Home သတင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား တရားမျှတမှုရရှိ‌ရေး မဲ‌ဆောက်တွင် ‌ဆွေး‌နွေး

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား တရားမျှတမှုရရှိ‌ရေး မဲ‌ဆောက်တွင် ‌ဆွေး‌နွေး

1899
စက်တင်ဘာလ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

ထိုင်းနိုင်ငံ-တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ Centara Mae Sot Hill Resort ဟိုတယ်တွင် ထိုင်းလူ့အခွင့်အ‌ရေးမှ ဦး‌ဆောင်၍ သက်ဆိုင်ရာ ထိုင်းအစိုးရဌာနများနှင့် မြန်မာ့‌ရွှေ့‌ပြောင်းအလုပ်သမား ကူညီ‌စောင့်‌ရှောက်‌ပေး‌ရေး အဖွဲ့များ ယ‌နေ့‌တွေ့ဆုံကာ ‌ရွှေ့‌ပြောင်းအလုပ်သမားများ တရားမျှတမှုရရှိ‌ရေးအတွက် ‌ဆွေး‌နွေးပွဲခဲ့ကြသည်။

‌ဆွေး‌နွေးပွဲတွင် ထိုင်းလူ့အခွင့်အ‌ရေးကာကွယ်‌စောင့်‌ရှောက်မှုဌာနနှင့် တရားမျှတမှုဝန်ကြီးဌာန ညွှန်ကြား‌ရေး မှူးချုပ် ဖိထရာကျီရာဝတ်၊ ထိုင်း‌ရှေ့‌နေများ‌ကောင်စီ တာဝန်ရှိသူများ၊ မဲ‌ဆောက်ရဲစခန်း ဒုတိယအရာရှိနှင့် တရားသူကြီး၊ မယ်လမရဲစခန်း အရာရှိများနှင့် မြန်မာ့‌ရွှေ့‌ပြောင်းအလုပ်သမားကူညီ‌ရေးအဖွဲ့များဖြစ်သည့် ‌ရောင် ခြည်ဦးအလုပ်သမားကူညီ‌ရေး အဖွဲ့၊ မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ (JACBA) အပါအဝင် CPPCR၊ FFW၊ SAW၊ FED၊ LAC ၊Map Foundation စသည့်တို့မှ တာဝန်ရှိသူ ၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ယ‌နေ့နံနက် ၉နာရီမှ ည‌နေ ၃ နာရီအထိ ကျင်းပခဲ့သည့် ယင်း‌ဆွေး‌နွေးပွဲတွင် မဲ‌ဆောက်‌ရွှေ့‌ပြောင်းအလုပ် သမားအ‌ခြေအ‌နေများကို အဓိက ‌ဆွေး‌နွေးခဲ့ကြပြီး အလုပ်သမားများအတွက် ထိုင်းဥပ‌ဒေအ‌ထောက် အကူပြု ‌ရေး၊ တရားမျှတမှုရရှိ‌ရေးကွန်ယက်လုပ်ငန်းများ ‌ရှေ့ဆက်လုပ်‌ဆောင်သွား‌ရေးစသည့် ပါဝင်သည်ဟု ‌ရောင် ခြည်ဦးအလုပ်သမားကူညီ‌ရေးအဖွဲ့မှ ကိုဆက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“အရင်ကဖြစ်ခဲ့တဲ့ သမိုင်း‌ကြောင်း‌တွေကို ပြန်မကြည့်‌တော့ပဲနဲ့ ဗမာနဲ့ထိုင်း ပူး‌ပေါင်းပြီး ‌ရွှေ့‌ပြောင်းအလုပ်သမား အ‌ရေးအတွက် ‌ကောင်းကျိုး‌တွေကို ‌ဇောင်း‌ပေးပြီး ‌ရှေ့ဆက်လုပ်သွားကြမယ့်အစီအစဉ်‌တွေကို ‌ဆွေး‌နွေးခဲ့ကြပါ တယ်”ဟု သူက ‌ပြောသည်။

မည်သည့်နိုင်ငံသားများမဆို ထိုင်းနိုင်ငံတိုးတက်ရန်အတွက်သာ လုပ်‌ဆောင်‌နေကြသူများဖြစ်သဖြင့် ထိုသူများ အ‌ပေါ်တွင် အ‌ကောင်းမြင်ရန်လိုအပ်‌ကြောင်း ထိုင်းလူ့အခွင့်အ‌ရေးကာကွယ်‌စောင့်‌ရှောက်မှုဌာန တရားမျှတမှု ဝန်ကြီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဖိထရာကျီရာဝတ်က ‌ပြောကြားသွားခဲ့သည်။

ထို့အပြင် ‌ရွှေ့‌ပြောင်းအလုပ်သမားကူညီ‌ပေး‌နေသည့် အဖွဲ့အစည်းတစ်ခုချင်းစီ၏ လုပ်ငန်းစဉ်များကို မိတ်ဆက် ခြင်း၊ စိန်‌ခေါ်မှုနှင့် အခက်အခဲများကို တင်ပြခြင်း၊ ထိုင်းနိုင်ငံယာယီပတ်စ်ပို့ ကိုင်‌ဆောင်ထားသူများကို သက် ဆိုင်ရာ ရဲဝန်ထမ်းများက ဖမ်းဆီးအ‌ရေးယူ‌နေခြင်းများကိုလည်း ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ယခုတကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုသည် အချိန်များများ မရရှိခဲ့သဖြင့် ကိစ္စရပ်တိုင်းအား မ‌ဆွေး‌နွေးနိုင်ခဲ့သဖြင့် ‌နောက်ထပ် ‌တွေ့ဆုံသွားမည့် ‌ဆွေး‌နွေးပွဲများတွင် အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွားမည်ဟုလည်း ထိုင်း အစိုးရ ဌာနများက ‌ပြော‌ကြောင်း ကိုဆက်က ‌ပြောသည်။

ကိုဆက်က “တချို့အလုပ်သမား‌တွေ အမှု‌တွေကြန့်ကြာတာ‌တွေ၊ မဟုတ်ပဲနဲ့ ဟုတ်သလိုဖြစ်သွားတဲ့အကွက် ဆင်မှုမျိုး‌တွေကို သူတို့အ‌နေနဲ့ အဓိက ပြန်‌ဆွေး‌နွေးဖြစ်တယ်။ ယာယီပတ်စ်ပို့စ်ရှိပြီး ဘန်‌ကောက် တက်တဲ့ အလုပ်သမား ‌တွေကို ဖမ်း‌နေတဲ့ ကိစ္စ‌တွေကို‌တော့ အချိန်မရတဲ့အတွက် သူတို့ မ‌ဆွေး‌နွေး ဖြစ်သွား ဘူး”ဟု ဆိုသည်။

‌ရှေ့ဆက်၍ ထိုင်းအစိုးရဌာနများ၊ NGOs နှင့် CBOs အဖွဲ့များပူး‌ပေါင်းပြီး ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများ တရားဥပ‌ဒေ အကာအကွယ်ရရှိ‌ရေး၊ တရားမျှတမှုရရှိ‌ရေးများ လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းကို ယ‌နေ့‌ဆွေး ‌နွေးပွဲတွင် သ‌ဘောတူညီခဲ့ကြ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ရက်‌နေ့တွင် ထိုင်း‌ရွှေ့‌ပြောင်းအလုပ်သမားများ တစ်‌နေ့တာ လုပ်အားခ အပြည့်အဝရရှိရန် ထိုင်းအလုပ်သမား‌ရေးရာ ဦးစီးဌာန၊ ထိုင်းစီးပွား‌ရေးလုပ်ငန်းရှင်များနှင့် ‌ရွှေ့‌ပြောင်းအလုပ်သမားကူညီ‌ရေးအဖွဲ့ များက ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြ‌သေးသည်။