Home ဆောင်းပါး ‌ကြောက်ရွံ့ခြင်းတို့ ‌ဝေးကမ္ဘာဆီ

‌ကြောက်ရွံ့ခြင်းတို့ ‌ဝေးကမ္ဘာဆီ

2506
M. ထက်‌ခေါင်

(၁)
ဝါတွင်းကာလနှင့် မ‌လျော်ညီစွာပင် ကြားသိဖတ်ရှုရ‌သော သတင်း‌တွေက အ‌တော့်ကို စိတ်မချမ်းမသာ ဖြစ်စရာ ‌ကောင်းသည်။
သံဃာ‌တော်‌တွေကိုယ်တိုင် လက်သမား ပန်းရံလုပ်ကာ ‌ဆောက်ထားသည့် ‌တောင်ကြီးမှ ဘုန်း‌တော်ကြီး‌ကျောင်းတ‌ကျောင်းကို တရားဝင် အသိအမှတ်ပြုထားသည့် ‌ကျောင်းတိုက် မဟုတ်‌သော‌ကြောင့်ဟုဆိုကာ မြို့နယ်သံဃမဟာနာယကအဖွဲ့နှင့် ရာနှင့်ချီ‌သော အာဏာပိုင်အဖွဲ့အစည်း‌တွေက အတင်းအဓမ္မ ဝင်‌ရောက်ဖျက်ဆီးပြီး ‌ကျောင်းထိုင်ဘုန်း‌တော်ကြီးနှင့် ခန်း‌နေသံဃာ‌တော်‌တွေကို ‌မောင်း ချလိုက်သဖြင့် ထို‌ကျောင်းတိုက်တွင် ဆယ်နှစ်‌ကျော် သီတင်းသုံးလာခဲ့‌သော ဆရာ‌တော်နှင့် ‌ကျောင်းရှိ သံဃာ‌တော် ၂၂ပါးမှာ ဝါတွင်း သီတင်းသုံးစရာ အခက်အခဲ ကြုံကြရသည်။ ဒကာ ဒကာမများနှင့် ‌ဒေသခံ လူထုကလည်း မ‌ကျေမနပ် ဖြစ်ကြသည်။

မန္တ‌လေး၊ ချမ်း‌အေးသာစံရပ်၊ ဝါးခင်းကုန်း ဣစ္ဆာသယ ပရိယတ္တိစာသင်တိုက်မှ ပဓာန နာယက ဆရာ‌တော်၏ သံဃာ့ကျင့်ဝတ် နှင့် မ‌လျော်ကန်‌သော လုပ်‌ဆောင်မှုများကို ‌ကျောင်း‌နေ အခြားသံဃာ‌တော်များက အာဏာပိုင်တို့ထံ တင်ပြတိုင်ကြားရာတွင် တစုံတရာ အ‌ရေးယူ ‌ဆောင်ရွက်မ‌ပေးဘဲ မဟနနှင့် ခရိုင်သာသနာ‌ရေးဌာနတို့‌ပေါင်းကာ တိုင်ကြား‌သော နာယက ဆရာ‌တော် (၇)ပါးနှင့်တကွ စာသင်သား ၃၀ဝကို ဝါတွင်းကာလကြီးမှာပင် ‌ကျောင်းက‌နေ ဖယ်ရှားခိုင်းသည်။ စာသင်သား သံဃာ‌တော်‌တွေအတွက် စာ‌ဖြေဆိုခွင့် စာရင်းကိုလည်း တင်‌ပေးမှာမဟုတ်ဟု အာဏာပိုင်ဆိုသူ‌တွေက ‌ပြောသည်။ အကျင့်သီလ ချွတ်လွဲ ‌ဖောက်ပြန်သည့် ပုဂ္ဂိုလ်ကို အ‌ရေးမ ယူဘဲ တရားနည်းလမ်းတကျ တိုင်ကြားကြသူများနှင့် ‌ကျောင်းရှိ သံဃာကုန်ကို နှင်ထုတ်ခြင်းမှာ အနည်းငယ်မျှ ကြားလို့မ‌တော်သည့် မ‌လျော်မကန်ကိစ္စ ဖြစ်၏။ ဗူး‌တောင်းနစ်လို့ ‌စောင်းခြမ်း‌ပေါ်သည့်အဖြစ်မျိုး။ မသူ‌တော်‌တွေ ကြီးစိုး‌နေချိန်၌ တရားကို နတ်လည်း မ‌စောင့် နိုင်‌တော့‌ချေ။

ဇူလိုင်လအတွင်းက ‌နေပြည်‌တော်ရှိ ဥတ္တရသီရိ မြို့နယ်နှင့် ဇမ္ဗူသီရိ မြို့နယ်ဝန်းကျင်မှ ဘုန်း‌တော်ကြီး‌ကျောင်း‌ပေါင်း ၅ဝကို စည်ပင်သာယာက ဖျက်မိန့်‌ပေးပို့ထားပြီး ထို‌ကျောင်းများထဲမှ ၂‌ကျောင်းကို မီးရှို့ဖျက်ဆီးလိုက်‌ကြောင်း သိရသည်။ ကြည့်မြင်တတ်သူများ အ‌နေဖြင့် ဗမာနိုင်ငံ မြို့ကြီးအချို့မှ ‌ဈေးကြီးများ၊ လူ‌နေရပ်ကွက်များ မကြာခဏ မီး‌လောင်ခဲ့ခြင်း၏ လက်သည်တရားခံကို ခပ်ရှင်းရှင်း ‌တွေ့ရှိနိုင်ကြမည် ဖြစ်သည်။ လူ‌နေအိမ်‌ခြေများ မီး‌လောင်ပျက်စီးသည်ကို တစိမ့်စိမ့်ကြည့်ကာ ‌ကျေနပ်ပီတိ ဖြစ်ရသည့်အရသာကို မက် မက်‌မော‌မော ခံစားလို‌သော‌ကြောင့် ၎င်းတို့တွင် အကျင့်ပါ‌နေသည့်အတိုင်း ဘုန်း‌တော်ကြီး‌ကျောင်းကို မီးရှို့ခဲ့ကြခြင်း ဖြစ်၏။ မီးရှို့သည့် ‌နေရာဌာနကလည်း အများ အာရုံစိုက်‌နေသည့် ‌နေပြည်‌တော်က ရပ်ကွက်ထဲမှာပင် ဖြစ်‌လေသည်။

မန္တ‌လေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင်းမှ အိမ်များကို ကျူး‌ကျော်အိမ်‌တွေဆိုကာ ဘူဒိုဇာနှင့် ထိုး‌ကော်ဖျက် ဆီးမှုများ ကြားရ‌တွေ့ရသည်မှာ‌တော့ ‌ဒေါသဖြစ်ဖွယ် ‌ကောင်းသည်။ လူကြားထဲ စစ်တပ်က ဝင်ပြီး အဓမ္မ အိမ်‌ပေါ်တက် ဆွဲချသည်။ ရှိခိုး ‌တောင်းပန်၍လည်းမရ၊ အတင်းပင် ‌မောင်းထုတ်သည်။ မကျန်းမာသူများနှင့် သက်ကြီးရွယ်အို‌တွေပါ ထိခိုက်ရ၏။ လူထုထဲ ဒဏ်ရာရသူ ‌တွေလည်း ရှိသည်။ ကျူး‌ကျော်ရပ်ကွက်အဖြစ် သတ်မှတ်လိုက်‌သော ထို‌နေရာ‌တွေမှာ တရုတ်ကုမ္ပဏီသို့ ‌ရောင်းချထားပြီး ဖြစ်သည်ဟု ဆို၏။

ပုသိမ်ကြီးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်များမှ အ‌ရောင်းအဝယ်စာချုပ်စာတမ်း အ‌ထောက်အထားများဖြင့် တရားဝင် အခွန်‌ပေး ‌ဆောင်‌နေထိုင်လျက်ရှိ‌သော အိမ်အ‌တော်များများကိုလည်း ကျူး‌ကျော်အိမ်‌တွေဆိုပြီး အဓမ္မ ဖျက်သိမ်းခိုင်းသည်။ မန္တ‌လေးမှာသာမက ‌နေပြည်‌တော် ပျဉ်းမနားမြို့ဦး‌ကျေးရွာ အ‌ရှေ့ပိုင်းမှ အိမ်ကြီးအိမ်‌ကောင်း ၁၀ဝနီးပါးကို ကျူး‌ကျော်အိမ်‌တွေဆိုကာ ဖိအား‌ပေး ဖျက်သိမ်း ခိုင်းသည်။ ဖျက်သိမ်းပြီးသည့် အိမ်‌တွေမှာ ကိုယ့်သ‌ဘောနှင့်ကိုယ်ဖျက်သိမ်း‌ကြောင်း ‌ရေးထားသည့် စာရွက်‌ပေါ်တွင် လက်မှတ်ထိုးကြရ ၏။ မလိမ့်တပတ်လုပ်ခြင်း ဖြစ်‌လေသည်။ ပျဉ်းမနား‌တောင်ဘက် ‌ကျေးရွာအချို့နှင့် ပျဉ်းမနားအ‌ရှေ့ဘက် ‌ကျေးရွာအချို့မှ အိမ်များကိုပါ ဖျက်ခိုင်း‌နေကြသည်။

စစ်အုပ်စုနှင့် ဗမာပြည် ပြည်သူလူထု ဘယ်သူက ဘယ်သူ့‌မြေကို ကျူး‌ကျော်တာလဲ၊ ဘယ်သူက အင်အားသုံးအနိုင်ကျင့် အဓမ္မ လုပ်ရပ်‌တွေ လုပ်တာလဲ။ ဘယ်သူက တိုင်းတပါးဩဇာခံ ပြည်တွင်းသစ္စာ‌ဖောက်လဲ။ တိုင်းပြည်မှာ ရှိရှိသမျှ ‌မြေ‌ပေါ်‌မြေ‌အောက် သယံဇာ တ‌တွေကို တိုင်းသူပြည်သား‌တွေရဲ့အကျိုး အနည်းငယ်မျှ မပါပဲ တိုင်းတပါးကို လက်ညှိုးထိုး ‌ရောင်းစား‌နေတာ ဘယ်သူ‌တွေလဲ ဆိုသည် ကို လူတိုင်း သိ၏။

လူထု၏ အသက်အိုးအိမ် အကျိုးစီးပွားကို ‌စောင့်‌ရှောက်ဖို့၊ အာမခံ အကာအကွယ်‌ပေးဖို့မဟုတ်ပဲ ထိပါး‌နှောက်ယှက် သိမ်းယူ‌နေ သည့်အဖြစ်၊ ‌နေရင်းထိုင်ရင်း ပုဒ်မအမျိုးမျိုးဖြင့် အချိန်မ‌ရွေး ဖမ်းဆီးနှိပ်စက် ခံရနိုင်သည့် အ‌ခြေအ‌နေ၊ လုံခြုံမှုမရှိ‌သော ဘဝကို ပြည်သူ ‌တွေ ကြုံ‌နေကြရ၏။
သူခိုး၊ ဓားပြ၊ မုဒိမ်းတန္တ တို့ထက် အဆ‌ပေါင်းများစွာ ယုတ်မာညစ်ညမ်း‌သောသူများက အစိုးရ အ‌ရေခြုံကာ တတိုင်းတပြည်လုံး ကို အဓမ္မပြုကျင့် ‌စော်ကား‌နေသည့်အဖြစ်အ‌ပေါ် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံကြီးများကပါ အ‌ထောက်အကူ ‌ပေး‌နေကြသည်။ ဗမာ ပြည်သားတို့အ‌နေဖြင့် မည်သူ့ကိုသွား၍ အားကိုးယုံကြည်ရမည်နည်း။ ‌ဒေါ်‌အောင်ဆန်းစုကြည်၊ ၈၈အုပ်စုနှင့် မည်သည့်ဒီမိုကရက်တစ် နိုင်ငံ‌ရေးသမား‌တွေကိုမျှ အားကိုးဖွယ်ရာမရှိ။ နာကျည်းလွန်းမက နာကျည်းလာသည့်‌နောက် မိမိတို့ကိုယ်တိုင် ရုန်းထွက် တွန်းလှန်ခြင်းမှ တပါး အခြားနည်းလမ်းလည်း မရှိ‌ချေ။

(၂)
လယ်သမား‌တွေ လယ်ပိုင်ဆိုင်ခွင့်ကိစ္စကို လွှတ်‌တော်၌ လမ်းတခြမ်းခင်း ‌အောင်သိန်းလင်းလိုလူက တင်ပြရာတွင် ‌ဒေါ်‌အောင် ဆန်းစုကြည် အပါအဝင် အမတ်အချို့က ကန့်ကွက်‌ကြောင်း ထူးဆန်းစွာ ကြားသိရသည်။ လူထုကို ဒုက္ခ‌ပေး မလိမ့်တပတ် နှိပ်စက်တတ် သူက လယ်သမားလူထု ‌ကောင်းကျိုးအတွက် အဆိုတင်လာပြီး ထိုအဆိုကို ကန့်ကွက်သူများထဲတွင် လူထုအ‌ရေးကို အ‌လေးထားခဲ့သူဟု မှတ်ယူ‌နေကြ‌သော ‌ဒေါ်‌အောင်ဆန်းစုကြည်ပါ‌နေခြင်းမှာ မဖြစ်သင့် မဖြစ်ထိုက်သည့် ကိစ္စရပ် ဖြစ်သည်။ ကန့်ကွက်သူနှင့် ‌ထောက်ခံသူ မဲခွဲဆုံးဖြတ်ရာ၌ အဆိုကို ‌ထောက်ခံသည့်ဘက်က အနိုင်ရသွား၍ လွှတ်‌တော်တွင် တင်ပြ‌ဆွေး‌နွေးခွင့်ရသွား‌ကြောင်း ကြားသိရသည်။ ‌ဒေါ်‌အောင်ဆန်းစုကြည် ကန့်ကွက်သည်မှာ ထိုကိစ္စကို လွှတ်‌တော်၌ တင်ပြ‌ဆွေး‌နွေးခွင့်ပင် မရှိရ‌အောင် ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ လွှတ်‌တော်၌ တင်ပြ‌ဆွေး‌နွေးပါကလည်း ကန့်ကွက်လိမ့်ဦးမည်မှာ ယုံမှားသံသယ ဖြစ်စရာမရှိ။

လယ်သမားတို့၏ လယ်‌မြေများ စီမံကိန်းအ‌ကြောင်းပြ၍ မတရား အသိမ်းခံရသည့်ကိစ္စများ၊ စက်မှုဇုံ လုပ်မည်ဟုဆိုကာ ‌လျော် ‌ကြေး မဖြစ်စ‌လောက်‌ပေးပြီး အိမ်ယာ‌မြေများအဖြစ် အကွက်ရိုက် ‌ရောင်းစားသည်ကို မ‌ကျေနပ်၍ တိုင်တန်းကြ‌သော လယ်သမားများအ ‌ပေါ် ‌စော်ကား‌မော်ကား လုပ်သည့်ကိစ္စများ၊ ‌ဇေကမ္ဘာ၊ ဝါဝါဝင်း စ‌သော စစ်အုပ်စုခရိုနီများနှင့် လယ်သမားများအကြား ဖြစ်‌ပေါ်လာသည့် ပြဿနာကိစ္စရပ်များတွင် ‌ဒေါ်‌အောင်ဆန်းစုကြည် သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ်တို့ ပါဝင်‌ဆောင်ရွက်‌ပေးမှုကို မကြားသိ မ‌တွေ့မြင်ရ။ ‌ဒေသခံ တက်ကြွလှုပ်ရှားသူများအကြားတွင် ဦး‌အေးမြင့်နှင့် ‌နေမျိုး‌ဝေတို့ကိုသာ ‌တွေ့မြင်ရသည်။
‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် လယ်သမားအ‌ရေးကို မကူညီချင်‌နေ မ‌နှောက်ယှက်မိဖို့ လိုသည်။
လွှတ်‌တော်ထဲမှာ ဖြစ်ခဲ့သည့်ကိစ္စ ဟုတ်မဟုတ်ဆိုသည်ကိုလည်း လူထုသိ‌အောင် ရှင်းပြဖို့လိုသည်။ တရားနည်းလမ်းတကျ ရပ်တည်မှု မပြုနိုင်လျှင် အမှန်တရားသည် ‌ဒေါ်‌အောင်ဆန်းစုကြည်ကိုလည်း မျက်နှာ‌ထောက်လိမ့်မည် မဟုတ်။ လယ်သမားကို ဒုက္ခ‌ပေး‌နေ‌သော စစ် အုပ်စုနှင့် ပူး‌ပေါင်းခဲ့သူများမှာ လူထု၏ ‌ကျောခိုင်းပစ်ပယ်မှုကို မလွဲမ‌သွေခံရမည်သာ ဖြစ်၏။

တရုတ်ကုမ္ပဏီနှင့် စစ်အုပ်စု ဦးပိုင်လီမိတက်တို့ ပူးတွဲ လုပ်ကိုင်‌နေကြသည့် လက်ပန်း‌တောင်း‌တောင် ‌ကြေးနီစီမံကိန်းကို လုံးဝ ရပ်ပစ်ရန်နှင့် ၎င်းတို့ပိုင်လယ်ယာ‌မြေများ ပြန်လည်ရရှိရန် ဆန္ဒပြ‌တောင်းဆိုခဲ့ကြသည့် ‌ဒေသခံ ပြည်သူလူထုနှင့် တက်ကြွ‌သော အမျိုး သမီးငယ်များ ဗကသ‌ကျောင်းသားများကို စစ်အုပ်စုက လုံထိန်းတပ်များ ပုလိပ်များဖြင့် ခြိမ်း‌ခြောက်ရာမှ အကြမ်းဖက် ‌နှောက်ယှက်‌စော် ကားမှု‌တွေ လုပ်လာခဲ့သည်။ ၃နှစ်စာ သီးနှံဖိုး‌လျော်‌ကြေး‌ပေးကာ မလိမ့်တပတ်ဖြင့် ဧက‌သောင်းချီပြီး အနှစ် ၆ဝအထိ သိမ်းယူထားမည့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြသည့် မိန်းက‌လေးများအား ဖမ်း၍ ‌ထောင်ထဲထည့်သည်။ ‌ဒေသတွင်းမှ ‌တောင်များ တလုံးပြီးတလုံး ကွယ် ‌ပျောက်ကာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းထိခိုက်မည့် အန္တရာယ်များ‌ကြောင့် ထိုလုပ်ငန်းကိုရပ်ပစ်ရန် ‌တောင်းဆို‌သော ဗကသ ‌ခေါင်း ‌ဆောင်ငယ်များကိုလည်း ဖမ်းဆီးရန် လိုက်လံရှာ‌ဖွေ‌နေ‌သော‌ကြောင့် ‌ရှောင်တိမ်း‌နေကြရသည်။
ထိုအချိန်မှာပင် ၈၈အဖွဲ့က ဂျင်မီတို့ ဝင်ပါလာပြီး စစ်အုပ်စုဝင် ပုဂ္ဂိုလ်များနှင့် ‌ဆွေး‌နွေးကာ ဖမ်းထားသည့် မိန်းက‌လေး‌တွေ ပြန် လွှတ်ခိုင်းခဲ့သည်။ ‌ထောင်ထဲသွား‌နေခဲ့ရသည့် မိန်းက‌လေးများ အပြင်သို့ ‌ရောက်လာကြ‌သော်လည်း စစ်အုပ်စုက လက်ပန်း‌တောင်း ‌ကြေးနီစီမံကိန်းကို မရပ်။ စီမံကိန်းကို မရပ်‌သော‌ကြောင့် လယ်‌မြေ‌တွေလည်း ပြန်မရနိုင်။ လယ်‌တွေကို ချက်ချင်း ပြန်ရလျှင်ပင် မူလ သဘာဝအတိုင်း ပြန်ရမည်မဟုတ်၊ ‌ကြေးနီလုပ်ငန်းမှ သုံး‌သော ဓာတု‌ဆေးဝါးများ ‌ရောပြွမ်းပါရှိ‌နေသည့် စွန့်ပစ်‌မြေများကို လယ်ကွင်း‌တွေ ထဲ လာပုံသည့်အတွက် ‌လော‌လောဆယ် စိုက်ပျိုးလုပ်ကိုင်၍ မရနိုင်။ နှစ်ဖြင့်ချီ၍ ပြုပြင်ယူရမည် ဖြစ်သည်။ လက်ရှိအ‌ခြေအ‌နေတွင် လည်း ‌ကျေးရွာအများအပြားမှ ‌ရေတွင်း‌တွေ ငံကုန်၊ ချဉ်ကုန်ကာ မူလ သဘာဝအတိုင်း မဟုတ်‌တော့‌ကြောင်း သိရသည်။ ‌ရေရှည်မှာ ‌ဒေသခံပြည်သူများအ‌နေဖြင့် အသည်း ‌ကျောက်ကပ် ကင်ဆာလို၊ အ‌ရေပြား ကင်ဆာလို ‌ရောဂါ‌ဝေဒနာကြီးများ ခံစားကြရမည့် အလားအ လာ‌တွေလည်း ရှိ‌နေသည်။

‌ဒေသခံလူထုက မတရား ဖမ်းဆီးခံခဲ့ရသည့် မိန်းက‌လေးများအား ‌ထောင်ထဲက ပြန်ထုတ်‌ပေးခဲ့သည်ကို ‌ကျေးဇူးတင်‌သော်လည်း ၎င်းတို့ဦးတည်‌တောင်းဆိုချက်များ ဘာတခုမျှ ပြည့်ဝ‌အောင်မြင်‌အောင် မလုပ်‌ပေးနိုင်ဘဲ စစ်အုပ်စုအကြိုက် လိုက်‌လျောကာ စီမံကိန်းကို ရပ်၍မဖြစ်‌ကြောင်း ‌ပြောဆိုခဲ့သည့် ဂျင်မီတို့အဖွဲ့အ‌ပေါ် မ‌ကျေမနပ် ဖြစ်ကြသည်။ ရင်ထဲဆူပွက် ပူ‌လောင်ခဲ့ရာမှ ခဏတာ ငြိမ်သက်သွားခဲ့ ‌သော မီး‌တောက်သည် တအုံ‌နွေး‌နွေးဖြင့် မငြိမ်းမ‌သေနိုင်ပဲ ကာလအနည်းငယ် ကြာလာသည်နှင့်အမျှ အရှိန်ပို၍ ပြင်းလာမည်သာ ဖြစ် ‌လေသည်။ လူထုသည် အားကိုးထိုက်‌သော ‌ခေါင်း‌ဆောင်ကို ငံ့လင့်‌နေကြ၏။
ဖိနှိပ်မှုများကို ကြုံလာရပြီး မစို့မပို့ လိုက်‌လျောမှုများဖြင့် ‌ကျေနပ်ခဲ့ရ‌သော လူထုသည် ဆန္ဒပြဖို့ရန်လည်း မ‌ကြောက်။ အစာအ ငတ်ခံ တိုက်ပွဲဆင်ဖို့ရန်လည်း ဝန်မ‌လေး။ အသိမ်းပိုက်ခံလယ်‌တွေထဲ ဆင်း၍လည်း ထွန်ယက်စိုက်ပျိုးရဲလာကြ၊ ခွင့်ပြုမိန့်မရလည်း လမ်း မ‌တွေ‌ပေါ် ထွက်ရဲလာကြပြီ ဖြစ်၏။ စားစရာဆန်မရှိ၊ ‌သောက်စရာ‌ရေမရှိ၊ ခိုနားစရာ ‌နေရာမရှိ။ တကယ်တမ်း ငတ်လာ၊ ပြတ်လာ ကာလ ကြာရှည်စွာ အဖိစီး၊ အနှိပ်စက်ခံလာကြရ‌သောအခါ လုံထိန်း‌တွေ ပုလိပ်‌တွေ၊ စစ်တပ်‌တွေဖြင့် ‌ခြောက်၍လည်း မ‌ကြောက်‌တော့၊ ‌သေမည် ကိုလည်း မမှု‌တော့‌ချေ။

(၃)
ယခုလို အချိန်မျိုးတွင် ကရင်အမျိုးသားများ စုစည်းညီညွတ်ကြဖို့ အထူးပင် လိုအပ်သည်။ ရန်သူ့အကြိုက် သ‌ဘောထား‌တွေ မဖြစ်‌စေသင့်။ ကလိုထူး‌ဘော ကရင်အမျိုးသားအဖွဲ့အစည်းမှ ဥက္ကဌနှင့် အတွင်း‌ရေးမှူးတို့အား နာယက ဗိုလ်ချုပ်‌စောလားပွယ်က တာဝန်မှ ယာယီရပ်ဆိုင်း‌ကြောင်း ‌ကြေညာလိုက်သည့်သတင်းကို စိတ်မ‌ကောင်းစွာ ကြားခဲ့ရသည်။
ဗိုလ်ချုပ်‌စောလားပွယ်မှာ ဗမာနိုင်ငံစစ်အုပ်စုနှင့် စည်းလားရိုက် ‌ဆောင်ရွက်‌နေ‌သော ထိုင်းက မူးယစ်‌ဆေးဝါးကိစ္စဖြင့် လီဆည် ပြီး ဆု‌ငွေထုတ် ဖမ်းဆီးရန် ‌ကြေညာခံခဲ့ရသည်တွင် အ‌တော်ပင် ‌ဖြေရှင်းခဲ့ရသည်။ စစ်အုပ်စုက တဘက်လှည့်ဖြင့် အကာအကွယ်‌ပေးပြီး သူ့လက်‌အောက်ခံ အဖွဲ့တခုအ‌နေဖြင့် သိမ်းသွင်းခဲ့သည်။ ကလိုထူး‌ဘောဗျူဟာအ‌နေဖြင့် ဘီဂျီအက်လို ဩဇာခံတပ် မဟုတ်‌ပေမဲ့ စစ်အုပ် စုကို အ‌လေးထားရမည့် အ‌ခြေအ‌နေ ရှိလာသည်။ စစ်အုပ်စု၏ ‌ကျေးဇူး‌ကြောင့် ထိုင်းက မဖမ်း‌တော့ဘဲ ထိုကိစ္စ ‌လျှောချသွားသလို စစ် အုပ်စုက ဒုက္ခပြန်‌ပေးလိုလျှင်လည်း အချိန်မ‌ရွေး ထိုင်းကို တို့လိုက်နိုင်‌ကြောင်း သိထား‌သော‌ကြောင့် ‌လော‌လောဆယ်မှာ စစ်အုပ်စု ငြိုငြင် မည့်အလုပ်‌တွေကို မလုပ်လို‌သေး။

ထိုအချိန်မျိုးမှာ စစ်အုပ်စု၏ ‌ခြေလှမ်းများထက် သွက်လက်စွာ လှမ်းလျက်၊ တကယ်တမ်း ဖြစ်သင့်ဖြစ်ထိုက်‌သော တိုင်းရင်းသား ‌ပေါင်းစုံ ပါဝင်သည့် ပင်လုံကဲ့သို့‌သော ညီလာခံကြီးတရပ် ‌ဖော်‌ဆောင်‌ရေး ‌ဆွေး‌နွေးညှိနှိုင်းကြမည့် အစည်းအ‌ဝေးကြီးကို ချင်းမိုင်တွင် ကျင်းပမည်ပြုရာ ဥက္ကဌနှင့် အတွင်း‌ရေးမှူးတို့က သူ အတန်တန်တားသည့်ကြားမှ ၎င်းတို့သ‌ဘောနှင့် ၎င်းတို့ သွား‌ရောက်တက်ခဲ့ကြ‌သော ‌ကြောင့် တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်‌ကြောင်း ဗိုလ်ချုပ်‌စောလားပွယ်က ‌ကြေညာသည်။

ရန်သူကို မိတ်ဘက်ပြုလိုက်လျှင် မိတ်‌ဆွေရင်းနှင့် ရန်ဘက်ပြု လမ်းခွဲရသည့်အဖြစ်မှာ ဧကန် ‌ပေါ်‌ပေါက်လာ‌တော့မည် ဖြစ်‌လေ သည်။ အမျိုးသား‌ရေး ဦးတည်ချက်ဖြင့် လုပ်ကိုင်‌ဆောင်ရွက်‌နေ‌သော ‌တော်လှန်‌ရေးသမားများအ‌နေဖြင့် ရန်သူ့ထိုးခွဲမှု အမျိုးမျိုး‌အောက် မညီမညွှတ် ကွဲပြဲမှုများအ‌ပေါ် ရန်သူသာလျှင် အမြတ်ထွက်‌ပေလိမ့်မည်။
‌ကေ‌ကေအို ဥက္ကဌမှာ အစဉ်အလာကြီးသူဖြစ်၏။ ‌ကေအဲန်ယူ ဥက္ကဌကြီး ဖြစ်ခဲ့‌သော ဖခင်‌ကြောင့်သာမဟုတ်ဘဲ ပျိုရွယ်စဉ်က တည်းက တိုက်ပွဲဝင်လာခဲ့‌သော ပင်ကိုယ် အစွမ်းသတ္တိနှင့် ညှာတာ‌ထောက်ထားတတ်သည့် စိတ်ရင်း‌စေတနာတို့အပြင် ဆက်ဆံ‌ရေး ‌ပြေ ပြစ်မှု၊ မှန်ကန်စွာ ဆုံးဖြတ်လျက် ဦး‌ဆောင်လမ်းညွှန်မှု ပြုနိုင်ခြင်းတို့‌ကြောင့် မဟာမိတ်အများအပြားကပင် ချစ်ကြည်‌လေးစားမှုကို ခံယူရ သူ ဖြစ်၏။ ရာထူးအာဏာကို မမက်၊ ‌ငွေ‌ကြေးချမ်းသာကို မမက်၊ မိမိအမျိုးသားအတွက် မိမိလုပ်နိုင်သည့်‌နေရာမှ‌နေ၍ ကိုယ်‌ရောစိတ်ပါ စွမ်း‌ဆောင်‌နေခဲ့သူ ဖြစ်၏။

ချင်းမိုင်အစည်းအ‌ဝေးမှာ စစ်အုပ်စု၏ အလိမ်အညာ မခံရ‌စေ‌ရေး တိုင်းရင်းသားအချင်းချင်း ညှိနှိုင်း‌ဆွေး‌နွေးကြသည့် လုပ်သင့် လုပ်ထိုက်‌သော အစည်းအ‌ဝေးဖြစ်ရာ စစ်အုပ်စုအဖို့ အကြိုက်‌တွေ့နိုင်လိမ့်မည် မဟုတ်‌ချေ။ ကရင်လူထု အများစု၏ ‌လေးစားယုံကြည်မှုကို ခံယူခဲ့ရသည့် ဗိုလ်ချုပ်‌စောလားပွယ်အ‌နေဖြင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကာလက လူထုအတွင်း ‌တွေ့ခဲ့ရသည့် အ‌ခြေအ‌နေမျိုးထက် ပို၍ ဆိုး ဝါးမည်ဖြစ်‌သော ၂၀၁၅ ‌ရွေး‌ကောက်ပွဲကာလ လူထုအ‌ခြေအ‌နေမျိုးကို ထပ်မံ မကြုံဆုံရ‌စေ‌ရေး ရပ်တည်ချက် မှန်ကန်စွာ ဆုံးဖြတ် ‌ဆောင်ရွက်ဖို့ရန် အ‌ရေးကြီး‌လေသည်။

(၄)
‌ဒေါ်‌အောင်ဆန်းစုကြည်၊ အ‌ရေခြုံသမ္မတသိန်းစိန်နှင့် ဝန်ကြီး ဦး‌အောင်မင်းတို့ ‌ရှေ့ဆင့်‌နောက်ဆင့် ပြည်ပခရီးထွက်ကြသည်။ ပြည်ပမှာ ‌ပြောလို့ဆိုလို့‌ကောင်း‌အောင် နိုင်ငံ‌ရေးသမားအချို့ အပါအဝင် အကျဉ်းသား ငါးရာဝန်းကျင် လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးလိုက်ပြန် သည်။ ခဏခဏ ပြည်ပထွက်လည်‌နေတာကို ပြည်သူလူထုက မကြိုက်။ သို့ရာတွင် ယခုတ‌ခေါက် ခရီးစဉ်၌ ‌ဒေါ်‌အောင်ဆန်းစုကြည် အ‌မေရိကန်သမတ အိုဘားမားနှင့် ‌တွေ့ဆုံစကား‌ပြောဖြစ်ခဲ့သည်မှာ‌တော့ ဗမာနိုင်ငံလူထုအတွက် အ‌တော့်ကို အကျိုးရှိသည်ဟု ဆိုရမည် ဖြစ်သည်။

အိုဘားမားသည် ‌ဒေါ်‌အောင်ဆန်းစုကြည်လိုပင် ကမ္ဘာ့ငြိမ်းချမ်း‌ရေး နိုဘယ်လ်ဆုကို ရရှိခဲ့သူ ဖြစ်သည်။ ၂၀၀၉ခုနှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်း‌ရေး နိုဘယ်လ်ဆု၊ အ‌မေရိကန်သမတ အိုဘားမားကို ‌ပေးအပ်ချီးမြှင့်လိုက်စဉ်အခါက အိုဘားမားမှာ အာဖကန်သို့ တပ်များ ‌စေလွှတ်တိုက်ခိုက်‌နေချိန် ဖြစ် သည်။ ကမ္ဘာ့နိုင်ငံ အများအပြားမှ အသံဗလံ‌တွေ ထွက်လာသည်။ စစ်‌ရေးနည်းဖြင့် အကြမ်းဖက် ‌ဖြေရှင်း တတ်သူကို ငြိမ်းချမ်း‌ရေး နိုဘယ်လ်ဆု ‌ပေးအပ်လိုက်‌သော‌ကြောင့် ဖြစ်သည်။
အိုဘားမားကိုယ်တိုင်ပင် ထိုဆုကို လက်ခံရရှိသည့်အတွက် ‌ကျေးဇူးတင် ဝမ်း‌မြောက်‌သော်လည်း ‌လော‌လောဆယ် သူ့လုပ် ‌ဆောင်မှုများနှင့် ပတ်သက်၍ နိုဘယ်လ်ဆု ‌ပေးအပ်လိုက်သည့်အ‌ပေါ် စိတ်မလုံမလဲ ဖြစ်ခဲ့မိ‌ကြောင်း ‌ပြောသည်။ သို့ရာတွင် သူ့အ‌နေဖြင့် အပြန်ပြန် အလှန်လှန် စဉ်းစားပြီး မှန်ကန်သည်ဟု ယူဆကာ တာဝန်ရှိပုဂ္ဂိုလ်အချို့နှင့် တိုင်ပင် ဆုံးဖြတ် လုပ်‌ဆောင်ခဲ့ခြင်း ဖြစ်၍ သူ့လုပ် ရပ်များကို သူ တာဝန်ခံနိုင်သည်။ ကမ္ဘာတဝှမ်းလုံးက တန်ဖိုးထား အသိအမှတ်ပြုထားကြ‌သော ကမ္ဘာ့ငြိမ်းချမ်း‌ရေး နိုဘယ်လ်ဆုကို လက် ခံစဉ်အခါက တခါတရံတွင် အကြမ်းနည်းကို သုံးရန် လိုမည်ဖြစ်‌ကြောင်း အိုဘားမား ‌ပြောခဲ့၏။
A non-violent movement could not have halted Hitler’s armies. Negotiations cannot convince alQaeda’s leaders to lay down their arms.
Barak Obama
“အကြမ်းမဖက်တဲ့ လှုပ်ရှားမှုနဲ့ ဟစ်တလာရဲ့စစ်တပ်ကို တားလို့ မရဘူး။ ‌စေ့စပ်‌ဆွေး‌နွေးပွဲနဲ့ အယ်လ်ကိုင်ဒါ ‌ခေါင်း‌ဆောင်‌တွေ လက်နက်ချ‌အောင် မလုပ်နိုင်ဘူး။”
အိုဘားမားနှင့် စကား‌ပြောရင်းမှာပင် အိုဘားမား၏ သ‌ဘောထား ရပ်တည်ချက်များမှာ နှစ်‌ပေါင်းများစွာ ငုတ်လျှိုး‌နေခဲ့‌သော သူမ၏ အရင်းခံစိတ်ဓာတ်ကို နိုးဆွ‌ပေးလိုက်သလို ဖြစ်သွားပုံရ‌လေသည်။

(၅)
အ‌မေရိကန်က ဗမာပြည်အ‌ပေါ် ချမှတ်ထားသည့် စီးပွားဒဏ်ခတ်ပိတ်ဆို့မှုများ ‌လျှော့ချ ရုတ်သိမ်းမည်ဆိုလျှင် သူမအ‌နေဖြင့် ‌ထောက်ခံ‌ကြောင်း ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောလိုက်သည်။ ဗမာပြည် လူထုအ‌နေနဲ့ ‌နေရာတကာ ကမ္ဘာ့နိုင်ငံကြီး‌တွေကိုသာ အားကိုး မ‌နေသင့်‌တော့ပဲ ကိုယ့်တိုင်းပြည်ရဲ့ အ‌ရေးကိစ္စကို ကိုယ့်ဟာကိုယ် လုပ်ယူ၍ရပြီဟု သူမက ဆိုသည်။ ထိုစကားသည် မည်သို့‌သောစကား မျိုးပါနည်း။

ရခိုင်မှာ မပြီးငြိမ်း‌သေး‌သော လူမျိုး‌ရေးအဓိကရုဏ်းကိစ္စ၊ မ‌ပြေလည်‌သေး‌သော လက်ပန်း‌တောင်း‌တောင်ကိစ္စ၊ ကချင်ပြည်နယ် ကို ထိုးစစ်ကြီးများဆင်ကာ ကျူး‌ကျော်‌စော်ကား‌နေသည့်ကိစ္စ၊ ‌ရွှေတွင်းအလုပ်သမားနှင့် စက်ရုံအလုပ်ရုံတို့မှ အလုပ်သမားများ၏ ဆန္ဒပြမှု များ၊ လယ်သိမ်း‌မြေသိမ်းခံ ‌တောင်သူလယ်သမားတို့၏ အ‌ရေးကိစ္စများ၊ ကျူး‌ကျော်‌နေအိမ်များဆိုကာ အဓမ္မ အင်အားသုံး ဖယ်ရှားမှုများ ‌ကြောင့် ဗမာနိုင်ငံတွင်း အလုပ်အကိုင် ရှားပါး၊ စားစရာမဲ့ ဖြစ်ရရုံသာမက ‌ကျောခင်းစရာမဲ့၊ ‌နေစရာမဲ့၊ ခိုကိုးရာမဲ့၊ မှီခိုအားထားစရာ နတ္ထိ ဖြစ်ကြရ‌သော ‌အောက်‌ခြေလူထု၏ အ‌ရေးကိစ္စများ၊ ဘာသာ သာသနာ‌တော်ကိုသာမက သာသနာ့ဝန်‌ဆောင် ရဟန်းသံဃာများကိုပါ ဝါတွင်းကာလကြီး သီတင်းသုံး‌နေထိုင်ရာအရပ်မှ အဓမ္မ ‌မောင်းထုတ် ‌စော်ကားသည့် ကိစ္စများဖြင့် မ‌ဖြေရှင်းနိုင်‌လောက်‌အောင် ရှုပ်‌ထွေးပြီး လူထုအုံကြွလာ‌တော့မည့်အချိန်တွင် စစ်အုပ်စုနှင့် သူ၏ခရိုနီများကို ပို၍ ချမ်းသာကြွယ်ဝ‌အောင်၊ ဆင်းရဲချမ်းသာ ပိုမို ကွာခြား‌စေပြီး ဗမာ ပြည်လူထုကို ဆထက်ထမ်းပိုးတိုး၍ ဖိနှိပ်နိုင်‌အောင်၊ တိုင်းရင်းသားများနှင့် ဖြစ်ပွား‌နေ‌သော ပြည်တွင်းစစ်ကို ပို၍ အဓွန့်ရှည်‌အောင် ပံ့ပိုး ‌ပေးလိုက်‌သော စကားဟုပင် ယူဆနိုင်မည် ဖြစ်၏။

ထိုစကားကို ကိုမင်းကိုနိုင်လည်း လက်မခံ၊ ကို‌အောင်ဒင်လည်း လက်မခံ၊ ဆရာမ‌နော်စီဖိုးရာစိန်လည်း လက်မခံ‌ချေ။
သို့ရာတွင် ‌ဒေါ်‌အောင်ဆန်းစုကြည်မှာ ဦး‌ဏှောက်ရှိ‌သော အမျိုးသမီး ဖြစ်၏။ အ‌ကောင်းအဆိုး ပိုင်းခြားနားလည်၍ စကားတခွန်း ကို ‌ပြောသင့်မ‌ပြောသင့် စဉ်းစားချင့်ချိန်တတ်ပုံလည်း ရ‌လေသည်။ သူ့အ‌နေဖြင့် အ‌ရေခြုံသမ္မတသိန်းစိန်တို့ဘက်က‌နေ ရပ်တည်ကာ လူထုကို ပိုမို ဆင်းရဲတွင်းနက်‌အောင်၊ ဒုက္ခပင်လယ်‌ဝေရ‌အောင်၊ ကမ္ဘာ့အလယ် ကျွန်စုတ်ကျွန်ညံ့များဖြစ်‌အောင် ထိုစကားကို ဆိုလိုက် ခြင်း‌တော့ မဟုတ်တန်‌ချေ။

ဗမာတပြည်လုံးနှင့် ကမ္ဘာကပါ ‌လေးစား‌သော ဗိုလ်ချုပ်‌အောင်ဆန်း၏ သမီးတ‌ယောက်အ‌နေဖြင့်လည်း သူ့သမိုင်းကိုသူ ဖျက် မည့်သူ မဟုတ်‌ချေ။ သူသည် နာမည်‌ကောင်းအလွန်ရလိုသူ ဖြစ်၏။ ဘွဲ့ထူး ဂုဏ်ထူး‌တွေကို ဆယ်နှင့်ရာနှင့်ချီ၍သာမက ‌ထောင်နှင့်ချီ၍ ရရှိမည်ဆိုလျှင်ပင် အားလုံးကို မငြင်းမပယ်ပဲ သိမ်းကြုံးရယူတတ်သူ ဖြစ်၏။ ကမ္ဘာက ‌ပေးအပ်လိုက်သည့် ဆု‌တွေနှင့်တန်‌အောင် ‌ပြောဆို တတ်သူလည်း ဖြစ်၏၊ စကားတလုံး‌ကြောင့် နာမည်အပျက်ခံမည့်သူလည်း ဟုတ်မည် မထင်‌ချေ။

ထို့‌ကြောင့် ထိုစကားသည် အစိုးရအ‌ရေခြုံ စစ်အုပ်စုဘက်က ရပ်တည်‌ပြောဆို‌သော စကားမဟုတ်နိုင်ဘဲ ဗမာပြည် ပြည်သူလူ ထုကို ကိုယ့်ဟာကိုယ် လုပ်ကြရန် လမ်း‌ကြောင်းချပြသည့်အ‌နေဖြင့် ‌ပြောဆိုလိုက်ခြင်းသာ ဖြစ်နိုင်‌လေသည်။
တိုင်းရင်းသားတို့ပြဿနာနှင့် ပတ်သက်၍လည်း ၎င်းမှာ တိုင်းရင်းသား‌တွေနှင့် စစ်အုပ်စုတို့ လုပ်ကြရမည့်ကိစ္စဖြစ်ပြီး သူ့အ‌နေ နှင့်‌တော့ ကြားက‌နေ နိုင်ငံ‌ရေးအမြတ်ထုတ်သည့် လုပ်ရပ်ကို မလုပ်လို‌ကြောင်း၊ ဘယ်ဘက်ကမှ မလိုက်ပဲ ကြား‌နေမည်ဖြစ်‌ကြောင်း၊ သို့ ရာတွင် ဘယ်ဘက်ကမဆို အကူအညီ ‌တောင်းလာလျှင်‌တော့ တတ်နိုင်သမျှ ကူညီ‌ပေးမှာဖြစ်‌ကြောင်း ‌ပြောသည်။ ထိုစကားမှာ ‌ဒေါ် ‌အောင်ဆန်းစုကြည်အ‌နေဖြင့် ပြည်တွင်းငြိမ်းချမ်းမှု ရရှိ‌ရေးအတွက် နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးအရ ညှိနှိုင်း‌ဖြေရှင်းမည့် သုံးပွင့်ဆိုင် ‌ဆွေး‌နွေးပွဲ ကိစ္စကို စိတ်ကူးထဲမထည့်‌တော့ဘဲ စစ်အုပ်စုနှင့် တိုင်းရင်းသား‌တွေချည်း ကိုယ့်ကိစ္စ ကိုယ်‌ပြေလည်‌အောင် ရှင်းကြ၊ တိုက်ကြ၊ ဟု ‌ပြောလိုက်ခြင်း ဖြစ်ပုံရပြီး စစ်အုပ်စုဘက်ကဖြစ်‌စေ၊ တိုင်းရင်းသားများဘက်ကဖြစ်‌စေ ‌ဒေါ်‌အောင်ဆန်းစုကြည် ကျ‌နော်တို့ ဘာလက် နက် အမျိုးအစား‌တွေ ဘယ်‌လောက်လိုလို့ ဘယ်နိုင်ငံက‌နေ မှာ‌ပေးပါ စသဖြင့် အကူအညီ‌တောင်းလာပါက သူကိုယ်တိုင် မကူညီနိုင် သည့်တိုင် တတ်နိုင်သမျှ ‌ဆောင်ရွက်‌ပေးမည်ဟု ဆိုလိုခြင်းပင် ဖြစ်ဟန်တူ‌လေသည်။

တကယ်တမ်းအားဖြင့်လည်း ငြိမ်းချမ်း‌ရေးမှာ တိုက်ပွဲများကြားမှသာ ‌ပေါ်ထွက်လာနိုင်မည် ဖြစ်၏။ လက်‌တွေ့တိုက်ပွဲမဝင်ဘဲ ငြိမ်းချမ်း‌ရေးစကား‌ပြောပြီး ‌စေ့စပ်‌ဆွေး‌နွေးကာ အခွင့်အ‌ရေး‌တွေ ရပိုင်ခွင့်‌တွေကို လိုချင်‌နေ၍ မရ။ လက်‌တွေ့လည်းတိုက်ရင်း၊ ငြိမ်းချမ်း ‌ရေးလမ်း‌ကြောင်းကိုလည်း ဖွင့်‌ပေးရင်း ကျူး‌ကျော် ဖိနှိပ်သူများကို တွန်းလှန် ရှင်းလင်း သုတ်သင်ခြင်းဖြင့်သာ ရရှိနိုင်မည် ဖြစ်သည်။

လွန်ခဲ့‌သော နှစ်များကတည်းကပင် လူထုအ‌နေနှင့် ကိုယ့်ဟာကိုယ် နည်းလမ်းရှာ လုပ်ကိုင်ကြရမည်ဖြစ်‌ကြောင်း ‌ဒေါ်‌အောင် ဆန်းစုကြည် တဖွဖွ ‌ပြောခဲ့ဘူးသည်ကို မ‌မေ့ဖို့လိုသည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် ပြည်တွင်းက ဟို‌နေရာတကွက် ဒီ‌နေရာတ ကွက် ‌ပေါ်‌ပေါက်လာ‌သော ဆန္ဒပြမှုများ၊ ‌တောင်းဆိုမှုများ၊ မ‌ကျေမနပ် အုံကြွတွန်းလှန်လာ‌တော့မည့် အရိပ်လက္ခဏာများကို မြင်သည်။
ကချင်ကို ကျူး‌ကျော်တိုက်ခိုက်သည့် စစ်ပွဲမှာ စစ်အုပ်စုတပ်‌တွေ မရှုမလှ အ‌ရေးနိမ့်ကုန်ကြရတာကိုလည်း မြင်သည်။ ရှမ်းမှာ လည်း ထို့အတူပင် ခံကြရပြီး ကရင်၊ ကရင်နီ၊ မွန်တို့ဘက်တွင်ပါ စစ်အုပ်စု လက်ကိုင်တုတ်များ နလံမထူနိုင် ဖြစ်ကြမည့်အ‌ရေးကို မြင် သည်။ ထို့‌ကြောင့် ဗမာပြည်၏ ငြိမ်းချမ်း‌ရေး၊ ဒီမိုက‌ရေစီ‌ရေး၊ ဖက်ဒရယ်ပြည်‌ထောင်စုစစ်စစ် ‌ပေါ်ထွန်း‌ရေးတို့အတွက် စစ်အုပ်စုအ‌ပေါ် ကမ္ဘာ့နိုင်ငံကြီးများ၏ ဖိအား‌တွေ ပိတ်ဆို့အ‌ရေးယူမှု‌တွေကို မလိုအပ်‌တော့‌ကြောင်း၊ ဗမာပြည်သား‌တွေအ‌နေဖြင့် ကိုယ့်ဟာကိုယ် လုပ်လို့ ရ‌နေပြီဖြစ်‌ကြောင်း ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောလိုက်ခြင်းပင် ဖြစ်သည်။ သူ့အ‌နေဖြင့် တိုင်းရင်းသားပြည်သူလူထု၏ အားကိုးယုံကြည် ပြီး စစ်အုပ်စုကို် စန်ရှင်‌တွေ မရှိဘဲနဲ့လည်း ပြုတ်‌အောင်လုပ်လို့ရတယ်ဟု ကြုံးဝါးလိုက်သည့် အဓိပ္ပါယ်ပင် ဖြစ်‌လေသည်။

ပြီးခဲ့‌သော စက်တင်ဘာ ၂၁ရက်‌နေ့က အင်းယားကန်‌ဘောင်တွင် ငြိမ်းချမ်း‌ရေး‌တောင်းဆိုသူများ စိုက်ထူခဲ့‌သော အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အထိမ်းအမှတ် ‌ကျောက်တိုင်ကို ဖယ်ရှားကာ ငြိမ်းချမ်း‌ရေး ‌တောင်းဆို ဆန္ဒပြသူများကို လိုက်ဖမ်း‌နေသည့် စစ် အုပ်စု၏ လုပ်ရပ်ကို‌တော့ ‌ဒေါ်‌အောင်ဆန်းစုကြည် တခွန်းမျှ ဝင်‌ပြောမ‌နေ‌တော့‌ချေ။ လူထုကြီးကို သူ ဦး‌ဆောင်မှု ‌ပေးစရာလည်းမလို။ လူထုထဲတွင် ကိုယ့်တိုင်းပြည်၏ကြမ္မာကို ကိုယ်ကိုယ်တိုင် ဖန်တီးကြမည့်သူ‌တွေ များလာကြပြီဖြစ်ပြီး လူထုအကြား ဝင်‌ရောက်သပ်လျှို‌နေ ‌သော င‌ကြောက်‌တွေ၊ စစ်အုပ်စုဒလံ‌တွေလည်း ဟိုပုန်း၊ ဒီခို၊ အမြီးကုပ်၊ ‌ရှောင်‌ပြေး‌နေကြပြီ ဆိုသည်ကို ‌တွေ့မြင်လာရ‌သော‌ကြောင့် ဖြစ် ‌လေသည်။

လူထုတိုက်ပွဲ ‌ဖော်‌ဆောင်ရာတွင် အပြည်ပြည်ဆိုင်ရာ ဆုများပိုင်ရှင် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ‌အေး‌ဆေးသက်သာစွာ ‌နေ‌စေ ရန် ဦး‌ဆောင်မှုကဏ္ဍမှ ကင်းလွတ်ခွင့်‌ပေးကြရမည်ဖြစ်ပြီး ဗမာပြည်ကြီး စစ်အုပ်စု လက်‌အောက်မှ လွတ်‌မြောက်လာသည့်အခါမှာ‌တော့ လူထုအ‌နေဖြင့် တ‌ခေတ်တွင်တ‌ယောက် ထွန်း‌တောက်‌ပေါ်ထွက်လာခဲ့‌သော တိုင်းပြည့်ဂုဏ်‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ တက်ကြွ ရှင်းလင်း ပီပြင် ပြတ်သားသည့် မိန့်ခွန်းအသစ်များကို ပြန်လည် ကြားနာနိုင်ကြမည် ဖြစ်‌လေသည်။

ကြုံတုန်းကြုံခိုက်၊ ဆယ်စုနှစ်ဖြင့်ချီ၍ ကြာခဲ့ပြီဖြစ်‌သော စကားက‌လေးတခွန်းကို အနည်းငယ်မျှ ‌ဖော်ပြလိုသည်။ ထိုစကားကို ဘယ်တုန်းက ဘယ်‌နေရာမှာ ဘယ်သူက ‌ပြောခဲ့သလဲ ဆိုသည်ကို‌တော့ ဗမာပြည်သားအများစု ပြန်လည် စဉ်းစား အမှတ်ရ‌စေရန်အ တွက် ချန်လှပ်ထားခဲ့ပါမည်။
“ဒီအချိန်မှာ သတ္တိရှိရှိနဲ့ လုပ်လိုက်လို့ရှိရင် ‌နောင်ကျရင် ကျမတို့ဟာ မ‌ကြောက်ရတဲ့‌ခေတ်ကို ‌ရောက်သွားနိုင်ပါတယ်။ ဒီအချိန် မှာ ‌ကြောက်ပြီး‌တော့ လုပ်သင့်သ‌လောက် မလုပ်ခဲ့လို့ရှိရင် ‌နောက်ဆက်ပြီး‌တော့ ‌ကြောက်‌နေရတဲ့စနစ်ကို ရှင်သန်‌အောင် လုပ်‌ပေးသလို ဖြစ်သွားပါမယ်။ လူတ‌ယောက်အ‌နေနဲ့လည်း အများကြီး ဂုဏ်သိက္ခာကျပါတယ်။ ဒီ‌တော့ အားလုံးက မှန်တာလုပ်ရလို့ရှိရင် ‌ကြောက်လည်း လုပ်ရမှာပါ။”