ ‌ပြေ‌ပြေလည်လည် ‌ပြောဆိုနိုင်ခဲ့လို့ ဒါ ‌အောင်မြင်တယ်လို့ ဆိုနိုင်တာ‌ပေါ့။ ငြိမ်းချမ်း‌ရေးဆိုတာ ကိုလည်း ကျ‌နော်တို့က ‌လှေခါးတဆင့်ချင်း ဆက်လက် လုပ်‌ဆောင်သွားရမယ်”ဟု ဝန်ကြီးဦး‌အောင်မင်းက ‌ပြောဆိုခဲ့သည်။

ယခု ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ‌ကေအဲန်ယူမှ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် ၉ဦးနှင့် မြန်မာအစိုးရဘက်မှ ဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်‌သော ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် ၁ဝဦးတို့ ပါဝင်သည်။

အစိုးရနှင့် ‌ကေအဲန်ယူအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရန် ပြည်နယ်အဆင့်ကို ၂၀၁၂ခုနှစ်၊ ဧပြီလ ၄ရက်‌နေ့တွင် ဖားအံမြို့၌လည်း ‌ကောင်း၊ ဧပြီလ ၆ရက်‌နေ့တွင် ပြည်‌ထောင်စုအဆင့်ကို ရန်ကုန်မြို့၌လည်း‌ကောင်း၊ တိုင်းအဆင့် သ‌ဘောတူညီချက်ကို ဧပြီလ ၁ဝရက်‌နေ့ တွင် ပဲခူးမြို့နှင့် ထားဝယ်မြို့များ၌လည်း‌ကောင်း အသီးသီး လက်မှတ်‌ရေးထိုး ချုပ်ဆိုခဲ့ကြသည်။