Home သတင်း ငြိမ်းချမ်း‌ရေး ဆန္ဒထုတ်‌ဖော်မှုကို အ‌ရေးယူပါက ဥပ‌ဒေအရ ရင်ဆိုင်သွားမည်ဟု ဦး‌ဆောင်သူ‌ပြော

ငြိမ်းချမ်း‌ရေး ဆန္ဒထုတ်‌ဖော်မှုကို အ‌ရေးယူပါက ဥပ‌ဒေအရ ရင်ဆိုင်သွားမည်ဟု ဦး‌ဆောင်သူ‌ပြော

1613
စက်တင်ဘာလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်‌နေမှုအ‌ပေါ် အစိုးရအာဏာ ပိုင်များ အ‌ရေးယူဖမ်းဆီးမည်ဆိုပါက တရားဥပ‌ဒေ‌ကြောင်းအရ ရင်ဆိုင်‌ဖြေရှင်းသွားမည်ဖြစ်‌ကြောင်း စီတန်းလှည့်လည်ပွဲ ဦး‌ဆောင်သူ တစ်ဦးဖြစ်သည့် NEW GENERATION WAVE မှ ကိုမိုး‌သွေးက ‌ပြောကြားလိုက်သည်။

အစိုးရအာဏာပိုင်များမှ စက်တင်ဘာလ ၁၁ရက်‌နေ့ ည‌နေ ၅နာရီက ရန်ကုန်တိုင်း ရဲမှူးရုံးတွင် တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ရန်ကုန်တိုင်း‌ဒေသကြီး ရဲမှူးကြီးမြင့်‌ထွေးမှ ခွင့်ပြုချက်မရရှိဘဲ စီတန်းလှည့်လည်‌နေမှုနှင့် ပါဝင်သူများကို စုံစမ်း‌ဖော်ထုတ် အ‌ရေးယူသွားမည်ဟု ‌ပြောဆိုခဲ့မှုအ‌ပေါ် ကိုမိုး‌သွေးက တုန့်ပြန် ‌ပြောကြားခြင်းဖြစ်သည်။

“ကျ‌နော်တို့က ဘာသာ‌ရေး အဓိကရုဏ်းဖြစ်‌အောင်၊ လူမျိုး‌ရေးအဓိကရုဏ်းဖြစ်‌အောင် ရည်ရွယ်ပြီး လုပ်‌ဆောင်‌နေတာ မဟုတ်ပါဘူး။ ငြိမ်းချမ်း‌ရေးအတွက် လုပ်‌ဆောင်‌နေတာပါ။ အာဏာပိုင်‌တွေက အ‌ကြောင်းအမျိုးမျိုးပြပြီး ခွင့်ပြုချက်မ‌ပေးဘူး။ ‌နောက်ပြီး‌တော့ ဖမ်းဆီး မှု‌တွေ လုပ်‌နေတယ်။ အဲဒီလိုအ‌ရေးယူမယ်ဆိုရင် တရားဥပ‌ဒေ‌ကြောင်းအရ ပြန်လည်ရင်ဆိုင်သွားမယ်”ဟု ၎င်းက ‌ပြောသည်။

အဆိုပါ စီတန်းလှည့်လည် ဆန္ဒထုတ်‌ဖော်မှုများကို အာဏာပိုင်များထံ အဆင့်ဆင့် တင်ပြခဲ့‌သော်လည်း ခွင့်ပြုချက် မ‌ပေးသည်ကိုကြည့် လျှင် ပြည်သူလူထုကို ငြိမ်းချမ်းစွာ ဆန္ဒ‌ဖော်ထုတ်မှုမရှိ‌ရေး နည်းမျိုးစုံနှင့် ကန့်သတ်‌နေသည့်သ‌ဘောပင် ဖြစ်‌ကြောင်း ကိုမိုး‌သွေးက ဆက် လက် ‌ပြောဆိုသည်။

စက်တင်ဘာလ ၂၁ရက်‌နေ့က တိုင်းရင်းသားများ၊ လူမှုအဖွဲ့အစည်းများ၊ လူမျိုး ဘာသာ‌ပေါင်းစုံ ပါဝင်‌သော အင်အား ၂,၀၀ဝ ဝန်းကျင်ခန့် သည် ရန်ကုန်မြို့‌တော်ခမ်းမ‌ရှေ့ရှိ ဧမာ‌နွေလ ဘုရား‌ကျောင်း‌ရှေ့၌ နံနက် ၁ဝနာရီခွဲတွင် စု‌ဝေးခဲ့ရာ အာဏာပိုင်များက လူစုခွဲ‌ပေးရန် ‌ပြော ဆိုခဲ့‌သော်လည်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုမှာ အင်းယားကန်‌ဘောင်တွင် ပြန်လည်စု‌ဝေးပြီး ည‌နေ ၆နာရီတွင် ပြီးဆုံးသွားခဲ့သည်။

ထိုသို့ ခွင့်ပြုချက်မရပဲ စီတန်းလှည့်လည်‌နေသည်များကို အ‌ရေးယူမည်ဟု ‌ပြောဆိုမှုများ ရှိ‌နေသည့်အ‌ပေါ် ပါဝင်သူများအ‌နေဖြင့် များစွာ စိုးရိမ်ပူပန်မိ‌ကြောင်း စီတန်းလှည့်လည်မှုတွင် ပါဝင်သူတစ်ဦးက ‌ပြောသည်။

ကရင်အမျိုးသမီး ‌နော်စူစဲနာလှလှစိုးက “နိုင်ငံ‌တော် သမ္မတကြီးက ငြိမ်းချမ်း‌ရေးရရှိ‌အောင် ‌ကော်မတီဖွဲ့ပြီး လုပ်‌ဆောင်‌နေတဲ့အ‌ပေါ် နိုင်ငံ သား‌တွေအ‌နေနဲ့ တတ်နိုင်တဲ့ဘက်က ပူး‌ပေါင်းလုပ်‌ဆောင်‌နေတာပါ။ ဒီလိုမျိုးလုပ်‌ဆောင်လို့ ဥပ‌ဒေနဲ့ အ‌ရေးယူမှု‌တွေ ပြုလုပ်မယ်ဆိုရင် နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ် ‌မှေးမှိန်သွားမှာကို‌တော့ စိုးရိမ်မိတယ်”ဟု Eleven media group တွင် ‌ပြောဆိုထားသည်။

အဆိုပါ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပ‌ဒေတစ်ခုခုကို ကျူးလွန်‌ဖောက်ဖျက်ပါက ‌ထောင်ဒဏ် ၁နှစ် သို့မဟုတ် ဒဏ်‌ငွေ တစ်‌သောင်း ကျပ် ပြစ်ဒဏ်ခံရနိုင်ပြီး ‌ထောင်ဒဏ်‌ရော ‌ငွေဒဏ်ပါ နှစ်မျိုးစလုံး တစ်‌ပေါင်းတည်း ကျခံရနိုင်ဖွယ်ရှိသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ရဲမှူးကြီးက ‌ပြောဆိုသွားခဲ့သည်ဟု သိရသည်။

ထို့အပြင် စီတန်းလှည့်လည်ပွဲတွင် ပါဝင်သူများက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး ‌ကျောက်တိုင်အား ဖယ်ရှားခဲ့မှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်ရှိ ‌တော်ဝင်နှင်းဆီ စား‌သောက်ဆိုင်၌ ည‌နေ ၄နာရီအချိန်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မည်ဟု သိရသည်။