Home သတင်း ‌သောက်‌ရေခပ်‌ရေ‌လှောင်တမံ၏ ဆိုးကျိုးများကို စိုးရိမ်‌ကြောင်း ‌ကျေးရွာလူထု ၂၀ဝနီးပါး ဆန္ဒ‌ဖော်ထုတ်ခဲ့

‌သောက်‌ရေခပ်‌ရေ‌လှောင်တမံ၏ ဆိုးကျိုးများကို စိုးရိမ်‌ကြောင်း ‌ကျေးရွာလူထု ၂၀ဝနီးပါး ဆန္ဒ‌ဖော်ထုတ်ခဲ့

2441
စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


ပဲခူးတိုင်း၊ ‌တောင်ငူမြို့နယ်အတွင်း ‌ရွှေစွမ်းအင်(‌အေးရှား‌ဝေါလ်) ကုမ္ပဏီမှတာဝန်ယူ တည်‌ဆောက်‌နေသည့် ‌သောက်‌ရေခပ်‌ရေ‌လှောင်တ မံနှင့် ပတ်သက်၍ စိုးရိမ်မှုရှိ‌ကြောင်း ‌ဒေသခံ ‌ကျေးရွာလူထု ၂၀ဝဦးခန့်က ဆန္ဒထုတ်‌ဖော်ပွဲတခုကို ‌တောင်ငူခရိုင်ရှိ ကရင်အမျိုးသားအ စည်းအရုံး(KNU) ထိန်းချုပ်နယ်‌မြေ၌ စက်တင်ဘာလ ၂၅ရက်‌နေ့က ပြုလုပ်ခဲ့ကြသည်။

ဆန္ဒ‌ဖော်ထုတ်သူ ‌ဒေသခံ အမျိုးသမီးတစ်ဦးက “ဒီ‌ရေ‌လှောင်တမံကြီး‌ဆောက်ပြီးသွားရင် ကျမတို့ရဲ့ သွားလာ‌ရေး၊ လမ်းပန်းဆက်သွယ် ‌ရေး‌တွေအပြင် ‌ဒေသထွက် သီးနှံထွက်ကုန်စိမ်း‌တွေ မြို့‌ပေါ်ကို အချိန်မီ သွားမ‌ရောင်းနိုင်ရင် အလဟဿ ပျက်စီးမယ်။ အဲလိုဖြစ်‌တော့ ကျမတို့အတွက် ရိက္ခာ ဆန်အပြင် အိမ်သုံးပစ္စည်း စတာ‌တွေက အဆမတန် ‌ဈေးကြီးသွားမှာမို့ ဒါကို စိုးရိမ်ပြီး အခုလို စု‌ပေါင်းဆန္ဒ‌ဖော် ထုတ်ရတာ ဖြစ်တယ်”ဟု ‌ပြောဆိုခဲ့သည်။

ယင်းသို့ ဆန္ဒထုတ်‌ဖော်ကြသူများမှာ မြစ်ငန်း‌ချောင်း၊ ကျီး‌ချောင်း‌ဒေသရှိ ရွာ ၁၃ရွာမှ ‌ဒေသခံများဖြစ်ကြပြီး ‌သောက်‌ရေခပ် ‌ရေ‌လှောင်တမံ တည်‌ဆောက်မှုကို အလိုမရှိ – ချက်ချင်းရပ်‌ပေးရန်၊ သဘာဝအတိုင်း မြစ်‌ချောင်းများ ‌ဒေသတွင်း စီးဆင်းခွင့်‌ပေးရန်၊ ‌ရေ‌လှောင်တမံကို တာဝန်ယူ တည်‌ဆောက်‌ပေး‌နေ‌သော ‌ရွှေစွမ်းအင်ကုမ္ပဏီအား မိမိတို့နယ်‌မြေတွင်းမှ ချက်ချင်း ထွက်ခွာသွားရန်တို့ကို ‌တောင်းဆိုခဲ့ကြ သည်။

ထို‌နေ့ မနက် ၈နာရီမှ ၁ဝနာရီအထိ နှစ်နာရီကြာ ပြုလုပ်ခဲ့သည့် ဆန္ဒ‌ဖော်ထုတ်ပွဲကို ‌ဒေသခံများနှင့်အတူ နယ်စပ်ရှိ ကရင်လူထုအ‌ခြေပြု အဖွဲ့များဖြစ်‌သော KYO, KWO, KORD, CIDKP, KHRG, FBR များမှ ‌ဒေသဆိုင်ရာ ကိုယ်စားလှယ်များက ပါဝင်ခဲ့ကြသည်ဟု သိရသည်။

‌တောင်ငူခရိုင်၊ ကရင်လူငယ်အစည်းအရုံး-KYO မှ ‌စော‌ရောဆယ်က “ဆည်(‌ရေ‌လှောင်တမံ) တည်‌ဆောက်မှုရဲ့ အကျိုးဆက်က‌တော့ ဆည်အထက်ပိုင်းမှာ ရှိ‌နေတဲ့ ကျီး‌ချောင်း၊ မြစ်ငန်း‌ချောင်းနဲ့ ‌သောက်‌ရေခပ်‌ချောင်းတဝိုက်က ဥယျာဉ်ခြံ‌မြေ‌တွေအားလုံး ‌ရေ‌အောက် လုံးဝ ‌ရောက်သွားမယ်။ အဓိက ကားလမ်း‌တွေ ပျက်စီးမယ်။ ဒီ‌နောက်ဆက်တွဲ ပြဿနာ‌တွေကို ကုမ္ပဏီက ဘာ‌တွေတာဝန်ယူမယ်ဆိုတာ ပြည် သူ‌တွေကို ဘာမှ အာမ မခံ‌ပေးဘူး”ဟု ဆိုသည်။

ယခုနှစ်၊ နိုဝင်ဘာလတွင် လျှပ်စစ်ဓာတ်အား ၄ဝမဂ္ဂါဝပ် စတင် ထုတ်လုပ်နိုင်ရန် ထို‌ရေ‌လှောင်တမံကို တည်‌ဆောက်လျှက်ရှိသည့် ‌ရွှေစွမ်း အင်ကုမ္ပဏီမှ တာဝန်ရှိသူများက ၎င်းတို့တိုင်းတာချက်အရ ‌ရေဝပ်ဧရိယာတွင် ဥယျာဉ်ခြံဧက‌ပေါင်း ၅၆ဧကအတွက် မြန်မာကျပ်‌ငွေသိန်း နှစ်‌ထောင်နီးပါးကိုသာ ‌ဒေသခံများထံ စက်တင်ဘာလ ဒုတိယပတ်က ‌လျော်‌ကြေး‌ပေး‌ဆောင်ခဲ့‌သော်လည်း အမှန်တကယ် ပျက်စီးနိုင် သည့် သစ်‌တောထွက်၊ ‌ရေထွက်ပစ္စည်းများ၏ ပမာဏတန်ဘိုးကို ကာမိခြင်း မရှိ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ထို့အပြင် ‌ရေ‌လှောင်တမံမှ ထွက်ရှိလာမည့် လျှပ်စစ်ဓါတ်အားများကို ‌ဒေသခံများ သုံးစွဲခွင့်ရမည်မဟုတ်ဘဲ ‌နောက်ပိုင်းတွင် ‌တောင်ငူနှင့် ထန်းတပင်မြို့နယ်များ၌ မိုးကာလ ဆည်‌ရေ‌ဖောက်ချပါက ‌ဒေသခံလယ်သမားများ၏ စပါးခင်းများ ‌ရေလွှမ်းကာ ပျက်စီးမှု ပိုများလာနိုင် မည်ကိုလည်း ‌ဒေသခံများက စိုးရိမ်သည့်အ‌ပေါ် ဆန္ဒ‌ဖော်ထုတ်ကာ ‌တောင်းဆိုကန့်ကွက်‌နေကြခြင်း ဖြစ်သည်။

ယခုဆန္ဒထုတ်‌ဖော်သူများအ‌နေဖြင့် ၎င်းတို့၏ ‌တောင်းဆိုချက်များကို နိုင်ငံ‌တော် သမ္မတ ဦးသိန်းစိန်နှင့်တကွ ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှု တွင် ပါဝင်‌နေကြသည့် အစိုးရနှင့် KNU တာဝန်ရှိသူများထံသို့လည်း တင်ပြ‌တောင်းဆိုခဲ့ကြသည်။

KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်က “KNU ရဲ့မူထဲမှာ ဘယ်ဖွံ့ဖြိုး‌ရေးစီမံကိန်းမဆို ‌ဒေသခံလူထု အသက်ရှင်‌ရေးနဲ့ ဘဝလုံ ခြုံ‌ရေး၊ သဘာဝပတ်ဝန်းကျင်အကျိုးဆက်နဲ့ ‌ဒေသခံ‌တွေရဲ့ ပူး‌ပေါင်းပါဝင်မှုကို အား‌ပေးပါတယ်။ လူထုရဲ့ လိုလားမှုဟာ အရမ်း အ‌ရေးကြီး ပါတယ်။ ‌ဒေသခံ‌တွေအတွက် အကျိုးအမြတ်ဟာလည်း ‌ရေတိုအတွက် မဟုတ်ဘဲ ‌ရေရှည်အတွက်သာ ဖြစ်သင့်ပါတယ်”ဟု ဆိုသည်။

အဆိုပါ ‌သောက်‌ရေခပ် ‌ရေ‌လှောင်တမံစီမံကိန်း‌ကြောင့် ‌ရွှေ့‌ပြောင်းရသည့် ‌တောင်ငူမြို့နှင့် ၁၄မိုင်ကွာ‌ဝေး‌သော ထုံးဘိုရွာအား စံပြ‌ကျေး ရွာအဖြစ် ကုမ္ပဏီမှ တည်‌ဆောက်‌ပေးသွားမည်ဟု ယမန်နှစ်၊ နိုဝင်ဘာလက ‌ပြောဆိုထားခဲ့သလို ရန်ကုန်ရှိ မြန်မာအီးဂရက်စ်မှ တာဝန်ရှိ သူများက လက်ရှိအ‌ခြေအ‌နေကို သွား‌ရောက်‌လေ့လာရန် စုံစမ်းလျှက်ရှိသည်ဟု နီးစပ်သူများက ‌ပြောဆို‌နေကြသည်။