Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၅နှစ်ပြည့် ‌ရွှေဝါ‌ရောင်နှစ်ပတ်လည် ကျင်းပ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၅နှစ်ပြည့် ‌ရွှေဝါ‌ရောင်နှစ်ပတ်လည် ကျင်းပ

1699
စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

၂၀၀၇ခုနှစ်က သံဃာ‌တော်များ ဦး‌ဆောင်သည့် ‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေး လူထုအုံကြွမှုကြီး၏ ၅နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယ‌နေ့မနက် ၁၁နာရီမှ ၁၂နာရီခွဲအထိ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သဘာဝ‌ကျေးရွာတွင် ကျင်းပပြီးစီးခဲ့သည်။

‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေးတွင် မြန်မာစစ်အစိုးရတပ်၏ လက်ချက်ဖြင့် အသက်‌ပေးသွား‌သော ရဟန်းရှင်၊ ‌ကျောင်းသားနှင့် လူထုများကို ‌အောက်‌မေ့‌သောအားဖြင့် ကရင်‌ဒေသတွင် ယခုလို အခမ်းအနားကို ကျင်းပရခြင်းဖြစ်‌ကြောင်း အခမ်းအနားဖြစ်‌မြောက်‌ရေး ကြီးကြပ်သူ ဆရာ‌တော် ဦးဝဏ္ဏသီရိ(‌ပေါနန်းမူး)က မိန့်ကြားသည်။

“အခုလို တည်ငြိမ်မှုရှိလာတဲ့ ကာလမှာ ဒီလို အခမ်းအနား‌တွေ လုပ်သင့်တယ်‌လေ။ ‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေးဟာ ‌မေ့အပ်တဲ့အရာ မဟုတ်ပါဘူး။ အခုလုပ်တာလည်း တတ်နိုင်သ‌လောက် လုပ်တာပဲ။ ပထမဆုံးအကြိမ်လုပ်တာလည်း ဖြစ်တယ်”ဟု ဦးဝဏ္ဏသီရိက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ရွှေဝါ‌ရောင်အတွင်း အသက်‌ပေးသွားသူများအတွက် ဆွမ်းကပ်တရားနာ အမျှ‌ဝေခြင်း၊ ‌ရွှေဝါ‌ရောင် အဖြစ်အပျက် အ‌ကြောင်းအ ရာများကို ‌ပြောကြားခြင်းနှင့် ‌ကျွေး‌မွေးဧည့်ခံခြင်းတို့ဖြင့် အခမ်းအနားကို ‌အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ဟုလည်း ဆရာ‌တော်က ဆက် လက် မိန့်ကြားသည်။

ယင်းအခမ်းအနားကို သံဃာ‌တော်များ၊ တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA အဖွဲ့ဝင်အချို့ အပါအဝင် သဘာဝ ‌ကျေးရွာ၊ ဘုရားသုံးဆူမြို့နှင့် ‌ချောင်းဆုံ‌ကျေးရွာမှ လူထုပရိဿတ် စုစု‌ပေါင်း ပရိဿတ် ၁၀ဝဦး‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

ယခုလ ၁၈ရက်‌နေ့က ‌ရွှေဝါ‌ရောင် ‌အောက်‌မေ့ဖွယ် ၅နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး ‌ရွှေဝါ‌ရောင်သံဃာ‌တော်များ၊ ၈၈မျိုးဆက်‌ကျောင်းသားများအဖွဲ့၊ ကုန်‌ဈေးနှုန်းကျဆင်း‌ရေးအဖွဲ့၊ နို်င်ငံ‌ရေး အကျဉ်းသား‌ဟောင်းများအဖွဲ့နှင့် အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ ချုပ် NLD ပါတီမှ အဖွဲ့ဝင်များ တက်‌ရောက်ခဲ့ကြသည်။