Home သတင်း အီတာလျှံထိုင်းကုမ္ပဏီ၏ ကားကြီးများ သွားလာမှု‌ကြောင့် ပျက်စီး‌နေသည့်လမ်းများ ပြုပြင်မှုမရှိ

အီတာလျှံထိုင်းကုမ္ပဏီ၏ ကားကြီးများ သွားလာမှု‌ကြောင့် ပျက်စီး‌နေသည့်လမ်းများ ပြုပြင်မှုမရှိ

2100
စက်တင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


တနသင်္ာရီတိုင်း ‌ရေဖြူမြို့နယ်အတွင်းရှိ ‌ကျေးရွာအချို့တွင် ‌ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် သွားလာ‌နေသည့် အီတာလျှံထိုင်းကုမ္ပဏီမှ ကားကြီးများ‌ကြောင့် လမ်းများပျက်စီးကာ ပြုပြင်‌ပေးခြင်းလည်း မရှိသဖြင့် ပြည်သူများ သွားလာရန် အခက်အခဲနှင့် ကြုံ‌တွေ့‌နေရသည်။

‌ရေဖြူမြို့နယ်အတွင်းရှိ နဘူးလယ်၊ မူးဒူး၊ ‌ညောင်ပင်ဆိပ် ‌ကျေးရွာများတွင် တစ်ရွာနှင့် တစ်ရွာအကြား သွားလာ‌နေသည့် လမ်းများအပြင် ရွာထဲသို့ အီတာလျှံထိုင်းကုမ္ပဏီ ကားကြီးများ အဆက်မပြတ် သွားလာလျှက်ရှိ‌သော်လည်း ပျက်‌နေသည့် လမ်းများကို ပြန်ပြင်‌ပေးခြင်းမရှိ ‌ကြောင်း ထို‌ဒေသခံများနှင့် ရင်းနှီးသူ ကိုစိုးသိန်းက ‌ပြောသည်။

၎င်းက “အခုလမ်း‌တွေဆို ‌တော်‌တော်‌လေးကို ပျက်စီး‌နေတယ်။ ဗွက်‌တွေ‌ကော၊ ‌ရေအိုင်‌တွေ‌ကော၊ ကား‌တွေ နစ်တာ‌တွေ‌ကော ဖြစ်‌နေ ‌တော့ လမ်း‌တွေက ‌တော်‌တော်‌လေးကိုလည်း ညစ်ပတ်‌နေတယ်။ သူတို့က ‌နေ့တိုင်းကား‌တွေ ဖြတ်သွား‌နေ‌တော့ ပိုဆိုးလာတယ်”ဟု ‌ပြော သည်။

ယခင် ၂၀၁၁ခုနှစ်က ပျက်စီး‌နေ‌သောလမ်းများကို ပြန်ပြင်‌ပေးမှုများရှိခဲ့‌သော်လည်း ယခုနှစ်တွင် ပြန်လည်ပြုပြင်‌ပေးခြင်း လုံးဝ မရှိ‌တော့ ‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “လမ်း‌တွေက ပျက်စီးတာများလွန်းလို့ သူတို့ကားကြီး‌တွေ ရွာထဲကို ဖြတ်လာတဲ့အခါကျရင် ရွာသား ‌တွေ အားလုံးက ကားတားပြီး လမ်း‌တွေပြင်‌ပေးဖို့ ဝိုင်း‌ပြောကြရတယ်”ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် အီတာလျှံထိုင်းကုမ္ပဏီမှ ‌ရေနက်ဆိပ်ကိမ်းစီမံကိန်းလုပ်ငန်းများကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေကြပြီး စီမံ ကိန်း‌ကြောင့် ‌နေရပ်အိုးအိမ် ‌ပြောင်း‌ရွှေ့‌ပေးရမှုများရှိသဖြင့် ယင်း‌ဒေသရှိ ကလုံးထ‌ကျေးရွာသူရွာသားများမှ မ‌ကျေမနပ်မှုများ ဖြစ်ခဲ့ကြ ‌သေးသည်။

ယခုနှစ် ဇူလိုင်လ ၂၃ရက်‌နေ့က ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီး ‌ရောက်ရှိသွားသည့် မြန်မာသမ္မတ ဦးသိန်းစိန်သည် ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ်နှင့် ‌တွေ့ဆုံပြီး ထားဝယ်‌ရေနက်စီမံကိန်း အမြန်ဆုံး ပြီးစီး‌အောင်မြင်နိုင်‌ရေးအတွက် တွန်းအား‌ပေး‌ဆောင်ရွက်သွား ရန် သ‌ဘောတူညီခဲ့ကြသည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ‌ဖော်ပြခဲ့သည်။