Home ကဗျာ ဘာသာပြန်မမှားကြေး

ဘာသာပြန်မမှားကြေး

1021
၂၃ စက်တင်ဘာ ၂၀၁၂။ (လင်္ကာဒီပ)


ဘယ်သူပြောလည်း ခေတ်မမှီတော့ဘူးဆိုတာ
ကမ္ဘာချီပြီး ရယ်လိုက်ချင်သလေ
သက္ကရာဇ်တွေမှာ အလံထူထုဆစ်
ကောက်ကျစ်စဉ်းလဲခြင်း
မင်းမာယာတွေကို ဖွင့်ချနိုင်ခဲ့
နောင်တနဲ့ ပြန်လာသူများက
တခုတ်တရ လေးစားစွာ ထောက်ခံကြပြီကော
စောဘဦးကြီးမူဟာ ထာဝစဉ် သစ်လွင်ဆဲပါလို့။

အုန်းမှုတ်တစ်ခွက်စာ
မြေနေရာ လွတ်လပ်ခွင့်
အသင့်အတင့်လေးနဲ့ ချွေးသိပ်ထားယုံ
ပြီးပြည့်စုံတဲ့ ကရင်ပြည် မဟုတ်သေးဘူး။

ဘဝဆိုတာ တိုတိုလေးပါတဲ့
ငါနဲ့ ငါ့သားမယား ကြမ္မာ
ငါသာ ဖန်တီးနေခြင်း
သည်လူဖျင်းတို့လုပ်ရပ်ကား
အလျဉ်း စောဘဦးကြီးမူမမည်။

မပြောပေမယ့်လည်း
ပွဲမဝင်ချင်တော့တဲ့ အပြုအမူနဲ့
ခပ်ယဲ့ယဲ့ ခေါင်းငြိမ့်ပြနေခြင်း
သည်လူဖျင်းတို့လုပ်ရပ်ကား
အလျဉ်း လက်နက်ချစကားဆိုနေသလို။

ကိုယ့်အစုအဖွဲ့သား ကောင်းစားရေး
မြေးတော်မြစ်တော် ဆွေတော်တရာ
ကာကွယ်ရေးအတွက် လက်နက်ကိုင်ထားခြင်း
သည်လူဖျင်းတို့လုပ်ရပ်ကား
အလျဉ်း ဘဦးကြီးမူမဟုတ်ပေ။

မူနဲ့ဘာသာ ဖျက်ချင်ဖျက်ပါ
ဝါသနာကို မစွန့်နိုင်ရက်သူ
ပျူငှာမက်လုံးမှာ ရှက်ပြုံး
ဝှက်ဖုံးဟန်မဆောင်အားပေဘူး
စောဘဦးကြီးမူကိုသည်ပင်လျင်
လိုင်စင်ပါမစ်များဖုံး
လက်တလုံးခြားကာ လိမ်ညာနေကြပြီ။

တမျိုးသားလုံးကိုချန်ရစ်
မျိုးဒဏ်သင့်တော့မယ့် လူမိုက်တစု
မတရားမှုဆိုတာ ဆိတ်ကွယ်နိုင်ရိုးမရှိတဲ့
ပုပ်လှောင်တဲ့ပစ္စည်း
ကာဆီးထားလည်း တခဏတာ
သီတာခုနှစ်တန်ကျော်လည်းလေ
အခြေမတည်နိုင်စရာပင်
ကိုယ်သာလျင် ကိုယ့်ဘဝသမိုင်းဆရာမို့
ဘာသာပြန်ချက်တို့ မမှားဖို့လိုတယ်။