Home သတင်း KNPP နှင့်၈၈မျိုးဆက်‌ကျောင်းသား အဖွဲ့တို့ပထမဆုံး အကြိမ် မြန်မာ့ နိုင်ငံ ‌ရေး‌ဆွေး‌နွေး

KNPP နှင့်၈၈မျိုးဆက်‌ကျောင်းသား အဖွဲ့တို့ပထမဆုံး အကြိမ် မြန်မာ့ နိုင်ငံ ‌ရေး‌ဆွေး‌နွေး

1937
စက်တင်ဘာလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP နှင့် ၈၈ မျိုးဆက်‌ကျောင်းသားအဖွဲ့တို့သည် ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်‌ကော်မြို့တွင် ယ‌နေ့မနက် ၉နာရီမှ ၁၂နာရီအထိ ပထမဆုံးအကြိမ် ‌တွေ့ဆုံ၍ လက်ရှိ မြန်မာ့နိုင်ငံ‌ရေး အ‌ခြေအ‌နေကို ‌ဆွေး‌နွေးခဲ့သည်။

KNPP ၏ ပြည်တွင်းဆက်ဆံ‌ရေးတာဝန်ခံ ခူဒယ်နီရယ်က “ဗမာပြည် ပြုပြင်‌ပြောင်းလဲ‌ရေး၊ ဗမာပြည် စစ်မှန်တဲ့ ဒီမိုက‌ရေစီ ‌ပေါ်ထွန်း‌ရေး၊ ‌နောက် စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးရရှိ‌ရေး ‌ဆွေး‌နွေးခဲ့တယ်။ ဒါ ကျ‌နော်တို့ ‌တွေ့ဆုံခြင်းရဲ့ လမ်းစတခုပဲလို့ မြင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ယင်း‌တွေ့ဆုံမှုတွင် KNPP ဘက်မှ ခူဒယ်နီရယ်(ပြည်တွင်း ဆက်ဆံ‌ရေးတာဝန်ခံ)၊ ခွန်းစမ်းရှိုင်း(တွဲဖက်တာဝန်ခံ)၊ ‌အေးမွန်(ရုံးဝန်ထမ်း)နှင့် ၈၈ မျိုးဆက်‌ကျောင်းသားအဖွဲ့မှ ကိုမြ‌အေး(ငြိမ်းချမ်း‌ရေးတာဝန်ခံ) ဦး‌ဆောင်သည့် ကိုထွန်းမြင့်‌အောင်(လယ်သမား‌ရေးရာ တာဝန်ခံ)၊ ကိုစိုးထွန်း (လူ့စွမ်းအား အရင်းအမြစ်နှင့် ပြန်လည်ထူ‌ထောင်‌ရေး တာဝန်ခံ)၊ မမီမီလွင်(ငြိမ်းချမ်း‌ရေးအဖွဲ့ဝင်)နှင့် မစန်းစန်း‌မော် (ငြိမ်းချမ်း ‌ရေးအဖွဲ့ဝင်)တို့ ပါဝင်သည်။

အမှန်အားဖြင့် ၎င်းတို့နှစ်ဖွဲ့သည် စနစ်တကျ ‌တွေ့ဆုံ‌ဆွေး‌နွေးရန် အစီအစဉ် မရှိ‌သော်လည်း ‌တွေ့ဆုံသည့်အချိန်တွင် လက်ရှိ မြန်မာ့နိုင်ငံ ‌ရေးနှင့်ပတ်သက်၍ ‌ဆွေး‌နွေးရင်း အချက်အလက်များစွာ ထွက်‌ပေါ်ခဲ့သလို နှစ်ဘက် အားရ‌ကျေနပ်မှုများလည်း ရရှိခဲ့သည်ဟု KNPP က ဆိုသည်။

‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့မှု အ‌ကြောင်းအချက်များထဲမှ အချက် ၆ချက်ကို ထုတ်ယူ၍ နှစ်ဘက်အဖွဲ့မှ ပူးတွဲ သ‌ဘောထား‌ကြေညာချက်ကို ယ‌နေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရှိသည့် စစ်မှန်‌သော ပြည်‌ထောင်စု‌ပေါ် ထွန်း‌ရေး၊ ကယားပြည်နယ်တွင် ‌ရေရှည်တည်တံ့ခိုင်မြဲ‌သော ဖွံ့ဖြိုးတိုးတက်‌ရေးကို တည်‌ဆောက်နိုင်ရန် နိုင်ငံ‌ရေးပဋ္ဋိပက္ခများ ‌ဖြေရှင်းရာ တွင် ‌ဒေသခံလူထု၏ သ‌ဘောတူ ပူး‌ပေါင်း‌ဆောင်ရွက်မှု ရယူ‌ရေးတို့ ပါရှိသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး တန်းတူညီမျှ‌ရေး၊ ဒီမိုက‌ရေစီထွန်းကား‌ရေးတို့အတွက် အစိုးရ အပါအဝင် မည်သည့်အ သင်းအဖွဲ့များနှင့်မဆို ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းနှင့် အစိုးရအ‌နေဖြင့် ကချင်ပြည်နယ် စစ်ပွဲကို အမြန်ဆုံးရပ်တန့်ပြီး စစ်မှန် သည့်ငြိမ်းချမ်း‌ရေး အမြန်ဆုံး‌ဆောင်ရွက်သင့်‌ကြောင်း ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သည့် ငြိမ်းချမ်း‌ရေးရရှိ‌ရေးအတွက် ၈၈ မျိုးဆက်‌ကျောင်းသားအဖွဲ့အ‌နေဖြင့်လည်း တဖက်တလမ်းမှ ဆက်လက် လုပ်‌ဆောင်သွားမည်ဟု ကိုမြ‌အေး၏ ‌ပြောကြားချက်ကို ခူဒယ်နီရယ်က ‌ကေအိုင်စီသို့ တဆင့် ပြန်လည် ‌ပြောဆိုခဲ့သည်။